Pages

Tuesday 28 February 2012

မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ် မညစ်နဲ့


တံတောင်ဆစ်ကိုရီးယား ကားတွေ ခေတ်စား လာတာနဲ့ အမျှ ကိုရီးယား ဖက်ရှင် တွေ ကိုရီးယား အလှကုန် တွေ ခေတ်စားလာပြီး ယောကျာ်းလေးတွေ ရော မိန်းကလေးပါ ကိုရီးယားစ တိုင်လ်လေးတွေပြင်ဆင်လာကြပါ တယ်။ ဒီလိုပြင်ဆင်လာကြရာမှာ မျက်နှာလေးကို မိတ်ကပ်ဖွေးနေ အောင်လိမ်းပြီး ဖက်ရှင်ကျအောင် ဝတ်လိုက်ရင် Perfect ဖြစ်သွားပြီ လို့ တော်တော်များများက ထင်နေ ကြတယ်။ ခန္ဓာကိုယ်အသားအရေ ကို ဂရုစိုက်ဖို့မေ့နေကြတယ်။ လူ တော်တော်များများက တံတောင် ဆစ်နဲ့ ဒူးခေါင်းမှာ မည်းညစ်ပြီး အသားအရောင်မညီမညာဖြစ်နေ ကြပါတယ်။ အထူးသဖြင့် စကတ် တိုဝတ်တဲ့မိန်းကလေးတွေနဲ့ ဘောင်းဘီတိုဝတ်တဲ့ယောကျာ်း လေးတွေအတွက်တော့ ပြဿနာ တစ်ရပ်ပဲပေါ့။မျက်နှာမှာ မိတ် ကပ်ဖွေးနေအောင်လိမ်း၊ ဖက်ရှင် ကျအောင်ဝတ်ထားပေမယ့် တံ တောင်ဆစ်နဲ့ ဒူးခေါင်းကမည်းညစ် နေတော့ ကြည့်လို့ကောင်းပါ့မ လား။
တံတောင်ဆစ်၊ ဒူးခေါင်းမည်း ရခြင်းအကြောင်းရင်း
အကြောင်းရင်းကတော့ တံ တောင်ဆစ်နဲ့ဒူးခေါင်းကို အလွန်အ ကျွံအသုံးပြုလို့ဖြစ်ပါတယ်။ စားပွဲခုံ မှာ တံတောင်ဆစ်နဲ့ အကြာကြီး ထောက်ထားတာတို့၊ ဒူးအကြာကြီး ထောက်တာတို့ အဲဒီလို ကိုယ်ရုတ် တရက်သတိမထားမိလိုက်တဲ့အ ကြောင်းလေးတွေကြောင့်ပေါ့။

Monday 27 February 2012

အောက်ဆိုက်ရှိလား

အောက်ဆိုက်ရှိလား


ပထမဆုံး အလုပ် စ၀င်သူတစ်ယောက်ကို သူ့မိတ်ဆွေများက လခဘယ်လောက်ရသလဲဟုမေးလေ့ရှိပါသည်။ တဆက်ထဲ၌ ထုံးတမ်းစဉ်လာဖြစ်နေသော နောက်ဆက်တွဲမေးခွန်းဖြင့် ထပ်မံစူးစမ်းကြပြန်သည်။ လစာအပြင် အောက်ဆိုက်ရော ရှိသေးလား..ဟူသတတ်။
အကယ်၍ လစာအရင်းကဘယ်လောက်၊ အပိုအောက်ဆိုက်ကမည်မျှဆိုကာ ခွဲခြားပြလိုက်လျှင် ကြားရသူများက ကျေနပ်ဝမ်းမြောက်သောအပြုံးဖြင့် နှစ်လိုဖွယ်တုန့်ပြန်တတ်ကြသည်။ ထိုသို့ အောက်ဆိုက်ရှာသူများကို လွဲမှားစွာ အသိအမှတ်ပြုလိုက်ခြင်းသည် ကျွန်တော်တို့ပတ်ဝန်းကျင်၌ အောက်ဆိုက်ယဉ်ကျေးမှု ထွန်းကားခြင်း၏ အခြေခံအချက် ဖြစ်သည်။

ကမ္ဘာ့ ထိပ်တန်း စာရင်းဝင်လာတဲ့ မြန်မာနဲ့ အောက်ဆုံး ရောက်သွားတဲ့ စင်္ကာပူ

ကမ္ဘာ့ ထိပ်တန်း စာရင်းဝင်လာတဲ့ မြန်မာနဲ့ အောက်ဆုံး ရောက်သွားတဲ့ စင်္ကာပူ
 
ကမ္ဘာနှင့်အ၀ှမ်း နှစ်စဉ် ပြုလုပ်နေတဲ့ ဘယ်စာရင်းမှာမဆို အောက်ဆုံးရောက်နေတဲ့ မြန်မာနိုင်ငံက သဘာဝသယံဇာနှင့် ပတ်သက်လာရင် ထိပ်ဆုံးစာရင်းမှာ ပါလာတာကိုတွေ့ရပါတယ်။
ဗြိတိသျှ ကိုလမ်ဘီယာတက္ကသိုလ်က ပြုလုပ်တဲ့ The Eco2 Index ဂေဟစနစ် အညွန်းကိန်းမှာ စင်္ကပူနိုင်ငံက ကမ္ဘာ့ အဆိုးဆုံး စာရင်းမှာ ပါဝင်သွားပါတယ်။ ကမ္ဘာ့ အဆိုးဆုံး ငါးနိုင်ငံက
၁။ စင်္ကာပူ ၂။ ဂျော်ဒန် ၃။ ကိုးရီးယား ၄။ အစ္စရေး ၅။ ကူဝိတ်နိုင်ငံ တို့ဖြစ်ကြပါတယ်။
ဂေဟစနစ် အကောင်းဆုံး ငါးနိုင်ငံက
၁။ ဗော်လဗီးယား ၂။ အင်ဂိုလာ ၃။ နမီးဘီးယား ၄။ ပါရာဂွေး ၅။ အာဂျင်တီးနား တို့ဖြစ်ကြပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးပြေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၅၀ ထဲမှာ မြန်မာက အဆင့် ၃၂ မှာရှိပါတယ်။ မလေးရှားက အဆင့် ၈၀ နှင့် ထိုင်းနိုင်ငံက အဆင့် ၉၆ ကိုရောက်သွားပါတယ်။ ဒီသုတေသနက ကမ္ဘာ့ဘဏ်က အချက်အလက်တွေကို အခြေခံပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။

Thursday 23 February 2012

၂၀၁၅ ခုနှစ်အတွင်း Intital Fee ကို သုည ရာခိုင်နှုန်းဖြင့် အသုံးပြုနိုင်မည်


၂၀၁၅ ခုနှစ်အတွင်း အင်တာနက် ဝန်ဆောင်မှု အတွက် Intital Fee ကို သုည ရာခိုင်နှုန်းဖြင့် အသုံးပြုနိုင်မည်မြန်မာ တစ်နိုင်ငံ လုံး အတိုင်း အတာ အထိ အင်တာနက် ဝန်ဆောင်မှု အတွက် Intital Fee ကို သုည ရာခိုင်နှုန်း အထိ လျှော့ချပေးကာ ပြည်သူ အများကို ဝန်ဆောင်မှု ပေးနိုင်ရန် အတွက် လုပ်ဆောင်လျက် ရှိကြောင်း Redlink Communications ကုမ္ပဏီမှ Business Deparment ၏ Assistant General Manager ဒေါ်ခင်အိအိက ပြောကြားခဲ့ကြောင်း သိရသည်။

Tuesday 21 February 2012

ဂျီတော့ခ်နဲ့ ဖေ့စ်ဘွတ် ချက်ပြတင်းများမှာ ဗိုင်းရပ်စ်တမျိုးပြန့်


လောကဓာတ်ခန်းသာဂိ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၂
လွန်ခဲ့တဲ့ တပတ်ခန့်စပြီး မြန်မာပြည် အင်တာနက်ခန်းတွေကမိတ်ဆွေတွေနဲ့ စကားပြောသူတွေဆီက အထူးသဖြင့် မောက်စ်နဲ့နှိပ်ချင်စရာ လင့်ခ်ကလေးတွေ ၀င်လာတယ်။ နှိပ်လိုက်တာနဲ့ သင့်ကွန်ပြူတာကို ဗိုင်းရပ်ဝင်သွားပြီပဲ။

သင့်ဂူးဂဲချက်ဘောက်၊ ဖေ့စ်ဘွတ်ချက်ဘောက်ကနေ အဲသည် လင့်ခ်တွေကို သင်လည်း မတင်ရဘဲနဲ့ သူက တဆင့် ဆက်ဖြန့်သွားတော့တယ်။

Thursday 16 February 2012

ချစ်သူများနေ့မှာ ဒါမျိုးတော့ မဖြစ်သင့်ပါ

                                                                         ဆန်နီနေမင်း-14-2-2012ဖေဖ၀ါရီ(၁၄)ရက် ချစ်သူများနေ့ဆိုပြီး ကောင်းတာများလုပ်ကြသလားဆိုတော့ မကောင်းတာတွေပဲ လုပ်နေကြတာကို အင်တာနက်မှာ ဖတ်ရတဲ့အခါ ကိုယ့်မွေးနေ့တောင် ပြန်ပြောင်းရရင် ပြောင်းလိုက်ချင် သေးတယ်။
ဘာတွေလုပ်ကြသလဲဆိုတာတော့ ဦးဦးမှော်စရာ ဂရုမေးလ်ထဲမှာ ဒါလေးဖတ်လိုက်ရလို့ စိတ်မကောင်းစွာနဲ့ လူငယ်လူကြီးမရွေး ရှောင်ကြဉ်နိုင်ကြပါစေရန် တင်ပေးလိုက်ပါတယ်။
ဦးဦးမှော်စရာဂရုမေးလ်မှာ ရေးထားတာကတော့--
တလောက ဖတ်လိုက်ရတဲ့ ဆောင်းပါးထဲမှာ ပြောထားတာပါ။
ချစ်သူတွေအတွက် အသက်စွန့်ခဲ့သည့် ဘုန်းတော်ကြီးကို ဂုဏ်ပြုတဲ့ အနေနဲ့ဖြစ်လာတဲ့ ဒီ ချစ်သူများနေ့ဟာဆိုရင် အခုနောက်ပိုင်း တစ်လွဲဆံပင်ကောင်းသူတွေကြောင့် ကမ္ဘာပေါ်မှာ HIV/AIDS အကူးခံရမှုအများဆုံးနေ့တစ်နေ့ ဖြစ်လာသည်ဟု ဆောင်းပါးရှင်က ပြောထားပါတယ်။

Saturday 11 February 2012

အ၀တ်လဲခန်းထဲက ကင်မရာ

Thursday 2 February 2012

ကျနော် နှင့် ကားပါမစ်

ဒီပိုစ့်ကတော့ လောလောလက်လက် ကျနော်ကားပါမစ်ရောဂါထတဲ့အကြောင်းလေးပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီးမေးမြန်းစုံစမ်းနေတဲ့ စင်္ကာပူမှာနေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ ညီအကိုသူငယ်ချင်းတွေလဲ ရှိနေလို့ တခါထဲရှင်းပြပြီးသားဖြစ်သွားအောင် ရေးသားဖော်ပြ
လိုက်ပါတယ်။ တစ်လက်စထဲ ကားပါမစ်ကိစ္စ ကိုလုပ်ဖို့အတွက် မြန်မာပြည်ပြန်တာဆိုတာဆိုတော့ ပြန်ဖို့စီစဉ်တာကစလို့ကြုံတွေ့သမျှ တွေနဲ့ မြန်မာသံရုံးမှာ အခွန်ဆောင်တာကိုလဲထည့်ရေးထားဖြစ်ပါတယ်။