Pages

Friday 30 September 2011

အမျိုးသမီး များနှင့် တိုးတိုး တိတ်တိတ် (တို့ချစ်တဲ့ ကမ္ဘာ)


ဆေးခန်း လေးထဲကို မျက်စိမျက် နှာ ခပ်ပျက်ပျက်နဲ့ နွမ်းနယ် ဖျော့တော့ စွာ ဝင်လာတဲ့ မိန်းကလေး ပုံသဏ္ဌာန် ကိုကြည့်ပြီး ကျွန်မ စိတ်တွေ လေးသွား ပါတယ်။ ဒီလိုပုံစံတွေနဲ့ ရင်းနှီး ကျွမ်းဝင် နေပြီမို့ သူမမှာ မိန်းကလေး ပြဿနာ တစ်ခုခုရှိ နေပြီဆိုတာ သိနေပါတယ်။ အများ အားဖြင့် အမျိုးသားနဲ့ မှောက် မှားထား တဲ့ ပြဿနာ မျိုးတွေကို ကျွန်မ တို့လို အမျိုးသမီး ဆရာဝန်တွေဆီမှာ ဖွင့်ဟလေ့ ရှိကြပါ တယ်။ ထုံးစံကတော့ မလိုချင်ဘဲ ကိုယ်ဝန်ရနေတဲ့ ပြဿနာ တွေပါပဲ။ ဒီလိုကိစ္စ တွေက လည်း ကျွန်မတို့ ဆရာဝန်တွေ ပညာပေးနေခဲ့တာ ကြာ ပါပြီ။ ခိုးစားနည်း သင်ပေး တယ်လို့ပဲ ပြောပြော၊ ကိုယ်ဝန်ဆိုတာ တကယ် တော့ မလိုချင်ရင် မရအောင် ရှောင် နည်းတွေ အများကြီးပါ။
ကိုယ်ဝန်ရလို့ လုံးဝမဖြစ်ဘူးဆိုတဲ့ အခြေအနေမှာ သေချာတဲ့နည်းတွေသုံးဖို့လည်း ညွှန်ပြ ပေးပါတယ်။ တကယ်တမ်း ကိုယ်ဝန် ရလာပြီဆိုရင်တော့ ဆရာဝန်တွေက လက်တစ်လုံးခြား လူမိုက်မငှားဖို့ ကျွန်မတို့ အကြိမ်ကြိမ် မေတ္တာရပ်ခံ ခဲ့ကြရပါတယ်။ ဒါပေမယ့် ခက်တာက ကျန်းမာ ရေးဝန်ထမ်းတွေအနေနဲ့ကရော ဘယ် လောက်များ ကျင့်ဝတ်တွေ စောင့် စည်းနေကြသလဲ။ တဒင်္ဂရမယ့် အခ ကြေးငွေဆိုတာတွေကို မက်မောပြီး ဒီလိုအလုပ်တွေ လက်ခံလုပ်ပေးနေသူ တွေ မနည်းပါဘူး။ ကျွန်မတို့ ဆရာဝန်တွေဆီကို ချဉ်းကပ်လို့ ကျွန်မတို့က ငြင်းလိုက် ရင်လည်း သူတို့မှာ အချင်းချင်း လက် တို့ပြီး သွားစရာနေရာတွေက အများ ကြီးပါ။ ဒါတွေကိုသိလို့ ကျွန်မတို့က ဘယ်လောက်ဖျောင်းဖျပြီးတားတား၊ သူတို့မှာ သူတို့ဆင်ခြေနဲ့သူတို့ စုံစမ်းမေးမြန်းပြီး သွားလုပ်ကြ တာပါပဲ။
အခုဝင်လာတဲ့ မိန်းကလေးမှာ လည်း မဝံ့မရဲအမူအရာတွေနဲ့ လေသံ က ခပ်တိုးတိုးနဲ့ မျက်လုံးတွေက ကျွန်မ ကို တည့်တည့်မကြည့်ရဲဘဲ ဘေးကို လွှဲပြီး... “ဆရာမ၊ ကျွန်မ ဒီလရာသီ မလာတာ နှစ်ပတ်ကျော်ပြီ၊ သွေးပေါ် ဆေးလေးထိုးပေးပါ” လို့ ပြောပါတယ်။ သူ့အပြောကတော့ သိပ်လွယ်တာပါပဲ။ ကျွန်မတို့ ခုနစ်နှစ်၊ ခုနစ်မိုး ဆေးပညာ တွေသင်၊ စဉ်ဆက်မပြတ် ဆေးပညာ တွေ လေ့လာ နေတာတွေဟာသူပြော သလို သွေးပေါ်ဆေးထိုးပေးဖို့များသာ ဆိုရင်တော့ သင်ပေးလိုက်တဲ့ဆရာတွေ မှာပါ အကုသိုလ်တွေ ပတ်သက်နေ မလား။ အခုနောက်ပိုင်းမှာ မျိုးဆက်သစ် ဆရာဝန်လေးတွေလည်း အရှိန်အဟုန် နဲ့ တိုးပွားလာနေတာမို့ ဒီလိုကိစ္စမျိုး လေးတွေဟာ ကျွန်မတို့အတွက်တော့ ရှောင်သာတိမ်းသာ၊ ကိုင်တွယ်ဖို့ရာ သိပ်မဆန်း လှတော့ပေမယ့် နောင်မျိုး ဆက်ငယ်တွေအတွက်တော့ ဆေး စာအုပ်ကြီးတွေထဲမှာမပါတဲ့ လူနာများ နဲ့ အကဲစမ်းစရာပညာလေးတွေ အ ကြောင်း ပြောပြချင်ပါတယ်။ ခုနကပြော သလို တဲ့တိုးလူနာနဲ့ တွေ့ရင်တော့ သိပ်မခက်ပါဘူး။
ဆီး စစ်ကြည့်ပြီး အကြောင်းလေးနှစ်ခုတွေ့ ရင် ကိုယ်ဝန်ရှိနေတယ်၊ ဆေးထိုး မပေးနိုင်ပါလို့ ပြောလိုက်ရုံပါပဲ။ ဒါ့ ထက်ပိုပြီး တခြားဖျက်ပေးတဲ့နေရာတွေ ဆီမသွားနဲ့နော်၊ အန္တရာယ်ရှိတယ်လို့ ပြောပေးနိုင်ရင် ပိုကောင်းတယ်။ ဒါ့ ထက်ပိုပြီး ဒီကိုယ်ဝန်မယူချင်ရအောင် ဘာအခက်အခဲများရှိလို့လဲလို့ စပ်စု မေးမြန်းဖျောင်းဖျ၊ ဒီကိုယ်ဝန်ဆက်မြဲ သွားဖို့ စည်းရုံးနိုင်ရင်အကောင်းဆုံးပေါ့။ ဒါက ရိုးစင်းလှတဲ့ပုံစံတစ်ခု။ နောက်ပုံစံတွေကတော့ အဲဒီလို သိပ်မရိုးစင်းလှဘဲ လှည့်ကွက်လေးတွေ အမျိုးမျိုးနဲ့ ဆရာဝန်ကို အချဉ်ဖမ်းနိုင် တာတွေပေါ့။ တချို့ကတော့ ရာသီ လာသွားတာ တစ်ရက်တည်းပဲ၊ နည်း နည်းလေးဆင်းတာမို့ သွေးပေါ်ဆေး ထိုးပေးပါပေါ့။ တချို့ကတော့ တစ် ရက်နှစ်ရက်တည်းပါ။ စိတ်ချရအောင် ကြိုထိုးပေးပါပေါ့။ တစ်ခါတလေတော့ လည်း ရာသီလာချင်သလို ဆီးစပ်တွေ ကိုက်နေပြီ၊ ပိုဆင်းအောင်လုပ်ပေးပါ၊ စသဖြင့် မလိမ့်တပတ်လုပ်ကြတာ လည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့လှည့်ကွက်ထဲမမိအောင်တော့ ဆီးစစ်တာကို သေသေချာချာမပေါ့မဆ စစ်ကြည့်ရမှာပါ။
မသေချာသေးလို့ ကြိုထိုးပေးပါဆိုတာမျိုးတွေကိုတော့ “ဟော်မုန်းတွေကို ထိုးချင်သလိုထိုးပြီး ကမောက်ကမဖြစ်ရင် ရာသီချိန်တွေ ပိုမမှန်ဖြစ်တတ်တယ်၊ ရာသီလာ အောင် စောင့်လိုက်ပါ။ ဒီအတော အတွင်းမှာတော့ ကိုယ်ဝန်မလိုချင်သေး ရင် အကာအကွယ်သုံးပါ” အစရှိသဖြင့် ရှင်းပြရပါတယ်။ နောက်တချို့ကတော့ “ဆီးစစ် ပြီးပြီ၊ တစ်ကြောင်းတည်းပဲပေါ်တယ်၊ ရာသီကလည်း မလာသေးလို့ ဆေး ထိုးပေးပါ” စသဖြင့်ပြောတတ်ကြတယ်။ ကျွန်မကတော့ ဘယ်သူ့ကိုမှ မယုံပါ ဘူး။ ကိုယ့်ဆီးစစ်တံနဲ့ ချက်ချင်းစစ် ကြည့်တာပါပဲ။ တချို့ အမျိုးသမီးတွေကတော့ ဗဟုသုတကလည်း အတော်အတန်ရှိ၊ ပိပိရိရိကလည်း လိမ်တတ်တော့ လက် ထဲမှာ ဆီးစစ်တံလေးကိုင်လာပြီး “ဒီ မှာဆရာမ တစ်ကြောင်းတည်းပေါ် တယ်” ဆိုတာမျိုးနဲ့ လာတတ်ပါသေး တယ်။
ဘယ်သူ့ဆီးထဲစစ်လာမှန်းမှ မသိတဲ့ဟာမို့ ကျွန်မက ချော့မော့ပြီး ချက်ချင်းပြန်စစ်ခိုင်းတာပါပဲ။ ဘယ် လောက်များ သူခိုးဖမ်းသလို ဖမ်းရသ လဲဆိုရင် အိမ်သာအဝမှာ ကျွန်မ ကောင်မလေးကိုစောင့်ပြီး သူတို့ပေါက် ထားတဲ့ ဆီးခွက်လေးကို (နွေးနွေးလေး ဖြစ်ရမယ်၊ အဲဒါကို ခဏအအေးခံပြီးမှ) ချက်ချင်းထည့်နှစ်ကြည့်ခိုင်းရတာလည်း ရှိပါတယ်။ (ဖြစ်နိုင်ရင် ရှူးရှူးပေါက်သံ လေးနားစွင့်ခိုင်းပေါ့) ဘာပဲဖြစ်ဖြစ်၊ ကျွန်မတို့ ဆရာဝန်တွေရဲ့ တာဝန်ကတော့ လူ့ အသက်ကယ်ဖို့ပါပဲ။ ဒါနဲ့ ဆန့်ကျင် ဘက် လူ့အသက်သတ်တဲ့ ဆရာဝန်မျိုး တော့ ဘယ်လိုမှ အဖြစ်မခံနိုင်ပါဘူး။ ဆရာဝန်မှ မဟုတ်ပါဘူး။ ကျန်းမာရေး ဝန်ထမ်း၊ ဆေးပညာနဲ့ နီးစပ်သူ၊ ဆေး ဝါးတီးမိခေါက်မိသူ၊ ဆေးတွေကြားဖူး နားဝရှိသူ၊ ဘယ်သူဘယ်လူမျိုးကိုမှ အဲဒီလိုမဖြစ်စေချင်ပါဘူး။ ကာယကံရှင်တွေကိုယ်တိုင် ခမျာ လည်း ဘယ်လိုအကြောင်းတွေကြောင့် များ ကိုယ့်ရင်သွေးကိုယ် ရက်စက်ရတဲ့ အခြေဆိုက်ရသလဲမှမသိတာရယ်လို့ လည်း တစ်ခါတစ်ခါတွေးမိပါတယ်။
ကလေးလိုချင်လွန်းလို့ မရနိုင်ဘဲ အရူး တစ်ပိုင်းဖြစ်နေရတဲ့ စုံတွဲတွေနဲ့ ကြုံ ရတိုင်းလည်း “သွေးပေါ်ဆေးထိုးပေး ပါ” ဆိုတဲ့ မိန်းမတွေကို လက်ဆွဲခေါ် ပြီး ပြချင်မိပါရဲ့။ ခုလည်း အမျိုးသမီးလေးက ခုတင်ပေါ်လှဲပြီး သွေးပေါ်ဆေးထိုး ပေးဖို့ တောင်းဆိုနေတာကို ဘယ်လို တုံ့ပြန်ရမလဲ စဉ်းစားရင်း “အိမ် ထောင်ရှိလား” ဆိုတော့ “ရှိတယ်” တဲ့။ တားဆေးတွေ သုံးမထားဘူးလား ဆို တော့ ယောကျာ်းက နယ်ကနေ လာ လိုက်ပြန်လိုက်မို့ မထင်မှတ်ဘဲ ရသွား တာတဲ့။ “အေးလေ၊ ကိုယ့်ယောကျာ်း နဲ့ ကိုယ်ရတာပဲ၊ ကိုယ့်ရင် သွေး လေးကို မသနားဘူးလား၊ ကိုယ့်ဗိုက် ထဲမှာ အသက်ဝင်နေပြီလေ၊ ဒါကလေး ကို သတ်တာပဲ” စသဖြင့် ကလေးယူလိုက်ဖို့ ဖျောင်းဖျ ကြည့် တော့လည်း “မဖြစ်ပါဘူး ဆရာမရယ်၊ ကျွန်မတို့မှာ မပြေလည်သေးလို့ပါ၊ ဘယ်လိုမှလည်းကလေးရှိလို့မဖြစ်ဘူး” လို့ပဲ ခါးခါးသီးသီး ငြင်းနေပါတယ်။
တချို့မှာတော့ ယောကျာ်းရှိတယ် ပြောပေမယ့် တရားဝင်လက်မထပ်ရ သေးတာ၊ လက်ထပ်လို့ မဖြစ်တဲ့ အခြေအနေတွေရှိနေတာ၊ ရည်းစားက လွန်ကျူးပြီးမှ ပစ်သွားတာ စသဖြင့် သူတို့အကြောင်းတွေနဲ့သူတို့ ရှိပါတယ်။ အချိန်ရရင်တော့ လျှို့ဝှက်ချက်တွေကို ချော့မော့လှည့်ပတ်မေးပြီး နည်းလမ်း ရှာဖြေရှင်းပေးရပါတယ်။ ဆေးခန်းထိုင်သက်နုစဉ်အချိန် ကတော့ ဒါမျိုးတွေကို သိပ်အရေး တကြီး ဖြေရှင်းပေးဖို့ မစဉ်းစားဘဲ ကိုယ့်ကို ဒါမျိုးလာလုပ်ခိုင်းရင် “ငါ ဆရာဝန်” ဆိုတဲ့ မာနနဲ့ ဒါမျိုးလုပ်တဲ့ ဆရာဝန် မှတ်နေလားဆိုပြီး ဒေါသ တောင် ထွက်ချင်သေးတာ။ နောက်ပြီး “ဒီလောက်တောင် လူစိတ်မရှိတဲ့ ဟာ တွေ၊ သူတို့ဟာသူတို့ ဘာဖြစ်ဖြစ်” ဆိုပြီး ဒါမျိုးမလုပ်ပေးနိုင်ကြောင်း ခပ် ပြတ်ပြတ်ပဲ ပြောခဲ့တတ်တယ်။ ကိုယ် မလုပ်ပေးရင် သူတို့ ဘယ်တွေသွား ဘာလုပ်မှာလဲ ဆိုတာတွေလည်း ထည့်မစဉ်းစားခဲ့ဘူး။
နောက်တော့ ကိုယ်ငြင်းလိုက်တဲ့ သူဟာ မဟုတ်တာတွေသွားလုပ်ချပြီး “ချော်လဲပြီး သွေးဆင်းတယ်ဆရာမ ရယ်” ၊ ဘာညာနဲ့ လာပလီတာတွေ တွေ့ရတာများတော့ ရင်ထဲမှာ ဥပေက္ခာ မထားနိုင်တော့ဘဲ တတ်နိုင်သမျှတော့ လမ်းလေးတည့်ပေးချင်တဲ့စိတ်ထားတွေ ဝင်လာပါတယ်။ တကယ်တော့ ကာယကံရှင်ခမျာ လည်း ဒါတွေ ဘယ်လုပ်ချင်ပါ့မလဲ။ “ကမ္ဘာမီးလောင်သားကောင်ချနင်း” ရတဲ့ အဖြစ်တွေအတွက် သူတို့လည်း ရင်နာ ရှာမှာပဲလို့ တွေးမိပါတယ်။ တချို့ လော်လီဖောက်ပြားပြီး ကိုယ်ကျင့် တရားပျက်သူတွေအတွက်တော့ ကိုယ့် စေတနာဟာ မတန်ဘူးပေါ့လေ။ ဒါ ပေမယ့် တတ်နိုင်သမျှတော့ ဒါတွေကို လက်လွတ်စပယ် လုပ်မပစ်ဘဲ အကျိုး အကြောင်းရှင်းပြပြောဆိုပေးမိလာတယ်။ အဲဒီအမျိုးသမီးကိုလည်း အခက် အခဲရှိရင် ပွင့်ပွင့်လင်းလင်းပြောဖို့ တိုက်တွန်းတော့မှ သူ့ယောကျာ်းက နယ်မှာ မယားငယ်နဲ့နေနေတာ၊ သူ့ မိဘတွေက ပြတ်စဲခိုင်းပြီး ရှင်းပြီးသား ကို သူက မပြတ်နိုင်ဘဲ သူ့ဆီခဏ ပြန်လာတုန်း လက်ခံမိတော့ အခုလို ကိုယ်ဝန်ရှိသွားတာ၊ သူ့မိဘတွေသိရင် သူ့ကို သတ်မှာဆိုတဲ့အဖြစ်တွေ ပြော ပြတယ်။ ဒါနဲ့ ကျွန်မလည်း သူ့မိဘတွေ ကို တစ်ရက်ချိန်းပြီး သပ်သပ်ရှင်းပြ ရတယ်။ သူ့ယောကျာ်းကိုလည်း နယ် က လာခိုင်းပြီး အားလုံးစုံညီရှင်းပေး လိုက်တော့ သူ့ယောကျာ်းလည်း နယ် ကမယားငယ်ကို လျော်ကြေးပေးကွာ ပြီး ဒီမှာ ပြန်လာပေါင်းရင်း အဲဒီ ကိုယ်ဝန်လည်း အဆင်ပြေသွားပါ တယ်။ နောက်တစ်ယောက်ကတော့ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိတာ။ သူကတော့ ရှင်းရှင်းပဲ၊ ဆရာမရယ် ဖျက်ပေးပါတဲ့။
ရည်းစားရှိတာပဲ ယူ လိုက်လေဆိုတော့ ကောင်လေးက နိုင်ငံခြားသွားမှာမို့ပါတဲ့။ သမီးရယ် တချို့များ လင်ကောင်မပေါ်တာ တောင် မွေးရဲသေးတာ၊ သမီးတို့ ချစ် လို့ရလာတဲ့ ရင်သွေးလေးပဲ၊ မလုပ် ပါနဲ့၊ ဆရာမ မလုပ်ပေးလို့ တခြား လုပ်ပေးသူတွေဆီမှာ သွားလုပ်မယ် စိတ်ကူးရင်လည်း အဲဒီလိုလုပ်ဖို့ ဒီနေ့ ခေတ်မှာ အလွယ်လေးပါဆိုတဲ့စကား တွေ နားမယောင်ပါနဲ့၊ အခု လော လောဆယ် သမီးပြဿနာ ပြေလည် ကောင်း ပြေလည်သွားပါလိမ့်မယ်၊ ဒါပေမယ့် အဲဒီလို ဖျက်ချတဲ့အခါ သား အိမ်နဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းတွေ ထိခိုက်ဒဏ်ရာရပြီး နောင်တစ်ချိန် သမီးတို့ ကလေးလိုချင်တဲ့အခါ အခက် အခဲတွေ၊ တစ်သက်လုံး ကလေးမရ တော့တာတွေ ဖြစ်လာနိုင်တယ်။ ကလေးမရလည်းနေပါစေတော့ပဲ ထားဦး၊ အဲဒီလို မွေးလမ်းကြောင်းတို့၊ သားအိမ်တို့ အနာတရဖြစ်တဲ့အခါ လင်ကိုယ်မယားဆက်ဆံရင် နာကျင် တာ၊ ပိုးခဏခဏ ဝင်လွယ်တာ၊ အိမ် ထောင်ရေးသုခဆုံးရှုံးတာတွေဖြစ်တတ် တယ်။
နောက်ပိုင်းမှာ ယောကျာ်းက ဆက်ဆံလို့ အဆင်ပြေတဲ့ မိန်းမတွေ ဆီရောက်သွားရင် ကိုယ်ပဲဒုက္ခဖြစ်မှာ ပေါ့လို့ ရှင်းပြရတယ်။ အဲဒီတော့ သူက တစ်ချက်တွေ ကနဲဖြစ်ပြီး “ဒါဆိုလည်း ဆရာမရယ်၊ သူ့ကိုပြောပြီး လက်ထပ်လိုက်ပါ့မယ်၊ ဒါပေမယ့် အခုတော့ သမီးမူးဝေအော့ အန်ပြီး နေမကောင်းဖြစ်နေတာ ရုပ် မပျက်ချင်ဘူး” လို့ ပြောပါတယ်။ ဒီ တော့မှ ကျွန်မလည်း “အို-ဒါအတွက် တော့ ဆရာမတာဝန်ထား၊ သမီး မအန်အောင်၊ အိနြေ္ဒမပျက်အောင် ဆေးကုပေးမယ်၊ သမီးတို့ လက်သာ ထပ်လိုက်ပါ၊ ပြီးမှ သူနိုင်ငံခြားသွား ပစေပေါ့”လို့ပြောပြီး မွန်မြတ်လှတဲ့ အသက် ကယ်ရပါတယ်။ တချို့ကျတော့လည်း ဘယ်လိုမှ နားမချရဘဲ ဘာဖြစ်ဖြစ် မလိုချင်တော့ ဘူးဆိုတဲ့သူတွေကိုတော့ ကျွန်မဆေး ခန်းမှာ အပြင်ကထိုင်စောင့်နေတဲ့ ချစ် စရာ ဝ၀တစ်တစ်ကလေးငယ်လေး တွေကို ခဏခေါ်ယူကျီစယ်ချော့မြူရင်း ကလေးအကြောင်းတွေကို ကလေး အမေနဲ့ မေးမြန်းပြရပါတယ်။ သူတို့ သားလေးကို ဘယ်လောက်ချစ် ကြောင်း၊ ဘယ်လောက်ဂရုစိုက်ရကြောင်း တွေ အဆက်မပြတ်ပြောပြနေတဲ့ ကလေးမိခင်တွေကို သူတို့အာရုံစိုက်မိ ပြီးတဲ့နောက် သူတို့ကို အခန်းထဲမှာ ပြန်ပြီး နှစ်ကိုယ်ကြား ဆွေးနွေးရပါ တယ်။
(ကံကောင်းတာက ကျွန်မ ဆေးခန်းမှာ ကလေးလေးတွေဟာ အဆက်မပြတ် အမြဲစည်ကားနေလေ့ရှိ ပါတယ်။ တချို့က ကလေးအထူးကု ဆေးခန်းလားလို့မေးရလောက်အောင် ကျွန်မဆေးခန်းမှာ ကလေးတွေပျော် ပါတယ်၊ မိသားစုဆေးပညာဘွဲ့ယူတုန်း က ကလေးဆေးရုံမှာ စိတ်ဝင်တစား ကြိုးစားသင်ယူခဲ့တဲ့ ရလဒ်အဖြစ် ကလေးတွေကို ကျွန်မပိုပြီး ဂရုတစိုက် ကုသပေးတတ်လို့ ထင်ပါတယ်၊ သူတို့ လေးတွေ မမွေးခင်ဗိုက်ထဲကစပြီး မွေးဖွားကြီးပြင်း၊ အရွယ်တွေရောက် သည်အထိ အူမချေးခါးမကျန် ကျွန်မ ကြည့်ပေးရတာတွေအများကြီးပါ) ကျွန်မနဲ့ သိပ်ခင်တဲ့ ကလေး မိခင်နဲ့ ကလေးအတွဲကို သူတို့ရှေ့မှာ မေးဖြေပြ၊ ဆေးကုသပေးပြီးတဲ့အခါ သူတို့ကို အခန်းထဲနှစ်ကိုယ်ကြားပြန် မေးဖြေလုပ်ရပါတယ်။ (ကလေးမိခင် ကိုတော့ ကျွန်မရည်ရွယ်ချက် မသိ စေရပါဘူး၊ ကျွန်မတို့မှာ စောင့်စည်း အပ်တဲ့ ကျင့်ဝတ်ရှိပါတယ်) “ကဲ-သမီးရေ၊ ကလေးလေးက ချစ်စရာလေးနော်”လို့ ရွှင်ရွှင်ပြပြမေး ကြည့်တဲ့အခါ သူတို့ရင်ထဲက မိခင်ဆို တဲ့ မသိစိတ်လေးက အစွမ်းပြလာ တတ်ပါတယ်။
အဲဒီနောက်တော့ “သမီးစဉ်းစားကြည့်စမ်း၊ အဲဒီလို ချစ် စရာကလေးလေးမျိုးကို အခုသတ်ပစ် ဆိုရင် သမီးသတ်ရက်ပါ့မလား၊ သူတို့ လေးတွေခမျာ ဘယ်လောက်အပြစ် ကင်းပြီး ချစ်စရာကောင်း လိုက်သလဲ၊ သမီးဗိုက်ထဲက ကလေးလေးဟာလည်း အဲဒီလိုချစ်စရာကောင်းတဲ့ ကလေး လေး မုချဖြစ်လာမှာလေ၊ အဲဒါဆို သမီးသတ်ရက်ပါ့မလား၊ ကလေး နေ ထိုင်မ ကောင်းဖြစ် ရင်တောင် သမီး စိတ်ပူပန်သောကရောက်ရမှာ”စသဖြင့် စည်း ရုံး ဖျောင်း ဖျရပါတယ။် လူတွေဟာ အပြင်က ကလေး တစ်ယောက်သတ်ပစ်ဖို့ကျတော့ ဝန် မလေးဘဲ၊ ဗိုက်ထဲက ကလေးကျ တော့ အလွယ်ဖျက်ဆီးချင်ကြတယ်။
တကယ်တော့ အကောင်အထည်နဲ့ အသက်ရှင်ခံစားတတ်ပုံချင်းအတူတူပဲ မို့ ကလေးလေးတွေကို ချစ်တဲ့စိတ်၊ ကိုယ့်ရင်သွေးလေးကို သနားတဲ့စိတ် နည်းနည်းလေးတော့ ထည့်တွေးရင် ဘယ်မိခင်ကမှ ဒါတွေလုပ်ရက်မှာ မဟုတ်ပါဘူး။ ကျွန်မသူငယ်ချင်းတစ်ယောက် ပြောပြတဲ့ အဖြစ်အပျက်လေးတစ်ခုကို ဖောက်သည်ချချင်ပါတယ်။ အဲဒါ တကယ့်အဖြစ်အပျက်ပါ။ သူငယ်ချင်း ရဲ့ ဆေးခန်းမှာလည်း အလားတူကိုယ် ဝန်လာဖျက်ခိုင်းတဲ့ စုံတွဲတစ်တွဲကို သူငယ်ချင်းက မဖျက်ချဖို့ သေသေ ချာချာ စည်းရုံးဖျောင်းဖျလိုက်ပါတယ်။ နောက်တော့ မေ့မေ့ပျောက်ပျောက်ပါ ပဲတဲ့။ တစ်နေ့တော့ သူငယ်ချင်း ကား ပျက်နေတုန်း ဘေးက ကားတစ်စီးက “ဆရာမ၊ စောင့်နေပါ၊ ကျွန်တော်တို့ ပြန်လာမယ်”လို့ အော်ပြောသွားပါ သတဲ့။ သူငယ်ချင်းကလည်း ဘယ်သူ မှန်း မသိပေမယ့် ဆက်စောင့်နေတုန်း အဲဒီကားက မီးပွိုင့်အကျော်ကနေ ပြန် ကွေ့လာပြီး သူ့ကားကို ပြင်ဆင်စက် နှိုးပေးလို့ ကောင်းသွားတော့ ကျေးဇူး စကားဆိုရပါတယ်။
အဲဒီတော့မှ ကား ပြင်ပေးသူက... “ဆရာမ၊ မမှတ်မိဘူးထင်တယ်၊ ကျွန်တော်တို့ မယူရသေးခင် ကိုယ်ဝန် ဖျက်ဖို့လာပြောတော့ ဆရာမက ရင် သွေးလေးအသက်ကို မဖျက်ချရအောင် စည်းရုံးပြောပြပေးလို့ ကျွန်တော်တို့ လက်ထပ်လိုက်ပြီး အဲဒီကိုယ်ဝန်ကို မွေးလိုက်ပါတယ်။ အဲဒီကလေးလေးက အခုတော့ ကျွန်တော်သိပ်ချစ်ရတဲ့ သမီးလေးဖြစ်နေပါပြီ။ ကျွန်တော့်မိန်းမ ကလည်း သမီးလေးကို တုန်နေအောင် ချစ်တာ၊ အခုမှ ကျွန်တော်တို့ ဆရာမ ကို သိပ်ကျေးဇူးတင်နေတာပါ။ ကျွန် တော်တို့သာ ဆရာမနဲ့မတွေ့ခဲ့ရင် ခုဆို ကျွန်တော့်သမီးလေးလည်း ဘယ် ဆီရောက်နေမှန်းသိတော့မှာမဟုတ် ဘူး။ ဟိုမှာ...ကားထဲမှာ မိန်းမနဲ့ သမီးလေးပါပါတယ်” ဆိုပြီး တုန်ရင် လှိုက်လှဲတဲ့အသံနဲ့ အားရဝမ်းသာ ပြောပြီး သမီးလေးကို ပြသွားပါတယ် ...တဲ့။
သူငယ်ချင်းပြောပြတဲ့ ဇာတ်လမ်း လေးနားထောင်ပြီး ကျွန်မမမြင်ဖူးတဲ့ ကလေးလေးကို စိတ်ထဲမှာ ဝမ်းမြောက် ကြည်နူးစွာ မြင်ယောင်နေမိပါတယ်။ အဲဒီလိုအဖြစ်မျိုးလေးတွေ အများကြီး ရှိခဲ့တာပါ။ ဆက်ပြီးတော့လည်း အဲဒီ လို အဖြစ်မျိုးလေးတွေနဲ့ ကြည်နူးဖွယ် အဆုံးသတ်လေးတွေဖြစ်လာစေဖို့ ကျွန်မတို့အားလုံး ဝိုင်းဝန်းကြိုးစားရမှာ ပါပဲ။ နောင်မျိုးဆက်သစ်ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေအားလုံး အဲဒီ လို အသိစိတ်လေးတွေကိုယ်စီနဲ့ ဝိုင်း ဝန်း ဖေးမကူညီလမ်းပြကြမယ်ဆိုရင် ကျွန်မတို့ ကမ္ဘာကြီးပေါ်က လူမသိ သူမသိ တစ်စစီကြွေနေရတဲ့ မိခင် ဝမ်းဗိုက်ထဲက သန္ဓေသားရည်ကြည် နုလေးတွေဟာ အနာဂတ်မှာ ဆက် လက် ရှင်သန်ခွင့်တွေနဲ့ မွေးဖွားလာ ရတော့မှာ အသေအချာပါပဲ။

No comments: