Pages

Saturday 25 June 2011

WATER MASK ဗိုင်းရပ်စ်ပျံ့နှံလျက်ရှိ ဂ


Adobe အုပ်စု တွေဖြစ်တဲ့ Page Maker, Photoshop နဲ့ Microsoft Office စတဲ့ Installer ဖိုင်တွေကို ထိခိုက် ပျက်စီး စေနိုင်တဲ့ Water Mask ဗိုင်းရပ်စ်တစ်မျိုးပျံ့နှံ လျက်ရှိနေတာမို့ အထူး ဂရုစိုက်ဖို့ လို တဲ့အကြောင်း Service ဆိုင်တစ်ချို့ ရဲ့ ပြောပြချက်အရသိရပါသည်။ ဒီဗိုင်းရပ်စ်ဟာ Antivirus Software တင်မထားရင်ချက်ချင်း မသိနိုင်သေးပေမယ့် တင်ပြီးပြီ ဆိုရင် ချင်းချင်း ဒုက္ခပေးတယ်လို့ဆိုပါတယ်။ ဒီဗိုင်းရပ်စ်ဟာ Partation C,D,E အကုန်လုံးမှာရှိတဲ့ Installer File တွေမှာဝင်ရောက်ကပ်တွယ်နေလေ့ရှိ တာမို့ Antivirus နဲ့စစ်တဲ့အခါ အဆို ပါ Installer ဖိုင်တွေကို Virus အဖြစ် သတ်မှတ်ကာဖျက်ဆီးပစ် လိုက်တာကို ခံကြရတဲ့အကြောင်းသိ ရပါတယ်။
Water Mask ဗိုင်းရပ်စ်မှာ Autorun File ပါရှိပြီး အဆင့်မြင့်မို့ လို့ Autorun killer နဲ့သတ်လို့မရ နိုင်ကြောင်း၊ USB Disc Security Version (5.1) နဲ့ နောက်ပိုင်းထွက် Version တွေနဲ့ သတ်လို့ရ နိုင်ကြောင်း၊ ဒါတောင် Autorun file ကိုဖျက်နိုင် ပြီး သူနဲ့ အတူပါလာတဲ့ Recycle file Short cut file (၄)ဖိုင်ကို Manual Delete လုပ်ရတဲ့အကြောင်း၊ Kasperski မှာလည်း Kasperski Antivirus Software 2011 ထွက် လာလာချင်းမှာ မသတ်နိုင် သေးဘဲ Update တွေထွက် လာမှသာ သတ် နိုင်တဲ့အကြောင်း၊ Microsoft Essential ကတော့ သတ်ပေး နိုင်တဲ့အ ကြောင်းနဲ့ တချို့ Antivirus Software တွေမနိုင်ကြောင်း Service ဆိုင်တစ်ချို့က ပြောပြချက် အရသိရ သည်။ အဆိုပါဗိုင်းရပ်စ်ဖိုင်ဟာ ကွန်ပျူတာထဲက C:Program/ microsoft ဆိုတဲ့ Folder ထဲမှာ WaterMask.exe အနေနဲ့ရှိနေပြီး၊ Task Manager ထဲက Process ထဲ မှာ svchost.exe ကို user အနေနဲ့ run နေတတ်ပါတယ်။
System 32 အောက်မှာတော့ dmlcof.dal အနေ နဲ့ Run နေတယ်လို့ဆိုပါတယ်။ အဆို ပါဗိုင်းရပ်စ် ဟာ အချိန်ကြာလာတာနဲ့ အမျှ Application (၂)ခုဒါမှမဟုတ် (၂)ခုထက်ပိုပြီး အလုပ်လုပ် နေတာမို့ သူ့ရဲ့ Application တစ်ခုကို အချိန် မီပိတ်ပစ်လိုက်ပေမယ့် ကျန်တဲ့ Application တွေကအရန်သင့်ထပ် ပြီး အလုပ်လုပ်တဲ့အတွက်တားဆီးဖို့ ခက်တယ်လို့လည်း ဆိုကြပါ တယ်။ ဒီဗိုင်းရပ်စ်ဟာ Adobe အုပ်စု၊ Microsoft Office, Microsoft Game များ အပါအဝင် အခြားဂိမ်းများ၊ IE, Window Media Player အပါ အဝင် အခြား Player များ၊နောက် ပိုင်းတွင် Driver File များပါ ဖျက် ဆီးပစ်တဲ့အကြောင်းကိုသိရပါတယ်။ အဆိုးဆုံး အနေနဲ့ကတော့ Restore ဖိုင်ကိုပါဖျက်ဆီး ပစ်တယ် လို့ဆိုပါ တယ်။
အောင်မှိုင်းဆန်

No comments: