Pages

Sunday 5 June 2011

မန္တလေးထိ ခြေဆန့်လာတဲ့ ရန်ကုန် 800 MHz

မန္တလေး မှာတော့ ဒီတစ်ပတ် အတွင်း သိရသမျှ iPhone 4 အဖြူ၊ Sony Ericsson, Xperia Arc, Sony Ericsson Play, Sony X8, XTC Desire S စတဲ့ ဟန်းဆက် တွေ အဝယ်လိုက်နေတယ်လို့ ဖုန်း ဆိုင်တွေဆီကနေ သိရပါတယ်။ Apple ရဲ့ ထုတ်ကုန် ဖြစ်တဲ့ iPhone 4 အဖြူဟာ ဈေးကွက်ထဲကို အလုံးရေ အကန့် အသတ်နဲ့ ဝင်ရောက် လာတာမို့ တချို့ဆိုင်တွေမှာ ဈေးနှုန်း သာရှိပြီး ပစ္စည်းမရှိတော့တဲ့အထိ ဖြစ်ခဲ့ရ တယ်လို့သိရပါတယ်။ iPhone 4 အဖြူဟာ 16 G နဲ့ 32 G ဆိုပြီး နှစ်မျိုး ဝင်လာရာမှာ 32 G ရဲ့ တန်ဖိုး က (၇၈၀,ဝ၀ဝ)ကျော်ရှိပါတယ်။ 16G ရဲ့ တန်ဖိုး ကတော့ iPhone 4 အနက် 32 G တန်ဖိုးနဲ့ တူလုနီးပါးရှိ တယ်လို့ ဆိုပါ တယ်။ iPhone 4 အနက် 32 G က(၆၇၀ဝ၀ဝ) ကျော်ရှိပြီး 16 G က(၅၆၀ဝ၀ဝ) ကျော်ရှိ တယ်။ Sony Player ကတော့ ဂိမ်း ဝါသနာရှင် တွေ အတွက် အကြိုက် တွေ့စေပြီး (၄၆၀ဝ၀ဝ) ကျော်တန်ဖိုး ရှိတယ် လို့ဆို ပါတယ်။
CDMA (ငါးသိန်းတန်) တွေ ချထားပေးမှုကို ရပ်ဆိုင်းလိုက် တဲ့အတွက်ကြောင့် CDMA ဟန်း ဆက်ဈေးကွက်အပေါ် ရိုက်ခတ်မှု သိပ်မရှိဘူးလို့သိရပါတယ်။ GSM ငါးသိန်းတွေ ဆက်ပြီးချပေးနေတာ ကြောင့် GSM ဟန်းဆက်ရောင်း အားကတော့ နည်းနည်းတက်လာ တယ်လို့ ဖုန်းဆိုင်တွေကပြောကြပါ တယ်။ ဖုန်းဟန်း ဆက်ဈေးကွက်တွေ ထက် ဒီတစ်ပတ်မှာတော့ ဖုန်း SIM Card တွေရဲ့ ဈေးကွက်က ပိုပြီးစိတ် ဝင်စားစရာကောင်းနေတာကို တွေ့ ရတယ်။ ပြီးခဲ့တဲ့ ဟိုး အပတ်တွေက CDMA ငါးသိန်းတန်တွေ မန္တလေး မှာချထားပေးတာကို ရပ်ဆိုင်းလိုက် တာကြောင့် ၉၁၀နံပတ်နဲ့ ၄၇နံပါတ် တွေရဲ့ ဈေးဟာ အဆမတန် တက် သွားတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမဲ့ ထူး ခြားတာက ရန်ကုန် CDMA 800 MHz ဖုန်းတွေဖြစ်တဲ့ ၇၃နံပါတ်တွေ မန္တလေးဈေးကွက်ကို သိသိသာသာ ထိုးဖောက်လာခြင်းပဲဖြစ်ပါတယ်။ ၇၃ ရဲ့ဈေးဟာ မန္တလေး 800 MHz ဈေးထက် သက်သာလျော့ နည်းနေတာမို့ ဈေးကွက်ရဲ့ စိတ်ဝင် စားမှုကို ခံနေရပါတယ်။ မန္တလေး 800 MHz ဖြစ်တဲ့ ၉၁၀ရဲ့ ဈေးနှုန်း ဟာ ဂဏန်းလှတာ၊ မလှတာပေါ်မူ တည်ပြီး ၇၂၀,ဝ၀ဝ ၀န်းကျင်မှာ ရှိနေ ချိန်မှာ ရန်ကုန် 800 MHz ဖြစ်တဲ့ ၇၃ကတော့ ၅၄၀,ဝ၀ဝ၀န်းကျင်မှာပဲ ရှိနေပါ တယ်။ ဂဏန်းလှရင်တော့ ၆၁၀,ဝ၀ဝ လောက်ထိရှိ တယ်လို့ဆိုပါ တယ်။ မန္တလေး ၄၅၀ ဖြစ်တဲ့ ၄၇ နံပါတ်တွေကတော့ ပိုပြီးဈေးစွာနေ တာတွေ့ရ ပါတယ်။ ဂဏန်း ပေါ်မူ တည်ပြီး (၆၀ဝ,ဝ၀ဝ) ကျော်ကနေ (၈၀ဝ,ဝ၀ဝ)အထိကိုရှိနေပါတယ်။
နေပြည်တော် ၄၉တွေကတော့ မန္တလေး လောက်ဈေးမရှိဘဲ ၅၈၀,ဝ၀ဝကနေ ၆၀ဝ,ဝ၀ဝ ကျော်အထိပဲ ရှိပါတယ်။ တချို့ဆိုင်တွေမှာဆို ၄၉ နံပတ်တွေ ကို တင်မ ထားတာ တွေ့ရတယ်။ GSM ငါးသိန်းတွေကတော့ ဆက် ပြီးချပေးနေတာမို့ ဈေးကွက်အပေါ် လှုပ်ခတ်မှုသိပ်မရှိဘဲ ၅၃၀,ဝ၀ဝ က နေ ၅၆၀,ဝ၀ဝ ၀န်းကျင်သာ ရှိနေတယ်။
အောင်မှိုင်းဆန်း

No comments: