Pages

Thursday 28 February 2013

မြန်မာအလုပ်အကိုင်ဝက်ဘ်ဆိုဒ်များ

မြန်မာအလုပ်အကိုင်ဝက်ဘ်ဆိုဒ်များ

အင်တာနက်အသုံးတွင်ကျယ်လာတာနဲ့အမျှ အင်တာနက်ဟာ အလုပ်အကိုင်ရှာဖွေဖို့အတွက် နေရာကောင်းတစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ အလုပ်ရှာတဲ့အခါ ပထမဆုံးလုပ်ထားရမှာက ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို ဖော်ပြထားတဲ့ ကိုယ်ရေးမှတ်တမ်း (Resume or Curriculum Vitae) ဖြစ်ပါတယ်။

ထို့အပြင် အဲဒီကိုယ်ရေးမှတ်တမ်းကို အချို့အလုပ်ရှာဖွေရေးဝက်ဘ်ဆိုဒ်တွေက ကိုယ်ပိုင်အကောင့်လုပ်ပြီးတင်ခွင့်ပေးထားပါတယ်။ အဲဒီအခါမျိုးမှာ အလုပ်ရှင်က ကိုယ့်မှတ်တမ်းကို တွေ့ပြီး ဆက်သွယ်လာနိုင်ပါတယ်။ ဒါလည်း လုပ်သင့်တဲ့အရာတစ်ခုလို့ ထင်ပါတယ်။

Friday 8 February 2013

Blog ဖန်တီးလို့ စီးပွားရေးလုပ်မယ်

Blog ဖန်တီးလို့ စီးပွားရေးလုပ်မယ်

အမှန်တော့ ဒီဆောင်းပါးကို ရေးဖို့တောင် စိတ်ကူးမရှိခဲ့ပါဘူး။ ဘာလို့လဲဆို ကိုယ့်အိုင်ဒီယာကို အသုံးချလို့ သူများတွေ အမြတ်ထုတ်သွားလေမလားလို့ ဥစ္စာခြောက် ခြောက်ခဲ့ဖူးပါတယ်။ သို့ပေမယ့် အဲ့ဒါကမှသာ တကယ်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့၊ မှားယွင်းတဲ့ ခံယူချက် ဖြစ်ပါတယ်။

လူတိုင်းတတ်မှ၊ သိမှ လူတိုင်းဖွံ့ဖြိုးမယ်။ တိုးတက်မယ်၊ အဆင်ပြေမယ်။ လူတိုင်း အဆင်ပြေမှ တိုင်းပြည် အဆင်ပြေမယ်။ အားလုံး အတွက် မျှဝေတာ အကောင်းဆုံးပါပဲ။ ယခု မောင်အောင်ခမ်းမှ တတ်သိသလောက် Blog ကနေ စီးပွားရှာနည်း တွေကို တင်ဆက်ပေးပါမယ်။ လူတိုင်း လုပ်နိုင်လို့ အကျိုးရှိမယ်လို့ မျော်လင့်ပါတယ်။

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း


Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း

by ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် on Thursday, February ·

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။