Pages

Thursday 22 March 2012

အခွန်အခ ၏ အခန်းကဏ္ဍ

အခွန်အခ ၏ အခန်းကဏ္ဍ

Mon, Mar 19, 2012
မြန်မာနိုင်ငံ၏အခွန်အခအကြောင်း ပြောလျှင် အစိုးရနှင့် ၀န်ထမ်းများရော၊ သာမာန်ပြည်သူများဘက်ကပါ ၀မ်းနည်း ဖွယ်ကောင်းလှသည်။
အစိုးရသည် အခွန်နှင့်အခမျိုးစုံကို နှစ်စဉ်တိုး၍ တိုး၍ကောက်ခိုင်းခဲ့သော် လည်း ဘယ်တော့အခါမျှ အပြည့်အ၀ ရသင့်သလောက် မရခဲ့ပါ။ အထူးသဖြင့် ၁၉၆၂ခုနှစ်နောက်ပိုင်းပြည်သူပိုင်စနစ် ကြောင့်စီးပွားရေးသည် ပုံမှန်မဟုတ် တော့ပဲ အခွန်ကောက် အခပိုင်းဆိုင်ရာ မည်သို့ ကောက်ရမည်မသိအောင် မျက် စိလည်ခဲ့ရသည်။ ၁၉၉၈ ခုနှစ်နောက်ပိုင်း ကျတော့ စီးပွားရေးမင်းသားကြီးများ ပေါ်လာကာ အခွန်နှင့်သူတို့မဆိုင်သကဲ့ သို့လုပ်နိုင်ခဲ့ပြန်သည်။
အစိုးရက အခွန်အခကို အပြည့်အ ၀မရမှတော့ ဘတ်ဂျက်တွင်ဘဏ္ဍာရေး ၀င်ငွေ  Revenue အလွန်လျော့နည်း တော့သည်။ ထိုအခါဝန်ထမ်းလစာတိုး ပေးရေးတွင် အခက်အခဲကြုံ၍ ဆေးမြီး တိုနည်းနှင့် ငွေရှာတိုးပေးခြင်းဖြင့် ကုန် ဈေးနှုန်းတက်ကာ ၀န်ထမ်းလစာမ လောက်ပဲဖြစ်ရပြန်သည်။ ၀န်ထမ်းများ လစာနှင့် ဖူလုံသောဘ၀ကိုဘယ်သောအ ခါမျှမရတော့။ အလားတူသာမာန်ပြည် သူများလည်း ကုန်ဈေးနှုန်းဒဏ်ကို ခါး စည်းခံကြရသည်။ ပြည်သူတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးများ ကို ဘတ်ဂျက်လိုငွေပြသည့် အစိုးရက ပစ်ထားရတော့သည်။ မျက်ကွယ်ပြုလျစ် လျူရှုကာ သောင်ပြင်လွှတ်သလို လွှတ် ထားလိုက်ရသည်မှာ မဖြစ်သင့်ဆုံးဖြစ်ရပ် များပေ။
ဝန်ထမ်းများသည် အခွန်ဆောင်ရ မည့်ဝင်ငွေရရှိသည့် လမှစ၍ အခွန်ကို မလွတ်တမ်း မလွဲမသွေဆောင်ခဲ့ကြရ သည်။ ခေတ်အခါအလိုက်၊ လစာဝင်ငွေ မည်မျှရပြီိဆိုလျှင် ၁၀ ရာခိုင်နှုန်းအခွန် ဆောင်ရမည်ဟု သတ်မှတ်ချက်ရှိရာ၊ ထို သို့အခွန်ဆောင်ရန် ဆိုင်ရာဌာန၏ စီမံ ခန့်ခွဲရေးဌာနက တွက်ချက်ပြီးဘတ်ဂျက် ဌာနသို့ ပို့ရသည်။ ဘတ်ဂျက်ဌာနက လ စာထုတ်ပေးတိုင်း ဆောင်ရမည့် အခွန်ကို တစ်ခါတည်း ဖြတ်တောက်ပြီးမှသာ လစာထုတ်ပေးခဲ့သည်။ မယားစရိတ်၊ သားသမီးစရိတ်၊ စသည်နှုတ်ပြီးအခွန် ဆောင်ရန်ငွေပမာဏ အထိဝင်ငွေရှိသေး မှဆောင်ရ၍ စနစ်တကျရှိပါသည်။ လူ ပျိုကြီး၊ အပျိုကြီးဆို ရုံးချုပ်စာရေးကြီး ပင်ဘားဆုံးလျှင် အခွန်မလွတ်ခဲ့။ အရာ ရှိဆို ဇနီး၊ သားသမီးသုံးယောက်ရှိသည့် တိုင် လက်ထောက်ညွှန်ကြားရေးမှူးဖြစ် သည်နှင့် အခွန်မလွတ်ခဲ့။ ဆောင်ကို ဆောင်ခဲ့ကြရပါသည်။
အခွန်ဆောင်ဝန်ထမ်းနှင့် အခွန် ဆောင်နိုင်ငံသားတိုင်းသည် မိဘပြည်သူ များအဖြစ် မိဘပြည်သူများအဖြစ် မိဘ နေရာသို့ရရှိပါတော့သည်။ ဆိုလိုသည် မှာ အစိုးရ၀န်ထမ်းကြီးငယ်အားလုံးသည် ထိုအခွန်ဆောင်နိုင်ငံသားများထံမှရရှိ သည့်ဝင်ငွေဖြင့် အစိုးရယန္တရားကြီးလည် ပတ်ရသည်ဖြစ်သည်။ ထိုအခွန်ထမ်းနိုင်ငံ သားများ၏ ငွေဖြင့်လစာရ စားသောက် နေထိုင်ကြရသည်ဖြစ်သည်။ ထိုနိုင်ငံသား ပြည်သူများက ထိုသို့လစာပေး၍ရွေး ကောက်ပြီး မိမိတို့ကိုယ်စားအစိုးရအဖွဲ့ ၀င်အဖြစ် နိုင်ငံတာဝန်၊ တိုင်းပြည်နှင့် လူမျိုးတာဝန်၊ ပြည်သူ့တာဝန်ကိုထမ်း ဆောင်စေခြင်းဖြစ်သည်။ ထို့ကြောင့် အစိုးရကိုကျွေးမွေးစောင့်ရှောက်နေသော အခွန်ထမ်းတိုင်းသည် သားသမီးများကိုေ ကျွေးမွေးစောင့်ရှောက်သကဲ့သို့ ဖြစ်၍၊ မိဘအရာ မြောက်ကုန်သည်။
ဤအချက်ကို မေ့လျော့နေသော အစိုးရနှင့် အစိုးရ၀န်ထမ်းကြီးငယ်တို့က မိမိတို့သာ အမိအဖအဖြစ် ပြည်သူကို လုပ်ပေးနေသည်ဟု လွဲမှားစွာဘ၀င်မြင့် ကာ၊ သူတို့လုပ်ပေးနေ၍သာ ပြည်သူ တွေပညာသင်ရ၊ ဆေးကုရ၊ တံတားဖြတ် သွားလာရသည်ဟုအယူလွဲကာ လုပ်ပိုင် ခွင့်အာဏာကို ယစ်မူးပြီး ကျေးဇူးရှင်ပြည် သူများကို အထက်စည်းမှမောက်မာစွာ ဆက်ဆံခဲ့သည်။ ပြည်သူတို့ထမ်းဆောင် သောအခွန်အခငွေကို စားသုံးလုပ်ကိုင်ပြီး ကောင်းလှသော ရုံးခန်း၊ ကောင်းလွန်း သောကားကြီးများကို စီးကာပြည်သူကို သားသမီးကဲ့သို့ ဆက်ဆံကြတော့သည်။ မိဘရင်းလိုဆိုတော်သေး၊ ပထွေးလိုဗိုလ် ကျစိုးမိုးလေတော့သည်။
မြန်မာနိုင်ငံတွင် သမိုင်းတစ်ကွေ့၌ ဤသို့တွေ့ရှိခဲ့ဖူးသည်။ အခွန်ထမ်းပြည် သူများကြိုက်သလို အခွန်အခကောက်၊ ငုံ့ခံပြီး ခြစ်ခြုတ်ကုတ်ကပ်၍ တောင်းသ မျှ၊ ညှစ်သမျှအခွန်အခကို ဆောင်ကြရ သည်။တစ်နှစ်စာကြိုပေးဟယ်ဆိုလည်း ပေး၊ နှစ်နှစ်စာအထိကြိုပေးစမ်းဆိုလည်း ပေးခဲ့ ရသည်မျိုးမျာ အခွန်ဥပဒေ၊ အခွန်စည်း မျဉ်းနှင့်ဖြောင့်ဖြောင့်ကြီးဆန့် ကျင်နေ ကြောင်းသိရပါလျက် ပေးဆိုမှ တော့ပေးကြရသည်။
သို့သော် ပေးကားပေး၏။ မရဖြစ် သူကားအစိုးရကြီးပင်ဖြစ်သည်။ အခွန်ကို ဇွတ်သာတိုးခိုင်းနေသည်။ အခွန်စနစ်တ ကျမှန်မှန်ရသင့်သလောက်ရမရဆိုသည်ကို Rude of Law စစ်ဆေးခြင်းမရှိ။ ပျောက် ဆုံးနေသည်မှာ ကြာပဲကြာလှပြီ။ အခွန် ကို အဂတိလိုက်စားသူ၊ အကျင့်ပျက်သူ လာဘ်စားသူများနှင့် ပေါင်း၍လျော့နိုင် သည်ရှောင်နိုင်သည်။ ရှေ့နှစ်များ  Preceding years (Previous annuals) တွေ ကတည်းက အခွန်ကလျော့သူ၊ ရှောင်သူ များကြောင့် အများကြီးများမှ တကယ့် အများကြီးကိုနည်းပါးလွန်းခဲ့သည်။ တိုး တိုးကောက်စေဟု အထက်က အခန်း ကျဉ်းထဲမှ စီမံပြီး ဗျူရိုခရက်လိုအမိန့်ချ တော့လည်း တိုးတိုးရအောင်နိုင်သည့် သူများကိုတစ်နှစ်ကြိုတင်ထည့်ဟယ်ဘာ ဟယ်၊ ညာဟယ်နှင့် နည်းလမ်းထွင်လုပ် ပေးကြရသည်။ ဘာပဲဖြစ်ဖြစ်အမှန်ရသင့် သောအခွန်ကားမရခဲ့ရိုးအမှန်။
အခွန်ဆိုသည် အလွန်ကျယ်ပြန့်လှ သောလုပ်နည်းဖြစ်သည်။ ရှေးပဝေသဏီ ကတည်းက မင်းဘုရင်တို့ကောက်တတ်ခဲ့ သော နိုင်ငံနှင့် နန်းတော်၏အဓိက၀င်ငွေ ဖြစ်ခဲ့သည်။ အခွန်ထမ်းရော၊ အခွန် ကောက်သူတို့ပါ မတတ်၊ မသိကြဟုဆို လျှင် ရယ်ဖွယ်ဖြစ်ပေမည်။
ဗြိတိသျှကိုလိုနီခေတ်ကို မပြော တော့။ ဖဆပလ အစိုးရခေတ်ကစား  သောက်ဆိုင်သေးသေးတွင် သွားစား လည်းပြေစာဖွင့်ပေးသည်။ ပြေစာတွင် အခွန်ဆောင်ပြီးတံဆိပ်ပါရှိသည်ကို ယနေ့အသက် ၇၀ အထိက်လူကြီးတိုင်း မြင်ဖူးကြပါမည်။ ဖျော်ဖြေရေးနှင့်စား သောက်ဆိုင်၊ ဟိုတယ်စသောလုပ်ငန်း များအတွက် အခွန်ကိုနေ့စဉ်သွားဆောင် ပေးသွင်းရသည်။ အနည်းဆုံးတစ်လတစ် ကြိမ်ပေးသွင်းရသည်။ တစ်နှစ်ကြာမှစု ပေးခြင်းမျိုးမဟုတ်။ ယခုခေတ်စတိတ်ရှိုး တွေကျင်းပပြီးနောက်နေ့ အခွန်သွား ဆောင်သည်ကို မြင်ဖူးကြပါ၏လော။
စတိတ်ရှိုးဆို၍ ကမ္ဘာကျော်အဆို တော်တစ်ဦး Platinum Album ရ(အခွေ ၁၀ သန်းကျော်လျှင်)  Super tax ခေါ် မဟာ အခွန်ဆောင်ရသည်။ ကမ္ဘာ့ဟဲဗီး ၀ိတ်ချန်ပီယံလက်ဝှေ့တစ်ပွဲနိုင်လျှင် ဒေါ် လာ ၆သန်း၊ ကမ္ဘာကျော်ရုပ်ရှင်မင်းသား တစ်ကားရိုက်လျှင် ဒေါ်လာ ၁၀သန်း၊  ကမ္ဘာကျော်ဘောလုံးသမားတစ်ခါအငှား ခံရလျှင် ဒေါ်လာသန်း ၃၀၊ ကမ္ဘာ့ဂေါက် သီးရိုက်ချန်ပီယံ တင်းနစ်ချန်ပီယံတစ်ပွဲ ပထမရလျှင် ၆သန်းစသည့်ဝင်ငွေများအ တွက် စူပါအခွန်ဆောင်ကြရသည်။ စူပါ အခွန်ဆိုသည် ၉၀ ရာခိုင်နှုန်းစသည့်ဝင် ငွေအပေါ်ဆောင်ရသည်။ ဒါဆိုဤ ပုဂ်္ဂိုလ်များ ဘယ်လောက်ရတော့မှာလဲ ဟုဆိုအံ့။ ရသော ၁၀ ရာခိုင်နှုန်းသည်ပင် သန်းနှင့်ချီသော ဒေါ်လာဖြစ်နိုင်သည်။ ဤသို့အခွန်ဆောင်သည့်အတွက် အခွန် ဆောင်သူတွင် အခွင့်ထူးရရှိသည်။
အခွန်ထမ်းတို့ရသင့်သော အခွင့် ထူးများရှိသည်။ ထိုနိုင်ငံများက ပေးထား သည်။ မြန်မာပြည်တွင်မပေး။ မိမိဘာ သာရအောင်ယူတက်သူသာရသည်။
မြန်မာပြည်တွင် အခွန်ထမ်းရသော အထူးအခွင့်အရေးဟူ၍ ရှိရန်လည်းမလို။ အဂတိဆိုသည်က အလွန်ကြီးမားစွာရပ် တည်နေသောကြောင့် Privatization ခေါ်ပုဂ္ဂလိကပိုင်စီမံချက်အရ၊ အစိုးရ စက်ရုံကြီး၊ ရုံးအဆောက်အဦးအုပ်စုကြီး ကိုစယ်လိုသည်ဆိုက အဂတိလိုက်၍ပေး လိုသူကို ရောင်းပေးလိုက်ရုံနှင့် ပြီးသွား သည်။ ဘယ်မီဒီယာ၊ ဘယ်သတင်း ထောက်မှလည်းမသိရ၊ ပွင့်လင်းမြင်သာ မှုလည်းမရှိခဲ့။ အမှန်မှာ သိန်း ၅၀၀၀ တန်ကိုဝယ်သော ဆိုသူသည်၊ သိန်း ၅၀၀၀၀ နှင့်ညီသောအခွန်ဆောင်ပြီးငွေ ရရှိပါမည်။ သိန်း ၅၀၀အခွန်ဆောင်ပြီး ဖြစ်ရပါမည်။ မြန်မာနိုင်ငံတွင်တော့ ဤ ကိစ္စကို  White Money ဟုခေါ်၍၊ ဖော် တတ်သူသာ ဖော်ကြသည်။ အခွန်တော့ ရှောင်ကြသည်။
အခွန်ဝန်ထမ်း အခွင့်ထူးပေး၊ ဦး စားပေးခြင်းဆိုသည် ပြပွဲကြီး၊ ပြိုင်ပွဲကြီး ကျင်းပလိုသူ၊ အစိုးရထံမှလေလံကြီးဆွဲ လိုသူတို့သည် အခွန်ကထိုပွဲများဆွဲ လောက်အောင် ဆောင်ထားသူမှဦးစား ပေးလုပ်ခွင့်ပြုသည်။ ကျောင်းကြီး၊ တက္က သိုလ်ကြီးကို ဒီအတိုင်းစ တည်ထောင်၍ မရ။ အခွန်တာဝန်ကျေပြီးသည့် ပမာဏ ရှိမှ လုပ်ခွင့်ပြုသည်။ ဤသည်ပင်လျှင် အခွန်ထမ်းခြင်း၏ အကျိုးကျေးဇူးဖြစ် သည်။ Rule of Law မရှိလျှင်တော့ ဘာ အခွန်မှ ပြရန်မလို။ ကိုယ့်လူဖြစ်ရင် လုပ် သာလုပ်ဆိုသည်နှင့် အားလုံးပြီး၏။
အမှန်ဝင်စစ် အခွန်သာလျှင်နိုင်ငံ တော်၏ ဘဏ္ဍာအတွက် အဓိက၀င်ငွေ ဖြစ်သည်။ အခွန်ကိုဥပဒေနှင့် အညီတိတိ ကျကျစည်းကြပ်ကောက်ခံလျှင် ဘဏ္ဍာ ငွေအားကိုးလောက်အောင်ရနိုင်သည်။ တရားမျှတမှုလည်း ရှိသည်။ Corruption ခေါ်အကျင့်ပျက်မှုကို  Rule of Law နှင့်တိုက်ဖျက်လျှင်လည်း စည်းမျဉ်းစည်း ကမ်းများက သတ်သတ်မှတ်မှတ်အစဉ် အလာကြီးစွာ ချမှတ်ရှိထားပြီးဖြစ်၍ တွက်၍ရသော ၀င်ငွေဖြစ်လာနိုင်သည်။ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးကို လည်းကမောက်ကမဖြစ်အောင်ဝင်မရှုတ် နိုင်သော အခြေကျ အနည်ထိုင်ပြီးသော ဥပဒေများ ဖြစ်သည်။
အစပိုင်းကိုပြောရသည်က ပိုဆိုး သည်။ အစဆိုသည်မှာ အဓိကအားဖြင့် အစိုးရက ၀န်ဆောင်ပေးသည့်လုပ်ငန်း များအတွက် ပြည်သူတို့ထံမှ ကောက်ခံ သောအခ Charges ကြေးငွေအကြောင်း၊ ပထမဦးတည်ဆွေးနွေးရန်ရှိသည်။
ပုဂ္ဂလိကရော၊ အစိုးရပါဝန်ဆောင် မှုလုပ်ငန်းလုပ်ပေးရပါက၊ ၀န်ဆောင်ခယူ ကြရသည်ပင်။ ဓာတ်ဆီရောင်းပေးလျှင် ဓာတ်ဆီဖိုးယူသည်။ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးလျှင် ဓာတ်အားခယူ သည်။ စာပို့ပေးလျှင်စာပို့ခယူသည်။ ဤ သို့အခယူခြင်းသည် ၀န်ဆောင်မှုအပြင် ကုန်သွယ်မှုလည်း ရှိသည်။ အစိုးရက စက် ရုံတည်ထောင်ရန် ကုန်ပစ္စည်းထုတ်လုပ် ရောင်းချလျှင် ပစ္စည်းရောင်းကြေးခယူ သည်။ ဤတွင်အခမျိုးစုံလာသည်။ အ အမှိုက်ကျုံးခ၊ ရေပေးဝေခ၊ စောင့်ရှောက် ခ၊ ဈေးရောင်းနေရာခ စသဖြင့်စုံလာ သောအခါ၊ လမ်းဖြတ်ခ၊ တံတားဖြတ်ခ၊ မြို့ဝင်ခ ဂိတ်ကြေးများလည်း ခေတ်စား ခဲ့သည်။ ယုတ်စွအဆုံးရပ်ကွက်မြို့နယ် တို့တွင် ဟိုပွဲဒီပွဲကျင်းပသည့်အတွက် လို အပ်သော ရန်ပုံငွေစ အမျိုးမျိုးပါ ပြည် သူထဲထံမှ ကောက်တတ်လာသည်။
ပြည်သူတို့အား၊ အခမျိုးစုံ၏ဖိစီးမှု ၀န်ကြောင့် ၀ပ်ဆင်းပိပြားကုန်ကြရလေ သည်။ နိုင်ငံခြားစီးပွားရေး ပညာရှင်တစ် ဦး၏ အစီရင်ခံစာတစ်စောင်တွင် မြန်မာ ပြည်သူတို့အများဆုံးပေးဆောင်နေရသည် မှာ ဘာမှန်းညာမှန်းမသိအောင်များလွန်း သောအခများသာ ဖြစ်သည်ဟူ၏။ ဤ အခများကြောင့် ကုန်ဈေးနှုန်းတက်စေ သည်။ ဤအခများကြောင့် အရောင်းအ ၀ယ်၊ သယ်ယူပို့ဆောင်ရေးကို ကမောက် ကမဖြစ်စေသည်။ စီးပွားရေးလောက တစ်ခုလုံးကို သွားရိုက်ခတ်သည်။
ပြည်သူတို့ဆင်းရဲတွင်းနက်ရခြင်း၏ အခြေခံအကျဆုံးလက်သည် တရားခံ သည်အခတွေပိအောင် ဖိ၍နေရာတကာ ၌ ကောက်ယူနေခြင်း၊ အခနှုန်းပို၍ပို၍ တိုးမြှင့်ပြီး ကောက်ခံနေခြင်းကြောင့်ဖြစ် သည်။ ရသမျှဝင်ငွေနှင့် မမျှမတမကာမိ သော အခနှုန်းကြီးမြင့်မှုများကြောင့် မ စားနိုင်၊ မတတ်နိုင်၊ သင့်တင့်စွာမနေနိုင်၊ သွားသင့်ရာ မသွားနိုင်ပဲ၊ Cost of Living လူနေမှုစရိတ်မတန်မဆမြင့်တက်နေ သည်။  Standard Living လူနေမှုအဆင့် အတန်းကျပြီးရင်းကျရလေသည်။
ထို့ကြောင့် ဆင်းရဲခြင်းလွတ်ကင်း  အောင်လမ်းပြဆောင်လိုသူများ အခ တည်းဟူသော ပြည်သူအများကို ဆင်းရဲ တွင်းထဲ ဆွဲဆွဲချနေသည့် နှောင်ကြိုးများ ကိုလျှော့ချခြင်း၊ ဖြတ်တောက်ခြင်း၊ ဖယ် ရှားခြင်းများ ဦးစားပေးလုပ်ဆောင်ရန်လို အပ်လှပေတော့သည်။

အောင်ချိန်ဘွား

No comments: