Pages
Wednesday 29 June 2011
ကျောက်ဝိုင်းက ပြဿနာ
Yangon International Trade Exhibition 2011 ကျင်းပမည်
Global Education Exhibition 2011 ပြခန်းများပါမည့် Yangon International Trade Exhibition 2011 ပြပွဲကြီးကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၄ ရက်နေ့ အထိ ၄ ရက်တိုင်တိုင် ရန်ကုန်မြို့၊ ဦးဝိစာရ လမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြပွဲစီ စဉ်ကျင်းပသူ IEMS ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ အဆိုပါ ပြပွဲကြီးတွင် နိုင်ငံ တကာတွင် တက်ရောက်သင်ကြား နိုင်မည့် တက္ကသိုလ်များ၊ ကောလိပ် များနှင့် နိုင်ငံတကာ ပညာရေးနှင့် ပတ်သက် သည့် ပြခန်းများကို သီး ခြားပြခန်းများအနေဖြင့် ပြသသွား မည်ဖြစ်ကြောင်း သိရသည်။
Monday 27 June 2011
မန္တလေးမှာ တရုတ်-မြန်မာ ကုန်သည်တွေ ရိုက်ပွဲ ဖြစ်ခဲ့- PaukPhaw
ကားနဲ့ ထုတ်သွားတယ်
ပြဿနာတက်ခဲ့တဲ့ ဆိုင်
ရဲကအကာအကွယ်ပေးပြီး တရုတ်တွေကိုထုတ်သွားရတယ်
Saturday 25 June 2011
WATER MASK ဗိုင်းရပ်စ်ပျံ့နှံလျက်ရှိ ဂ
Adobe အုပ်စု တွေဖြစ်တဲ့ Page Maker, Photoshop နဲ့ Microsoft Office စတဲ့ Installer ဖိုင်တွေကို ထိခိုက် ပျက်စီး စေနိုင်တဲ့ Water Mask ဗိုင်းရပ်စ်တစ်မျိုးပျံ့နှံ လျက်ရှိနေတာမို့ အထူး ဂရုစိုက်ဖို့ လို တဲ့အကြောင်း Service ဆိုင်တစ်ချို့ ရဲ့ ပြောပြချက်အရသိရပါသည်။ ဒီဗိုင်းရပ်စ်ဟာ Antivirus Software တင်မထားရင်ချက်ချင်း မသိနိုင်သေးပေမယ့် တင်ပြီးပြီ ဆိုရင် ချင်းချင်း ဒုက္ခပေးတယ်လို့ဆိုပါတယ်။ ဒီဗိုင်းရပ်စ်ဟာ Partation C,D,E အကုန်လုံးမှာရှိတဲ့ Installer File တွေမှာဝင်ရောက်ကပ်တွယ်နေလေ့ရှိ တာမို့ Antivirus နဲ့စစ်တဲ့အခါ အဆို ပါ Installer ဖိုင်တွေကို Virus အဖြစ် သတ်မှတ်ကာဖျက်ဆီးပစ် လိုက်တာကို ခံကြရတဲ့အကြောင်းသိ ရပါတယ်။
Friday 24 June 2011
မှန်တစ်ချပ်
E-mail Print
(၁)
တရားလိုပြ သက်သေ အမှတ်(၁)မှာ ဆယ်ကျော်သက်အရွယ် လူငယ်ကလေးတစ်ဦးဖြစ်သည်။ ဟောင်းနွမ်းညစ်ပေ အကွက်မလည်တော့ပြီဖြစ်သော လက်စက စွပ်ကျယ်ဖားဖားနှင့် ကျောင်းစိမ်းလုံချည်
ဟောင်းကို ၀တ်ဆင်ထားသည်။ မှုန်မွဲသောရုပ်သွင်ဟု ဆိုရမည်။
တရားခွင် သက်သေထိုင်ခုံရှေ့တွင် သူကို မတ်တပ်ရစ်စေ၍ ကတိသစ္စာပြုခိုင်းလိုက်သည်။
အားလုံးသတိထားကြပါ သူခိုးဂျပိုးတွေသောင်းကျန်းနေတယ်..
by အား မာန် on Thursday, June 23, 2011 at 2:11am မှတဆင့် အာဇာနည် ၂၄။၀၆။၁၁ သောကြာ
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအချို့၏ မြို့နယ်များတွင်းရှိ လူနေအထပ်မြင့် အဆောက်အအုံများတွင် မသမာသူ အမျိုးသမီးသုံးဦးသည် ဗေဒင် နက္ခတ် နတ်များကို အလွန်အမင်း ယုံကြည်သူ အမျိုးသမီးများအား ပြစ်မှတ်ထားပြီး အလှူခံအဖြစ် ဝင်ရောက်ကာ ခေတ်သစ် တို့ဆေး ခေါ် စိတ်ညှို့အတတ်ပညာများဖြင့် ငွေလိမ်လည် တောင်းခံမှုများ မကြာခဏ ပြုလုပ်ခဲ့တယ်လို့ သိရသည်။
Thursday 23 June 2011
ကူးခွေ ဈေးကွက်အတွင်း အခွေအချို့တွင် ဗိုင်းရပ်စ်များ ပါရှိ
အင်တာနက် သီချင်းများ စု စည်းမှုနှင့် အင်တာနက် သီချင်းများ စုစည်းမှု (၄) DVD ကူးခွေများ တွင် Virus File များ ပါရှိ သည်ကို တွေ့ရ ပါသည်။ Virus File များနှင့် အတူ CD အတွင်း Autorun File ပါဝင်ပြီး Computer ထဲသို့ အခွေထည့်ဖွင့် လိုက်သည်နှင့်တစ်ပြိုင်နက် Autorun နှင့်အတူ Run လာသော Virus File များကြောင့် Windows သည် Shutdown ဖြစ်သွား ပြီးပြန်ဖွင့်သော အခါ windows တက်မလာဘဲ Restart ပြန်ဖြစ် သွားသည်ဟု သိရသည်။
Wednesday 22 June 2011
ကြိုး ဖုန်းများ နာရီပိုင်း အတွင်း ချထားပေးမည်
ရန်ကုန် မြို့တော် အတွင်းရှိ အိတ်ချိန်း ရုံးများတွင် ကြိုးဖုန်း များကို တစ်နေရာ တည်းတွင် နာရီပိုင်း အတွင်း ချထားပေးရန် ဝန်ဆောင်မှု ပေးနေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (ရုံးချုပ်)၊ အင်ဂျင်နီယာချုပ်ရုံး (အော်တိုတယ်လီဖုန်း ဋ္ဌာန)မှ အကြီးတန်း အရာရှိတစ်ဦးက ဇွန်လ၂၁ ရက်နေ့တွင် The Voice Weekly သို့ အတည်ပြု ပြောကြားသည်။
ရန်ကုန် မြို့တော်အတွင်းရှိ အိတ်ချိန်းတစ်ခုကို ၃ ရက်စနစ်ဖြင့် အလှည့်ကျ ချထားပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ဖုန်းလာရောက် လျှောက်ထားသူ များ ထံမှ သိရသည်။
“ဇွန်လ ၂ဝ ရက်နေ့က စပြီး ဒဂုံ(မြောက်) မှာ စပေးနေပြီ၊
Tuesday 21 June 2011
နေပြည်တော်နှင့် ရန်ကုန်တွင် GSM ဖုန်းများ အင်တာနက် စသုံးနိုင်ပြီ
E-mail Print
နေပြည်တော်နှင့် ရန်ကုန်ရှိ ကျပ် ၁၅ သိန်းတန်နှင့် ၅ သိန်းတန် GSM ဖုန်းများအား အင်တာနက် တပ်ဆင် အသုံးပြုခွင့်ကို ယနေ့မှစတင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန် ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
GSM ဖုန်းပြောနေသူများ
“ရန်ကုန်နဲ့ နေပြည်တော် နှစ်မြို့မှာပဲ အင်တာနက် သုံးလို့ရမှာပါ။ GSM ဖုန်းမိတဲ့ နေရာတိုင်းမှာ သုံးခွင့်ပြုတာမျိုး မဟုတ်ပါဘူး” မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ထောက် အင်ဂျင်နီယာတဦးက ပြောသည်။
ကျပ် ၅ သိန်းတန် GSM ဖုန်းများ ချထားပေးခွင့် လုပ်ငန်းကို လုပ်ကိုင်ခွင့် ရရှိထားသော ရတနာပုံ တယ်လီပို့ ကုမ္ပဏီ၊ E-Lite ကုမ္ပဏီနှင့် Asia Mega Link ကုမ္ပဏီများကလည်း GSM ဖုန်းများတွင် အင်တာနက် တပ်ဆင်ပေးသော ၀န်ဆောင်မှုများ ယနေ့ စတင် လုပ်ဆောင်နေပြီဟု ပြောကြသည်။
ပြည်တော်ပြန်လာတဲ့ မင်းသမီးလေး စ၀်အုန်းညွန့်
မသိင်္ဂီ
သီရိမင်းထွန်း ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၂ ( ၁၇-၂၃ ၊ ၆ ၊ ၂၀၁၁)
ဗြိတိန်နိုင်ငံရဲ့တော်ဝင်မင်းသား ၀ီလျံနဲ့သူ့မင်းသမီးလေးကိတ်တို့မင်္ဂလာ အခမ်းအနားကျင်းပတဲ့ နေ့မှာပဲ တိုက်ဆိုင်စွာနဲ့ ၇၉ နှစ်လောက် ပြည်ပ မှာရှိနေခဲ့ရတဲ့ မင်းသမီးတစ်ပါးဟာ လန်ဒန်ကနေ ခရီးဝေးလှတဲ့ မြန်မာ ပြည်ကို ပြန်လာခဲ့ပါတယ်။
Monday 20 June 2011
မြန်မာပြည်မှ အင်တာနက်နှုန်းထားများ
လက်ရှိ တပ်ဆင်ပေးလျက်ရှိသော အင်တာနက်လိုင်းနှင့် တပ်ဆင်ခဈေးနှုန်းများ
ADSL (ရတနာပုံတယ်လီပို့)
ယခင် Bagan cyber tech and MPT မြန်မာ့ဆက်သွယ်ရေး
ကနဦးတပ်ဆင်ခ - FEC 1000
လစဉ်ကြေး- FEC 30 မှ FEC 125 အထိ။
နှစ်စဉ်ကြေး - FEC 60
သတ်မှတ်ထားသော Speed - 128 Kbps မှ 512Kbps အထိ
WiMax(Red link)
ကနဦး တပ်ဆင်ခ - FEC 1500
Saturday 18 June 2011
မဲဆောက်မှာ အရောင်းစားခံရပြီး
ပေးပို့ သူ ကိုကို ၁၇။၀၆။၁၁
“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို
သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်
လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး
ဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာ
ခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ
Thursday 16 June 2011
ခွန်ဆာပြတိုက်
ကျူရှင်လှိုင်းအတွင်း ဖြတ်သန်းစီးဆင်းခြင်း
အတိတ်ကိုြ​ပန်တ​မ်း​တြ​က​ည့်ြ​ခ​င်း
ငယ်စ​ဥ်ကျော​င်း​သား​ဘဝ ကျူ​ရှင်ဆို​တာ​ဘာ​လဲ​လို့​ အမှန်တ​ကယ် မ​သိ​ခဲ့​ပါ​ဘူး။ သိ​စရာ​လ​ည်း အကြော​င်း​မ​ရှိ​ဘူး​ေ​လ။ ဆရာ​ေ​တြ​ကိုယ္တိုင္က
Tuesday 14 June 2011
စစ်တွေမြို့တွင် စီးပွားရေး သမားတစ်ဦး နေအိမ်မှ အဖိုးတန် တောက်တဲ့များ ဖမ်းဆီးရမိ
ထွန်းထွန်း
-------------
ရခိုင်ပြည်နယ် စစ်တွေမြို့မှ နာမည်ကြီး မွတ်ဆလင် စီးပွားရေးသမား တစ်ဦး နေအိမ်မှ သိန်းထောင်ချီ တန်ဖိုးရှိသော တောက်တဲ့များနှင့် ဆေးခြောက်ထုပ်များကို ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။
tokay
ဖမ်းဆီးရမိသော တောက်တဲ့မှာ အကောင် ၄၀ ခန့်ရှိပြီး ကာလ ပေါက်ဈေးနှင့် ဆိုလျှင် ကျပ်သိန်းထောင်ချီ၍ တန်ဖိုးရှိကြောင်း သိရသည်။
စင်ကာပူ နိုင်ငံမှ အလုပ်ခေါ်စာများတွင် မြန်မာ ဘာသာ ဖြင့် ပူးတွဲ ဖော်ပြ တော့မည်.
စင်ကာပူ နိုင်ငံမှ အလုပ်ခေါ်စာများတွင် မြန်မာ ဘာသာ ဖြင့် ပူးတွဲ ဖော်ပြ တော့မည်
        စင်္ကာပူနိုင်ငံမှ အလုပ်ခေါ်စာများ တွင် အင်္ဂလိပ် ဘာသာဖြင့်သာမက မြန်မာ ဘာသာဖြင့် ပူးတွဲ ဖော်ပြ တော့မည်ဖြစ် ကြောင်း ပြည်ပအလုပ်အကိုင်အသိုင်းအ၀ိုင်း က ပြောသည်။
ယခင်က စင်ကာပူနိုင်ငံ အလုပ် ခေါ်စာများတွင် အလုပ်သမား၏ အကျိုး ခံစားခွင့်၊ ရပိုင်ခွင့်များ နှင့်ပတ်သက်၍ အင်္ဂ လိပ် ဘာသာဖြင့်သာ ဖော်ပြခဲ့သော် လည်း စင်ကာပူ အလုပ်သမားဝန်ကြီးဌာန(MOM) မှ ယခုနှစ် နှစ်လယ်ပိုင်းမှ စ၍ အလုပ်သမား ခေါ်ယူသည့် နိုင်ငံ၏မူရင်း ဘာသာဖြင့်လည်း ဖော်ပြ ရမည်ဟူ၍ ပါရှိကြောင်း ဆိပ်ကမ်းသာ လမ်းရှိ ပြည်ပ အလုပ်အကိုင်အေဂျင်စီ တစ်ခု မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
“မြန်မာဘာသာနဲ့သာမကဘူး။ ဥပမာ နီပေါလ် အလုပ်သမားခေါ်မယ် ဆိုရင်လည်း
Sunday 12 June 2011
လူသားနှင့် လက်ဖက်ရည်
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ထောင် ကျော် တိတိ ကျကျ ပြောရရင် ခရစ်တော် မပေါ်မီ ၂၇၃၇ ဘီစီမှာ တရုတ် နိုင်ငံရဲ့ အင်ပိုင်ယာ ဘုရင်ကြီး ရှန်နွန်း Shen Nung ဆိုသူဟာ ရေကိုဆူပွက် အောင် ကြိုပြီးမှ သောက်လေ့ ရှိသတဲ့။ တစ်နေ့တော့ နောက်လိုက် ခြွေရံတော် တွေနဲ့ အတူ တောလည် သွားရင်း တောတွင်း တစ်နေရာမှာ စခန်းချ အနားယူ သတဲ့။ ထုံးစံ အတိုင်း အင်ပိုင်ယာ ရှင်ဘုရင်ကြီး အတွက် ရေပူပူ နွေးနွေး သောက်ဖို့ နောက်လိုက် တစ်ဦးက ရေနွေး ကျိုနေတုန်း အနီးအနား ပတ် ဝန်းကျင်က လေထဲမှာ လွင့်ပါလာတဲ့ သစ်ရွက် ခြောက်လေး တစ်ရွက်က ပွက်ပွက် ဆူနေတဲ့ ရေနွေးခွက်ထဲ မတော် တဆ ကျရောက် သွားပါ ရော တဲ့။
အဲဒီအခါ ရေနွေးခွက်က ထွက် လာတဲ့ ရနံ့ဟာ အလွန်သင်းပျံ့ မွှေးမြလှပြီး စိတ်ကို ကြည်လင် သွား စေသတဲ့။ အဲဒီအရွက် ကျသွားလို့ အညိုရောင် သမ်းသွားတဲ့ စိမ်းဖန့်ဖန့် ရေနွေးပူပူကို
Friday 10 June 2011
ဘာလို့ မဖြစ်နိုင်ရမှာလဲ
REF: Irrawaddy'Blog
အွန်လိုင်းပေါ်မှာ ဘဝ ကြင်ဖော်ရှာဖို့ စတင် အိပ်မက် မက်မယ့် သူများသို့
ဒီနေ့ ခေတ်ရဲ့ အင်တာနက် ကမ္ဘာ ဟာ ကြီးမား ကျယ်ပြန့်မှု မြင့်မား လာတာ နဲ့အမျှ အွန်လိုင်းပေါ် ကနေ တစ်ဆင့် မိတ်ဆွေ၊ သူငယ်ချင်း နောက်ဆုံးစုံ တွဲတွေ၊ ဘဝ လက်တွဲ ဖော်တွေဖြစ်လာ ကြတာ ဟာ ဘယ်သူမှ မအံ့ဩ ကြတဲ့ အဆင့်ကို ရောက်မှန်း မသိရောက်လာ ခဲ့ပါပြီ။ ချက်တင်တွေ၊ အီးမေးလ် တွေ ကနေတစ်ဆင့် အွန်လိုင်းအသုံးပြုတွေ ဟာ ရင်းနှီးခင်မင်မှုရကြသလို အချို့ အချို့သော သူတွေ ကလည်း Dating Site တွေမှာ အဖွဲ့ဝင်အဖြစ်ဝင် ရောက်ပြီး ဘဝကြင်ဖော်အစစ်အမှန် ကိုမရှာ ဖွေနိုင်ရင် တောင် မိတ်ဆွေအသစ် တွေကိုတော့ ရှာဖွေ တတ်ကြ ပါတယ်။
အခု ဖော်ပြပေးမယ့် အချက် လေးတွေ က အွန်လိုင်း အသုံးပြုသူတွေ အနေနဲ့ Dating Site တစ်ခုကို ဝင်ရောက်ချင် တယ်ဆိုရင် ဘယ်လို လုပ်ရ မယ်ဆိုတာ နဲ့ ပတ်သက် ပြီး ကျွမ်းကျင် သူတွေက စေတနာ ရှေ့ထား သုံးသပ်ပြ ထားတာ တွေကို ထပ်ဆင့် ဝေမျှခြင်းပါ။ အဲဒါ ကြောင့် ဒီအချက် လေးတွေကို အတူ လေ့လာ ကြည့်ရအောင်...
Sunday 5 June 2011
မန္တလေးထိ ခြေဆန့်လာတဲ့ ရန်ကုန် 800 MHz
မန္တလေး မှာတော့ ဒီတစ်ပတ် အတွင်း သိရသမျှ iPhone 4 အဖြူ၊ Sony Ericsson, Xperia Arc, Sony Ericsson Play, Sony X8, XTC Desire S စတဲ့ ဟန်းဆက် တွေ အဝယ်လိုက်နေတယ်လို့ ဖုန်း ဆိုင်တွေဆီကနေ သိရပါတယ်။ Apple ရဲ့ ထုတ်ကုန် ဖြစ်တဲ့ iPhone 4 အဖြူဟာ ဈေးကွက်ထဲကို အလုံးရေ အကန့် အသတ်နဲ့ ဝင်ရောက် လာတာမို့ တချို့ဆိုင်တွေမှာ ဈေးနှုန်း သာရှိပြီး ပစ္စည်းမရှိတော့တဲ့အထိ ဖြစ်ခဲ့ရ တယ်လို့သိရပါတယ်။ iPhone 4 အဖြူဟာ 16 G နဲ့ 32 G ဆိုပြီး နှစ်မျိုး ဝင်လာရာမှာ 32 G ရဲ့ တန်ဖိုး က (၇၈၀,ဝ၀ဝ)ကျော်ရှိပါတယ်။ 16G ရဲ့ တန်ဖိုး ကတော့ iPhone 4 အနက် 32 G တန်ဖိုးနဲ့ တူလုနီးပါးရှိ တယ်လို့ ဆိုပါ တယ်။ iPhone 4 အနက် 32 G က(၆၇၀ဝ၀ဝ) ကျော်ရှိပြီး 16 G က(၅၆၀ဝ၀ဝ) ကျော်ရှိ တယ်။ Sony Player ကတော့ ဂိမ်း ဝါသနာရှင် တွေ အတွက် အကြိုက် တွေ့စေပြီး (၄၆၀ဝ၀ဝ) ကျော်တန်ဖိုး ရှိတယ် လို့ဆို ပါတယ်။
တရုတ်လုပ် အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုးနဲ့  ဘေးအန္တရယ်
--/5,6, 2011
Subject: Fwd: တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုး Hair Bands များ အကြောင်း။
စားသောက်ကုန်များ၊ ဆေးဝါးများသာမက လူသုံးကုန် အသုံးအဆောင်ပစ္စည်းတွေကိုပါ သတိထား သုံးစွဲရမယ့် အခြေအနေတွေ ရှိပါတယ်။
ဈေးပေါတယ်၊ သက်သာတယ်၊ သုံးရတာ လွယ်ကူ အဆင်ပြေတယ် ဆိုတာလောက်ကို ကြည့်ပြီး ဘေးအန္တရယ် ကျရောက်နိုင်တာ၊ သုံးစွဲရ သင့်တော် မသင့်တော် ကိုပါ ထည့်တွက် စဉ်းစားပြီးမှ ၀ယ်ယူသုံးစွဲ သင့်ပါတယ်။
ဘေးဒုက္ခ ရောက်မှသာ မရှူနိုင် မကယ်နိုင်ဖြစ်ပြီး အချိန်လွန် ဆုံးရှုံးရ တာတွေ မဖြစ်စေချင်ပါ။
ယခုဖေါ်ပြတဲ့ ဆံပင် ခေါင်းစည်းကြိုးက တရုတ်ပြည်ကနေ ထုတ်လုပ်တာပါ။
ဒီ ဆံပင်ခေါင်းစည်းကြိုးဟာ ဈေးပေါပေါနဲ့ ရောင်းချသလို ၀ယ်ယူသုံးစွဲကြသူ အမျိုးသမီးထုဟာလည်း အရောင်အသွေးလှလှပပနဲ့ မို့  ကြိုက်နှစ်သက် ကြပါတယ်။
ဒါပေမယ့် ဒီဆံပင် ခေါင်းစည်းကြိုးကို သေသေချာချာ သတိပြု မိသူကတော့ အတော့်ကို ရှားပါလိမ့်မယ်။
Saturday 4 June 2011
ရန်ကုန်အလွမ်းပြေ လမ်းများ
ရင်ခွင်မဲ့ ရှင်သန် ကြသူများ
“အမေ..”
အသက် တစ်နှစ်ကျော်မျှသာ ရှိသေးသော ကလေးငယ်သည် သူ့ရှေ့တွင် ရှိနေသည့် အမျိုးသမီးကို နှုတ်မှ မပီမသ အသံလေးဖြင့် ခေါ်လိုက်သည်။ အသံမှာ မပီသသေးသော်လည်း ဘေးက ကြားရ သူတို့အဖို့ အမေ ခေါ်သံကို ကောင်းစွာ နားလည်နိုင်သည်။ တကယ်တော့ သူ့ရှေ့တွင် ရှိနေသူသည် သူ၏ မိခင်လည်း မဟုတ်။ သွေးသားတော်စပ်ခြင်း မရှိသော သူစိမ်းတစ်ဦးမျှသာ။ တစ်နည်းအားဖြင့် ဆိုရလျှင် ကလေး တို့ကို စောင့်ရှောက်နေရသည့် ဆရာမ တစ်ဦးမျှသာ ဖြစ်သည်။ အကြောင်း ကြောင်း ကြောင့် မိဘမဲ့ ဖြစ်ခဲ့ရသော ကလေးငယ် ၅၀ ကျော်သည် အခန်းထဲတွင် ကလေးတို့ ဘာသာဘာဝ ဆော့ကစားလျက် ရှိကြ သည်။ အချို့က လမ်းကို စမ်းတ၀ါးဝါး လျှောက်နိုင်ပြီ။ အချို့က လေးဖက် ထောက် သွားဆဲ။ အသက်တစ်နှစ်အောက် ခြောက်လ၀န်းကျင် ကလေးငယ်များလည်း ပါသည်။ အသက် တစ်နှစ်ကျော် များလည်း ပါသည်။ နှစ်နှစ်ကျော် သုံးနှစ်အရွယ်များလည်း ပါဝင်သည်။ ကလေး တို့သည် အသွင် သဏ္ဌာန် ပုံစံအားဖြင့်လည်း တစ်ဦးနှင့်တစ်ဦး တူညီခြင်း မရှိကြ။ အချို့က အသား ဖြူဖြူ၊ ၀၀ကစ်ကစ်။
Friday 3 June 2011
သဇင် ရဲ့ ထိပ်ဆုံးရဲ့ ထိပ်ဆုံးမှာ သီချင်းဗီဒီယို
သုံးသိန်း GSM ဖုန်းများ လေးလခန့် အကြာတွင် ချပေးမည် ဟုဆို
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်သုံးသိန်း ဝန်းကျင် ပေးသွင်း ရမည့် GSM ဖုန်းများကို လာမည့် လေးလ နောက်ပိုင်းတွင် ချထားပေးနိုင်မည် ဖြစ်ကြောင်း နေပြည်တော် မြန်မာ့ ဆက်သွယ်ရေး အော်တိုတယ်လီဖုန်း ဌာနမှ အင်ဂျင်နီယာချုပ် ဦးသိန်း ဟုတ်က ဇွန် ၁ ရက်နေ့တွင် The Voice Weekly သို့ ပြောကြား သည်။ "အခုတိုင်တွေ၊ စက်တွေ၊ အဆောက်အအုံတွေ စီစဉ်နေတုန်းပါ၊ တဖြည်း ဖြည်း နဲ့ ပြီးမှာပါ။ အနည်းဆုံး သုံး၊ လေးလ ကြာမယ်။
Thursday 2 June 2011
US senator visits to South Dagon HIV+ care house
G-mail ကို အကောင်းဆုံး အသုံးချလို သူများ အတွက်
နည်းပညာ ခေတ်ရဲ့ အင်တာနက် အသုံးပြုတဲ့ သူတိုင်းဟာ ကွန်ပျူတာ တစ်လုံးနဲ့ အချိန်ပြည့် အလုပ်ရှုပ် နေတတ်ပါ တယ်။ သူတို့တွေ အတွက် တော့ အချိန်ဟာ တကယ်ကို အရေးကြီး ပါတယ်။ ဒါကြောင့် အချိန်တို အတွင်း ကွန် ပျူတာကို အကောင်းဆုံး အသုံးချနိုင် စေဖို့အတွက် နည်းလမ်း တွေကို ၅- minutes Guide အနေနဲ့ တင်ဆက် လိုက်ပါတယ် ...။
Gmail ထဲမှာ ဖတ်နေရင်း စာကို ဖျက်လိုက်တာနဲ့ ပုံမှန်အားဖြင့် inbox ထဲကို ပြန်ရောက် သွားတာမျိုးကို ကြုံဖူးကြ မယ် ထင်ပါတယ်။ အခုဒီလို အခက် အခဲတွေ မဖြစ်စေဘဲ inbox ထဲကို ပြန်မသွားဘဲ mail အသစ်ကို ရောက်သွား အောင် လုပ်လို့ရတဲ့ နည်းလမ်း ရှိပါတယ်။
Wednesday 1 June 2011
အမေရိကန် စစ်ခွေးများ
, 30 May 2011 16:04 မောက္ခ နိုင်ငံတကာသတင်း
အမေရိကန် ခွေးများမှာ အမေရိကန် စစ်သားများနှင့်အတူ ပြည်တွင်းစစ်၊ ပထမ ကမ္ဘာစစ်မှ စတင်ပြီး စစ်မြေပြင်တွင် နှစ်ပေါင်းရာချီ တိုက်ပွဲများ ၀င်ခဲ့ကြသည်။ သို့သော် ထိုအချိန်က အပျော်တမ်း
တိုက်ပွဲဝင် စစ်ခွေးများသာ ဖြစ်သည်။ ၁၉၄၂ နှစ် ရောက်မှ အမေရိကန် စစ်တပ်တွင် တရားဝင် စစ်သင်တန်းများ ပေးခဲ့ပြီး စစ်မှုထမ်းကြသည်။
ယနေ့ အီရတ်နှင့် အာဖဂန်နစ္စတန် စစ်မြေပြင်တွင် အမေရိကန် စစ်သားများနှင့်အတူ စစ်ခွေးများစွာ တာဝန်ထမ်းဆောင် နေကြသည်။ ၂၀၁၀ ခုနှစ်တွင် ကမ္ဘာအနှံရှိ အမေရိကန် စစ်တပ်များတွင် အထူး လေ့ကျင့်ပေးထားတဲ့ ခွေး ၂၈၀၀ ကျော် စစ်မှုထမ်းနေသည်။ ဆက်လက်ပြီး ခွေးအများအပြား ကိုလည်း စစ်မြေပြင် သင်တန်းများ လေ့ကျင့်ပေးလျက် ရှိသည်။
အထက်ပုံတွင် မတ်လ ၁ရက်နေ့က မက္ကစီကို ပင်လယ်ကွေ့ စစ်ရေး လေ့ကျင့်မှုတွင် အမှတ်  ၁၀ အထူးတပ်ဖွဲ့မှ အမေရိကန် စစ်သားတစ်ဦးနှင့်အတူ ရဟတ်ယာဉ်ပေါ်မှ ခုန်ချနေသည့် စစ်ခွေး။