Pages

Sunday 18 September 2011

အင်တာနက် ဖုန်းခေါ်ကတ် ရတနာပုံထုတ်မည်




17/Sep/2011

E-Mail this article Printable Version

အင်တာနက်မှတစ်ဆင့် ဖုန်းခေါ်ဆိုသည့်စနစ်ကို နိုင်ငံတွင်း အသုံးပြုနိုင်ရန် Software ရေးဆွဲ၍ ကြိုတင်ငွေဖြည့်ကတ်များ ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပစီမှ Online ငွေပေးချေမှုနှင့် e-Commerce စနစ်များ စီမံကိန်းဌာနမှ တာဝန်ခံ ဦးဝေဖြိုးအောင်က ပြောပြသည်။ VOIP (Voice Over Internet Protocol) စနစ်သုံး ကြိုတင်ငွေဖြည့်ကတ်များကို လူတိုင်းဝယ်ယူနိုင်ရန် အင်တာနက်ဆိုင်များမှ တစ်ဆင့်လည်း ရောင်းမည်ဖြစ်ပြီး ရောင်းချမည့်အချိန်၊ နေရာနှင့် တန်ဖိုးကိုမူ ဆွေးနွေးဆဲဖြစ်ကြောင်း ၄င်းက ဆိုသည်။
 မြန်မာနိုင်ငံတွင် တရားမဝင်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက သတ်မှတ်ထားသော Pfingo, Skype တို့ကဲ့သို့ နိုင်ငံခြားကုမ္ပဏီများ၏ Software သုံး ကတ်များ ဝယ်ယူသုံးစွဲနေရသဖြင့် ယင်းစနစ်ပပျောက်ရန် အစားထိုးသည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး သုံးစွဲသူများအနေနှင့်လည်း ရိုးရိုးဖုန်းဖြင့် နိုင်ငံခြားခေါ်ဆိုခထက် များစွာသက်သာလာမည်ဖြစ်ကြောင်း ဦးဝေဖြိုးအောင်က ရှင်းပြသည်။ တန်ဖိုးတစ်ခု သတ်မှတ်ထားသော ကတ်ကို ရောင်းချမည်ဖြစ်ပြီး Software ကိုမူ www.yatanarpon.com.mm တွင် ရယူနိုင်သည်။ ကတ်ထုတ်လုပ်ရောင်းချပါက ဈေးနှုန်းသင့်တင့်ပြီး အင်တာနက်လိုင်း ကောင်းကာ ပြောစကားများ လုံခြုံမှုရှိရန် လိုအပ်ကြောင်း၊ နိုင်ငံခြားမှ Pfingo ကိုသုံးလျှင် နိုင်ငံခြားဘဏ်စာရင်း လိုအပ်သည့်အပြင် ပိုမိုဈေးမြင့်မားသဖြင့် သာမန်လူတန်းစားများအတွက် အလွယ်တကူ မဝယ်နိုင်ကြောင်း၊ ယခုမြန်မာက ထုတ်သဖြင့် ယင်းအချက်များ အဆင်ပြေသွားနိုင်မည်ဟု ထင်မြင်ကြောင်း အင်တာနက် သုံးစွဲသူများထံမှ သိရသည်။ “Pfingo နဲ့ အရည်အချင်းပိုင်း တူနေရင်တောင် Transaction Cost (အပိုစရိတ်) တွေ အများကြီး သက်သာမယ်” ဟု အင်တာနက်နေ့စဉ် အသုံးပြုနေသည့် အသက် ၂၄ နှစ်အရွယ် ကိုဥက္ကာသင်က ပြောပြခဲ့ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

E-Mail this article Printable Version
 

No comments: