Pages

Sunday 25 March 2012

လာမည့် နှစ်တွင် နှစ်သိန်းဂျီဖုန်း ဈေးထပ်ကျမည်

လာမည့် နှစ်တွင် နှစ်သိန်းဂျီဖုန်း ဈေးထပ်ကျမည်ယခုနှစ်တွင် ရောင်းချပေးမည့် ဂျီဖုန်းလေးသန်းအား ကျပ်နှစ်သိန်းနှုန်းဖြင့် သာ ရောင်းပေး မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင် နီ ယာ ချုပ် တစ်ဦး က ပြောသည်။
“စီမံကိန်းအလိုက် ဖုန်းတန်ဖိုးတွေ လျှော့ချပေးမယ်ဆိုပေမယ့် တစ်နှစ်အတွင်း ရောင်းချပေးနေတဲ့ တန်ဖိုးကိုတော့ လျှော့ပေးမှာ မဟုတ်ပါဘူး။ ဥပမာ ဒီနှစ်အတွင်း ကျပ် နှစ်သိန်းကို ပထမအရစ်၊ ဒုတိယ အရစ်ဆိုပြီး ရောင်းတယ်။

Thursday 22 March 2012

အခွန်အခ ၏ အခန်းကဏ္ဍ

အခွန်အခ ၏ အခန်းကဏ္ဍ

Mon, Mar 19, 2012
မြန်မာနိုင်ငံ၏အခွန်အခအကြောင်း ပြောလျှင် အစိုးရနှင့် ၀န်ထမ်းများရော၊ သာမာန်ပြည်သူများဘက်ကပါ ၀မ်းနည်း ဖွယ်ကောင်းလှသည်။
အစိုးရသည် အခွန်နှင့်အခမျိုးစုံကို နှစ်စဉ်တိုး၍ တိုး၍ကောက်ခိုင်းခဲ့သော် လည်း ဘယ်တော့အခါမျှ အပြည့်အ၀ ရသင့်သလောက် မရခဲ့ပါ။ အထူးသဖြင့် ၁၉၆၂ခုနှစ်နောက်ပိုင်းပြည်သူပိုင်စနစ် ကြောင့်စီးပွားရေးသည် ပုံမှန်မဟုတ် တော့ပဲ အခွန်ကောက် အခပိုင်းဆိုင်ရာ မည်သို့ ကောက်ရမည်မသိအောင် မျက် စိလည်ခဲ့ရသည်။ ၁၉၉၈ ခုနှစ်နောက်ပိုင်း ကျတော့ စီးပွားရေးမင်းသားကြီးများ ပေါ်လာကာ အခွန်နှင့်သူတို့မဆိုင်သကဲ့ သို့လုပ်နိုင်ခဲ့ပြန်သည်။
အစိုးရက အခွန်အခကို အပြည့်အ ၀မရမှတော့ ဘတ်ဂျက်တွင်ဘဏ္ဍာရေး ၀င်ငွေ  Revenue အလွန်လျော့နည်း တော့သည်။

Friday 9 March 2012

Viper ဆော့ဝဲကို အသုံးပြု၍ ပြည်ပသို့ ဖုန်းအခမဲ့ ခေါ်ဆိုနိုင်ပြီ


Viper ဆော့ဝဲကို အသုံးပြု၍ ပြည်ပသို့ ဖုန်းအခမဲ့ ခေါ်ဆိုနိုင်ပြီ

9/Mar/2012      
                                                                                                                                           

Viper ဆော့ဝဲကို အသုံးပြု၍ ပြည်ပနိုင်ငံများသို့ ဖုန်းအစမ်းခေါ်ဆိုနိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မိုဘိုင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြထားသည်။ ပြည်တွင်းမှ နိုင်ငံခြားသို့ ဖုန်းအခမဲ့ခေါ်ဆိုနိုင်ရန် အင်တာနက် ကွန်နက်ရှင် (Wifi 3 G) များ ရရှိရန် လိုအပ်ပြီး Viper ဆော့ဝဲများကို မိမိမိုဘိုင်းဖုန်းထဲတွင် သွင်းထားရမည်ဖြစ်ပြီး Viper for i Phone ဆော့ဝဲရယူရန်