Pages

Wednesday 18 July 2012

အမေရိကန် FDA အသိအမှတ်ပြု ပထမဆုံး HIV ကာကွယ်ဆေးထွက်ပေါ်လာ

အမေရိကန် FDA အသိအမှတ်ပြု ပထမဆုံး HIV ကာကွယ်ဆေးထွက်ပေါ်လာ


From : Planet

Gilead Science၏ Truvada ဆေးဝါးသည် HIVပိုး ရှိနေသူများနှင့် လိင်အထိအတွေ့ ရှိနေသူများကဲ့သို့ HIVပိုး ကူးစက်နိုင်ခြေ မြင့်မားသည့် အခြေအနေရှိသူများတွင် ရောဂါပိုး မကူးစက်အောင် တားဆီးပေးနိုင်
အမေရိကန် FDA အသိအမှတ်ပြု ပထမဆုံး HIV ကာကွယ်ဆေးထွက်ပေါ်လာ
အမေရိကန် အစားအသောက်နှင့်ဆေးဝါး စီမံအုပ်ချုပ်ရေးဌာန (Food and Drug Adminstration - FDA) က တနင်္လာနေ့တွင် ပထမဆုံးအကြိမ်အဖြစ် HIV ဗိုင်းရပ်စ် တားဆီးကာကွယ်သည့် ဆေးဝါးတစ်မျိုးကို ထောက်ခံအတည်ပြုပေးလိုက်ပြီ ဖြစ်သည်။
အဆိုပါ ခြေလှမ်းသည် ကြောက်မက်ဖွယ် ခုခံအား ကျဆင်းမှု ရောဂါ (AIDS)ကို စတင်ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်အား နှစ်ပေါင်း(၃၀)ကြာ တိုက်ဖျက်ရန် ကြိုးစားနေမှုတွင် အလွန်ကြီးကျယ်ခမ်းနားသည့် မှတ်တိုင်တစ်ခုသဖွယ် ဖြစ်လာသည်။ Gilead Science၏ Truvada ဆေးဝါးသည် HIVပိုး ရှိနေသူများနှင့် လိင်အထိအတွေ့ ရှိနေသူများကဲ့သို့ HIVပိုး ကူးစက်နိုင်ခြေ မြင့်မားသည့် အခြေအနေရှိသူများတွင် ရောဂါပိုး မကူးစက်အောင် တားဆီးပေးနိုင်ကြောင်း သိရှိရသည်။



(အမေရိကန် FDA က ထောက်ခံအတည်ပြုလိုက်သည့် HIV ကာကွယ်ဆေး Truvada)

ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူများက ယခုဆေးဝါးကို အတည်ပြုလိုက်ခြင်းကြောင့် HIVပိုး ပျံ့နှံ့ ကူးစက်မှုကို နှေးကွေးအောင် တားဆီးလာနိုင်မည်ဟု ယူဆကြောင်း ပြောကြားသွားသည်။ AIDSရောဂါကို တိုက်ဖျက်ရန် နှစ်ပေါင်းများစွာ အချိန်ယူ ကြိုးပမ်းလာခဲ့သည့်နောက် ယခုဆေးဝါး တီထွင်နိုင်မှုသည် အောင်မြင်မှုတစ်ခုလည်း ဖြစ်လာသည်။ အမေရိကန်တွင် အနည်းဆုံးလူ (၁.၂)သန်း၌ HIV ရောဂါပိုး ကူးစက် ခံထားရသည်ဟု ယူဆရသည်။ ထို့အပြင် HIVပိုးရှိသူ အမေရိကန် (၂၄၀၀၀၀)ကျော်သည် ၎င်းတို့တွင် အဆိုပါ ရောဂါပိုး ရှိနေမှန်း သတိမပြုမိဟုလည်း သိရသည်။ Gilead Scienceသည် Truvadaကို (၂၀၀၄)ခုနှစ် ကတည်းက ဈေးကွက်တွင် ဖြန့်ဝေခဲ့ပြီး HIVပိုး ကူးစက်ပြီးသူများကို ကုသပေးရန် အသုံးပြုခဲ့သည်။



(HIV ဗိုင်းရပ်စ်ပိုး)(ဓာတ်တ်ပုံ - Wikipedia)

သို့သော်လည်း (၂၀၁၀)ပြည့်နှစ်မှ စတင်ကာ အဆိုပါ ဆေးဝါးသည် ရောဂါပိုး မကူးစက်သေးသူများက ရောဂါပိုး ရှိသူများနှင့် ထိတွေ့ခြင်းမှ ကူးစက်ခြင်းကို အမှန်တကယ် တားဆီးနိုင်စွမ်း ရှိနေကြောင်း ဖော်ထုတ် တွေ့ရှိလာခဲ့သည်။ (၃)နှစ်ကြာ လေ့လာမှုများ ပြုလုပ်ပြီးနောက် လိင်တူဆက်ဆံသူများ ရောဂါပိုး ကူးစက်မှုကို (၇၅)ရာခိုင်နှုန်းထိ တားဆီးနိုင်ကြောင်း တွေ့ရှိလာခဲ့သည်။ ထို့အပြင် သာမန် စုံတွဲများတွင် ရောဂါပိုး ကူးစက်မှုကို (၁)ရာခိုင်နှုန်းထိ လျော့နည်းသွားအောင် ယင်းဆေးဝါးက စွမ်းဆောင်နိုင်ခဲ့သည်။

FDAသည် အသေးစိတ် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် Truvadaကို HIV ကူးစက်မှု ကာကွယ်နိုင်သည့် ဆေးဝါးအဖြစ် ပထမဆုံးအကြိမ် ထောက်ခံချက် ပေးခဲ့ခြင်း ဖြစ်သည်။ လိင်ဆက်ဆံမှုများတွင် ကွန်ဒုံးအသုံးပြုခြင်းထက် ယခုဆေးဝါးက ပိုမို အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ရကြောင်း FDA၏ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ထုတ်ကုန်များဌာန ဒါရိုက်တာ ဒေါက်တာ ဒီဘရာ ဘရင်ခရက်က ပြောကြားခဲ့သည်။ "ကူးစက်မှုတွေမှာ ကွန်ဒုံးအသုံးပြုခြင်း၊ မပြုခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်တဲ့ ပတ်သက်မှုမျိုးတွေ ကျွန်တော်တို့မှာ အားကောင်းကောင်း ရှာတွေ့ထားတာ မရှိပါဘူး။ ဒါပေမဲ့ Truvadaကတော့ ထိရောက်တဲ့ အကျိုးထူးတွေ ရှိခဲ့တာ အတည်ပြုနိုင်ပါတယ်"ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသွားသည်။

No comments: