Pages

Thursday 29 September 2011

အွန်လိုင်း ပေါ်မှတစ်ဆင့် ကား အရောင်း အဝယ်ပြု လုပ်နိုင်

 


အွန်လိုင်းတွင် ကား အရောင်း အဝယ်ပြု လုပ်နိုင်ပြီ ဖြစ်ကြောင်း အဆိုပါ ကားရောင်း ကားဝယ် ဝက်ဘ်ဆိုက်ကို လွင့်တင်သည့် Myanmar Automobiles ကုမ္ပဏီ မှ သိရသည်။ အသုံးပြုရမည့် ဝက်ဘ်ဆိုက် လိပ်စာမှာ www.carsalesmm.com ဖြစ်ပြီး အရောင်းအဝယ်ပြု လုပ်မည့်ပုံစံမှာ ဝက်ဘ်ဆိုက်တွင် တင်ပြထားသည့် ကားများကိုကြည့် ရှုနိုင်မည်ဖြစ်ပြီး မိမိဝယ်ယူလို သော ကားများကို အဆိုပါဝက်ဘ် ဆိုက်တွင် ဖော်ပြထား သည့် ကား ပိုင်ရှင်နှင့် ဆက်သွယ်၍ အရောင်း အဝယ်ပြုလုပ်နိုင်မည် ဖြစ်သည်။ အဆိုပါ ဝက်ဘ်ဆိုက် ဝန် ဆောင်မှုနှင့် ပတ်သက်၍ Myanmar Auto -mobile မှ တာဝန်ရှိ သူ မတင်စန္ဒီနှင်းက ]ကျွန်မတို့ ဝက်ဘ်ဆိုက်က ပိုင်ရှင်နဲ့ဝယ်သူ တိုက်ရိုက် ဆက်သွယ်နိုင်အောင် ဝန်ဆောင်မှုပေးဖို့ ရည်ရွယ်ချက် နဲ့ တည်ထောင်ထားတာ ဖြစ်ပါ တယ်။
ကားရောင်းသူ ဝယ်သူ ငွေကုန်သက်သာပြီး
အချိန်ကုန် သက်သာ စေဖို့လည်း ရည်ရွယ် ပါတယ်။ အရောင်းအဝယ်ဖြစ်ရင် လည်း အပိုကြေးထပ်မံပေးဖို့မလို တော့ပါဘူး}ဟုပြောသည်။ www.carsalesmm.com ဝက်ဘ်ဆိုက်တွင် မိမိပိုင်ဆိုင်သော ကားကို ကြော်ငြာရောင်းချလိုသူ များအနေဖြင့် ရောင်းချမည့်ကား ဓာတ်ပုံသုံးပုံ၊ အခကြေးငွေအနေ ဖြင့် ၁၅ရက်မှတ်ပုံတင်ကြေးအ တွက် ကျပ်၃၀ဝ၀နှင့် ၁လ မှတ်ပုံ တင်ကြေးအတွက် ၅၀ဝ၀ကျပ်လို အပ်မည်ဟု သိရသည်။ ဟံသာဝတီ ကားပွဲစား တန်း အနီး၊ ကျွန်းတောလမ်းတွင်ရှိသော Time(1 ) ကားအလှဆင်ပစ္စည်း ဆိုင်သို့ သွားရောက်မှတ်ပုံတင်ရ မည်ဖြစ်သည်။ ဓာတ်ပုံများကို အွန်လိုင်းမှ ပေးပို့မည်ဆိုပါက sales@carsales-mm.com This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ပေးပို့ရ မည်ဖြစ်သည်။ အီးမေးလ်ပို့ရာတွင် Voucher No (သို့မဟုတ်) ကား နံပါတ် ပါ တပါတည်းပို့ပေးရမည်ဟု ဆို သည်။
ဝက်ဘ်ဆိုက်တွင် မည့်သည့် ကားအမျိုးအစားမဆို ဝင်ရောက်ပြ သနိုင်ပြီး မတင်စန္ဒီနှင်းက “ ကျွန်မ တို့ဝက်ဘ်ဆိုက်မှာ တင်ပြပေးမယ့် ကားအရေအတွက်နဲ့ အမျိုးအစား ကိုတော့ ကန့်သတ်ထားတာမရှိပါ ဘူး။ မှတ်ပုံတင်တဲ့ ကားတိုင်းကို လက်ခံပြီး တင်ပြပေး သွားမှာပါ။ ကန့်သတ်ချက်မထားဘူးဆိုတာက လည်း ဝက်ဘ်ဆိုက်မှာ ဝင်ရောက် ကြည့်ရှုသူတွေကို ကားအမျိုးအစား စုံလင်စွာ၊ မော်ဒယ်နံပါတ်စုံလင်စွာ နဲ့ ကြည့်ရှုစေချင်လို့ဖြစ်ပါတယ်}ဟု ပြောကြားသည်။ www.carsalesmm.com ဝက်ဘ်ဆိုက်တွင် မိမိစိတ်ကြိုက် brand နှင့် model နံပါတ်များကို ရှာဖွေကြည့်ရှုနိုင်မည်ဖြစ်ပြီး မြန်မာ ဘာသာဖြင့် အကြုံပြုဖော်ပြပေး ထားသည့် ကား review များကို ကြည့်ရှုနိုင် မည်ဖြစ် သည်။ ကားနှင့်ပတ်သက်သော အ ကြောင်းအရာများကို Facebook မှ ဝင်ရောက်ကြည့်ရှုလိုသူများ အတွက် www. facebook com/ pages/ Myanmar-Automobiles တွင် ရှာဖွေကြည့်ရှုနိုင် မည်ဟု သိရ သည်။

No comments: