Pages

Saturday 17 September 2011

ငွေအလစ်သုတ်သူ တူရကီနိုင်ငံသားနှစ်ဦးအား ရွှေဘိုတွင် ဖမ်းထားပြီ

ငွေအလစ်သုတ်သူ တူရကီနိုင်ငံသားနှစ်ဦးအား ရွှေဘိုတွင် ဖမ်းထားပြီ

September 17, 2011
By

တူရကီနိုင်ငံသား Duyou Aular

တူရကီနိုင်ငံသား Mehret Ali
ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ငွေနှင့်ပစ္စည်းများခိုးယူမှု ကျူးလွန်ခဲ့သည့် နိုင်ငံခြားသားများကို လုံခြုံရေးမှတ်တမ်းများအရ ရွှေဘိုရဲစခန်းမှ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ စက်တင်ဘာ ၇ ရက်တွင် နေပြည်တော်တိုးဂိတ်၌ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါ ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများသည် စက်တင်ဘာ ၅ ရက် က ရွှေဘိုမြို့ သို့ ရောက်ရှိလာခဲ့ပြီး ရွှေဘိုမြို့အမှတ် ၃ ရပ်ကွက်၊ လမ်းမတော်လမ်းရှိ ကြွယ်လျှပ်စစ်ပစ္စည်းအရောင်းဆိုင် သို့ ည ၆ နာရီခွဲခန့်က ရောက်ရှိလာခဲ့ရာ မီးပူ ဝယ်ယူလိုကြောင်း ပြော၍ ဝယ်ယူကြောင်း၊ ယင်းနောက် ကျသင့်ငွေပေးချေရာတွင် ပိုငွေ ကျပ် ၂ဝဝဝ ကို ကျပ် ၁ဝဝဝ တန် အရွက်ကြီးလိုချင်ကြောင်းပြော၍ ကောင်တာအနောက်ဝင်ကာ အံဆွဲထဲမှငွေများအား မွှေနှောက်ကြောင်း၊
 ယင်း နောက်စာရေးမလေးကငွေကို အနောက်ခန်းမှယူပေးရန် သွား ရာတွင် လိုက်သွားပြီး ယင်းနေရာ ၌လည်း ငွေအုပ်များအား ဖြည်၍ ဖြန့်ကာ မွှေနှောက်ကြောင်း၊ယင်းနောက်စာရေးမလေးကငွေကို အနောက်ခန်းမှယူပေးရန် သွား ရာတွင် လိုက်သွားပြီး ယင်းနေရာ ၌လည်း ငွေအုပ်များအား ဖြည်၍ ဖြန့်ကာ မွှေနှောက်ကြောင်း၊  ၄င်း နောက်ရွှေ ထည်ပစ္စည်းထည့်ထား သည့် အိတ်ကိုကိုင်ရန်ကြိုးစားရာ တွင် ဆိုင်ရှင်မှအတင်းအကျပ် တား ၍ အမ်းငွေနှင့် မီးပူယူပြီး ဆိုင်တွင်းမှ ပြန်ထွက်သွားခဲ့သည်။ ¤င်းတို့ပြန် ထွက်သွားပြီးနောက် ငွေအပြည်များ အား ရေတွက်ကြည့်ရာ ၂၁ သိန်း ကျော် ပျောက်ဆုံးနေသည်ကို တွေ့ ရသဖြင့် ရဲစခန်းအား အကြောင်း ကြား၍လုံခြုံရေးမှတ်တမ်းများအား ဖြန့်ဝေရှာဖွေ စုံစမ်းခဲ့ရာ စက်တင်ဘာ ၇ ရက်တွင် နေပြည်တော်တိုးဂိတ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။”သူအံဆွဲထဲကို မွှေနေတုန်းက ဘာ အလိုရှိလို့လဲ၊ ဘာများလိုသလဲ၊ ဒီမှာလုံခြုံရေးကင်မရာရှိတယ်၊ ပြန် ကြည့်ပြီးပြောလို့ရတယ်ဆိုတော့ သူ က လက်ကာပြတယ်။ မွှေတာတော့ ကျွန်တော်တို့ရှေ့မှာပဲ အထဲမှာ ငွေ အုပ်တွေဖြည်ပြီး ဖွတာလည်းရှေ့ မှာပဲ။ ကျွန်တော်တို့ကြည့်နေတာပဲ။ အဲဒီကြားထဲက ငွေကို ဘယ်လိုယူ သွားလဲမသိဘူး’ ဟု ဖြစ်စဉ်နှင့် ပတ် သက်ပြီး ကြုံတွေ့ခဲ့ရမှုအပေါ် ကြွယ် လျှပ်စစ်ဆိုင်မှ ပိုင်ရှင် ကိုမျိုးမင်းသိန်း က ပြောသည်။

အခင်းဖြစ်ပွားခဲ့ရာ ရွှေဘိုမြို့အမှတ် ၃ ရပ်ကွက်၊ လမ်းမတော်လမ်းရှိ ကြွယ်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်
ဖမ်းဆီးထိန်း သိမ်းထားသူ နှစ်ဦးမှာ တူရကီ နိုင်ငံသား Mehret Ali နှင့် Duyou Aular တို့ဖြစ်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တစ်ဆင့် ဗီဇာတောင်း၍ မြန်မာနိုင်ငံ တွင်းသို့ သြဂုတ်လ ၁၉ ရက်က ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
”အခု ကျူးလွန်တဲ့အမှုနဲ့ပတ် သက်လို့ သူတို့ဖြေတာက အရက် မူးနေလို့ယူမိတယ်လို့ပြောတယ်။ သူတို့ဝယ်ထားတဲ့ မီးပူကိုလည်း အရက်မူးပြီး ဘယ်မှာထားခဲ့မှန်းလည်း မသိဘူးလို့ပြောတယ်။ ပိုက်ဆံ လည်း ဘယ်မှာထားခဲ့မှန်းမသိဘူးဆိုတဲ့ပုံစံ မျိုးပြောတယ်” ဟု အမှုစစ်ရဲအုပ် ကျော်ဆွေက ပြောသည်။
ဖမ်းဆီးရမိသူ ၅ ဦးမှာမလေး ရှားနိုင်ငံမှာကတည်းက တွေ့ဆုံခဲ့ ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်းသို့ အတူတူဝင်ရောက်လာခဲ့ကာ ရန်ကုန်မှမန္တလေးသို့ အတူတူလာရောက်ခဲ့ ကြောင်း၊ မန္တလေးဟိုတယ် တွင် တည်းခိုရာမှတစ်ဆင့် ဧရာဝတီမြစ်ရှုခင်း (Ayeyarwaddy River View)  ဟိုတယ်သို့ ပြောင်းရွှေ့တည်းခိုခဲ့ကြောင်း၊ မန္တလေးမှရွှေဘိုသို့လာရာတွင်မူ လက်ရှိပြစ်မှုကျူးလွန်သူ နှစ်ဦးတည်း သာလာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကားကိုရန်ကုန်ကတည်းက ငှားရမ်းလာခြင်းဖြစ်ကြောင်း သိရသည်။
”အဓိကလုံခြုံရေးမှတ်တမ်းက ရတဲ့ကားနံပါတ်နဲ့ လိုက်တာပေါ့။ ပထမကားတစ်စီး မှားဖမ်းမိသေး တယ်။ အဲဒီကနေဆက်လိုက်ရင်း စစ်ကိုင်းတိုးဂိတ်ကလုံခြုံရေးမှတ် တမ်းမှာတွေ့တဲ့ကားနဲ့ သွားတူနေ တယ်။ အဲဒီက ဆက်လိုက်တော့ နေပြည်တော် တိုးဂိတ်မှာမိတာ” ဟု ဖမ်းဆီးရမိမှုအပေါ် တာဝန်ရှိသူ တစ်ဦးကပြောသည်။
ယခု ဖမ်းဆီးရမိသော တူရကီ နိုင်ငံသားနှစ်ဦးသည် ဟင်္သာတမြို့ တွင် လိမ်လည်အလစ်သုတ် သွားခဲ့ သူများ ဟုတ်မဟုတ် ဆက်လက်စစ် ဆေးနေဆဲ ဖြစ်သည်။
ဖမ်းဆီးထားသူနှစ်ဦးအား ပ ၃၅ဝ/ ၂ဝ၁၁ ဖြင့်အမှုဖွင့်ထားပြီး ပြစ် မှုပုဒ်မ ၃၈ဝ ဖြင့်ရွှေဘိုမြို့နယ် တရား ရုံးတွင်တရားစွဲဆိုထားကြောင်း သိရသည်။
ဥာဏ်လင်းအောင်၊ မောင်တာ

ငွေအလစ်သုတ်သူများ ရန်ကုန်မှ ငှားရမ်းလာသောကား

No comments: