Pages

Saturday 22 October 2011

ဇာဂနာ Facebook ဖွင့်ထားဟုဆို


ကမ္ဘာပေါ် တွင် သုံးစွဲသူ အများဆုံး လူမှုရေး Website တစ်ခု ဖြစ်သည့် Facebook တွင် Maung Thura (မောင်သူရ) အမည်ဖြင့် Account ဖွင့်ထားကြောင်း လွတ်ငြိမ်းချမ်းသာ ခွင့်အရ အောက်တို ဘာလ ၁၂ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာသော စွယ်စုံရ အနုပညာ ရှင် ဦးဇာဂနာ (ခ) မောင်သူရက The Voice Weekly သို့ ပြောကြား သည်။
" ဖုန်းဆက်ပြီး မေးမေး နေကြတယ်။ အတု မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် Facebook ဖွင့်ထား တာပါ။ ဟုတ်ပါတယ်။ ကျွန်တော်ပါပဲ။ Facebook မှာ မောင်သူရ အမည်နဲ့ နှစ်ယောက် ဖြစ်နေ တယ်။ ဒါပေမဲ့ ဘယ်လိုမှ မှားစရာ မလိုဘူး။ ကျွန်တော်က ကတုံးမှာ ဘားကုတ် ပုံနဲ့ တင်ထားတာပါ " ဟု ဦးဇာဂနာက ရှင်းပြသည်။

Wednesday 19 October 2011

သရုပ်ဆောင်ထက်ထက်မိုးဦးအမှု ပုံမှန်ရုံးဖွင့်ချိန်ထက်စောရ်ျကြားနာ

သရုပ်ဆောင်ထက်ထက်မိုးဦးအမှု ပုံမှန်ရုံးဖွင့်ချိန်ထက်စောရ်ျကြားနာ
ရန်ကုန်၊အောက်တိုဘာ ၁၈
မြန်မာနိုင်ငံတွင် စောင်ရေအများဆုံးထုတ်ဝေဖြန်.ချီနေသည်. 7 Day သတင်းဂျာနယ်မှ သတင်းထောက် မအေးသူစံ၏ အင်တာဗျူးတွေ.ဆုံမေးမြန်းမှုကို ပြောကြားနေစဉ် ကိုယ်ထိလက်ရောက် တုံ.ပြန်ခဲ့သောကြောင့် တရားစွဲဆိုခြင်းခံထားရသော ထက်ထက်မိုးဦး၏အမှုအား အောက်တိုဘာ ၁၈ရက်နေ.တွင် ရန်ကင်းမြို.နယ်တရားရုံးက ပုံမှန်ရုံးချိန်ထက်စောပြီး နံနက် ၉နာရီခန...်.တွင် စတင်စစ်ဆေးခဲ့သည်ကို တွေ.ရှိရသည်။
ခရမ်းရောင်အထက်အောက်ဝတ်ဆင်ထားသော ထက်ထက်မိုးဦးသည် နှစ်ဖက်သဘောတူညှီနှိုင်းထားသည်. ရုံးချိန် နံနက်၈နာရီခွဲအားကျော်ပြီးမိနစ်၄၀ခန်.နောက်ကျပြီးမှ အမျိုးသားဖြစ်သူနျင့်အတူ Super Custom ယာဉ်အမှတ် ၈/၂၄၃၅နှင့်အတူရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ယင်းနေ.တရားခွင်စစ်ဆေးမှုမစတင်မိ ရန်ကင်းမြို.နယ် တရားသူကြီးက သတင်းထောက် မအေးသူစံအား သတင်းမီဒီယာများသို. ဖြေကြားမှုနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခဲ့ပြီးနောက် ၉နာရီ၂၅မိနစ်ခန်.တွင် တရားခံအဖြစ် စွပ်စွဲခြင်းခံထားရသူ ထက်ထက်မိုးဦးအား စစ်ဆေးကြားနာမှုပြုလုပ်ခဲ့သည်။၂၀၁၀ပြည်.နှစ်မေလ၁၆ရက်နေ.ညတွင် စတင်ခဲ့သော ယင်းအမှုသည်တစ်နှစ်ကျော်ကာလထိတိုင်ရောက်ရှိခဲ့ခြင်းနှင့်အပြိုင် ရုံးချိန်ပေါင်း (၅၃)ကြိမ်တွင် သရုပ်ဆောင်ထက်ထက်မိုးဦးမှ နှစ်ပတ်ဆက်တိုက် နှစ်ကြိမ်လာရောက်စစ်ဆေးခံခဲ့ခြင်းဖြစ်သည်။
တစ်နာရီ၁၅မိနစ်အကြားစစ်ဆေးသောတရားခွင်ပြီးဆုံးပြီးနောက် သရုပ်ဆောင်ထက်ထက်မိုးဦးနှင့်အမျိုးသားတို.မှာ တရားရုံးပြင်ပတွင် စောင့်ဆိုင်းနေသူ ပရိသတ်များနှင့် သတင်းမီဒီယာများကို တွေ.ဆုံခြင်းမရှိဘဲ တရားသူကြီးရုံးခန်းတွင် ၅မိနစ်ခန်.မျှကြာအောင် စောင့်ဆိုင်းခဲ့ပြီးနောက် လူရှင်းသွားသည်.အခါမှ တရားရုံးခန်းအတွင်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
သရုပ်ဆောင်ထက်ထက်မိုးဦးနှင့်အမျိုးသားဖြစ်သူ မော်တော်ယာဉ်ပေါ်သို.မတက်ခင် ဓာတ်ပုံသတင်းထောက်များက ဓာတ်ပုံသတင်းရိုက်ယူခြင်းမပြုနိင်ရန် ထက်ထက်မိုးဦး၏ရှေ.နေ.များက ခန‘ာကိုယ်ဖြင့်ဝိုင်းကာခဲ့ကြပြီး ၄င်း၏လက်ရှိအမျိုးသားဖြစ်သူဇူးမြတ်ထက်က အမျိုးသမီးသတင်းထောက်များအပါအ၀င် သတင်းထောက်များကို ကြမ်းတမ်းရိုင်းစိုင်းစွာဆဲဆိုခြင်း၊ ခြေဖြင့်လှမ်းကန်ခြင်း၊မော်တော်ယာဉ်မောင်းနှင်ထွက်ခွာရာတွင် လက်ခလယ်ထောင်ပြခြင်းများ စသည်.မယဉ်ကျေးသည်.အမူအရာပြုမူခဲ့ကြောင်း မျက်မြင်တွေ.ကြုံခဲ့သူများက ပြောကြားသည်။

Interview with Brad Adams, Human Rights Watch

Tuesday 18 October 2011

ကောင်းကင်တွင် ဈန်ဖြင့် ကြွနေသော ရဟန်း တစ်ပါး၏ ဗီဒီယို

ကောင်းကင်တွင် ဈန်ဖြင့် ကြွနေသော ရဟန်း တစ်ပါး၏ ဗီဒီယို အင်တာနက် စာမျက်နှာ များပေါ်တွင် ပျံ့နှံ့ ရောက်ရှိ


  • ဖေ့စ်ဘွတ်အကောင့် အားဖွင့် လိုက်မိချိန်တွင် နာမည်ကျော် ဒီဇိုင် နာ ဆရာမြင့်မောင်ကျော် share ပေးပို့ထားသော ဗီဒီယိုဖိုင်ကိုချက် ချင်းပင်ဖွင့်ကြည့်လိုက်မိသည်။
    အကြောင်းအရာ ခေါင်းစဉ်ကပင် မဖွင့်ကြည့်ဘဲ မနေနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
    “ကောင်းကင်ပေါ်တွင်ဈာန်ကြွ နေသောရဟန္တာ” ဟူသည့်ခေါင်း စဉ်ဖြစ်ပါသည်။အဆိုပါ ဗီဒီယိုဖိုင် အားချက်ချင်း ပင်ဝင်ရောက်ကြည့်ရူ လိုက် ချိန်တွင် ယင်းနေရာ ဒေသရှိ ဖူးမြော်သူတို့၏ အသံများနှင့် အတူ မြစ်ပြင် အထက် အတော်ခပ်လှမ်းလှမ်း ရှိရဟန္တာ ကိုယ်တော်မြတ် ဈာန်ဖြင့် ကြွနေသည် ကိုလွန်စွာ ဝေးကွာနေခြင်း ကြောင့် မသဲမကွဲ အနေအထားဖြင့် ဖူးတွေ့ လိုက်ရပါသည်။ ဗီဒီယိုရိုက် ကူးနေသူအား မြင်ရပါ့ မလားဟု မေးမြန်းသော အသံနှင့်မြင်ရတယ် ဒီမှာလေ ဟူသော အသံကိုစတင် ကြားလိုက်ရသည်။
    ယင်းနောက် ကိုယ်တိုင် ကိုယ် ကျမျက်မြင်ဖူးတွေ့ရန် ကံအကြောင်း တရားပါသူ၊ ကုသိုလ်ထူး၍ ဖူးတွေ့ ခွင့်ရသူတို့၏ အသံများကိုကြားရ သည်။
    “ ဟုတ်တယ်ဟေ့၊ ဟုတ်တယ် ဟေ့…ဟိုမှာ တွေ့ရပြီ အနီးကပ်” “ဟုတ်တယ်နော်..ရှင်းနေတာပဲ”  “တစ်ခါမှ..မကြွဖူးဘူးနော်” စသော တအံ့တသြဖြင့် ကိုယ်တိုင် ကိုယ်ကျ ဖူးမြော်ခွင့်ရသူတို့၏ ပြောစ ကားသံများနှင့် အတူ ဗီဒီယိုဖိုင် တွင် ရဟန္တာအရှင်မြတ် ၏ ပုံသဏ္ဌာန်ကို များစွာ ထင်ထင်ရှားရှား ဖူးတွေ့ခွင့်ရ လိုက်ပါသည်။
    အဆိုပါဗီဒီယိုဖိုင် အား စတင် share လုပ် ပေးပို့သော ဆရာမြင့် မောင်ကျော်၏ ဖေ့စ်ဘွတ် စာမျက် နှာပေါ်သို့ အောက်တိုဘာ ၁၅ ရက် နံနက် ၄ နာရီခွဲ အချိန်တွင် နောက် ဆုံးထား ၀င်ရောက်ကြည့်ရှု ခဲ့ပါ သည်။ ဗီဒီယို ဖိုင်စတင်ထား သည့် အချိန်မှ ယင်းအချိန်ထိ ၁၉ နာရီစာ သာကြာမြင့် ပါသေးသည်။ ကွန့်မင့် ပေးသူများစွာ ရှိလာပြီး ၂၆ ဦးမှာ ယင်းဗီဒီယိုဖိုင်အား share လုပ် သွားကြသည်။
    ယင်းနောက် share လုပ် သွားကြသောသူတို့၏ ဖေ့စ်ဘွတ်စာ မျက်နှာများ ပေါ်တွင်လည်း ၀ိုင်းဝန်း ၍ comment (သဘောထားမှတ် ချက်) ပေးသူများစွာ ရှိလာပြီး လူပေါင်းများစွာ ကချက်ချင်းပင် share များ ထပ်မံရယူကာ ဖြန့် ဝေကြသည်ကိုတွေ့ရပါသည်။
    အဆိုပါဗီဒီယိုဖိုင် အား စတင် share ပေးပို့သော ဆရာမြင့်မောင် ကျော်ထံဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာတွင် “မူရင်း တင်ထားတဲ့သူက တော့ အာသာ မင်းပါ။ ဆရာလည်း သူ့ကို ဆက်သွယ်ဖို့ လုပ်နေတာ မရ သေးဘူး။ ဘယ်နေရာမှာ၊ ဘယ် အချိန်လဲ ဆိုတာ ဆရာလဲ မေးမလို့ ဆက်သွယ် ထားတုန်းပဲ။ ဒါပေမယ့် ဆရာလည်း ဒီလိုမျိုးကောင်းကင်မှာ ဈာန်နဲ့ကြွသွားတဲ့ ရဟန္တာတွေကို မကြာခဏ ဖူးတွေ့ရဖူးတယ်။ ပြော ရရင် တော့ကွာ ဒီဗီဒီယိုဖိုင် ကို ဆရာ ကိုယ်တိုင် လည်း ယုံကြည် လို့တင် ထားတာ။ share လုပ်ပေးတာပေါ့ ကွာ”ဟု မြန်မာပို့စ်သတင်းဂျာနယ် ၏ ဆက်သွယ်မေးမြန်းချက် ကို ပြန် လည်ဖြေကြားခဲ့ပါသည်။
    ဗုဒ္ဓဘာသာ အားယုံကြည်သက် ၀င်သူလူငယ် တစ်ဦးကလည်း “ကျွန် တော် ရဟန္တာ တွေနဲ့ပတ်သက်လို့ ကိုယ်တိုင် ကိုယ်ကျ ဖူးမြော်ခွင့် မရပေ မယ့်လည်း ရှိတယ် ဆိုတာကို တကယ် ယုံကြည်ပါတယ်။ တောင်တန်းသာ သနာပြု ဆရာတော်ဘုရားကြီး ဟော ကြားသွားတဲ့ တရားတစ်ပုဒ်မှာ ဆိုရင်လည်း မြန်မာပြည် မှာ ရဟန္တာ တွေ၊ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တွေ အများကြီး ရှိတယ်။ ဒုတိယကမ္ဘာ စစ်တုန်းက မြန်မာနိုင်ငံ ကိုလာတဲ့ လေယာဉ်မှူး တွေဆိုရင် ကောင်း ကင်မှာ ဈာန်နဲ့ကြွနေတဲ့ ရဟန္တာတွေ လေယာဉ် ဘေးမှာ၊ တချို့က လေယာဉ်ပျံရဲ့ ရှေ့မှာ အုပ်စု လိုက် ရော၊ တစ်ပါးချင်း ရော ဈာန်နဲ့ကြွနေ ကြတာ ကိုမြင်တွေ့ခဲ့ရလို့ အရမ်းကို အထူး အဆန်းဖြစ်ရလို့ မေးမြန်း လျှောက် ထားကြတဲ့ အကြောင်းကို တောင် ထည့်သွင်း မိန့်ကြား သွားတာ ကိုတရားနာခဲ့ ရဖူးပါတယ်။ အခုဗီဒီ ယိုဖိုင်မှာ ဖူးတွေ့ခွင့်ရတဲ့အတွက်ရ အောင်ရိုက် ကူးပေးခဲ့တဲ့ သူကို အထူး ကျေးဇူးတင် ပါတယ်။ ဒီဗီဒီယိုဖိုင် မှာ ဖူးတွေ့ရတာလဲ အရမ်း အံ့သြသလို၊ အရမ်းလည်း ယုံကြည်မိပါတယ်” ဟု မြန်မာပို့စ် သတင်းဂျာနယ်၏သဘော ထားအမြင် တောင်းခံမှုအပေါ် ပြန် လည်ဖြေကြားပေးခဲ့သည်။
    အဆိုပါဗီဒီယိုဖိုင် အားစတင်၍ ဖေ့စ်ဘွတ် စာမျက်နှာပေါ် တင်ထား ပေးခဲ့သူဟု ဆိုနိုင်သော ကိုအာသာ မင်းမှာ ယခုလ ၈ ရက်နေ့မှ စတင် ၍ယင်းဖိုင်အား တင်ပေးထားခဲ့ခြင်းဖြစ် ပါသည်။
    အဆိုပါ ထူးခြားသောရဟန္တာ ပုဂ္ဂိုလ်သည်မြန်မာနိုင်ငံ၏ မည်သည့် အရပ်ဒေသ တွင်ကြွလာသည်၊ မည် သူကယင်း ဗီဒီယိုအား မှတ်တမ်းတင် ခဲ့သည် နှင့် ဖိုင်အား မျှဝေပေးသော ကိုအာသာမင်း အပါအ၀င် ကိုယ်တိုင် ကိုယ်ကျ ဖူးတွေ့ခွင့် ရသူတို့နှင့်ဆက် သွယ်တွေ့ဆုံ နိုင်ရန်မြန်မာပို့စ်အနေ ဖြင့် ဆက်လက်စုံစမ်း နေပါကြောင်း စာဖတ် ပရိသတ်အားအသိပေးလိုပါ သည်။
    လက်ရှိတွင် အဆိုပါဗီဒီယိုဖိုင် အားကြည့်ရှုဖူး မြော်လိုသူများအနေ ဖြင့် www.facebook.com တွင် အကောင့်ရှိသူများအနေဖြင့် http://www.facebook.com/kogyi ၀င် ရောက်၍ ရှာဖွေကြည့်ရှု နိုင်သလို၊ အောက်တွင်လည်း တပါးတည်း ထည့်သွင်းပေးထားပါသည်။
    သက်ထွန်းဦး၊ ဘသန်း

    breaking-vol3-no40
  •                                                       Ref: The Myanmar Post

Friday 14 October 2011

မြန်မာ ဖက်ရှင် ဒီဇိုင်နာများ၏ Website လွှင့်တင်

 .Saturday, 15 October 2011 00:00 Net Guide Journal .. .မြန်မာဖက်ရှင် ဒီဇိုင်နာ အုပ်စု (Myanmar Fshion Designer Group) ၏ official website အား MFTG မှ ပြုလုပ်သော Fashion Phenomenon ပွဲ ကျင်းပ သည့်အောက်တိုဘာ ၁ ရက်နေ့တွင် တရားဝင်စတင် လွှင့်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်လိပ် စာမှာ www.mfdesignergroup.com ဖြစ်ပြီး

Thursday 13 October 2011

Windows 8 နှင့် မြန်မာ စာဂယက်


Microsoft ရဲ့ အသစ်ထွက် ရှိလာမယ့် Windows 8 မှာ မြန်မာ စာပါဝင်လာ မယ်လို့ သိရပါတယ်။ အဲဒီကိစ္စဟာ မြန်မာ နည်းပညာ လောကကို အတိုင်း အတာ တစ်ခုအထိ ဂယက်ထ စေပါတယ်။ အခု လောလော ဆယ်မှာတော့ လုပ်ငန်းခွင်ထဲက လူငယ်တွေကို ချဉ်းကပ်ပြီး သူတို့ရဲ့အမြင် သဘောထား တွေကို စုစည်း တင်ပြထား ပါတယ်။ အမှန်တကယ် Windows 8 ထွက်လာပြီ ဆိုရင် တော့ ကျွမ်းကျင်နည်းပညာ ရှင်တွေရဲ့ စကားသံတွေကို ထပ်မံစုစည်း တင်ပြပေး ပါဦးမယ်။
Microsoft ကနေ လာမည့် ၂၀၁၂ နှစ်ဆန်းပိုင်းမှာ ထွက်ရှိလာမယ့် Windows 8 OS နဲ့ အကြိုအဖြစ် Developer Preview ကို မကြာခင်ရက် ပိုင်းကပဲထုတ်ပေးခဲ့ပြီး တစ်ကမ္ဘာလုံးမှာ သာမကဘဲ ပြည်တွင်း က ပညာရှင်တွေအပြင် လူငယ်နည်းပညာလေ့လာသူများ အဆုံး လက်တွေ့စမ်းသပ်သူက စမ်းသပ်သုံးစွဲ၊ လက် တွေ့မစမ်းနိုင်သူတွေကလည်း စမ်းသပ်သုံးစွဲသူတွေ ဆီကနေ ရရှိတဲ့ အချက်အလက် လေးတွေ အွန်လိုင်း မှာတွေ့နေရတဲ့ အင်တာနက်စာမျက်နှာတွေ၊ ဗီဒီယို ဖိုင်တွေရဲ့ အကူအညီနဲ့ အတော်လေးစိတ်ဝင်စား ခဲ့ကြတယ်။

Gtalk မှာ သူငယ်ချင်းတွေနဲ့ Group ဖွဲ့ပြီး Chat ချင်တယ်ဆိုရင်

Internet


Photo
By Net Guide Journal
အွန်လိုင်းမှာ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ချက်တင်ဝင်ချင်လို့ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်း ရုံးလုပ်ငန်းတွေအတွက် Group လေးလုပ်ပြီး ဆွေးနွေးပွဲလေးတစ်ခု ဖန်တီးချင်တဲ့ သူတွေအတွက်  group chat လုပ်ပုံ လုပ်နည်းလေးကို ရှင်းပြပေးပါမယ်။ ပထမဆုံး ဒီလင့်လေးကို သွားလိုက်ပါ http://partychapp.appspot.com/ ပြီးတာနဲ့ အောက်မှာ How do I create a room? ဆိုတာလေး တွေ့လိမ့်မယ်ဗျာ။ အဲဒီအောက်က Sign in မှာ ကိုယ့် gmail နဲ့ sign in ဝင်လိုက်ပါ။

Thursday 6 October 2011

ကျူးဘားတွင် ကားဟောင်းပိုင်ရှင်များ ကားသစ်ဝယ်ခွင့်ရပြီ

(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၃၈ ( ၇ - ၁၃ ၊ ၁၀ ၊ ၂၀၁၁) mmtimes.

သက်တမ်းရင့် ပုဂ္ဂလိက ကားများကို ကျူးဘားနိုင်ငံ ဟာဗားနားမြို့တွင် ယခင်သီတင်းပတ်က တွေ့ရစဉ်။
ဟားဗားနား - ကျူးဘားနိုင်ငံအစိုးရသည် ကားအရောင်းအ၀ယ်ဆိုင်ရာ ခွင့်ပြုချက်တစ်ရပ်ကို စက်တင်ဘာ ၂၈ ရက်က ထုတ်ပြန်လိုက်ရာ နှစ် ၅၀ က ခေတ်ဟောင်းကားများဖြင့်သာ ရောင့်ရဲ နေခဲ့ရသူများ ကားသစ် ၀ယ်ခွင့်များ ရရှိ လာကြသည်။
ကျူးဘားတွင် ၁၉၅၆ ခုနှစ် တော်လှန်ရေးမတိုင်မီက ထုတ်လုပ် သောကားများကိုသာ ရောင်းဝယ်ခွင့်ပြု ထားသည်။

Wi-Fiအသစ်ဖြစ်လာမယ့် Li-Fi


news
တစ်နေရာနဲ့ တစ်နေရာ ချိတ် ဆက်ဆောင်ရွက်ဖို့ နည်း လမ်းတွေကို ကြိုးစားရှာဖွေခဲ့ကြတယ်။ ကြိုးစား တီထွင်နိုင်သ လောက် အောင်မြင်မှုတွေ ရခဲ့ကြပါတယ်။ ကြိုးမဲ့စနစ်ကွန်ရက်တွေ ချိတ်ဆက်ဖို့ Wi-Fi စနစ်ကို အသုံးပြု ခဲ့ကြတာ အလွန်အဆင်ပြေကြပါတယ်။ ဒါပေမဲ့လည်း အထစ်အငေါ့မရှိ မြန်ဆန် သွက်လက်မှု ပိုပြီးခံစားခွင့်ရစေဖို့ ဆက်ကြိုးစားခဲ့ကြတယ်။
အလင်းရောင် မှိတ်တုတ်မှိတ်တုတ်ကို ကြည့်ရတဲ့အခါ စိတ်အနှောင့် အယှက် ဖြစ်စေတယ်။ ဒါပေမဲ့လည်း ဒီမှိတ်တုတ်မှိတ်တုတ် အလင်း ရောင်ကို အကျိုးရှိရှိအသုံးပြုနိုင်မှာကို တွေ့ရှိခဲ့ကြရတယ်။ သတင်း အချက်အလက်တွေကို ကြိုးမဲ့ပုံစံနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေမှာ အသုံးချနိုင်မယ့် Visible Light Communication (VLC) ဆိုတာကို အောင် မြင်စွာတီထွင်ခဲ့ကြပါပြီ။ တစ်ချိန်က မှန်တို့မီးတို့ကို အသုံးချပြီး အချက် ပြလုပ်ကိုင်ခဲ့တဲ့ အခြေခံသဘောတရားကို အရယူပြီး ဖန်တီးနိုင်ခဲ့ကြ တာ ဖြစ်တယ်။

" တရုတ်က မြန်မာကို သုံးနှစ်စိုးမယ်"

Font size: Decrease font Enlarge font
ဘုန်းစည်သူ  (နိရဉ္စရာမှ သတင်း)

အခု တလော တရုတ်နဲ့ ပက်သက်ပြီး ပြောဆိုမူတွေ ညံလာတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ခန့်က ကျွန်တော့်ရဲ့ အဖိုး ပြောဆိုခဲ့တဲ့ "တရုတ်က မြန်မာကို သုံးနှစ် စိုးမယ်" ဆိုတဲ့ စကားကို သွားသတိ ရမိပါတယ်။ အဖိုး ပြောတာက ၁၉၈၀ ပတ်ဝန်းကျင်က ဖြစ်ပါတယ်။ ကျွန်တော်အဖိုးက အဲဒီ အချိန်က အသက် ၇၀ ကျော် ၈၀ ပိုင်းကို ၀င်နေပါပြီ။ ကျွန်တော်က ရှစ်တန်းကျောင်းသားပါ။ တစ်နေ့ မန္တလေးကို ပင့်ယူသွားတဲ့ မဟာမုနိ ရခိုင်ဘုရားကြီး အကြောင်း ပြောရင်းနဲ့ အဖိုးက "ဒီဘုရားကြီးကို တရုတ်က ရခိုင်ကို ပြန်ပို့ဖို့" ရှိတယ်ဆိုပြီး ပြောပါတယ်။ ပီးရင် အဖိုးက ဘာပြောလဲ ဆိုရင် "တရုတ်က မြန်မာကို သုံးနှစ်စိုးပြီး ပြန်အထွက်မှာ ရခိုင်ကို လွတ်လပ်ရေး ပေးခဲ့မယ် လို့လည်း" ပြောပါတယ်။ အဖိုးပြောတော့ ကျွန်တော်တို့က "အဲဒါ ဘယ်တော့ ဖြစ်မလဲလို့" မေးတဲ့ အခါ အဖိုးက "မြေးတို့ ခေတ်မှာ ဖြစ်ချင် ဖြစ်နိုင်တယ်" ဆိုပြီး ပြောပါတယ်။ အဲသလို တရုတ်က မြန်မာကို သုံးနှစ် စိုးမယ်ဆိုတာကို အဖိုး ဘယ်လိုလုပ် သိပါသလဲလို့ မေးတော့ အဖိုးက " ရခိုင်ရာဇ၀င် ဟောကိန်း ရှိတယ်လို့" ပြောပါတယ်။

ရန်ကုန် မြို့တော်နှင့် သဘာဝ ဘေးအန္တရာယ်

ရန်ကုန် မြို့တော်နှင့် သဘာဝ ဘေးအန္တရာယ် .Friday, 07 October 2011 00:00The Voice Journal...အထပ်မြင့် အဆောင် အအုံများ မျက်နှာချင်း ဆိုင်တည် ဆောက်ထားသည့် လမ်းဆုံး လမ်းခွကြီး တစ်ဝိုက်တွင် တန်ဖိုးကြီး လုံးချင်း အိမ်များက ဆွဲဆောင် မှုရှိသကဲ့သို့ အဖိုးတန် ကားများမှာ လည်း ဥဒဟို ဝှီးခေါ်နေကြသည်။ ထိုနေရာမှာ ရန်ကုန်မြို့တော်တွင် အထင်ကရ လုပ်ငန်း ရှင်ကြီးများ နေထိုင်အေသာ အရပ်နှင့် တန်ဖိုး အကြီးမာဆုံး မြေဈေးနှုန်း တို့ ဖြင့် ကျော်ကြားနေသော ရွှေဂုံတိုင်မြို့ ပြ နေရာ ပင်ဖြစ်သည်။

ရန်ကုန်မြို့တော်၏ တည်နေရာ အနေအထားအရ ရွှေဂုံတိုင် ဝန်းကျင်တစ်ဝိုက်သည် အောက်ခံ မြေသားရှိသည့် အတွက် တောင်ကုန်းနေရာများသာဖြစ်ပြီး ကျန်သည့် နေရာ များမှာ နုန်းတင်မြေနုများသား ဖြစ်ကြပြီး ရန်ကုန်မြို့ကို အဝေးကြည့်မည်ဆိုပါက မြို့၏ အလယ် တွင် တောင်တန်း သဖွယ်ဖြစ်နေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ အထွေထွေ အတွင်း ရေးမှူ ဦးစိုးသူရထွန်းက ပြောကြားသည်။

Tuesday 4 October 2011

တောက်ပလင်းလက်တဲ့ မျက်ဝန်းလေးများ ပိုင်ဆိုင်လိုပါက

 

news
လူတစ်ဦးရဲ့ အတွင်းစိတ်နေစိတ် ထားကို သူ့ရဲ့မျက်ဝန်းတွေက အမြဲ ကိုယ်စားပြုဖော်ပြလေ့ရှိ ပါသတဲ့။ ရှည် လျားကော့ညွတ်နေတဲ့ မျက်တောင်ရှည် ကြီးများကလည်း လင်းလက်တောက်ပ နေတဲ့ သင့်ရဲ့အရည်လဲ့လဲ့မျက်ဝန်းများ ရဲ့ဆွဲဆောင်မှုကို အားပိုကောင်းစေတာ တော့အမှန်ပင်ဖြစ်ပါတယ်။ မျက်ဝန်း လေးများကို ဘောင်ခတ်ဝန်းရံ၊ ထောက်ကူပေးထားတဲ့ မျက်ရစ်လေး တွေနဲ့အတူ မျက်ခွံနဲ့မျက်တောင် လေးတွေကို မျက်လုံးအလှပြင်ပစ္စည်း များဖြစ်တဲ့ အိုင်းလိုင်နာ၊ အိုင်းရှဲဒိုး၊ မတ်စ်ကာရာ၊ မျက်တောင်ကော့ကိရိယာ စတဲ့ မျက်လုံးအလှပြင် ပစ္စည်း တွေအသုံးပြုပြီး ဘယ်လို လှပထင်ရှား အောင် ပြုပြင်ပေးသင့်လဲ ဆိုတာကို ဒီတစ်ပတ်ဖော်ပြလိုပါတယ်။