Pages

Friday 23 September 2011

သုံးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများ ၂၀၁၂ နှစ်ဆန်းတွင် ချပေးမည်



23/Sep/2011

E-Mail this article Printable Version

အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်း၍ ကျပ်သုံးသိန်းဝန်းကျင်ဖြင့် ရောင်းချမည့် ဂျီအက်စ်အမ်ဖုန်းများကို ၂၀၁၂ ဇန်နဝါရီလအတွင်း ချထားပေးနိုင်တော့မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ကျပ်သုံးသိန်းဝန်းကျင် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို ချထားပေးမည့် ရက်အတိအကျကိုမူ သတ်မှတ်ထားခြင်းမျိုး မရှိသေးသော်လည်း လာမည့်ဇန်နဝါရီလအတွင်းတွင် နောက်ဆုံးထားပြီး ချထားပေးသွားတော့မည်ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက်ဆိုသည်။
 “ပထမကတော့ ၂၀၁၁ နှစ်ကုန် ဒီဇင်ဘာလလောက် ချထားပေးဖို့ အစီအစဉ်ရှိခဲ့တာပါ။ ဒါပေမယ့် ဆက်သွယ်ရေးတစ်ခုတည်း လုပ်တာမဟုတ်ဘဲ ပုဂ္ဂလိကနဲ့ ပူးပေါင်းလုပ်တာဖြစ်လို့ ပထမခန့်မှန်းထားတဲ့ ကာလထက် နည်းနည်းနောက်ကျသွားတာပါ” ဟု ၄င်းက ပြောသည်။ အဆိုပါ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများကို ချထားပေးရာတွင် အင်တာနက် အသုံးပြုနိုင်သည့် သရီးဂျီနက်ဝါ့ခ်စနစ်ဖြင့် ချထားပေးမည်ဖြစ်သည်။ ထို့အပြင် ပြင်ပရှိ နည်းပညာနှင့် ဆက်စပ်ကုမ္ပဏီများ၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ဆိုင်များ အားလုံးတွင် နေ့ချင်းပြီး ဝယ်ယူရရှိနိုင်မည့် ဝန်ဆောင်မှုများကိုပါ ပေးသွားမည်ဖြစ်သည်ဟု သိရသည်။ အစိုးရနှင့်အတူ ပြင်ပရှိ ပုဂ္ဂလိက ကုမ္ပဏီပေါင်း နှစ်ဆယ်ခန့်မှ ပူးပေါင်းဆောင်ရွက်ထားသည့် အဆိုပါ တန်ဖိုးနည်း ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများကို ချထားပေးမည်ဆိုပါက ယင်းဖုန်းများတွင် အဝင်ခေါ်ဆိုခများ ပေးဆောင်ရမည် မဟုတ်ဟု တာဝန်ရှိသူများက ဆိုထားကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments: