Pages

Sunday 12 June 2011

လူသားနှင့် လက်ဖက်ရည်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ထောင် ကျော် တိတိ ကျကျ ပြောရရင် ခရစ်တော် မပေါ်မီ ၂၇၃၇ ဘီစီမှာ တရုတ် နိုင်ငံရဲ့ အင်ပိုင်ယာ ဘုရင်ကြီး ရှန်နွန်း Shen Nung ဆိုသူဟာ ရေကိုဆူပွက် အောင် ကြိုပြီးမှ သောက်လေ့ ရှိသတဲ့။ တစ်နေ့တော့ နောက်လိုက် ခြွေရံတော် တွေနဲ့ အတူ တောလည် သွားရင်း တောတွင်း တစ်နေရာမှာ စခန်းချ အနားယူ သတဲ့။ ထုံးစံ အတိုင်း အင်ပိုင်ယာ ရှင်ဘုရင်ကြီး အတွက် ရေပူပူ နွေးနွေး သောက်ဖို့ နောက်လိုက် တစ်ဦးက ရေနွေး ကျိုနေတုန်း အနီးအနား ပတ် ဝန်းကျင်က လေထဲမှာ လွင့်ပါလာတဲ့ သစ်ရွက် ခြောက်လေး တစ်ရွက်က ပွက်ပွက် ဆူနေတဲ့ ရေနွေးခွက်ထဲ မတော် တဆ ကျရောက် သွားပါ ရော တဲ့။
အဲဒီအခါ ရေနွေးခွက်က ထွက် လာတဲ့ ရနံ့ဟာ အလွန်သင်းပျံ့ မွှေးမြလှပြီး စိတ်ကို ကြည်လင် သွား စေသတဲ့။ အဲဒီအရွက် ကျသွားလို့ အညိုရောင် သမ်းသွားတဲ့ စိမ်းဖန့်ဖန့် ရေနွေးပူပူကို
သောက်ကြည့် လိုက်တဲ့ အခါမှာ လည်း အင်ပိုင်ယာ သခင်ကြီး ဟာ လန်းဆန်း လတ်ဆတ်သွားပြီး ခွန် အားသစ်တွေ ရရှိလာ သလို ခံစားလိုက် ရသတဲ့။ အဲဒီအရွက်လေးက ယခု ခေတ် လူတွေ သိနေကြတဲ့ လက်ဖက် ရွက်ပါပဲ။ အဲဒီဖြစ်ရပ်သည်ပင်လျှင် လူသားတွေ လက်ဖက်ရည်သောက် သုံးကြခြင်းရဲ့ သမိုင်းအစပါပဲ။ လက်ဖက်ခြောက် အင်္ဂလိပ်ဘာ သာဖြင့် tea ဆိုတဲ့ စကားလုံးရဲ့ ရင်း မြစ်အစက တရုတ်လို Tchai (တိချိုင်) ကနေ ဆင်းသက် လာတာဖြစ်တယ်။ လက်ဖက်မျိုးရင်းပင် စတင်ပေါက် ရောက်ရာ ဒေသဟာ တရုတ် နိုင်ငံလို့ပဲ မှတ်ယူထား ကြပါတယ်။
ဒါ့ကြောင့် ကမ္ဘာပေါ်မှာ လက် ဖက်ရည်သောက်သုံးမှုအစတရုတ်နိုင်ငံ ကလို့ ပြောရင် ရပါတယ်။ တရုတ် အင်ပိုင်ယာဘုရင်ကြီး ရှန်နွန်းက လက် ဖက်ခြောက်ရွက်ကျသွားတဲ့ ရေနွေး ခွက်ကို သောက်ပြီးတော့ သူ့ရဲ့ နောက်ပါတွေကို လက်ဖက်ခြောက် အရည်ရဲ့ အနံ့အရသာ ကောင်းမွန်ပုံ အကြောင်း ကြေညာပြီးလိုက်တဲ့ နောက်ပိုင်းမှာ တစ်ဆင့်စကား တစ် ဆင့်နားဆိုသလို လက်ဖက်ရည် သောက်ကြတဲ့ ဓလေ့ဟာ တရုတ်နိုင်ငံ တစ်နိုင်ငံလုံး ပျံ့နှံ့ရုံသာမက အိမ်နီး နားချင်း ဆက်စပ်နေတဲ့ နိုင်ငံတွေမှာ လူမျိုးတွေ နိုင်ငံတွင်းမှာ ရောက်ရှိ လာတဲ့ ခရီးသည်တွေမှတစ်ဆင့် အခြားသော ကမ္ဘာနိုင်ငံ အသီးသီးက လူမျိုးတွေဆီ အသီးသီး ရောက်ရှိသွား ပါတယ်။ လက်ဖက် စိုက်ပျိုးမှု နည်း ပညာလည်း သိရှိပျံ့နှံ့သွားပြီး လက် ဖက်ကြိုက်နှစ်သက်တဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ ဒေသတွေ နိုင်ငံတွေဟာ လက်ဖက်စိုက်ခင်းတွေ ပေါ်ပေါက်လာ ပါတယ်။ ယနေ့မှာဆိုရင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၅ နိုင်ငံလောက်မှာ လက် ဖက်ပင်ကို စီးပွားဖြစ် စိုက်ပျိုးကာ လက်ဖက်ခြောက်ထုတ်ကုန်ကို အကြီး အကျယ်ရောင်းဝယ်ဖောက်ကားလျက် ရှိကြပါတယ်။ တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ လက်ဖက်ကို အများဆုံး စိုက် ပျိုးကြပြီး တရုတ်နိုင်ငံကတော့ ကမ္ဘာ့ နံပါတ် (၁) လက်ဖက်ခြောက် လုပ်ငန်း လုပ်ကိုင်သည့် နိုင်ငံ ဖြစ်ပါတယ်။
“လက်ဖက်ရည် အဖန်သောက် လျှင်ဖြင့် ကျက်သရေအမှန်ရောက် ပေလိမ့်” ၊ လက်ဖက်ရည်သောက်ရမှ နောက်သမျှအေးမယ်”၊ လက်ဖက် ကောင်းစားချင်ရင် ပလောင်တောင် တက်နှေး ရမယ်” ရှေးမြန်မာ စာပေထဲ မှာ ရေးသားဖွဲ့ဆိုခဲ့ကြတဲ့ ကဗျာအပိုင်း အစတွေ စကားပုံတွေ ဆိုရိုးတွေကို ဖတ်ရှုရခြင်းအားဖြင့် မြန်မာလူမျိုး တွေမှာလည်း ရှေးအစဉ်အဆက် ကတည်း က လက်ဖက်ရည်ကို ရိုးရာ ဓလေ့အဖြစ် သောက်သုံးခဲ့ကြတာ ဆိုတာ သိရှိမှတ်သားနိုင်ပါတယ်။ ကုန်းဘောင်ခေတ် ဆဋ္ဌမမြောက် ဘုရင်ဖြစ်တဲ့ ဗဒုံမင်း(ဘိုးတော်ဘုရား) က အမရပူရ ရွှေမြို့တော်ကြီးကို ပထမဦးဆုံး တည်ထောင်ခဲ့ပြီး နန်း တွင်းရာထူးများ အသစ်တီထွင်ခန့် ထားခဲ့ရာမှာ ဘုရင်ကို လက်ဖက်ရည် ဆက်သရန်အတွက် လက်ဖက်ရည် တော်ဆိုတဲ့ ရာထူးတောင် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လက်ဖက်ရည်ကို ဘယ် လောက်မြတ်နိုး တန်ဖိုးထားခဲ့တယ်ဆို တာ သိနိုင်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံမှာ လက်ဖက် ရည်ကြမ်းဝိုင်းနဲ့ ဧည့်ခံခြင်းဟာ မရှိမဖြစ် မပါမဖြစ်တဲ့ အလေ့အထပါပဲ။ လက်ဖက်ရည်ကို နို့၊ သကြား တို့နဲ့ ရောစပ်ဖျော်သောက်တဲ့ အလေ့ အထက အနောက်နိုင်ငံတွေကို ရောက် နေတာ ကြာပြီဖြစ်သော်လည်း လက် ဖက်ရည်ကြမ်းသောက်တဲ့ အလေ့အထ ကို ကျန်းမာရေးရှုထောင့်မှ လက်ခံ ပြီး သောက်သုံးလာကြတာကိုလည်း ယခုအခါ တွေ့မြင်နေရပါပြီ။
လေ ကြောင်းလိုင်းခရီးစဉ်တွေမှာလည်း လက်ဖက်ရည်ကြမ်းသောက်ချင်ရင် green tea ပေးပါလို့ ပြောလိုက်ရုံနဲ့ ရနိုင်တဲ့ အလေ့အထတွေလည်း ရှိနေပါပြီ။ လူသားတွေ နေထိုင်တဲ့ ကမ္ဘာကြီးဟာ လက်ဖက်ရည်ကမ္ဘာကြီး လို့တောင် တင်စား ပြောဆိုလို့ ရနေပါပြီ။ ဒါဆိုရင် လူတွေ ဘာကြောင့် လက်ဖက်ရည် သောက်ကြတာလဲ။ လက်ဖက်ရည်ထဲမှာပါတဲ့ ကဖင်း caffeine ဓာတ်က လူရဲ့ ဗဟိုအာရုံ ကြောစနစ်ကို နိုးဆွပေးတာမို့ လူကို လန်းဆန်းတက်ကြွစေတယ်။ ခံစားမှု ကောင်းစေတယ်၊ အားအင်သစ်တွေ ဖြစ်ပေါ်လာစေပြီး ပျော်ရွှင်မှု ကိုလည်း ဖြစ်စေပါတယ်။ ဒါ့အပြင် antioxidants လို့ခေါ် တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ် ပါတယ်။ ဒီပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ် ထဲမှာ ကင်ဆာမဖြစ်အောင် တားဆီး ကာကွယ် ပေးတယ်။ လေ့လာမှုတွေ အရ လက်ဖက်ရည်သောက်တဲ့ အကျင့်ရှိတဲ့ လူမျိုးတွေမှာ အစာရေမျို၊ အူမကြီး၊ အစာအိမ်နဲ့ အခြားသော အင်္ဂါပစ္စည်းကင်ဆာ ဖြစ်ပွားမှု လျော့ နည်းတာ ကို တွေ့ထားရပါတယ်။ ရင် သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဖြစ် ပွားမှုကိုလည်း ကာကွယ်နိုင်ကြောင်း အထောက်အထားတွေ တွေ့နေရပြီ ဖြစ်ပါတယ်။
ဓာတ်တိုးမှုကို ကာကွယ်ပေးတဲ့ အတွက် နှလုံးနဲ့ သွေးကြောရောဂါ များ မဖြစ်အောင်လည်း ကာကွယ်ပေး နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အရိုးသိပ်သည်းဆများလာစေတဲ့အတွက် အရိုးပါး ရောဂါ မဖြစ်အောင် ကာကွယ် တယ်။ Cognitive functian လို့ ခေါ်တဲ့ လူတစ်ယောက်ရဲ့ ထိုးထွင်း သိမြင်နိုင်မှု ဥာဏ်စွမ်းအားကိုလည်း ကောင်းစေပါတယ်။ မေ့ထားလို့မရတဲ့ အကျိုး ကျေးဇူးတွေ ကတော့သွားပိုးစား ရောဂါမဖြစ်အောင် ကာကွယ်ခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းပေး နိုင်တဲ့ အစွမ်းတွေပါပဲ။ လက်ဖက် ခြောက်နဲ့ ပတ်သက်တဲ့ သုတေသန တွေ နိုင်ငံတကာက သိပ္ပံပညာရှင် တွေ ပါဝင်တဲ့ ဆွေးနွေးစည်းဝေးပွဲ နှီးနှောဖလှယ်ပွဲတွေကို ပြုလုပ်ခဲ့ကြပြီး လက်ဖက်ခြောက်သည်ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာ တစ်ခု အဖြစ် ကျန်းမာရေးပညာရှင်များက လက်ခံ ထားကြပြီး ဖြစ်ပါတယ်။ လက်ဖက်ပင်အနေနဲ့ အမျိုးအစား ပေါင်း ၁၅၀ဝ လောက် ရှိပေမယ့် လက်ဖက်ခြောက်အဖြစ် ထုတ်လုပ်တဲ့ အခါ ထုတ်လုပ် ပုံနည်းစနစ်အရ အမျိုး အစား (၃) မျိုးပဲ ရှိပါတယ်။
Black tea လို့ခေါ်တဲ့ အမျိုး အစားကတော့ လက်ဖက်ရွက်အစိုကို ခူးဆွတ်ပြီး နည်းနည်းထုဖိလိုက်တယ်။ ပြီးတော့ အလိပ်ကလေးတွေ လုပ်ပြီး နာရီပေါင်းများစွာ ပစ်ထားလိုက်တယ်။ oxidized ဓာတ်တိုးသွားစေတယ်။ တစ်နည်းအားဖြင့်ပြောရရင် ferment အချဉ်ဖောက်လိုက်တာ ဖြစ်ပါတယ်။ ပြီးတော့မှ အခြောက်လှမ်းကာ လက် ဖက်ခြောက် ဖြစ်လာခြင်းဖြစ်တယ်။ ဒုတိယ အမျိုးအစားကတော့ တစ်ဝက်တစ်ပျက် oxidized ဓာတ် တိုးစေခြင်းဖြစ်တယ်။ ပြီးတော့ အခြောက်လှမ်းတယ်။ ဒီအမျိုးအစား ကို Oo Long Tea လို့ခေါ်လိုက်တယ်။ တတိယ အမျိုးအစား ကတော့ လူ သိများတဲ့ Green tea ပါပဲ။ ဒီလက် ဖက်ခြောက်ရဖို့အတွက် လက်ဖက် ညွန့် လတ်လတ်ဆတ်ဆတ်ကလေး တွေကို လက်ဖက်ပင်ခြုံတွေကြားမှာ တိုးဝှေ့ ရှာဖွေခူးဆွတ် ယူရတယ်။ ခူးပြီး တာနဲ့ မိနစ်ပိုင်းအတွင်း ချက်ချင်းလို လို ရေနွေးနဲ့ ပေါင်းလိုက်တယ်။
ပြီး တော့ အပူဓာတ်နဲ့ အခြောက်ခံပြီးရင် ထုပ်ပိုး packing လုပ်ရတာပဲ။ ဒါ့ကြောင့် green tea လက် ဖက်ခြောက်ဟာလတ်ဆတ်တဲ့အတွက် antioxidants ဆိုတဲ ဓာတ်တိုးဆန့် ကျင်ပစ္စည်း တွေ အများကြီး ပါဝင် တယ်။ စားသောက်ကုန်ဆိုင်ရာနည်းပညာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာ သည်နှင့်အမျှ လက်ဖက်ခြောက်ကို ထုတ်လုပ်ရာမှာလည်း ပိုပြီး ကောင်း မွန်အောင် အာနိသင်အသစ်တွေပါ ရရှိလာအောင် စီမံဆောင်ရွက်လာခဲ့ ကြပါတယ်။ အဲဒီလို အသစ်တီထွင်ဖန်တီး ထုတ်လုပ်ရောင်းချကြတဲ့ အထဲမှာ လက်ဖက်အဖြစ် သဘာဝ ဆေးဖက်ဝင် (Herb)အပင်မှ ရရှိသော အနှစ် extracts များကိုပါ ပေါင်းစပ်ထည့် သွင်းထုတ်လုပ်လိုက်တဲ့အခါမှာ ကျန်း မာရေးဆိုင်ရာ အကျိုးကျေးဇူးအသစ် တွေကိုပါ ထပ်မံရ ရှိလာ စေပြန်ပါ တယ်။ နမူနာအားဖြင့် ပြောရရင် Gymnema လို့ခေါ်တဲ့ သဘာဝ ဆေးဖက်ဝင် အပင်က အနှစ်ကို ထုတ်ယူပြီး green tea နဲ့ ပေါင်း စပ်ကာ ထုတ်လုပ်ထားတဲ့ သဘာဝ ဆေး လက်ဖက် ခြောက်ထုပ်ဆိုရင် လက်ဖက်ရည်ရဲ့ အကျိုး အာနိသင် များအပြင် သွေးတွင်း သကြားဓာတ် ထိန်းညှိလျှော့ချပေးနိုင်တဲ့ အစွမ်း လည်းရှိတာကို တွေ့ရပါတယ်။
အဲဒီ သဘာဝဆေးဖက်ဝင်ပစ္စည်းက သကြား (ဂလူးကို့စ်) မော်လီကျူးများ နှင့် ဆင်တူတဲ့အတွက် သကြားစုပ်ယူမှု ပြုတဲ့နေရာမှာ သွားရောက်အစားထိုး ဝင်ရောက်က ပိတ်ဆို့ ပေးလိုက်ခြင်း အားဖြင့် သကြားများ သွေးအတွင်း လွယ်လွယ်နဲ့ မရောက်အောင် တားဆီးပေးနိုင်ခြင်း ဖြစ်ပါတယ်။ ဒီအာနိသင်ကတော့ ဆီးချိုသွေးချို ရောဂါရှိသူများ အတွက်ကော ကိုယ် အလေးချိန် ထိန်းသိမ်းလိုသူများ အတွက်ပါ အကျိုးကျေးဇူးရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ဖက်ရည် သောက်ခြင်းဟာ လူ့ခန္ဓာကိုယ်ရဲ့ စိတ် ရောကိုယ်ပါ ကျန်းမာရေးနဲ့ ညီညွတ် စေတယ်။ ဒီထက်ပိုပြီး သဘာဝဆေး လက်ဖက်ရည် သောက်ခြင်းကတော့ ပိုမိုပြီး ထူးခြားတဲ့ ကျန်းမာရေးအကျိုး ကျေးဇူးတွေ ပေးနိုင်မယ်ဆိုတာ တင် ပြရင်း နိဂုံးချုပ် လိုက်ရပါ တယ်။

1 comment:

မေသိမ့်သိမ့်ကျော် said...

ှဗဟုသုတတွေအများကြီးရခဲ့ပါတယ်ရှင်။ လက်ဖက်ကိုတော့ ငယ်ငယ်တည်းက အသည်းစွဲကြိုက်ခဲ့တာပါ။ ရေနွေးကြမ်းကလည်းအမြဲတည်ခင်းနေကျဆိုတော့ အခုဆို အများကြီး သိသွားလို့ ပိုလို့တောင် တန်ဖိုးထားသွားမိတယ်။

ခင်မင်လေးစားလျက်