Pages

Wednesday 29 June 2011

Yangon International Trade Exhibition 2011 ကျင်းပမည်

Global Education Exhibition 2011 ပြခန်းများပါမည့် Yangon International Trade Exhibition 2011 ပြပွဲကြီးကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၄ ရက်နေ့ အထိ ၄ ရက်တိုင်တိုင် ရန်ကုန်မြို့၊ ဦးဝိစာရ လမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြပွဲစီ စဉ်ကျင်းပသူ IEMS ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ အဆိုပါ ပြပွဲကြီးတွင် နိုင်ငံ တကာတွင် တက်ရောက်သင်ကြား နိုင်မည့် တက္ကသိုလ်များ၊ ကောလိပ် များနှင့် နိုင်ငံတကာ ပညာရေးနှင့် ပတ်သက် သည့် ပြခန်းများကို သီး ခြားပြခန်းများအနေဖြင့် ပြသသွား မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံ တကာရှိကျောင်းများကို တက်ရောက် ပညာသင်ကြား လိုသည့် ကျောင်း သားကျောင်းသူများအတွက် သက် ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များရှိ လုပ်ထုံးလုပ်နည်းများ၊ သိထား သင့် သည့် အချက်များ၊ တက်ရောက် လေ့လာနိုင်သည့် ဘာသာရပ်များ အစရှိသည်တို့ကို တစ်နေရာတည်း တွင် လေ့လာ နိုင်စေရန် အတွက် ရည် ရွယ်ကြောင်း လည်း သိရသည်။ ပြပွဲအတွင်း၌ ပြည်တွင်းပြည်ပ ရှိ အိမ်ဆောက်ပစ္စည်း ကုမ္ပဏီများ၊ မော်တော်ယာဉ် ထုတ်လုပ်ရေး များ၊ အိမ်တွင်း ပရိဘောဂ ပစ္စည်း ထုတ် လုပ်ရောင်းချသည့် ကုမ္ပဏီများ၊ လျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများကို တင်သွင်း ရောင်းချ သည့် ကုမ္ပဏီများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ ပါဝင်ပြသကြမည်ဖြစ်ပြီး အထူးဈေး နှုန်းများဖြင့် ရောင်းချ သွားနိုင်ရန် စီစဉ် လျက်ရှိ ကြောင်း သိရသည်။ Yangon International Trade Exhibition 2011 ပြပွဲကို ဝင်ရောက် ပြသလိုသော ကုမ္ပဏီများ၊ အရောင်း ဆိုင်များအနေဖြင့် IEMS ဖုန်း-ဝ၁ ၂၄၀၉၁၀၊ ဝ၉ ၉၈၀၃၁၁၁၅ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်း ရရှိပါသည်။

No comments: