Pages

Thursday 23 June 2011

ကူးခွေ ဈေးကွက်အတွင်း အခွေအချို့တွင် ဗိုင်းရပ်စ်များ ပါရှိ

အင်တာနက် သီချင်းများ စု စည်းမှုနှင့် အင်တာနက် သီချင်းများ စုစည်းမှု (၄) DVD ကူးခွေများ တွင် Virus File များ ပါရှိ သည်ကို တွေ့ရ ပါသည်။ Virus File များနှင့် အတူ CD အတွင်း Autorun File ပါဝင်ပြီး Computer ထဲသို့ အခွေထည့်ဖွင့် လိုက်သည်နှင့်တစ်ပြိုင်နက် Autorun နှင့်အတူ Run လာသော Virus File များကြောင့် Windows သည် Shutdown ဖြစ်သွား ပြီးပြန်ဖွင့်သော အခါ windows တက်မလာဘဲ Restart ပြန်ဖြစ် သွားသည်ဟု သိရသည်။
အခွေကို ဖွင့်လိုက်သည် နှင့် windows ထဲ မှ အရေးကြီး ဖိုင်များဖြစ်သော C: Partition ထဲမှ [boot.ini, C:/IO.SYS, C:/MSDOS.SYS, NTDETECT.COM] ဖိုင်များနှင့် ဃါ် ထဲ မှ windows folder [system.ini, win.ini] ဖိုင်များကို ဖျက်ပစ်ပြီး windows ကို Shutdown ပြုလုပ်သည့်အတွက် Shutdown ဖြစ်ပြီး ပြန်ဖွင့်သော အခါ window မတတ်နိုင်ဘဲ Restart ပြန် ဖြစ်သွားတတ်သည်။ အဆိုပါ DVD ထဲတွင် တွေ့ရသော Virus File များ မှာ [AUTORUN.inf,EDCDPROT. ico, PRO.bat,PRO.exe,VCD-PLAY.exe] များ ဖြစ်သည်။
Virus ပါသော DVD ကို ဖွင့်မိ ၍ Windows ကျသွားသော User များအနေဖြင့် Windows ကို Repair ပြုလုပ်ခြင်း၊ Technician များအနေ ဖြင့် ထိုဖိုင်များများကို ပြန်လည် Copy ကူးယူထည့်သွင်းပေးခြင်း (သို့ မဟုတ်) ၎င်းဖိုင်များကို Recovery ပြုလုပ်ပေးခြင်းဖြင့် ပြုပြင်နိုင်သည်။ ၎င်း DVD များကဲ့သို့ လုံခြုံ စိတ်ချမှုမရှိသည့်CD များကို Computer ဖြင့် ဖွင့်ကြည့်လိုပါက Windows ၏ Autorun Feature ကို Group Policy အတွင်း ဝင်ရောက် ပိတ်ထားခြင်း၊ CD Drive ကို Double Click နှိပ်၍ ဖွင့်မကြည့်ဘဲ Folder Tree မှ ဖွင့်၍ ကြည့်ရှုခြင်းဖြင့် ကာကွယ်နိုင်သည်။

No comments: