ယခင်နှစ်များနှင့် မတူညီသည့် DV-2013 လျှောက်လွှာနှင့် ပါတ်သက်သည့် အချက်အလက်များ.
အောက်တိုဘာ ၄ ရက် ၂၀၁၁ နေ့လည် မှ နိုဝင်ဘာ ၅ ရက် ၂၀၁၁ နေ့လည်အချိန် အတွင်း အွန်လိုင်းမှ လျှောက်လွှာ ဖြည့်နိုင်ပြီး www.dvlottery.state.gov မှတဆင့် ဖြည့်သွင်းနိုင်ပါသည်။ (DV Program ပုံစံ အတုပြုလုပ်၍ လိမ်လည်သည့် Website များရှိခြင်းကြောင့် state.gov ပါမှသာ အမေရိကန်အစိုးရ၏ Website အစစ်ဖြစ်ပါသည်။) စာရွက်နှင့် တင်သွင်းသည့် လျှောက်လွှာများအား လက်မခံပါ။ လျှောက်လွှာ ပိတ်ရက် နောက်ဆုံး ရက်သတ္တပါတ်အထိ မစောင့်ပဲ ဖြည့်ရန် အထူးတလည် တိုက်တွန်းပါသည်။ အဘယ့်ကြောင့်ဆိုသာ် လူအများစု ၀ိုင်းဝန်းဖြည့်သောကြောင့် Website နှောင့်နှေးမှုဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။ နိုဝင်ဘာ ၅ ရက် ၂၀၁၁ နေ့လည်ကျော်မှ ရောက်ရှိလာသည့် လျှောက်လွှာများအား လက်ခံမည် မဟုတ်ပါ။
လျှောက်လွှာဖြည့်ရန် လိုအပ်ချက်များမှာ ခွင့်ပြုစာရင်းတွင် ပါဝင်သည့် နိုင်ငံသား ဖြစ်ရပါမည်။ ခွင့်ပြုစာရင်းတွင် ပါဝင်သည့် နိုင်ငံသားဆိုသည်မှာ အများအားဖြင့် မိမိမွေးဖွားသည့် နိုင်ငံကို ဆိုလိုပါသည်။ သို့သော်လည်း ခွင့်ပြုစာရင်းတွင် ၀င်ရန် နည်းလမ်း နှစ်သွယ် ရှိပါတယ်။ ပထမ အချက်မှာ မိမိမွေးဖွားသည့် နိုင်ငံသည် ခွင့်ပြုစာရင်းတွင် မပါဝင်သော်လည်း မိမိ အိမ်ထောင်ဖက်မှာ ခွင့်ပြုနိုင်ငံစာရင်းတွင် ပါဝင်ပါက နှစ်ယောက်စလုံး၏ နိုင်ငံသားအား အတိအကျ ဖော်ပြ၍ လျှောက်ထားနိုင်ပါတယ်။ ဒုတိယ အချက်မှာ မိမိမွေးဖွားသည့် နိုင်ငံသည် ခွင့်ပြုစာရင်းတွင် မပါဝင်သော်လည်း မိမိ၏ မိဘနှစ်ပါးသည် အဆိုပါနိုင်ငံတွင် မွေးဖွားခဲ့ခြင်း၊ သို့မဟုတ် မိမိအား မွေးဖွားစဉ်ကနေထိုင်ခဲ့ခြင်း မရှိလျင် မိဘထဲမှာ တစ်ယောက်၏ မွေးဖွားသည့် နိုင်ငံအား ကိုယ်စားပြု၍ လျှောက်ထားနိုင်ပါသည်။ (လျှောက်ထားသည့် မိဘ မွေးဖွားသည့် နိုင်ငံသည် ခွင့်ပြုစာရင်းတွင် ပါဝင်ရန် လိုအပ်ပါသည်။)