Pages

Wednesday 1 June 2011

အမေရိကန် စစ်ခွေးများ

, 30 May 2011 16:04 မောက္ခ နိုင်ငံတကာသတင်း

အမေရိကန် ခွေးများမှာ အမေရိကန် စစ်သားများနှင့်အတူ ပြည်တွင်းစစ်၊ ပထမ ကမ္ဘာစစ်မှ စတင်ပြီး စစ်မြေပြင်တွင် နှစ်ပေါင်းရာချီ တိုက်ပွဲများ ၀င်ခဲ့ကြသည်။ သို့သော် ထိုအချိန်က အပျော်တမ်း
တိုက်ပွဲဝင် စစ်ခွေးများသာ ဖြစ်သည်။ ၁၉၄၂ နှစ် ရောက်မှ အမေရိကန် စစ်တပ်တွင် တရားဝင် စစ်သင်တန်းများ ပေးခဲ့ပြီး စစ်မှုထမ်းကြသည်။
ယနေ့ အီရတ်နှင့် အာဖဂန်နစ္စတန် စစ်မြေပြင်တွင် အမေရိကန် စစ်သားများနှင့်အတူ စစ်ခွေးများစွာ တာဝန်ထမ်းဆောင် နေကြသည်။ ၂၀၁၀ ခုနှစ်တွင် ကမ္ဘာအနှံရှိ အမေရိကန် စစ်တပ်များတွင် အထူး လေ့ကျင့်ပေးထားတဲ့ ခွေး ၂၈၀၀ ကျော် စစ်မှုထမ်းနေသည်။ ဆက်လက်ပြီး ခွေးအများအပြား ကိုလည်း စစ်မြေပြင် သင်တန်းများ လေ့ကျင့်ပေးလျက် ရှိသည်။
အထက်ပုံတွင် မတ်လ ၁ရက်နေ့က မက္ကစီကို ပင်လယ်ကွေ့ စစ်ရေး လေ့ကျင့်မှုတွင် အမှတ်  ၁၀ အထူးတပ်ဖွဲ့မှ အမေရိကန် စစ်သားတစ်ဦးနှင့်အတူ ရဟတ်ယာဉ်ပေါ်မှ ခုန်ချနေသည့် စစ်ခွေး။


မကြာခင်က ပါကစ္စတန် အိုစမာ ဘင်လာဒင် စစ်ဆင်ရေးတွင် အမေရိကန် ကွန်မန်ဒို ၇၉ ဦးနှင့်အတူ မျက်မှန်တပ် အဆင့်မြင့် ခွေးကွန်မန်ဒို တစ်ကောင် ပါဝင်ခဲ့သည်။



အိုစမာ ဘင်လာဒင့် နေအိမ်ထဲ အမေရိကန် ခွေးတစ်ကောင် ဘယ်လို ရောက်ခဲ့သလဲ ဆိုတာ မေးနေစရာမလို။ MH-60s ဟယ်လီကော်ပတာ ပေါ်မှ အထူးတပ်ဖွဲ့က စစ်ဆင်ရေးအတွက် ခေါ်သွားခြင်း ဖြစ်သည်။ အမေရိကန် လေတပ်တွင် လေဟုန်စီး မိုက်ရူးရဲ ခွေးစစ်သည်တော်ပေါင်း မြောက်များစွာ ရှိသည်။
ပုံတွင် အမေရိကန် နေဗီး ဆီးလ် တပ်ဖွဲ့မှ ကွန်မန်ဒို Mike Forsythe နှင့် သူ့ စပယ်ရှယ်ခွေး Cara တို့ ပေ ၃၁,၀၀၀ အမြင့်မှ လေထီးနှင့် ခုန်ချနေစဉ်။ အမြင့်ဆုံး လေထီးစီး လူနှင့်ခွေး အဖြစ် ကမ္ဘာ့ စံချိန် တင်ခဲ့သည်။


ခွေးတစ်ကောင်ရဲ့ ဦးနှောက်တွင် အနံခံ ဂန္ဓာရုံက အဓိက လွှမ်းမိုးထားသည်။ ခွေးတစ်ကောင်က သူ့နှာခေါင်းကနေ အနံပေါင်း ၂၂၅ သန်း အထိ ခံယူနိုင်စွမ်း ရှိသည်။ သူတို့ ဦးနှောက်မှ အနံခံနိုင်မှုမှာ လူသားထက် အဆ ၄၀ ကျော် ပိုသည်။ စက္ခုအာရုံတွင်လည်း လူတွေ မမြင်နိုင်တဲ့အရာကို ခွေးက အနံခံမှုမှ တဆင့်  မြင်နိုင်စွမ်း ရှိသည်။
အထက်ပုံတွင် ၂၀၀၉ ဇူလိုင်လ အာဖဂန် စစ်မြေပြင်တွင် အမေရိကန် မရိန်းတပ်ဖွဲ့တစ်ဖွဲ့နှင့်အတူ တာဝန်ထမ်းနေသည့် စစ်ခွေး တစ်ကောင်ကို တွေ့ရစဉ်။


စစ်ရေး တာဝန်ယူယူနေတဲ့ ခွေးများကို စစ်သားများကဲ့သို့ ယူနီဖောင်း၊ ကြည်ကာအင်္ကျီနှင့် အဆင့်မြင့် ကရိယာများပါ တပ်ဆင် ပေးထားသည်။


စစ်ခွေးများအတွက် ကြည်ကာအင်္ကျီ၊ ညကြည့် ကင်မရာ၊ မုန်တိုင်းများကြား လေဒဏ် ရေဒဏ် သဲဒဏ် ခံနိုင်မည့် မျက်မှန်၊ အသက်ကယ် အထူး ယူနီဖောင်းများကို စစ်လက်နက် ကုမ္ပဏီများတွင် နေဗီ ဆီးလ်မှ အပ်ခဲ့ရသည်။


စစ်ခွေးကို သေအောင်အထိ လေ့ကျင့်မှုမပေးရဆိုသည်မှာ ပြဌာန်းချက် ဖြစ်သည်။ အဆောက်အဦ တစ်ခု အတွင်း အမိန့်ပေးစရာမလိုဘဲ ရန်သူကို ရှာဖွေတိုက်ခိုက်နိုင်ဖို့ ဖြစ်သည်။ အထက်ပုံတွင် ၂၀၁၀ အောက်တိုဘာ ၁၀ ရက်နေ့က အာဖဂန်စစ်စခန်း တစ်ခုတွင် အမေရိကန် စစ်သားတစ်ဦးမှ ခွေးကို လေ့ကျင့်ပေးနေစဉ်။


စစ်ခွေးများနှင့် သူတို့ကို ကိုင်တွယ်သူများမှာ သံယောဇာဉ် အလွန်ကြီးကြသည်။ ခွေးတွေက ရန်သူကို သဲသဲမဲမဲ တိုက်ခိုက်တတ်သလို၊ တပ်သားများ အပေါ်တွင် အသက်ပေး ကာကွယ်စောင့်ရှောက်ကြသည်။ အာဖဂန် စစ်မြေပြင်တွင် အမေရိကန် စစ်သားအချို့ကို အသက်ပေး ကာကွယ်သွားကြသည့် ခွေးသူရဲကောင်းများ ရှိသည်။
ပုံတွင် စစ်ခွေး ကိုင်တွယ်သူ အမေရိကန် ဆာဂျင်တစ်ဦးက လေ့ကျင့်အပြီး  သူ့ခွေးကို ထမ်းခေါ်ပြန်လာစဉ်။


ပြီးခဲ့တဲ့ သမ္မတ အိုဘားမား အာရှ ခရီးစဉ်တွင် ဗုံးအနံခံ အဆင့်မြင့်ခွေး ၃၀ ကျော် ချထားခဲ့သည်။ ထို ခွေးအဖွဲ့မှာ အာရှရှိ အကောင်းဆုံး ကြယ်ငါးပွင့် ဟိုတယ်များနှင့် မာစီးဒီးကားများထဲတွင် ဇိမ်ကျကျနေပြီး တာဝန် ထမ်းဆောင်ခဲ့သည်။
အထက်ပုံတွင် ၂၀၁၀ ဒီဇင်ဘာတွင် အာဖဂန်နစ္စတန် ကျေးရွာတစ်ရွာ အဆောက်အဦပျက်ထဲ ဆာဂျင်တစ်ဦးနှင့်အတူ စစ်ခွေးမှ ဗုံးရှာဖွေနေစဉ်။


၂၀၁၀ ခုနှစ် အောက်တိုဘာ အမေရိကန်နှင့် မဟာမိတ်တပ်များ အာဖဂန်နစ္စတန် ရှေ့တန်း စစ်ဆင်ရေးတွင် စစ်ခွေးများ လိုက်ပါတာဝန် ထမ်းဆောင်ခဲ့သည်။


၂၀၁၀ ခုနှစ် အာဖဂန် စစ်စခန်းတစ်နေရာတွင် ရဲဘောရဲဘက်များ အတူ အနားယူနေကြစဉ်။


၂၀၀၉ စက်တင်ဘာတွင် လေထီးဖြင့် ပေ ၁၂၅၀၀ မှ အတူ ခုန်ချ လေကျင့်နေစဉ်။


စစ်ခွေးများနှင့် နေ့စဉ် ထိုသို့ လေ့ကျင့်ကြသည်။


၂၀၁၀ ဇွန်လ အာဖဂန်စစ်မြေပြင်တွင် ရန်သူကို အတူ ချောင်းမြောင်းနေကြစဉ်။
မောက္ခ နိုင်ငံတကာသတင်း
Source: http://www.foreignpolicy.com/articles/2011/05/04/war_dog?page=full

No comments: