Pages

Showing posts with label ဂျာနယ်များမှ မျှဝေခြင်း. Show all posts
Showing posts with label ဂျာနယ်များမှ မျှဝေခြင်း. Show all posts

Saturday, 3 November 2012

ကိုရီးယား သင်ခန်းစာ


ကိုရီးယား သင်ခန်းစာ

နိုင်ငံကို တစ်ဟုန်ထိုး ဖွံ့ဖြိုးလာအောင် မျိုးဆက်တစ်ဆက် အတွင်း တွန်းတင် နိုင်ကြောင်း ပြသခဲ့သလို မြန်ဆန်လှသည့် နှုန်းဖြင့် နှစ်ကာလ ရှည်လျားစွာ တိုးတက်ခဲ့သည့် တောင်ကိုရီးယား သည် မြန်မာနိုင်ငံ လေ့လာသင်ယူ သင်ခန်းစာ ရယူသင့်ဆုံး နိုင်ငံများအနက်မှ တစ်နိုင်ငံ ဖြစ်သည်။

၁၉၆ဝ ပြည့်နှစ်က တောင်ကိုရီးယားသည် သာမန်ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံ သာဖြစ်ပြီး မြန်မာနိုင်ငံနှင့် မတိမ်းမယိမ်း အခြေအနေ တွင်ရှိသည်။ သို့သော် ထိုနှစ်နောက်ပိုင်း နှစ်များတွင် တောင်ကိုရီးယား သည် ဆက်တိုက် ဆိုသလိုပင် ဖွံ့ဖြိုးတိုးတက်မှု နှုန်း တစ်နှစ်လျှင် ၆ ရာခိုင်နှုန်းကျော် ဖြင့် နှစ် လေးဆယ်ကျော် အရှိန်မြန်မြန် တိုးတက်ခဲ့ သောကြောင့် မြန်မာနိုင်ငံကို အပြတ်အသတ် နောက်တွင် ချန်ထားခဲ့ ရုံမက ယခင်သူတို့ရှေ့နား ခပ်လှမ်းလှမ်း ရောက်နေခဲ့သည့် အာဂျင် တီးနား ကဲ့သို့ ကြွယ်ဝသည့် နိုင်ငံများကိုပင် ကျော်တက်သွားခဲ့သည်။ တောင်ကိုရီးယား၏ တစ်ဦးချင်း ဝင်ငွေသည် ၁၉၆၁ တွင် အမေရိကန် ပြည်ထောင်စု တစ်ဦးချင်း ဝင်ငွေ၏ ဆယ်ပုံတစ်ပုံခန့် (၁၁ ရာခိုင်နှုန်း) သာရှိရာမှ ၁၉၉၅ တွင် ထက်ဝက်ခန့် (၄၉ ရာခိုင်နှုန်း) သို့ရောက်ရှိသည်။

Tuesday, 2 October 2012

ဒီလူ . . ဒီကား . . ဒီလမ်းများနှင့် ရှေ့မရောက်နိုင်သေးသည့် ရန်ကုန်

ဒီလူ . . ဒီကား . . ဒီလမ်းများနှင့် ရှေ့မရောက်နိုင်သေးသည့် ရန်ကုန်

နိစ္စဓူဝ မြင်ကွင်း(၁)
ခေါက်ရိုးကျအောင် မီးပူတိုက် လာသော စတစ်ကော်လံအင်္ကျီဖြူ လည်း ကြေမွပိတ်လှောင်နေသည့် လူငွေ့များကြောင့် ချွေးများလည်း စိုလျက်။ လက်ပတ်နာရီကို ဘယ် နှကြိမ်မြောက် မှန်းမသိ ငုံ့ကြည့် ရင်း ကိုကျော်လတ် စိတ်တွင်းမှ ကျိန်ဆဲနေမိသည်ကအခါခါ။ ဒီ နေ့လည်း အလုပ်နောက်ကျဦးတော့ မည်။ နေ့စဉ် အလုပ်အသွား ဘတ်စ်ကားစီးရတိုင်း သူ့ကိုယ်မှာ ပြုတ်စော်နံနေရစမြဲ။ အင်းစိန်ပန်း ခြံမှတ်တိုင်မှာက နာရီဝက်နီးပါး။
အခုလည်း လှည်းတန်းမှတ်တိုင် သည် ကားစက်သတ်၍ စိတ်ဒုံး ဒုံးချ ရပ်ထားလိုသောကားတန်းရှည် ကြီးကြား ထုံးစံအတိုင်း အချိန်များ ကို အမှည့်ခြွေခြွေနေပြီဖြစ်သည်။တကယ်တော့ နံနက်ခင်းဟူ သည်နေ့ တစ်နေ့၏အစ လုပ်ငန်း ခွင်သို့ ပျော်ရွှင်တက်ကြွစွာ သွား ရမည့်အစား စိတ်ညစ်ညူးမှုဖြင့်၊

Friday, 31 August 2012

လွှမ်းခြုံစဉ်းစားရမည့် ကားမူဝါဒ

လွှမ်းခြုံစဉ်းစားရမည့် ကားမူဝါဒ

Written by 

အသက် ၅၀ အရွယ် ဒေါ်မီးမီး သတင်းစာကို ဖတ်နေရာမှ ဟက်ဟက်ပက်ပက် ရယ်မော လိုက်သံသည် အတော်လေး ကျယ်သွားသည်။ ခင်ပွန်းဖြစ်သူ ဦးဝင်းက ဘာတွေများ သဘောကျ နေတာလဲဟု မေးမြန်းလိုက်စဉ် ကြေးမုံ သတင်းစာပါ တစ်ကွက် ကာတွန်း ဖြစ်သည့် သွားမပါရင်နေ ကားပါရင် ပြီးရောဆိုသည့် ကာတွန်းရုပ်ပြောင်ကြောင့် ဖြစ်သည်ဟု ဆိုသည်။
လူငယ်များအကြား ပြောဆိုနေကြသော သွားမပါလည်းနေ ကားပါရင်ရသည် ဆိုသော စကားသည် ကားဈေးများ တစ်ဟုန်ထိုး ကျဆင်းလာမှုကြောင့် ပြောင်းလဲ သွားခဲ့သည်။
မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီကို ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးက ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့ပြီးနောက် ယာဉ်အိုယာဉ်ဟောင်း အပ်နှံ၍ အစားထိုးယာဉ် တင်သွင်းခြင်း၊ ပြည်ပတွင် အလုပ်လုပ်သူများ၊ သင်္ဘောသားများနှင့် နိုင်ငံခြား ငွေစာရင်း ရှိသူများနှင့် ပြည်ပမှ ကိုယ်တိုင် ၀ယ်ယူရန် ခက်ခဲသူများ ပြည်တွင်း၌ပင် အလွယ်တကူ ၀ယ်ယူ နိုင်ရန်အတွက် မော်တော်ယာဉ် အရောင်းစင်တာများ ဖွင့်လှစ် လာကြသည် ကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။

Wednesday, 18 July 2012

အမေရိကန် FDA အသိအမှတ်ပြု ပထမဆုံး HIV ကာကွယ်ဆေးထွက်ပေါ်လာ

အမေရိကန် FDA အသိအမှတ်ပြု ပထမဆုံး HIV ကာကွယ်ဆေးထွက်ပေါ်လာ


From : Planet

Gilead Science၏ Truvada ဆေးဝါးသည် HIVပိုး ရှိနေသူများနှင့် လိင်အထိအတွေ့ ရှိနေသူများကဲ့သို့ HIVပိုး ကူးစက်နိုင်ခြေ မြင့်မားသည့် အခြေအနေရှိသူများတွင် ရောဂါပိုး မကူးစက်အောင် တားဆီးပေးနိုင်
အမေရိကန် FDA အသိအမှတ်ပြု ပထမဆုံး HIV ကာကွယ်ဆေးထွက်ပေါ်လာ
အမေရိကန် အစားအသောက်နှင့်ဆေးဝါး စီမံအုပ်ချုပ်ရေးဌာန (Food and Drug Adminstration - FDA) က တနင်္လာနေ့တွင် ပထမဆုံးအကြိမ်အဖြစ် HIV ဗိုင်းရပ်စ် တားဆီးကာကွယ်သည့် ဆေးဝါးတစ်မျိုးကို ထောက်ခံအတည်ပြုပေးလိုက်ပြီ ဖြစ်သည်။

Tuesday, 17 July 2012

အာဆီယံနိုင်ငံများမှ ထုတ်လုပ်သော ကားသစ်တင်သွင်းလျှင် အကောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံမည်

အာဆီယံနိုင်ငံများမှ ထုတ်လုပ်သော ကားသစ်တင်သွင်းလျှင် အကောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံမည်

17/Jul/2012

E-Mail this article
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ၂၀၀၇ ခုနှစ် မော်ဒယ်နှင့်အထက် ကားသစ်များ တင်သွင်းရန် လိုင်စင်များကို မေလမှစ၍ ခွင့်ပြုထားခဲ့ရာ အကောက်ခွန် ဦးစီးဌာနမှ အိမ်သုံးကားများ တင်သွင်းလာပါက အင်ဂျင် ၂၀၀၀ စီစီအထက် ယာဉ်များကို အကောက်ခွန် ၄၀ ရာခိုင်နှုန်းနှင့် ၂၀၀၀ စီစီနှင့်အောက် ယာဉ်များကို အကောက်ခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိပါတယ်။

Friday, 13 July 2012

၂၀ဝ၇ မော်ဒယ်၁၃၀ဝစီစီကို ရန်ကုန် ဆိပ်ကမ်းအရောက် သိန်း ၈၀လောက်နဲ့ ရနိုင်တယ်

၂၀ဝ၇ မော်ဒယ်၁၃၀ဝစီစီကို ရန်ကုန် ဆိပ်ကမ်းအရောက် သိန်း ၈၀လောက်နဲ့ ရနိုင်တယ်


၂၀ဝ၇ မော်ဒယ် ၁၃၀ဝ စီစီကို ရန်ကုန်ဆိပ်ကမ်း အရောက် သိန်း ၈၀ လောက်နဲ့ ရနိုင်တယ်ယခုအခါ ကားမူဝါဒ သစ်များ ချမှတ်ပြီး နောက်ပိုင်းတွင် လုပ်ငန်းရှင် များနှင့် ပြည်သူ အများစုသည် မော်တော် ကားများကို စိတ်ဝင် စားလာကာ လက်ရှိ မူဝါဒနှင့် မော်တော်ကား အရစ်ကျ ရောင်းချမှု အခြေအနေများ၊ ဂျပန်ရှိ ကားဈေးကွက် မြင့်တက်မှု အခြေအနေများ ကုန်သွယ်ရေးမှကောက်ခံနေသော အခွန်များနှင့် ပတ်သက်၍ ဆာကူရာကားကုမ္ပဏီမှဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တွေ့ဆုံမေးမြန်းခဲ့ သည်များကို Venus News Weekly ကစာဖတ် ပရိသတ်များ သိရှိနိုင်ရန် ကောက်နုတ်ဖော်ပြ အပ်ပါသည်။

Monday, 9 July 2012

လွှတ်တော်ရုပ်သံလိုင်း စမ်းသပ်ထုတ်လွှင့်၊ ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်ကိုလည်း စတင်လွှင့်တင်

လွှတ်တော်ရုပ်သံလိုင်း စမ်းသပ်ထုတ်လွှင့်၊ ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်ကိုလည်း စတင်လွှင့်တင်


From : Internetဂျာနယ်


ယခုလ ၄ ရက်နေ့က စတင်ကျင်းပသော လွှတ်တော်အစည်းအဝေး ကျင်းပပြုလုပ်ပုံများကို SKY Net ၏ လွှတ်တော်ရုပ်သံလိုင်းမှ စမ်းသပ်ထုတ်လွှင့်လျက်ရှိပြီး လွှတ်တော်ဆိုင်ရာ ဝက်ဘ်ဆိုက်ဖြစ်သော ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်ကိုလည်း စတင်လွှင့်တင်ထားကြောင်း သိရသည်။ ပထမအကြိမ် လွှတ်တော်များ၏ စတုတ္ထပုံမှန် အစည်းအဝေးများ ကျင်းပပြုလုပ်ပုံများကို SKY Net ရုပ်သံလိုင်း၏ လွှတ်တော်ရုပ်သံလိုင်း (Hluttaw Channel) အမည်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှစ၍ စမ်းသပ်ထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း SKY Net ရုပ်သံလိုင်းများ ကြေညာခဲ့သည်။

ကားတိုက်ခံရပြီး နောက် အဆိုတော်ဂျေညီညီရဲ့ ရင်ဖွင့် သံ

ကားတိုက်ခံရပြီး နောက် အဆိုတော်ဂျေညီညီရဲ့ ရင်ဖွင့် သံ

582758_182805975183540_1220815944_n

အနုပညာ သမားအဖြစ် ရိုးသားသန့်ရှင်းစွာ ရပ်တည်ခဲ့သော ဂျေညီညီ၏ ဘဝပျက်စရာ
ထိခိုက် အနုပညာသမားအဖြစ် ရိုးသား သန့်ရှင်းစွာ ရပ်တည် ခဲ့သော ဂျေညီညီ၏ ဘဝပျက်စရာ
ထိခိုက် နစ်နာဆုံးရှုံးမှုများအတွက် စာနယ် ဇင်းရှင်းလင်းပွဲကို ဒဏ်ရာ ဒဏ်ချက် ပေါင်းများစွာ
နဲ့ ရောက်ရှိလာ တဲ့ ဂျေညီညီရဲ့ရင်ဖွင့်စကားသံတွေက…
“ပထမဆုံး ကျွန်တော် တောင်းပန်ချင်တာက ဒူးခေါင်းတွေ က ချုပ်ရိုးတွေနဲ့ဖြစ်နေတာကြောင့်
ကြာကြာမတ်တပ်မရပ်နိုင်တော့ပဲ ထိုင်ပြီးပြောရတဲ့အတွက် ခွင့်လွှတ် ပေးပါ။ ၁၀-၅-၂၀၁၂
ခုနှစ်က ကျွန်တော် အင်းစိန်ဘက်ကနေ မြို့ ထဲကို ကားနဲ့လာတယ်။ အဲဒီမှာ မြို့ ထဲဘက်ကနေ
အင်းစိန်ဘက်တက် လာတဲ့ဆယ်ဘီးကားက ဘရိတ် ပေါက်ပြီး ကျွန်တော့်ကိုမျက်နှာချင်း
ဆိုင်တိုက်လိုက်ပါတယ်။

Saturday, 28 April 2012

အရက်သောက် တာ နှလုံး အတွက် ကောင်းသတဲ့

အရက်သောက် တာ နှလုံး အတွက် ကောင်းသတဲ့

နှလုံးအရက် သောက်ခြင်း သည် ကျန်း မာ ရေး ကို ထိခိုက် ဆုတ်ယုတ် စေသည် ဟု ကျွန်ုပ် တို့ သိထား ကြသည်။ သို့သော် အလွန်အကြူးမဟုတ်ဘဲ အနည်းငယ်မျှ ပမာဏသောက်သုံးခြင်းသည် နှလုံး ကျန်းမာရေးကို အထောက်အကူပြု ကြောင်းလေ့လာတွေ့ရှိခဲ့သည်။

Tuesday, 3 April 2012

မြေပုံဆော့ဖ်ဝဲ အခမဲ့ ဖြန့်ဝေ


မြေပုံဆော့ဖ်ဝဲ အခမဲ့ ဖြန့်ဝေသိလိုသည့်နေရာဒေသများကို Online မှ ကြည့်စရာမလိုဘဲ Offline ကြည့်ရှုနိုင်သောလမ်း ညွှန်မြေပုံဆော့ဖ်ဝဲကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ဧပြီလဆန်းတွင် စတင်၍ အခမဲ့ဖြန့်ချိပေးသွား မည်ဟု သတင်းရရှိသည်။
အဆိုပါဆော့ဖ်ဝဲ၏ အမည် မှာMap++Directory လမ်းညွှန် ဖြစ်ပြီး PC များနှင့် Android မို ဘိုင်းဖုန်းများတွင် ထည့်သွင်းအ သုံးပြုနိုင်မည်ဖြစ်သည်။

Sunday, 25 March 2012

လာမည့် နှစ်တွင် နှစ်သိန်းဂျီဖုန်း ဈေးထပ်ကျမည်

လာမည့် နှစ်တွင် နှစ်သိန်းဂျီဖုန်း ဈေးထပ်ကျမည်ယခုနှစ်တွင် ရောင်းချပေးမည့် ဂျီဖုန်းလေးသန်းအား ကျပ်နှစ်သိန်းနှုန်းဖြင့် သာ ရောင်းပေး မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင် နီ ယာ ချုပ် တစ်ဦး က ပြောသည်။
“စီမံကိန်းအလိုက် ဖုန်းတန်ဖိုးတွေ လျှော့ချပေးမယ်ဆိုပေမယ့် တစ်နှစ်အတွင်း ရောင်းချပေးနေတဲ့ တန်ဖိုးကိုတော့ လျှော့ပေးမှာ မဟုတ်ပါဘူး။ ဥပမာ ဒီနှစ်အတွင်း ကျပ် နှစ်သိန်းကို ပထမအရစ်၊ ဒုတိယ အရစ်ဆိုပြီး ရောင်းတယ်။

Friday, 9 March 2012

Viper ဆော့ဝဲကို အသုံးပြု၍ ပြည်ပသို့ ဖုန်းအခမဲ့ ခေါ်ဆိုနိုင်ပြီ


Viper ဆော့ဝဲကို အသုံးပြု၍ ပြည်ပသို့ ဖုန်းအခမဲ့ ခေါ်ဆိုနိုင်ပြီ

9/Mar/2012      
                                                                                                                                           

Viper ဆော့ဝဲကို အသုံးပြု၍ ပြည်ပနိုင်ငံများသို့ ဖုန်းအစမ်းခေါ်ဆိုနိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မိုဘိုင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြထားသည်။ ပြည်တွင်းမှ နိုင်ငံခြားသို့ ဖုန်းအခမဲ့ခေါ်ဆိုနိုင်ရန် အင်တာနက် ကွန်နက်ရှင် (Wifi 3 G) များ ရရှိရန် လိုအပ်ပြီး Viper ဆော့ဝဲများကို မိမိမိုဘိုင်းဖုန်းထဲတွင် သွင်းထားရမည်ဖြစ်ပြီး Viper for i Phone ဆော့ဝဲရယူရန်

Tuesday, 28 February 2012

မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ် မညစ်နဲ့


တံတောင်ဆစ်ကိုရီးယား ကားတွေ ခေတ်စား လာတာနဲ့ အမျှ ကိုရီးယား ဖက်ရှင် တွေ ကိုရီးယား အလှကုန် တွေ ခေတ်စားလာပြီး ယောကျာ်းလေးတွေ ရော မိန်းကလေးပါ ကိုရီးယားစ တိုင်လ်လေးတွေပြင်ဆင်လာကြပါ တယ်။ ဒီလိုပြင်ဆင်လာကြရာမှာ မျက်နှာလေးကို မိတ်ကပ်ဖွေးနေ အောင်လိမ်းပြီး ဖက်ရှင်ကျအောင် ဝတ်လိုက်ရင် Perfect ဖြစ်သွားပြီ လို့ တော်တော်များများက ထင်နေ ကြတယ်။ ခန္ဓာကိုယ်အသားအရေ ကို ဂရုစိုက်ဖို့မေ့နေကြတယ်။ လူ တော်တော်များများက တံတောင် ဆစ်နဲ့ ဒူးခေါင်းမှာ မည်းညစ်ပြီး အသားအရောင်မညီမညာဖြစ်နေ ကြပါတယ်။ အထူးသဖြင့် စကတ် တိုဝတ်တဲ့မိန်းကလေးတွေနဲ့ ဘောင်းဘီတိုဝတ်တဲ့ယောကျာ်း လေးတွေအတွက်တော့ ပြဿနာ တစ်ရပ်ပဲပေါ့။မျက်နှာမှာ မိတ် ကပ်ဖွေးနေအောင်လိမ်း၊ ဖက်ရှင် ကျအောင်ဝတ်ထားပေမယ့် တံ တောင်ဆစ်နဲ့ ဒူးခေါင်းကမည်းညစ် နေတော့ ကြည့်လို့ကောင်းပါ့မ လား။
တံတောင်ဆစ်၊ ဒူးခေါင်းမည်း ရခြင်းအကြောင်းရင်း
အကြောင်းရင်းကတော့ တံ တောင်ဆစ်နဲ့ဒူးခေါင်းကို အလွန်အ ကျွံအသုံးပြုလို့ဖြစ်ပါတယ်။ စားပွဲခုံ မှာ တံတောင်ဆစ်နဲ့ အကြာကြီး ထောက်ထားတာတို့၊ ဒူးအကြာကြီး ထောက်တာတို့ အဲဒီလို ကိုယ်ရုတ် တရက်သတိမထားမိလိုက်တဲ့အ ကြောင်းလေးတွေကြောင့်ပေါ့။

Tuesday, 29 November 2011

ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ လုပ်ဆောင်ရန် သမ္မတမှ လမ်းညွှန်ထား

ရန်ကုန်မြို့အားစင်ကာပူနိုင်ငံကဲ့သို့  လုပ်ဆောင်ရန် သမ္မတမှ လမ်းညွှန်ထား
လူဦးရေ ၆ သန်းမှ ၇ သန်းအထိ နေထိုင်လျက်ရှိသော ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လမ်းညွှန်ထားကြောင်း အမှတ်(၁)၊ (၂) စက်မှုဝန် ကြီး ဌာန ပြည်ထောင် စု ၀န်ကြီး ဦးစိုးသိန်း ကနိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပသော မီဒီယာ များနှင့် တွေ့ဆုံ ပွဲတွင် ပြောကြားခဲ့ပါသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းလျက် ရှိနေသော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် နှင့် တာမွေ(၅ လမ်းခွ)လမ်းဆုံများ တွင် ဂုံးကျော်တံတားများ တည်ဆောက်သွားမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

Sunday, 20 November 2011

တောင်ကိုရီးယားအိပ်မက် ကံစမ်းမဲ


ရခိုင် အမျိုးသား တစ်ဦး ဖြစ်သူ ကိုမောင်လှယေ သည် ယခင်က မလေးရှားတွင် အလုပ် သွားရောက် လုပ်ကိုင်ရန် ကြိုးစား ခဲ့ဖူးသည်။ အဆင်မပြေသဖြင့် လတ်တလော ရေပန်းစားနေသော ကိုးရီးယား အလုပ်အကိုင် ဘက် ခြေဦးလှည့်လာခဲ့သည်။ အသက် ၂၄ နှစ် အရွယ် ရှိ ကိုမောင်လှယေသည် EPS(Employment Permit System) စနစ်ဖြင့် တောင်ကိုးရီးယားကို သွားရောက်ရန် ကြိုးပမ်းနေသည့် သောင်းချီသောမြန်မာ လူငယ် များအနက် တစ်ဦးဖြစ်သည်။ “ကိုရီးယားသွားဖို့လုပ်တာ သိန်း ဆယ်ကျော် တော့ကုန် သွားပြီ” ဟု ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင် ရန် ကိုရီးယားဘာသာအရည်အချင်း စစ်စာမေးပွဲဖြေဆိုထားသူ ၄င်းက ညည်းညူ ပြောဆိုသည်။

Tuesday, 15 November 2011

အွန်လိုင်းမှာ ဈေးဝယ်ဖို့ ပြည်တွင်း ပြည်ပ က ဝက်ဘ်ဆိုဒ်များ

 


s_653_14
တစ်နေ့တခြား တိုးတက် ပြောင်းလဲလာနေတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ ဈေးရောင်းဈေးဝယ်ပြု ကြတဲ့အခါ စူပါမားကတ်တွေ၊ ရှော့ပင်းမောလ် တွေကို သွားရောက်ပြီး ကိုယ်တိုင် ကိုယ်ကျ ဈေးဝယ်ရတာထက် အွန်လိုင်းက တစ်ဆင့်ဈေးဝယ် မှုက တဖြည်းဖြည်း ကျယ်ပြန့်လာနေ တာတွေ့ရပါတယ်။ အွန်လိုင်း (OnLine)ဆိုတာက အင်တာနက် ဆက်သွယ်မှု (Internet Connection) တစ်ခုဖြစ်ပြီး အွန်လိုင်းက ဈေးဝယ် ဖို့ဆိုရင် မရှိမဖြစ် ရှိရမယ့် ပစ္စည်းတွေကတော့ ကွန်ပျူတာ ဒါမှမဟုတ် Device တစ်ခုခုပဲဖြစ်ပါတယ်။

Saturday, 12 November 2011

ကွန်ပျူတာ စနစ် တစ်ခုလုံး မြန်မာ စာလုံးများဖြင့် အသုံးပြုနိုင်မည့် စနစ် ဖြန့်ချိမည်

ကွန်ပျူတာ စနစ် တစ်ခုလုံး မြန်မာ စာလုံးများဖြင့် အသုံးပြုနိုင်မည့် စနစ် ဖြန့်ချိမည်


ကွန်ပျူတာ စနစ် တစ်ခုလုံး မြန်မာ စာလုံးများဖြင့် အသုံးပြုနိုင်မည့် စနစ် ဖြန့်ချိမည်
မြန်မာ ယူနီကုဒ်၏ စံနှုန်းသတ် မှတ်ချက်များကို အသုံးပြုထားပြီး ကွန်ပျူတာစနစ် တစ်ခုလုံးကို မြန်မာ စာလုံးများဖြင့် အသုံးပြု နိုင်မည့်သာလွန် မြန်မာ ကွန်ပျူတာစနစ် (Tharlon OS) ကို တရားဝင် စတင်ဖြန့်ချိ ရောင်းချတော့မည် ဖြစ်သည်။

Saturday, 22 October 2011

ဇာဂနာ Facebook ဖွင့်ထားဟုဆို


ကမ္ဘာပေါ် တွင် သုံးစွဲသူ အများဆုံး လူမှုရေး Website တစ်ခု ဖြစ်သည့် Facebook တွင် Maung Thura (မောင်သူရ) အမည်ဖြင့် Account ဖွင့်ထားကြောင်း လွတ်ငြိမ်းချမ်းသာ ခွင့်အရ အောက်တို ဘာလ ၁၂ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာသော စွယ်စုံရ အနုပညာ ရှင် ဦးဇာဂနာ (ခ) မောင်သူရက The Voice Weekly သို့ ပြောကြား သည်။
" ဖုန်းဆက်ပြီး မေးမေး နေကြတယ်။ အတု မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် Facebook ဖွင့်ထား တာပါ။ ဟုတ်ပါတယ်။ ကျွန်တော်ပါပဲ။ Facebook မှာ မောင်သူရ အမည်နဲ့ နှစ်ယောက် ဖြစ်နေ တယ်။ ဒါပေမဲ့ ဘယ်လိုမှ မှားစရာ မလိုဘူး။ ကျွန်တော်က ကတုံးမှာ ဘားကုတ် ပုံနဲ့ တင်ထားတာပါ " ဟု ဦးဇာဂနာက ရှင်းပြသည်။

Wednesday, 19 October 2011

သရုပ်ဆောင်ထက်ထက်မိုးဦးအမှု ပုံမှန်ရုံးဖွင့်ချိန်ထက်စောရ်ျကြားနာ

သရုပ်ဆောင်ထက်ထက်မိုးဦးအမှု ပုံမှန်ရုံးဖွင့်ချိန်ထက်စောရ်ျကြားနာ
ရန်ကုန်၊အောက်တိုဘာ ၁၈
မြန်မာနိုင်ငံတွင် စောင်ရေအများဆုံးထုတ်ဝေဖြန်.ချီနေသည်. 7 Day သတင်းဂျာနယ်မှ သတင်းထောက် မအေးသူစံ၏ အင်တာဗျူးတွေ.ဆုံမေးမြန်းမှုကို ပြောကြားနေစဉ် ကိုယ်ထိလက်ရောက် တုံ.ပြန်ခဲ့သောကြောင့် တရားစွဲဆိုခြင်းခံထားရသော ထက်ထက်မိုးဦး၏အမှုအား အောက်တိုဘာ ၁၈ရက်နေ.တွင် ရန်ကင်းမြို.နယ်တရားရုံးက ပုံမှန်ရုံးချိန်ထက်စောပြီး နံနက် ၉နာရီခန...်.တွင် စတင်စစ်ဆေးခဲ့သည်ကို တွေ.ရှိရသည်။
ခရမ်းရောင်အထက်အောက်ဝတ်ဆင်ထားသော ထက်ထက်မိုးဦးသည် နှစ်ဖက်သဘောတူညှီနှိုင်းထားသည်. ရုံးချိန် နံနက်၈နာရီခွဲအားကျော်ပြီးမိနစ်၄၀ခန်.နောက်ကျပြီးမှ အမျိုးသားဖြစ်သူနျင့်အတူ Super Custom ယာဉ်အမှတ် ၈/၂၄၃၅နှင့်အတူရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ယင်းနေ.တရားခွင်စစ်ဆေးမှုမစတင်မိ ရန်ကင်းမြို.နယ် တရားသူကြီးက သတင်းထောက် မအေးသူစံအား သတင်းမီဒီယာများသို. ဖြေကြားမှုနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခဲ့ပြီးနောက် ၉နာရီ၂၅မိနစ်ခန်.တွင် တရားခံအဖြစ် စွပ်စွဲခြင်းခံထားရသူ ထက်ထက်မိုးဦးအား စစ်ဆေးကြားနာမှုပြုလုပ်ခဲ့သည်။၂၀၁၀ပြည်.နှစ်မေလ၁၆ရက်နေ.ညတွင် စတင်ခဲ့သော ယင်းအမှုသည်တစ်နှစ်ကျော်ကာလထိတိုင်ရောက်ရှိခဲ့ခြင်းနှင့်အပြိုင် ရုံးချိန်ပေါင်း (၅၃)ကြိမ်တွင် သရုပ်ဆောင်ထက်ထက်မိုးဦးမှ နှစ်ပတ်ဆက်တိုက် နှစ်ကြိမ်လာရောက်စစ်ဆေးခံခဲ့ခြင်းဖြစ်သည်။
တစ်နာရီ၁၅မိနစ်အကြားစစ်ဆေးသောတရားခွင်ပြီးဆုံးပြီးနောက် သရုပ်ဆောင်ထက်ထက်မိုးဦးနှင့်အမျိုးသားတို.မှာ တရားရုံးပြင်ပတွင် စောင့်ဆိုင်းနေသူ ပရိသတ်များနှင့် သတင်းမီဒီယာများကို တွေ.ဆုံခြင်းမရှိဘဲ တရားသူကြီးရုံးခန်းတွင် ၅မိနစ်ခန်.မျှကြာအောင် စောင့်ဆိုင်းခဲ့ပြီးနောက် လူရှင်းသွားသည်.အခါမှ တရားရုံးခန်းအတွင်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
သရုပ်ဆောင်ထက်ထက်မိုးဦးနှင့်အမျိုးသားဖြစ်သူ မော်တော်ယာဉ်ပေါ်သို.မတက်ခင် ဓာတ်ပုံသတင်းထောက်များက ဓာတ်ပုံသတင်းရိုက်ယူခြင်းမပြုနိင်ရန် ထက်ထက်မိုးဦး၏ရှေ.နေ.များက ခန‘ာကိုယ်ဖြင့်ဝိုင်းကာခဲ့ကြပြီး ၄င်း၏လက်ရှိအမျိုးသားဖြစ်သူဇူးမြတ်ထက်က အမျိုးသမီးသတင်းထောက်များအပါအ၀င် သတင်းထောက်များကို ကြမ်းတမ်းရိုင်းစိုင်းစွာဆဲဆိုခြင်း၊ ခြေဖြင့်လှမ်းကန်ခြင်း၊မော်တော်ယာဉ်မောင်းနှင်ထွက်ခွာရာတွင် လက်ခလယ်ထောင်ပြခြင်းများ စသည်.မယဉ်ကျေးသည်.အမူအရာပြုမူခဲ့ကြောင်း မျက်မြင်တွေ.ကြုံခဲ့သူများက ပြောကြားသည်။

Tuesday, 18 October 2011

ကောင်းကင်တွင် ဈန်ဖြင့် ကြွနေသော ရဟန်း တစ်ပါး၏ ဗီဒီယို

ကောင်းကင်တွင် ဈန်ဖြင့် ကြွနေသော ရဟန်း တစ်ပါး၏ ဗီဒီယို အင်တာနက် စာမျက်နှာ များပေါ်တွင် ပျံ့နှံ့ ရောက်ရှိ


  • ဖေ့စ်ဘွတ်အကောင့် အားဖွင့် လိုက်မိချိန်တွင် နာမည်ကျော် ဒီဇိုင် နာ ဆရာမြင့်မောင်ကျော် share ပေးပို့ထားသော ဗီဒီယိုဖိုင်ကိုချက် ချင်းပင်ဖွင့်ကြည့်လိုက်မိသည်။
    အကြောင်းအရာ ခေါင်းစဉ်ကပင် မဖွင့်ကြည့်ဘဲ မနေနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
    “ကောင်းကင်ပေါ်တွင်ဈာန်ကြွ နေသောရဟန္တာ” ဟူသည့်ခေါင်း စဉ်ဖြစ်ပါသည်။အဆိုပါ ဗီဒီယိုဖိုင် အားချက်ချင်း ပင်ဝင်ရောက်ကြည့်ရူ လိုက် ချိန်တွင် ယင်းနေရာ ဒေသရှိ ဖူးမြော်သူတို့၏ အသံများနှင့် အတူ မြစ်ပြင် အထက် အတော်ခပ်လှမ်းလှမ်း ရှိရဟန္တာ ကိုယ်တော်မြတ် ဈာန်ဖြင့် ကြွနေသည် ကိုလွန်စွာ ဝေးကွာနေခြင်း ကြောင့် မသဲမကွဲ အနေအထားဖြင့် ဖူးတွေ့ လိုက်ရပါသည်။ ဗီဒီယိုရိုက် ကူးနေသူအား မြင်ရပါ့ မလားဟု မေးမြန်းသော အသံနှင့်မြင်ရတယ် ဒီမှာလေ ဟူသော အသံကိုစတင် ကြားလိုက်ရသည်။
    ယင်းနောက် ကိုယ်တိုင် ကိုယ် ကျမျက်မြင်ဖူးတွေ့ရန် ကံအကြောင်း တရားပါသူ၊ ကုသိုလ်ထူး၍ ဖူးတွေ့ ခွင့်ရသူတို့၏ အသံများကိုကြားရ သည်။
    “ ဟုတ်တယ်ဟေ့၊ ဟုတ်တယ် ဟေ့…ဟိုမှာ တွေ့ရပြီ အနီးကပ်” “ဟုတ်တယ်နော်..ရှင်းနေတာပဲ”  “တစ်ခါမှ..မကြွဖူးဘူးနော်” စသော တအံ့တသြဖြင့် ကိုယ်တိုင် ကိုယ်ကျ ဖူးမြော်ခွင့်ရသူတို့၏ ပြောစ ကားသံများနှင့် အတူ ဗီဒီယိုဖိုင် တွင် ရဟန္တာအရှင်မြတ် ၏ ပုံသဏ္ဌာန်ကို များစွာ ထင်ထင်ရှားရှား ဖူးတွေ့ခွင့်ရ လိုက်ပါသည်။
    အဆိုပါဗီဒီယိုဖိုင် အား စတင် share လုပ် ပေးပို့သော ဆရာမြင့် မောင်ကျော်၏ ဖေ့စ်ဘွတ် စာမျက် နှာပေါ်သို့ အောက်တိုဘာ ၁၅ ရက် နံနက် ၄ နာရီခွဲ အချိန်တွင် နောက် ဆုံးထား ၀င်ရောက်ကြည့်ရှု ခဲ့ပါ သည်။ ဗီဒီယို ဖိုင်စတင်ထား သည့် အချိန်မှ ယင်းအချိန်ထိ ၁၉ နာရီစာ သာကြာမြင့် ပါသေးသည်။ ကွန့်မင့် ပေးသူများစွာ ရှိလာပြီး ၂၆ ဦးမှာ ယင်းဗီဒီယိုဖိုင်အား share လုပ် သွားကြသည်။
    ယင်းနောက် share လုပ် သွားကြသောသူတို့၏ ဖေ့စ်ဘွတ်စာ မျက်နှာများ ပေါ်တွင်လည်း ၀ိုင်းဝန်း ၍ comment (သဘောထားမှတ် ချက်) ပေးသူများစွာ ရှိလာပြီး လူပေါင်းများစွာ ကချက်ချင်းပင် share များ ထပ်မံရယူကာ ဖြန့် ဝေကြသည်ကိုတွေ့ရပါသည်။
    အဆိုပါဗီဒီယိုဖိုင် အား စတင် share ပေးပို့သော ဆရာမြင့်မောင် ကျော်ထံဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာတွင် “မူရင်း တင်ထားတဲ့သူက တော့ အာသာ မင်းပါ။ ဆရာလည်း သူ့ကို ဆက်သွယ်ဖို့ လုပ်နေတာ မရ သေးဘူး။ ဘယ်နေရာမှာ၊ ဘယ် အချိန်လဲ ဆိုတာ ဆရာလဲ မေးမလို့ ဆက်သွယ် ထားတုန်းပဲ။ ဒါပေမယ့် ဆရာလည်း ဒီလိုမျိုးကောင်းကင်မှာ ဈာန်နဲ့ကြွသွားတဲ့ ရဟန္တာတွေကို မကြာခဏ ဖူးတွေ့ရဖူးတယ်။ ပြော ရရင် တော့ကွာ ဒီဗီဒီယိုဖိုင် ကို ဆရာ ကိုယ်တိုင် လည်း ယုံကြည် လို့တင် ထားတာ။ share လုပ်ပေးတာပေါ့ ကွာ”ဟု မြန်မာပို့စ်သတင်းဂျာနယ် ၏ ဆက်သွယ်မေးမြန်းချက် ကို ပြန် လည်ဖြေကြားခဲ့ပါသည်။
    ဗုဒ္ဓဘာသာ အားယုံကြည်သက် ၀င်သူလူငယ် တစ်ဦးကလည်း “ကျွန် တော် ရဟန္တာ တွေနဲ့ပတ်သက်လို့ ကိုယ်တိုင် ကိုယ်ကျ ဖူးမြော်ခွင့် မရပေ မယ့်လည်း ရှိတယ် ဆိုတာကို တကယ် ယုံကြည်ပါတယ်။ တောင်တန်းသာ သနာပြု ဆရာတော်ဘုရားကြီး ဟော ကြားသွားတဲ့ တရားတစ်ပုဒ်မှာ ဆိုရင်လည်း မြန်မာပြည် မှာ ရဟန္တာ တွေ၊ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တွေ အများကြီး ရှိတယ်။ ဒုတိယကမ္ဘာ စစ်တုန်းက မြန်မာနိုင်ငံ ကိုလာတဲ့ လေယာဉ်မှူး တွေဆိုရင် ကောင်း ကင်မှာ ဈာန်နဲ့ကြွနေတဲ့ ရဟန္တာတွေ လေယာဉ် ဘေးမှာ၊ တချို့က လေယာဉ်ပျံရဲ့ ရှေ့မှာ အုပ်စု လိုက် ရော၊ တစ်ပါးချင်း ရော ဈာန်နဲ့ကြွနေ ကြတာ ကိုမြင်တွေ့ခဲ့ရလို့ အရမ်းကို အထူး အဆန်းဖြစ်ရလို့ မေးမြန်း လျှောက် ထားကြတဲ့ အကြောင်းကို တောင် ထည့်သွင်း မိန့်ကြား သွားတာ ကိုတရားနာခဲ့ ရဖူးပါတယ်။ အခုဗီဒီ ယိုဖိုင်မှာ ဖူးတွေ့ခွင့်ရတဲ့အတွက်ရ အောင်ရိုက် ကူးပေးခဲ့တဲ့ သူကို အထူး ကျေးဇူးတင် ပါတယ်။ ဒီဗီဒီယိုဖိုင် မှာ ဖူးတွေ့ရတာလဲ အရမ်း အံ့သြသလို၊ အရမ်းလည်း ယုံကြည်မိပါတယ်” ဟု မြန်မာပို့စ် သတင်းဂျာနယ်၏သဘော ထားအမြင် တောင်းခံမှုအပေါ် ပြန် လည်ဖြေကြားပေးခဲ့သည်။
    အဆိုပါဗီဒီယိုဖိုင် အားစတင်၍ ဖေ့စ်ဘွတ် စာမျက်နှာပေါ် တင်ထား ပေးခဲ့သူဟု ဆိုနိုင်သော ကိုအာသာ မင်းမှာ ယခုလ ၈ ရက်နေ့မှ စတင် ၍ယင်းဖိုင်အား တင်ပေးထားခဲ့ခြင်းဖြစ် ပါသည်။
    အဆိုပါ ထူးခြားသောရဟန္တာ ပုဂ္ဂိုလ်သည်မြန်မာနိုင်ငံ၏ မည်သည့် အရပ်ဒေသ တွင်ကြွလာသည်၊ မည် သူကယင်း ဗီဒီယိုအား မှတ်တမ်းတင် ခဲ့သည် နှင့် ဖိုင်အား မျှဝေပေးသော ကိုအာသာမင်း အပါအ၀င် ကိုယ်တိုင် ကိုယ်ကျ ဖူးတွေ့ခွင့် ရသူတို့နှင့်ဆက် သွယ်တွေ့ဆုံ နိုင်ရန်မြန်မာပို့စ်အနေ ဖြင့် ဆက်လက်စုံစမ်း နေပါကြောင်း စာဖတ် ပရိသတ်အားအသိပေးလိုပါ သည်။
    လက်ရှိတွင် အဆိုပါဗီဒီယိုဖိုင် အားကြည့်ရှုဖူး မြော်လိုသူများအနေ ဖြင့် www.facebook.com တွင် အကောင့်ရှိသူများအနေဖြင့် http://www.facebook.com/kogyi ၀င် ရောက်၍ ရှာဖွေကြည့်ရှု နိုင်သလို၊ အောက်တွင်လည်း တပါးတည်း ထည့်သွင်းပေးထားပါသည်။
    သက်ထွန်းဦး၊ ဘသန်း

    breaking-vol3-no40
  •                                                       Ref: The Myanmar Post