Pages

Thursday 2 June 2011

G-mail ကို အကောင်းဆုံး အသုံးချလို သူများ အတွက်



နည်းပညာ ခေတ်ရဲ့ အင်တာနက် အသုံးပြုတဲ့ သူတိုင်းဟာ ကွန်ပျူတာ တစ်လုံးနဲ့ အချိန်ပြည့် အလုပ်ရှုပ် နေတတ်ပါ တယ်။ သူတို့တွေ အတွက် တော့ အချိန်ဟာ တကယ်ကို အရေးကြီး ပါတယ်။ ဒါကြောင့် အချိန်တို အတွင်း ကွန် ပျူတာကို အကောင်းဆုံး အသုံးချနိုင် စေဖို့အတွက် နည်းလမ်း တွေကို ၅- minutes Guide အနေနဲ့ တင်ဆက် လိုက်ပါတယ် ...။
Gmail ထဲမှာ ဖတ်နေရင်း စာကို ဖျက်လိုက်တာနဲ့ ပုံမှန်အားဖြင့် inbox ထဲကို ပြန်ရောက် သွားတာမျိုးကို ကြုံဖူးကြ မယ် ထင်ပါတယ်။ အခုဒီလို အခက် အခဲတွေ မဖြစ်စေဘဲ inbox ထဲကို ပြန်မသွားဘဲ mail အသစ်ကို ရောက်သွား အောင် လုပ်လို့ရတဲ့ နည်းလမ်း ရှိပါတယ်။
အဆင့် (၁) - Gmail setting ထဲက Labs tab ကိုသွားပါ။ ပြီးရင် Autoadvanced ကိုရှာပြီး Enable လုပ်ပေးလိုက်ပါ။ ပြီးရင် Save Changes နဲ့ ထွက် ရပါမယ်။
အဆင့် (၂) - General tab ထဲမှာ Auto-advance: ဆိုတာ ပေါ်လာပါ လိမ့်မယ်။ အဲဒီမှာ mail ကိုဖျက်လိုက်တာနဲ့ ဘယ်ကိုရောက်ချင်လဲ mail အဟောင်း / အသစ်ကို ရောက်ချင်တာလား၊ inbox ထဲကို ပြန်ရောက်ချင် တာလား၊ အဲဒီမှာ စိတ်ကြိုက်ရွေးလို့ရပါတယ်။ ပြီးရင် Save Changes နဲ့ ထွက်လိုက်ပါ။
အဆင့် (၃) - mail တစ်စောင်ကို ဖတ်နေတုန်း Delete လုပ်ကြည့်လိုက်ပါ။
အဆင့် (၄) - မြင်တွေ့ရတဲ့ ပုံစံအတိုင်း ကိုယ်ရောက်စေချင်တဲ့ mail ကို ရောက်သွား ပါလိမ့်မယ်။ တကယ်လို့ သင်က mailအသစ်ကိုရောက်ဖို့ ရွေးခဲ့ တယ်ဆိုရင် mail အသစ်ကို ရောက်ပါလိမ့်မယ်။
G-mailရဲ့ Attach Alerter
G-mail နဲ့ mail ပို့တဲ့အခါမှာ အလျင်စလိုလုပ်ရင်းနဲ့ Attachment တွေ ပို့ဖို့ မေ့ကျန် နေနိုင်ပါတယ်။ အလွန် အရေးကြီးတဲ့ လုပ်ငန်းဆိုင်ရာ E-mail တွေပို့ရ တဲ့ အခါမှာ Attachment File မေ့ကျန်နေခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ အလုပ်ရှင်က သင့်အပေါ် ငြိုငြင်မှုကို ရရှိသွား စေနိုင်ပါတယ်။ G-mail ရဲ့ Feature အသစ်တွေ ထဲမှာ Attachment File ပို့ဖို့ ကျန်ခဲ့ရင်သတိ ပေးဖို့ Attach Alerter ဆိုတာရှိပါတယ်။ မိမိရဲ့ mail account ထဲမှာ ဒီ Feature မရှိသေး ဘူးဆိုရင် -
(၁) Setting Link ထဲ ဝင်လိုက်ပါ။
(၂) Lab Tab ကို ကလစ်နှိပ်ပါ။
(၃) Forgotten Attachment Detector မှာ Enable ကိုရွေးပါ။
(၄) အောက်ခြေမှာရှိတဲ့ Save Changes button ကို ကလစ်နှိပ်ပါ။ ဒီလိုလုပ်ခြင်းဟာ mail လက်ခံသူဆီကို Attachment နဲ့ နောက်တစ် စောင် ထပ်မံ ပေးပို့ရခြင်းမှ ကင်းဝေးစေပါတယ်။ mail ပို့တော့မယ်ဆိုရင် လည်း လက်ခံမယ့်သူဆီ စာမရေးခင်မှာ ပို့ရမယ့် ဖိုင်တွေကို အရင်ဦးဆုံး Attach လုပ်ထား သင့်ပါတယ်။ အဲဒါမှ မိမိစာရေးလို့ပြီးတဲ့အခါ mail ပို့ဖို့ Attach ဖိုင်လည်း upload လုပ်ပြီးသား ဖြစ်နေမှာပါ။ မပို့ချင်တော့တဲ့ ဖိုင်တွေရှိခဲ့ရင် Attach ဖိုင်နာမည် တွေမှာ အမှန်ခြစ် ပြန်ဖြုတ်ပြီး ချက်ချင်းပဲ mail ပို့နိုင်ပါပြီ။
၅ စက္ကန့်အတွင်း ပို့ပြီးသား e-mail ကို ပြန်ပြင်မယ်
သူငယ်ချင်း အပေါင်းအသင်း တွေဆီကို အရေးပေါ် mail တွေ ပေးပို့ တဲ့အခါ မှားယွင်းမှုလေးတွေ ဖြစ်ပေါ်တာကို ပြန်လည်ပြင်ဆင်လိုသူတွေ နည်းလမ်း ကောင်းလေး တစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ တစ်စုံတစ်ရာ မှားယွင်းသွားတဲ့ သင့် E-mail ကိုပြန်ခေါ်ပြီး ပြင်ဆင်နိုင်မယ့် လုပ်ဆောင်ချက် တစ်ခုကို Google က ဖန်တီး ပေးထား ပါတယ်။ ဒါကတော့ G-mail ကနေ သင်ပို့လိုက်တဲ့ E-mail ကို ၅ စက္ကန့်အတွင်းမှာ Undo လုပ်ပြီး ပြန်ပြင်နိုင်မယ့် လုပ်ဆောင် ချက်ပါ။ ဒီလုပ်ဆောင် ချက်ကို အသုံးပြုနိုင်ဖို့အတွက် -
အဆင့် (၁) - သင့် G-mail လိပ်စာရဲ့ ညာဘက်အခြမ်း အပေါ်ဘက်မှာ ရှိတဲ့ Setting ထဲက Lab ဆိုတာကို ကလစ်နှိပ်ပြီး ရွေးလိုက်ပါ။
အဆင့် (၂) - Lab ထဲကမှ Undo send option ဆိုတာကိုရွေးပြီး Enable ရွေးလိုက်ပါ။ ပြီးရင် ကိုယ်ပြောင်းထားတဲ့ Setting ကို save လုပ်ပြီးတာနဲ့ ဒီလုပ်ဆောင် ချက်လေးကို စတင်အသုံးပြုလို့ ရပါပြီ။ ဒီနည်းလမ်းက ရိုးရှင်းပါတယ်။ သူ့ပုံစံလေးက သင် E-mail တစ်စောင် ပို့လိုက်ပြီဆိုတာနဲ့ သင့်ကို အသိပေးတဲ့ Your message has been sent ဆိုတဲ့ စာသားလေး ပေါ်လာပါတယ်။ ဒီစာသားလေးရဲ့ဘေးမှာ Undo ဆိုတဲ့ Link လေးတစ်ခုပါ ပါတယ်။ ပို့ပြီးသား E-mail ကို ပြန်ခေါ်ချင်တယ်ဆိုရင် အဲဒီ Undo Link ကို နှိပ် လိုက်ရုံပါပဲ။ တစ်ခုရှိတာက ပို့လိုက်တဲ့ E-mail ပြန်ပြင်၊ မပြင် ဆုံးဖြတ်ဖို့ အတွက် ၅ စက္ကန့်ပဲ အချိန်ရတယ်ဆိုတာပါပဲ။ တကယ်လို့ ကိုယ့်မှာ ပြန် ပြင်စရာတွေ ရှိတယ်ဆိုရင် E-mail ပို့ပြီး ၅ စက္ကန့်အတွင်း Undoပြန်နှိပ်လို့ ပြန်ပြင်လိုက်ပါ။ (၅ စက္ကန့် ဆိုတာ ကိုတော့ မမေ့နဲ့နော်)

No comments: