Pages

Tuesday 13 September 2011

ရန်ကုန်တိုင်း ဒေသကြီး ၂၁ မြို့နယ်တွင် WiMax ဈေးလျော့ ပေးမည်


Red Link Communication Company မှ ဝန်ဆောင် မှုပေး သည့် WiMax ဆားဗစ် ဝန်ဆောင်မှုကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၂၁ မြို့နယ် တွင် ဈေးလျော့ တပ်ဆင် ပေးမည်ဖြစ် သည်ဟု အဆိုပါ ကုမ္ပဏီမှ သိရသည်။ ထိုသို့ ဈေးလျော့ တပ်ဆင်ပေးခြင်းမှာ Pop ၅ခု ၏ အချို့ ဧရိယာများတွင် သုံးစွဲမှုများပြားပြီး အချို့ ဧရိယာများ တွင်သုံးစွဲမှု နည်းခြင်း ကြောင့်ဖြစ်ပြီး ထပ်မံ တိုးချဲ့ ထားသော Pop နှစ်ခု အတွက်သုံး စွဲနိုင်သော ဧရိယာ အရ အကျုံးဝင်သော ဧရိယာများကို လျော့ဈေးဖြင့် တပ်ဆင် ပေးမည် ဖြစ်သည်။
အထူး ဈေးနှုန်းမှာ မည်သည့် service Plan ကိုဖြစ်စေ ကနဦးတပ်ဆင်ခကို ကျပ် ၆၃၀ဝ၀ဝဖြင့် ရောင်းချပေးမည်ဖြစ် သည်။ Red Link မှ တာဝန်ရှိသူတစ်ဦးက “Pop အရင်က ငါးခုကို အခု အသစ် တိုးနှစ်ခု တိုးထားတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ customer ကလက်ချိုးရေလို့ ရတယ်။ အခု ကျွန်တော်တို့က သိပ်သည်းဆနည်း တဲ့ cell site တွေကို promotion ပေးတာပါ။ အကျုံးဝင်တဲ့ မြို့နယ်က ၂၁ မြို့နယ်လောက် ရှိပါတယ်။
သိပ်သည်းဆများတဲ့ cell site တွေက ထပ်ပေးစရာကို မရှိတော့ပါဘူး။ ဒါကြောင့် သိပ်သည်း ဆနည်းတဲ့ cell site တွေကို promotion ပေးတာပါ” ဟုပြောသည်။ ဈေးလျော့ပေးသော မြို့နယ်များမှာ ရန်ကင်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မင်္ဂလာဒုံ၊ တာမွေ၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ ဒဂုံအရှေ့၊ သင်္ကန်းကျွန်း၊ သာကေတ၊ ပုဇွန်တောင်၊ မရမ်းကုန်း၊ လှိုင်၊ အင်းစိန်၊ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ကျောက် တံတား၊ လမ်းမတော်၊ လသာ၊ ဆိပ်ကမ်းမြို့နယ် တို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါမြို့နယ် ၂၁ မြို့နယ်ကို ယခုလ ၁၂ ရက်မှ ၂၃ ရက်အတွင်း အထူးလျော့ဈေးဖြင့် ရောင်းချ ပေးမည်ဖြစ် သည်။
တင်ဇာအောင်

No comments: