Pages

Tuesday 13 September 2011

Apple ၏ OS အသစ်တွင် မြန်မာစာကို တရားဝင် ထည့်သွင်းထား


{japopup type="image" content="images/stories/yyl/2011/9/12/mb_1_18_1.jpg" title="" group="group"} newsApple {/japopup}
Apple ကုမ္ပဏီ၏ နောက် ဆုံး OS version တွင် မြန်မာစာ ကို တရားဝင် ထည့်သွင်း ထားသည် ဟု အဆိုပါ OS တွင် မြန်မာစာ ပါဝင်စေရန် အားထုတ်ခဲ့ သူတစ်ဦး ဖြစ်သည့် Trust Link ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူ ဦးငွေထွန်းက ပြောသည်။ Apple ကုမ္ပဏီ၏ နောက် ဆုံးထွက် OS version ဖြစ် သော Mac OS X 10.7.1 Lion ဗား ရှင်းတွင် မြန်မာစာကို တရားဝင် ထည့် သွင်းထားခြင်း ဖြစ်သည်ဟု သိရ ပြီး အဆိုပါ ဗားရှင်းကို စတင် ကြေငြာခဲ့သည့် ယခုနှစ်ဇူလိုင် ၂၀ ရက်နေ့က စတင်ပါဝင်လာခြင်း ဖြစ်သည်။ ထိုကဲ့သို့ မြန်မာစာ ပါဝင်လာ ခြင်းနှင့်ပတ်သက်၍ ဦးငွေထွန်းက “အခုနောက်ထွက်တဲ့ OS version ဖြစ်တဲ့ Lion ထဲကို ဝင်တာနဲ့ မြန်မာလို သုံးလို့ ရနေပါပြီ။ မြန်မာ လို ရိုက်ဖို့ keybord ပါçပါလာပြီ။ ဒီအတွက် လုပ်လာတာက ကြာနေ ပါပြီ။ ကျွန်တော်တို့က Apple ကို မြန်မာစာ ဘယ်တော့လောက်သုံး လို့ရမလဲဆိုပြီး လှမ်းမေး တာကြာ နေပြီ။
Apple က John H Jenkins ဆိုတဲ့သူနဲ့ ကျွန်တော်တို့ မေးလ်နဲ့ အဆက်အသွယ်ရပါ တယ်။ သူတို့ဘက်က သူတို့မှာလုပ် ထားတာတော့ မရှိဘူး။ ကျွန်တော် တို့ဘက်ကဖောင့်ကို ပေးမယ်ဆိုရင် တော့ လုပ်ဖို့ဖြစ် နိုင်တယ် ပြော တယ်။ အဲဒါနဲ့ ကျွန်တော်တို့ စလုပ် ကြတယ်။ ကျွန်တော် လုပ်တယ်။ နောက်ကိုတင်မျိုးဇော်လုပ်တယ်။ ကိုဆန်းထွန်းလုပ်တယ်။ နောက်ဆုံး သုံးလိုက်တဲ့ ဖောင့်ကို သူတို့ဘက် က မလေးရှားကုမ္ပဏီကို  အပ်လိုက် တာ။ Myanmar Sangam MN ဖောင့်ပါ။ အဲဒီလို OS မှာ မြန်မာစာ ပါလာတဲ့ အတွက် ပြန်ပြီး install လုပ်စရာလည်း မလိုတော့ဘူးပေါ့။ ဖွင့်တာနဲ့ မြန်မာစာကို သုံးလို့ရပြီ။ အခြား unicode font တွေ ဖြစ် တဲ့ Masterpiece တို့ Myanmar3 တို့နဲ့လည်း သုံးလို့ရပါတယ်။ အခုနောက်ပိုင်းက Macbook တွေမှာတင်မဟုတ်ဘူး။ PC တွေ မှာလည်း Mac ကိုတင်လို့ ရတဲ့ အတွက် အဆင်ပြေပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ဦးငွေထွန်းက “အဲဒီမှာ ကျွန်တော်တို့ ပိုပြီး ဂုဏ် ယူစရာကောင်းတာက အရှေ့ တောင်အာရှမှာဆိုရင် ကျွန်တော် တို့က ကိုယ့်ဖောင့်ကို ကိုယ့်ဘာ သာရေးပြီး ပေးလိုက်တာပဲ။ ကျန်တဲ့ နိုင်ငံတွေမှာက သူတို့က ရေးပေး ထားတာလေ။ ကိုယ့်ဘာသာလုပ် တဲ့အတွက် အများကြီး အဆင်ပြေ တယ်။ လုံးဝ အမှား ကင်းတာ တော့မဟုတ်ပါဘူး။ လိုအပ်ချက် လေးတွေတော့ ရှိနေပါသေးတယ်။ အဲဒါတွေလည်း ကျွန်တော်တို့ လုပ်နေပါတယ်။ နောက်လာမယ့် ဗားရှင်းမှာ ဆို အဆင်ပြေပါပြီ” ဟု ပြောသည်။ လက်ရှိ အချိန်တွင် Apple ၏ ထုတ်ကုန်ပစ္စည်းများဖြစ်သော iPhone နှင့် iPad များတွင်လည်း မြန်မာစာဖောင့် အသုံးပြု နိုင်ပြီဖြစ် ပြီး Window တွင် မြန်မာစာ စနစ်ပါဝင်လာစေရန်အတွက်လည်း ကြိုးစားနေကြောင်း ဦးငွေထွန်းက ပြောသည်။
တင်ဇာအောင်

1 comment:

Anonymous said...

THANKS FOR SHARE.............