Pages

Tuesday 30 October 2012

အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ရှိသည့်သူများ ဖတ်ရန်အတွက်

အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ရှိသည့်သူများ ဖတ်ရန်အတွက်။

-
အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ရှိသည့်သူများ ဖတ်ရန်အတွက်။
ကိုယ်ကျင့်သီလဟာ အသက်ရှင်နေခြင်းထက် ပိုအရေးကြီးတယ်ဆိုတာကို နားမလည်ကြတဲ့ လူတွေရဲ့ ပါးစပ် ဖျားမှာ ရေပန်းစား နေတဲ့ အူမတောင့်မှသီလစောင့်နိုင်မယ် ဆိုတဲ့စကားကို ကျွန်တော်နားယဉ်ခဲ့တာ ကြာပါပြီ။ သောက်စရာရေမရှိ လို့ မိုးခါးရေသောက်ကြရသလို အသက်အသေခံ၊ ဆင်းရဲဒုက္ခခံပြီး သီလမစောင့် နိုင်ကြ တာကို လောကီအမြင်နဲ့ ကြည့်ရင်တော့ အပြစ်မဆိုသာဘူးပေါ့။

Sunday 28 October 2012

ဦးခင်ညွန့် လူမြင်ကွင်း ခပ်စိပ်စိပ် ပြန်ထွက်လာ

ဦးခင်ညွန့် လူမြင်ကွင်း ခပ်စိပ်စိပ် ပြန်ထွက်လာ



စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့် ဟာ တဖြည်းဖြည်းနဲ့ လူမြင်ကွင်း ကို ခပ်စိပ်စိတ်လေး ပြန်လည် ထွက်ပေါ် လာနေပါတယ်။ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရာက ယခုနှစ်ဆန်းပိုင်းက သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်း သာခွင့်နဲ့ လွတ်မြောက်လာခဲ့ပါတယ်။

Monday 22 October 2012

The Voice Weekly ၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတကြီး၏ ရှင်းလင်းဖြေကြားချက်

From :Hmuu Zaw


ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အရေးကြီးဆုံးဟုယူဆရသည့် ပညာရေး နှင့် ပတ်သက်ပြီးအစိုးရ၏ပြင်ဆင်လုပ်ဆောင်မှုများနှင့် စပ်လျဉ်းသည့်မေးခွန်း။


  နိုင်ငံတော်သမ္မတ၏ ဖြေကြားချက်-

ကဲကောင်းပြီ၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်လဲ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြချင် ပါတယ်။ တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်က ဒီတိုင်းပြည်မှာရှိနေတဲ့ သယံဇာတ တွေ အပေါ်မှာ မတည်မှီပါဘူး။ ဘယ်အပေါ်မှာဘဲမူတည်သလဲဆိုတော့ လူတွေပေါ်မှာဘဲ မူတည်တာဖြစ်ပါတယ်။ လူတွေပေါ်မှာဘဲ မူတည်တာဖြစ်ပါတယ်။ အထင်ရှားဆုံးသာဓက ပြရမယ်ဆိုလို့ရှိရင် တောင်ကိုရီးယားလိုနိုင်ငံမျိုး၊ ဂျပန်လိုနိုင်ငံမျိုး ကျွန်တော်တို့လောက် သယံဇာတ ကြွယ်ဝမှုမရှိပါဘူး။ ဒါပေမယ့် ဘာကြောင့် ကျနော်တို့ ထက်ပိုပြီးတော့ ဖွံ့ဖြိုး တိုးတက် သွားသလဲဆိုရင် လူတွေ ခုနကလိုတော်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်သွားတာ ဖြစ်ပါ တယ်။ အရည်အချင်းရှိတဲ့လူ၊ အရည်အချင်းရှိတဲ့နိုင်ငံသားတွေ ဒါမျိုးတွေ၊ အရည်အချင်း ရှိတဲ့ ကိုယ့်ပြည်သူပြည်သားတွေ များများပေါ်ထွန်းလာဖို့လိုပါတယ်။ ဒါက ခုနကလို ခြုံပြီးခေါ်လိုက်လို့ရှိရင်တော့ လူ့စွမ်းအားအရင်းအမြစ်ပေါ့၊ လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့လိုပါတယ်။

Tuesday 2 October 2012

ဒီလူ . . ဒီကား . . ဒီလမ်းများနှင့် ရှေ့မရောက်နိုင်သေးသည့် ရန်ကုန်

ဒီလူ . . ဒီကား . . ဒီလမ်းများနှင့် ရှေ့မရောက်နိုင်သေးသည့် ရန်ကုန်

နိစ္စဓူဝ မြင်ကွင်း(၁)
ခေါက်ရိုးကျအောင် မီးပူတိုက် လာသော စတစ်ကော်လံအင်္ကျီဖြူ လည်း ကြေမွပိတ်လှောင်နေသည့် လူငွေ့များကြောင့် ချွေးများလည်း စိုလျက်။ လက်ပတ်နာရီကို ဘယ် နှကြိမ်မြောက် မှန်းမသိ ငုံ့ကြည့် ရင်း ကိုကျော်လတ် စိတ်တွင်းမှ ကျိန်ဆဲနေမိသည်ကအခါခါ။ ဒီ နေ့လည်း အလုပ်နောက်ကျဦးတော့ မည်။ နေ့စဉ် အလုပ်အသွား ဘတ်စ်ကားစီးရတိုင်း သူ့ကိုယ်မှာ ပြုတ်စော်နံနေရစမြဲ။ အင်းစိန်ပန်း ခြံမှတ်တိုင်မှာက နာရီဝက်နီးပါး။
အခုလည်း လှည်းတန်းမှတ်တိုင် သည် ကားစက်သတ်၍ စိတ်ဒုံး ဒုံးချ ရပ်ထားလိုသောကားတန်းရှည် ကြီးကြား ထုံးစံအတိုင်း အချိန်များ ကို အမှည့်ခြွေခြွေနေပြီဖြစ်သည်။တကယ်တော့ နံနက်ခင်းဟူ သည်နေ့ တစ်နေ့၏အစ လုပ်ငန်း ခွင်သို့ ပျော်ရွှင်တက်ကြွစွာ သွား ရမည့်အစား စိတ်ညစ်ညူးမှုဖြင့်၊