Pages

Monday 30 May 2011

မြန်မာ လုပ်သားများ ဂျပန် တရားဝင် စတင် ခေါ်မည် .


ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းထန်သော ငလျင်နှင့်ဆူနာမီလှိုင်းလုံးကြီးများကြောင့် ဂျပန်နိုင်ငံတစ်ဝန်းတွင် ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့ရာ ယင်းပျက်စီးမှုများကို ပြန်လည် တည်ဆောက်ရန်၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် မူလရှိပြီးသား ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန် မြန်မာနိုင်ငံမှ ကျွမ်းကျင်ဆောက်လုပ်ရေးသမား ၅၀ ခေါ်ယူမည် ဖြစ်ကြောင်း

Sunday 29 May 2011

ဦးနုရဲ့ စာရိတ္တ

TOEFL အမှတ် မပါဘဲ အမေရိကန် တွင် ကျောင်း တက်ရောက်နိုင်

TOEFL အမှတ်မလိုဘဲ အမေရိကန် တက္ကသိုလ်၊ ကောလိပ်များ တွင် ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ရန် အဆိုတော် သားစိုး ထူထောင်ထားသည့် Future Investment မှဆောင်ရွက် ပေးနေကြောင်း သိရသည်။ အမေရိကန် ပညာရေး အကျိုးဆောင် လုပ်ငန်းက ဆက်သွယ်ပေးသည့် တက္ကသိုလ် ကောလိပ်များထဲမှ အဓိကကောလိပ် နှစ်ခုမှာ Northen Virginia Community (NOVA) ကောလိပ်များနှင့် Strayer University တို့ဖြစ်ပါသည်။ NOVA ကောလိပ်သည် အမေရိကန် တစ်နိုင်ငံလုံးတွင် ဒုတိယ အကြီးဆုံး ဒီပလိုမာ ကောလိပ်ကြီး ဖြစ်၍

Thursday 26 May 2011

မြန်မာပြည်အကြောင်း ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းတို တစ်ခု။

Altered Focus: Burma from Hot Knees Media on Vimeo.

သုံးနားမညီတဲ့ ပညာရေး

E-mail Print PDF
ဇွန် ၁ ရက် နေ့ ဆိုရင် ကျောင်းတွေ ပြန်ဖွင့်တော့မယ်။ စာသင်ခန်းထဲ ၀င်ရမှာကို ကျမ ရင်လေးနေတယ်။ ဆရာမ တစ်ယောက်ဘ၀ကို ခုံခုံမင်မင် လုပ်ခဲ့ပြီးကာမှ ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ။
အသက် ၄၀ ကျော် လာလို့လား။ ဆရာ ဆရာမ တစ်ယောက်မှာ ရှိရမယ့် ကျွမ်းကျင်မှုတွေ မရှိလို့ပဲလား။ ပညာသင်ကြားရေး အပေါ်မှာ စိတ်ဓာတ်တွေ ဘာကြောင့် ကျနေမိတာလဲ။

ကျမက ရန်ကုန်မြို့ တစ်ဘက်ကမ်းရှိ မြို့လေးတစ်မြို့မှ အထက်တန်းပြ ဆရာမပါ။ မြန်မာနိုင်ငံ အခြေခံပညာ ဆရာဆရာမ နှစ်သိန်းကျော်ထဲက အစိုးရ၀န်ထမ်း ဆရာမ တစ်ယောက်ပေါ့။ ကျမနဲ့ ဘ၀တူ ဆရာ ဆရာတွေကော လက်ရှိ ပညာသင်ကြားရေးနဲ့ ဘ၀ ရပ်တည်ရေးကို ဘယ်လို ဖြတ်သန်းနေကြရသလဲ။ မကြာခင်က ပုပ်လို့ပေါ်တဲ့ ရန်ကုန်မြို့ပေါ်ကျောင်း ၁၉ ကျောင်းက ကျောင်းအုပ်တွေနဲ့ ဆရာ ဆရာမ အချို့လို လဘ်ယူပြီး ချမ်းချမ်းသာသာ နေနိုင်ကြတာပဲလား။


ကျမ အခု ဖော်ပြမယ့် အခြေအနေတွေကို သိရင် ကျမတို့ ဆရာ ဆရာမ အများစု ကျောင်းစာသင်ခန်းအတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို စာနာမိမယ်လို့ထင်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာ ကျောင်းဆရာ ဆရာမတွေရဲ့ ဘ၀နဲ့ ကမောက်ကမ ပညာရေးစနစ်ကို တစ်စုံတရာ နားလည်မယ်လို့ ထင်ပါတယ်။

Monday 23 May 2011

ရန်ကုန်ရဲ့ Sex Mission တဲ့ဗျာ...

ရန်ကုန်မြို့ရဲ့ နိုက်ကလပ်တွေ အများဆုံးရှိရာ သိမ်ကြီးဈေးမြင်ကွင်းတဲ့...
(Palace), «The.. Emperor» (Emperor), «Zero ..Rock ..Zone» နိုက်ကလပ်တွေ ရှိရာ အဆောက်အဦးပါတဲ့
"Palace" - to the left if you walk from the elevator. "Palace" is a dark room with tables. If you arrive early (20.00), there are usually about 30 girls.

Sunday 22 May 2011

ကြိုးဖုန်းတစ်လုံး ခြောက်သိန်းခွဲဖြင့် ချပေးမည်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကျပ်၁၀သိန်းခွဲဖြင့် တပ်ဆင်အသုံးပြုပေးလျက်ရှိသော ကြိုး ဖုန်း များကို မေလ ၂၅ ရက်နေ့မှစ၍ ကျပ်ခြောက်သိန်းခွဲဖြင့် အလုံးရေ အကန့်အသတ် မရှိချပေးမည်ဖြစ်ကြောင်း နေပြည် တော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအော်တိုတယ်လီဖုန်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဟုတ် က မေလ ၁၆ ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။
"တစ်နိုင်ငံလုံးကို တစ်ပြိုင်နက်တည်း ချပေးတာပါ။ သက်ဆိုင်ရာဌာနတွေမှာ အရင်လျှောက်သလိုပဲ လျှောက်ရင် ရပါတယ်" ဟု ဆိုသည်။
ရန်ကုန်မြို့တော်တွင်ဖုန်းလျှောက်သည့် ဝန်ဆောင်မှု ပေးလျက်ရှိသော အသက် ၃၀ ကျော်အမျိုးသမီး တစ်ဦးက "ကြိုးဖုန်းလျှောက်ပေးတာကို ရပ်ထားတာ တစ်လကျော်ပြီ၊ ဈေးအပြောင်းအလဲ ဖြစ်မယ် ကြားလို့ပါ။ သူက သိပ်အရောင်း အဝယ်မဖြစ်ပါဘူး။ Hand ဖုန်းဈေးနဲ့ နှစ်ဆလောက်ကွာ နေတော့ သူ့ကို သိပ်မဝယ်ကြတော့ဘူး။ အခုဈေးကထက်ဝက် လောက်ချ ပေးတယ်ဆိုတော့ နည်းနည်း ပြန်အဝယ် လိုက်မယ် ထင်ပါတယ်" ဟု ၎င်း၏အမြင်ကို ခန့်မှန်းပြောဆိုသည်။
ယင်းကြိုးဖုန်းများလျှောက်ထားရာတွင် သန်းခေါင် စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူနှင့် ဖုန်းလျှောက်လွှာ တစ်စောင် ရေး၍ အော်တိုအိတ်ချိန်းရုံးတွင် လျှောက်ထားရပြီး အနည်းဆုံး သုံးလအကြာတွင် ရရှိကြောင်း၊ ဈေးကွက်ပေါက်ဈေးမှာ ၁၁ သိန်းရှိကြောင်း ဖုန်းလျှောက်ထားသူများထံမှ သိရသည်။
ဖုန်းဈေးနှုန်းများ ကျသွားသဖြင့် ဖုန်းဘေလ်နှုန်း ထားများ ကောက်ခံရာတွင် ပြောင်းလဲမှုရှိ၊ မရှိမေး မြန်းရာ မြန်မာ့ဆက်သွယ်ရေး အော်တိုတယ် လီဖုန်းဌာနမှ အမျိုးသမီး ဝန်ထမ်း တစ်ဦးက "ဖုန်း ဆက်ခအပြောင်းအလဲ တော့မရှိပါ ဘူး။ စာထွက်ထားတာလည်း မရှိပါဘူး။ အရင်အ တိုင်းပဲ ပေးရမှာပါ" ဟု ပြန်လည် ဖြေကြားသည်။
ယင်းကြိုးဖုန်း လိုင်းများသည် ၁၉၈၈ခုနှစ်တွင် တယ်လီဖုန်း ရိုးရိုးလိုင်း အင်အား ၇၄,၈၅၅ လိုင်းရှိရာမှ ၂၀၁၀ ဩဂုတ်လတွင် ဒစ်ဂျစ်တယ်တယ်လီဖုန်း လိုင်းအင်အား ၂,၁၇၂,၄၃၄ လိုင်း အထိရှိကြောင်း ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက် နေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် တရားဝင်ထုတ်ပြန်ထားသည်။

Friday 20 May 2011

ဟန်းဆက်တစ်လုံး၏ အသုံးဝင်ပုံ

Friday, 20 May 2011 16:06
 
ဖွက်ထားတဲ့ အပိုဘက်ထရီ
သင့် လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာ ပြီဆိုရင် *3370# ကိုနှိပ် လိုက်ပါ။ သင့်လက်ကိုင် ဖုန်းက အရေးပေါ် ချန်ထားတဲ့ ဓာတ်အားကို ပြန် ဖွင့် ပေးပြီး နောက်သင့် လက်ကိုင်ဖုန်းက ဓာတ်အားထက် ဝက် ကျန်သေး ကြောင်းပြ ပါလိမ့်မယ်။ နောက်တစ် ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့ အခါမှာ သာမန်နဲ့ အရေး ပေါ်သုံး နှစ်မျိုးလုံးအတွက် ဓာတ်အား ကိုပြန်ဖြည့် ပါလိမ့်မယ်။
ကားထဲမှာသော့တွေကျန်ခဲ့လား
သင့်ကားတံခါးမှာအဝေးထိန်း စနစ်ရှိပါ သလား။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့ အိမ်မှာကျန်ခဲ့လျှင် အိမ်ပြန်ပြီး သော့ယူ စရာမလို ပါ ဘူး။ အိမ်မှာရှိတဲ့ လက်ကိုင် ဖုန်းကို သင့်လက်ကိုင် ဖုန်းက ခေါ်ပါ။ တစ်ဖက်က ပြန်ထူးရင် လက်ကိုင်ဖုန်း ကိုကားတံခါးကနေ ခြေတစ်လှမ်း အကွာမှာထားပါ။ နောက်ပြီး အိမ်က လူတွေကို ကား သော့ဖွင့်တဲ့ခ လုတ်ကို ဖုန်းနား ကပ်ပြီးနှိပ်ခိုင်းပါ။ အိမ်က လူက လာပေး စရာမ လိုတော့ ဘူးပေါ့။ အကွာ အဝေးကအ ရေးမဟုတ်ပါဘူး။ သော့ အပိုက မိုင် တစ်ရာ အကွာ မှာရှိနေပါစေ ခုနကနည်းနဲ့ သင့်ကားတံခါးကို အလွယ်တ ကူဖွင့်နိုင် ပါလိမ့်မယ်။
အရေးပေါ်အတွက်
Keypad ကို Lock လုပ်ထား ရင်တောင် သင့်လက်ကိုင် ဖုန်းများဟာ 122 ဆိုတဲ့နံပါတ်ကိုနှိပ် လို့ရတာ တွေ့ရပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါ တယ်။ သင်ဟာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင် တဲ့ဧရိ ယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကိုနှိပ် လိုက်တာနဲ့ သင့် လက်ကိုင် ဖုန်းဟာ အနီးဆုံး ဆက်သွယ် မှုကွန်ရက် ကိုအလို အလျောက် ရှာမှာဖြစ်ပါတယ်။
သားဗိုလ်

Thursday 19 May 2011

ဇေယျာသော်လွတ်တာကို လာကြိုတဲ့သားစိုး

ဗုံးဆန်ထိ လူနာများ နေပြည်တော်ဆေးရုံကြီးသို့ပို့

မန္တလေး-နေပြည်တော် အမြန်လူစီးရထားဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားသည့် ခရီးသည် ၉ ဦးကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပြောင်းရွှေ့လိုက်ကြောင်း တပ်ကုန်း ဆေးရုံဝန်ထမ်းများက
 ပြောသည်။

ဗုဒ္ဒဟူးနေ့ညနေက ရန်ကုန်- မန္တလေး အမှတ် ၃ အဆန်ရထားပေါ်တွင် ပေါက်ကွဲသည့် ဗုံးကြောင့် ဒဏ်ရာရသူများကို နီးစပ်ရာ တပ်ကုန်းဆေးရုံပို့၍ ကုသခဲ့သော်လည်း နေပြည်တော်မှ အကြီးအကဲများ၏ ညွှန်ကြားချက်ဖြင့်
 ဆေးရုံပြောင်းပေးလိုက်သည်ဟုဆိုသည်။

လာဘ်ယူအများဆုံး ၁၉ ကျောင်း ရန်ကုန်အစိုးရ ထုတ်ဖော်

ရန်ကုန် (မဇ္ဈိမ) ။ ။ ကျောင်းသားမိဘထံမှ အများဆုံး လာဘ်ယူသော
ကျောင်း ၁၉ ကျောင်း အမည်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရက အင်္ဂါနေ့
သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။

လာဘ်စားမှုအများဆုံးကျောင်း ၁၉ ကျောင်း အမည်များ

Saturday 14 May 2011

ရွာဆီသို့ လှမ်းမျှော်နေကြ အပူရောင်ဘဝများစွာ

ရွာဆီသို့ လှမ်းမျှော်နေကြ အပူရောင်ဘဝများစွာ
တစ်နှစ်တာ သက်ပြင်းများကို မှုတ်ထုတ်ရန် မြို့ပြနှင့် ဝေးရာသို့ ထွက်လာ ခဲ့သော် လည်း မြို့ပြ၏ ပုံ ရိပ်အချို့ကို ထပ်မြင် နေရပြန်သည်။ ဇာတိမြေသို့ မပြန်ဖြစ်သည့် ၂ နှစ် အတွင်း ဆိုင်ကယ် တွေက အလ ကားရသည့် အလား များလာသည်။ အိမ်တိုင်းစေ့ မဟုတ်တောင်၊ တော် တော်များများ စီးပွားရေးဖွံ့ဖြိုးလာ ခြင်း၏ သင်္ကေတဖြစ်သည်။ ဆိုင် ကယ်သည် မြို့ပြ အသုံးအဆောင် တစ်ခုဖြစ်သော်လည်း စိတ်သည် ဘာမှမဖြစ်။ ယခင်က ကြားခဲ့ ရဖူး သော စက်ဘီး ခေါင်းလောင်းသံကို သတိရမိသည်သာရှိ၏။

Friday 13 May 2011

အမေရိကန်အထူးတပ်ဖွဲ့ SEAL(Sea,Air,Land ) 6

(ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ တပ်)

လောကကြီးမှာအဟောင်းကြွေပြီး အသစ်ပေါက်လာတာတွေ ရှိသလို၊ အရှုံးကနေ အမြတ်ထွက် ဘ၀သစ်ပေါက်ဖွားလာတာတွေလည်း ရှိတတ်ပါတယ်။

အမေရိကန်တွေရဲ့အဓိက အားနည်းချက်က ဗြူရိုကရေစီပဲ။ ဌာနအတွင်းမှာ ဗြူရိုကရက်တွေ ကြီးထွားလာပြီး အချင်းချင်း အားပြိုင်မှုတွေ ဖြစ်ပွားလာပြီးနောက်ဆုံး အရှုံးနဲ့ ရင်ဆိုင်တတ်ကြရတယ်။ အမေရိကန် စစ်တပ်အတွက် အနိမ့်ကျဆုံးအချိန်ဟာ ဗီယက်နမ်စစ် ရှုံးပြီး ကာလပဲ။ ဒါတောင် အမေရိကန် စစ်ဗိုလ်ချုပ် ဗြူရိုကရက်တွေဟာ
 နောင်တတရား မရကြဘူး။ ဌာနတခုနဲ့တခုအပြိုင် လက်နက်တပ်ဆင်ကြတာ နောက်ဆုံးရေတပ်နဲ့လေတပ်နဲ့  ကြည်းတပ် လက်နက်တွေဟာ အတူဖလှယ်သုံးလို့မရကြတော့။

၁၉၇၉ မှာ အီရန်ဘာသာရေး အစိုးရအောက်မှာ တဖက်စွန်းရောက် ကျောင်းသားတွေဟာ အမေရိကန် သံရုံးကို စီး၊ သံတမန်တွေကို ဖမ်းခဲ့ကြတယ်။ နောက်ဆုံး စေ့စပ်လို့မရမှ စစ်ရေးအရ ကယ်တင်ဖို့စီစဉ်ခဲ့ကြတယ်။ ကယ်ဖို့ သဲကန္တာရတခုမှာ ဆုံမှတ်အဖြစ် ဆုံကြတုန်း သဲမုန်တိုင်းအတွင်းမှာရဟတ်ယာဉ်ချင်း တိုက်မိပြီး လူရောလက်နက်ပါ ဆုံးရှုံခဲ့ကြရတယ်။ အဲဒီတုန်းက သမ္မတဂျင်မီကာတာ ဆိုတာကလည်း အမေရိကန် ရာဇ၀င်မှာ အပျော့ဆုံး သမ္မတတယောက်။

ချက်ချင်းနောက်ဆုတ်ဖို့ အမိန့်ပေးခဲ့တာ အမေရိကန် စစ်တပ်အဖို့ တည့်တည့်မပစ်နိုင်တဲ့ လူညံ့တွေအဖြစ် ကမ္ဘာ့အလယ်မှာ အရှက်ကွဲခဲ့ရတယ်။

How to Properly Sit when Using a Computer

Thursday 12 May 2011

နောက်တစ်လုံး သုံးသိန်းဖုန်း လာတော့မည်

သုံးသိန်း တန်ဖုန်းများ ချ ထားပေးရန် စီစဉ် နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းဌာနမှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။ "လက်ရှိတော့ ဘယ်ဖုန်း အမျိုးအစား ချထား ပေးမယ်  ဆိုတာတော့ သူ့အဆင့်နဲ့သူ တစ်ဆင့်ချင်း လုပ်ဆောင်သွား ရမှာပါ။ ငါးသိန်းအောက် လျော့နည်းတဲ့ ဖုန်းတွေချ ထားပေးဖို့ အစီအစဉ် ရှိပါ တယ်"ဟု ၎င်းကပြောသည်။ ဆယ့်ငါး သိန်းငါးသောင်းတန် GSM တစ်လုံးကို ငါးသိန်းတန် GSM ဖုန်း၃ လုံးနှင့်လဲလှယ်ပေးမည် ဆိုသည့် သတင်းနှင့်ငါးသောင်းတန် မိုဘိုင်းဖုန်းများ ချထားပေးမည်ဆို ခြင်းမှာ လတ်တလော ကာလအထိ မဟုတ်မှန်ကြောင်း၊ နေပြည်တော် တွင် ချထားပေးသော ငါးသောင်း တန်ဖုန်းများမှာလည်း ဆက်သွယ် ရေးဝန်ထမ်းများသာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ချထားပေးသော PCO ဖုန်းများ သာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ကုမ္ပဏီများနှင့်ပူးပေါင်း၍ ၅ နှစ်အတွင်းဖုန်းလိုင်းအင်အား သန်း ၃၀ တိုးချဲ့ တပ်ဆင်မည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးသိန်းထွန်းက ပြော သည်။ အဆိုပါ စီမံကိန်းပထမနှစ်တွင် ဖုန်းအလုံးရေ လေးသန်းဝန်းကျင် တိုးချဲ့ရာတွင် GSM ဖုန်း အများဆုံး ပါဝင်မည်ဖြစ်ပြီး ငါးသိန်းအောက် လျော့နည်းသော မိုဘိုင်းဖုန်းများ လည်းပါဝင်လာဖွယ်ရှိကြောင်း၊ ထပ်မံတိုးချဲ့မည့် မိုဘိုင်းဖုန်း အမျိုးအစားအချို့ကိုလည်း ပြည်တွင်းနည်းပညာ ကုမ္ပဏီ များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုး ချဲ့တပ်ဆင်မည့် မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ မှ ဖုန်းအလုံးရေ ၄ သန်းကို ပထမနှစ် စီမံကိန်း အရ ယခုနှစ်တွင် ချထားပေး မည်ဖြစ်ကြောင်း သိရသည်။

Wednesday 11 May 2011

တစ်နေ့လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာအောက် ၀င်ငွေရရှိသည့် ပမာဏ ၂၆ ဒသမ ၅ ရာခိုင်နှုန်း ရှိနေ

မြန်မာနိုင်ငံ၌ရှိသော လူဦးရေ သန်း ၅၀ ကျော်အနက် တစ်နေ့လျှင် အမေရိကန် တစ်ဒေါ်လာအောက် ၀င်ငွေရရှိသည့် ပမာဏမှာ ၂၆ ဒသမ ၅ ရာခိုင်နှုန်း ရှိနေကြောင်း UNESCAP အစီရင်ခံစာများ အရ သိရှိရသည်။
''လောလောဆယ်မှာ နိုင်ငံ့လူဦးရေရဲ့ ၂၆ ဒသမ ၅ ရာခိုင်နှုန်းဟာ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာအောက်နဲ့ ရပ်တည်နေကြတာပါ။ UN ကနေ သတ်မှတ်ထားတဲ့ poverty line က တစ်ရက်ဝင်ငွေကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ ဒေါ်လာ သတ်မှတ်ပါတယ်။ လက်ရှိ အချိုးအစားအရ တကယ်လို့များ ၃၅ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာမယ်ဆိုရင် ဒါဟာ နိုင်ငံအတွက်ရော၊ ကုလသမဂ္ဂ အတွက်ရော စိန်ခေါ်မှု တစ်ရပ်ပါ။ ဒါကြောင့်မို့လို့ ဆင်းရဲမွဲတေမှု ကိစ္စတွေကို ကိုင်တွယ်ဖြေ ရှင်းနိုင်ဖို့ လိုပါတယ်။ UN အနေနဲ့ ကတော့ ၂၀၁၅ ခုနှစ်ကို ဆင်းရဲ မွဲတေမှု ဆွဲချရေးအတွက် ထောင်စုနှစ်ရည်မှန်းချက် (Millennium Development Goals-MDG) အဖြစ် သတ်မှတ်ထားပါတယ်။ လက်ရှိ အခြေအနေက ၂၀၁၁ ဆိုတော့ တဖြည်းဖြည်းနဲ့ ကပ်လာပါပြီ''ဟု UNESCAP မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

Tuesday 10 May 2011

သမ္မတသစ်သစ် ပိုက်ဆံသစ်သစ်

Written by ဒေါက်တာခင်မောင်ညို   
Thursday, 05 May 2011 00:48
AddThis Social Bookmark Button

လွန်ခဲ့သည့် နှစ်ရက်လောက်က ကျွန်တော်သည် ကျွန်တော်တို့လမ်းထိပ် ဂျာနယ်ဆိုင်တွင် ထိုင်နေမိသည်။ မနက်ပိုင်းဖြစ်၍ ဂျာနယ် အရောင်းကောင်းနေပါသည်။ ဂျာနယ်မျိုးစုံ တစ်ရာကျော် ထွက်သော ဒီနိုင်ငံကို ကျွန်တော် အတော် သဘောကျပါ သည်။
နိုင်ငံရပ်ခြား အလည်အပတ်ရောက်သွားသည့်အခါ ဟော်တယ်များတွင် တည်းခိုရသည့်အလျောက် မနက်အိပ်ယာထတာနဲ့ အခန်းဝ သတင်းစာ ရောက်နေလေ့ရှိသည်။ မနက် Breakfast အစားသောက်ခန်းတွင်
လည်း သတင်းစာ အဆင်သင့် ဖြစ်နေသည်။ မြန်မာပြည် ပြန်ရောက်သည့်အခါ ကျွန်တော်တို့ ပတ်ဝန်းကျင် သတင်းစာ အစောဆုံး ရောက်သော နေရာမှာ လမ်းထိပ်က ကိုမိုး၏ ဂျာနယ်ဆိုင် ဖြစ်နေတတ်သည်။

Saturday 7 May 2011

အမေ့ဆီကိုဖုန်းဆက်ပါ။

 
".. အမေ့ဆီကို တစ်လ တစ်ခါလေးတော့ ဖုန်းဆက်ပါ သားရယ်..."
ကျွန်တော် ဖုန်းဆက်တိုင်း အမေပြောနေကျ စကားပါ..။ ကျွန်တော့်က ပိုက်ဆံမပို့ ဖြစ်တဲ့ လနဲ့  အလုပ် Pressure များပြီးစိတ်ရှူပ်တဲ့လဆိုရင် မဆက်ဖြစ်ပါဘူး။ အလိုလိုနေရင်း ဒေါသထွက်နေတာကြောင့် ဘယ်သူနဲ့ မှ စကားမပြောချင်တာပါ။ နောက် ကျွန်တော် တို့ ရွာက မြို့ နဲ့  (၂၇ )မိုင်လောက်ဝေးတာကြောင့် ဖုန်းတစ်ခါချိန်းရင် အဆင့်ဆင့် ကြိုမှာရတာကြောင့်လည်း ပါပါတယ်။
လူကြုံကောင်းလို့  ဒီမှာရှိတဲ့ သကြားလုံးမျိုးဝယ်ပေးရင်တော့ အမေကဖွက်ထားပြီး ကြာကြာသိမ်းတတ်ပါတယ်.. အိမ်ရှေ့ မှာ ဖြတ်သွားတဲ့ လူမြင်ရင် . 
" ဘယ်ကိုသွားဘို့ လည်း..ရေနွေးဝင်သောက်သွားအုံးလေ..." ဆိုပြီး လှမ်းအော်ခေါ်မယ်... ဒီလူက အိမ်ကိုလှည့်ဝင်လာရင်တော့  ဒီမှာ... စင်ကာပူမှာရှိတဲ့ သားကဝယ်ပေးလိုက်တဲ့ သကြားလုံး...ရော့.... .ဆိုတစ်လုံးပေးပြီး ဗူးကိုပြန်ပိတ်သိမ်းသွားတတ်ပါတယ်... ကြာကြာထားမှ သူကြာကြာကြွားရမယ်လေ...

Cute Multitasking Taiwanese Artist [VIDEO]

Thursday 5 May 2011

စိတ်တိုင်းကျ ပြင်ဆင်ထားသော ဆန်းဆန်းပြားပြား ဒီဇိုင်းများနှင့် ဂျပန် ဆိုင်ကယ်များ

ဂျပန်လူမျိုးတို့သည် ဒီဇိုင်းအသစ်အဆန်းများ တီထွင်ဖန်တီးရာတွင် စိတ်ဝင်စားမှု အရှိဆုံး လူမျိုးဖြစ်သည်ဟု ဆိုစမှတ်ပြုရမည် ဖြစ်သည်။အသုံးအဆောင် အစားအသောက် အဝတ်အထည် စသည်တို့ကို ဒီဇိုင်းပုံစံ အမျိုးမျိုး ပြုပြင်ဖန်တီးသလို စီးနင်းသွားလာသည့် ယဉ်အမျိုးမျိုးကိုလည်း စိတ်တိုင်းကျ ပြင်ဆင်ဖန်တီးလေ့ ရှိကြသည်။
ဖော်ပြပါ ဂျပန်ဆိုင်ကယ်များသည် ပုံမှန် ဆိုင်ကယ်တစ်စီးထက်ပို၍ မိမိစိတ်တိုင်းကျ ဆန်းဆန်းပြားပြား ဒီဇိုင်းဖန်တီးထားသော ဆိုင်ကယ်များဖြစ်ရာ အချို့ ဂျပန်ဆိုင်ကယ်များသည် လမ်းပေါ်တွင် ချပြီး မစီးရက်စရာ အလှပြထားဖို့ပင် ကောင်းကြသည်။
Crazy Japanese Bike Designs (30 pics)
Crazy Japanese Bike Designs (30 pics)

ဖြူဖြူကျော်သိန်းရဲ့ မွေးနေ့အထိမ်းအမှတ် စာအုပ်အလှူပွဲ ဗီဒီယို

Monday 2 May 2011

လူငယ်၊ စွဲလမ်းမှုနဲ့ ပယင်းရောင်

Monday, 02 May 2011 13:41

The Voice Journal

လူငယ်၊ စွဲလမ်းမှုနဲ့ပယင်းရောင်
စိတ်ညစ်လို့ အရက်ကို သောက်တယ် အရက် သောက်လို့ စိတ်ပို ညစ်တယ်၊ အကြောင်း ရှာတော့ ခေါင်းမှာ ချာချာ လည်..." ။ လူ့ဘဝရဲ့ အမော တွေကြားမှာ သီချင်းစာသား ထဲကလို စိတ်ညစ် လို့အရက် သောက်တဲ့သူတွေ များပြား နိုင် ပေမယ့် တိုးတက် ပြောင်းလဲ လာတဲ့ ဒီနေ့ခေတ်ရဲ့ လူနေမှု ပုံစံထဲမှာ လူငယ်တွေဟာ အားလပ်ချိန်မှာ ပျော်ပျော်ပါးပါး အပန်းဖြေ စရာအဖြစ် ယမကာမှီဝဲမှု တစ်စတစ်စ များပြား လာနေ ပါတယ်။ ကြိုက်လို့၊ အပေါင်းအသင်း သူငယ်ချင်းတွေ စုံလို့၊ ပျင်းလို့၊ မိဘကဆူလို့၊ စိတ်ညစ်လို့၊ ရည်းစားနဲ့ ကွဲလို့၊ စာမေးပွဲအောင်လို့၊ ရဲဆေးတင် လို့စသလို ခေါင်းစဉ် အမျိုးမျိုး၊ အကြောင်း ပြချက် အမျိုးမျိုးနဲ့ သောက်သုံးကြ သူတွေများ တာကို အပြိုင် အဆိုင် တိုးပွားလာတဲ့ ယမကာဆိုင် တွေမှာ သောက်သုံး သူတွေလျော့မသွားဘဲ စည်ကားနေတာ ကြည့်တာနဲ့ သိနိုင်ပါတယ်။

ဘင်လာဒင် သေဆုံးပြီဟု အမေရိကန် သမ္မတ ကိုယ်တိုင် အတည်ပြု

Monday, 02 May 2011 11:30

The Voice Journal

ဘင်လာဒင်
ကမ္ဘာတလွှားနှင့် အကြမ်းဖက် ကွန်ယက် များတွင် ဖိန့်ဖိန့် တုန်အောင် ကျော်ကြားသော အစွန်းရောက် အစ္စလာမ်ဝါဒ၏ ခေါင်းဆောင်ကြီး အိုစမာ ဘင်လာဒင်သည် အမေရိကန် တပ်ဖွဲ့များ၏ သုတ်သင်ခြင်းကို ခံလိုက်ရပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက် ဟူစိန် အိုဘားမားက အတည်ပြု ပြောကြားလိုက်သည်။ မြေပြင် စစ်ဆင်ရေး တစ်ခုအတွင်း အဆိုပါ အယ်ကေဒါခေါင်းဆောင် သေဆုံးရခြင်း ဖြစ်ကြောင်း ထောက်လှမ်းရေးသတင်းများကို အခြေခံကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ မြေပြင်ပစ်ခတ်ပွဲတစ်ခုအပြီး ဘင်လာဒင်၏ အလောင်းကို ရရှိခဲ့ခြင်းဟု အိုဘားမားက ဆိုသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့တွင် နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာနကို တိုက်ခိုက်လိုက်ခြင်း၏ နောက်ကွယ်တွင် ဘင်လာဒင်ရှိနေကြောင်း စွပ်စွဲခံထားရသည်။