Pages

Friday 13 July 2012

၂၀ဝ၇ မော်ဒယ်၁၃၀ဝစီစီကို ရန်ကုန် ဆိပ်ကမ်းအရောက် သိန်း ၈၀လောက်နဲ့ ရနိုင်တယ်

၂၀ဝ၇ မော်ဒယ်၁၃၀ဝစီစီကို ရန်ကုန် ဆိပ်ကမ်းအရောက် သိန်း ၈၀လောက်နဲ့ ရနိုင်တယ်


၂၀ဝ၇ မော်ဒယ် ၁၃၀ဝ စီစီကို ရန်ကုန်ဆိပ်ကမ်း အရောက် သိန်း ၈၀ လောက်နဲ့ ရနိုင်တယ်ယခုအခါ ကားမူဝါဒ သစ်များ ချမှတ်ပြီး နောက်ပိုင်းတွင် လုပ်ငန်းရှင် များနှင့် ပြည်သူ အများစုသည် မော်တော် ကားများကို စိတ်ဝင် စားလာကာ လက်ရှိ မူဝါဒနှင့် မော်တော်ကား အရစ်ကျ ရောင်းချမှု အခြေအနေများ၊ ဂျပန်ရှိ ကားဈေးကွက် မြင့်တက်မှု အခြေအနေများ ကုန်သွယ်ရေးမှကောက်ခံနေသော အခွန်များနှင့် ပတ်သက်၍ ဆာကူရာကားကုမ္ပဏီမှဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တွေ့ဆုံမေးမြန်းခဲ့ သည်များကို Venus News Weekly ကစာဖတ် ပရိသတ်များ သိရှိနိုင်ရန် ကောက်နုတ်ဖော်ပြ အပ်ပါသည်။

Venusး လက်ရှိချမှတ်ထားတဲ့ ကားမူဝါဒ အပေါ် အမြင် သုံးသပ်ပေးပါ။ အပေါ် အမြင်သုံးသပ်ပေးပါ။
UHAး လက်ရှိမူဝါဒက သူတို့သွားချင် နေတဲ့မူဝါဒဖြစ်တယ်။ တခြားနိုင်ငံတွေ ကို ပြောတာမဟုတ်ဘူး။ သူတို့မူဝါဒကှ့Show Room အသစ်တွေBranded Show Room အသစ်ကို အများကြီးပေါ် ထွန်းချင်တာပေါ့။ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ဒီမိုကရေစီဖြစ်လာပြီးတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာပြီဆိုတဲ့ပုံရိပ်ကို ပြချင် တဲ့သဘောပါ။ ဒါမျိုးတွေ အမြန်ဆုံး အကောင်အထည်ဖော်ချင်ကြတယ်။ ဒီမို ကရေစီလမ်းကြောင်းကိုသွားမယ်ဆိုရင် ဘယ်အစိုးရပဲ အုပ်ချုပ်အုပ်ချုပ် ဒီလိုပုံရိပ် မျိုးမြန်မြန်ဖြစ်ထွန်းစေချင်တာခေါင်းဆောင် တိုင်းရဲ့ ဆန္ဒပါ။
Venusး ဒီလိုမူဝါဒတွေ ပြုလုပ်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ။
UHAး ဒီလိုဖြစ်ထွန်းဖို့အတွက် လိုအပ် တဲ့အပြင်အဆင်တွေ၊အပြောင်းအလဲတွေ၊ အပြောင်းအလဲဆိုတဲ့အပေါ်မှာ ထိခိုက် နစ်နာမှု ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ် အောင် မူဝါဒတွေ ချမှတ်ရမှာပါ။ ဒီနေရာ မှာ အချိန်ကို အတိုးအလျော့လုပ်သင့်ရင် လုပ်ရမယ်။ ဒီလိုမြန်မြန်ပြောင်းလဲမယ့် အစား ဒီအမြန်နှုန်းကို နည်းနည်းလေး လျှော့လိုက်ရင်ဘယ်လောက်အထိ ထိခိုက် နစ်နာဆုံးရှုံးမှုတွေ သက်သာမလဲဆိုတာ စဉ်းစားရမယ်။ ဒါတွေက မူဝါဒတစ်ခု မထုတ်ခင်ကြိုတင်ပြင်ဆင်ရမယ့်ပြဿနာ တွေပါပဲ။
Venusး နောကထ် ပမ် ဝူါဒ ထပ်ြပီး ပြောင်း လဲဦးမယ်ဆိုတဲ့ အပေါ်မှာ ဘယ်လိုမြင် သလဲ။
UHA: နောက်သုံးလမဟုတ်ဘူး။ ရက် ပိုင်းအတွင်းလည်းပြောင်းချင်ပြောင်းမယ်။ တစ်ပတ်နှစ်ပတ်အတွင်းကို လွှတ်တော်က သာ ဒီကိစ္စတွေကို အရေးယူဆောင်ရွက် ပြီးတော့ ဥပဒေကဲ့သို့သော စည်းမျဉ်း စည်းကမ်းမူဝါဒမျိုး ချမှတ်ပေးလိုက်ရင် လက်ရှိ ကျင့်သုံးနေတဲ့ စည်းကမ်းမူဝါဒ တွေ ပျက်ပြယ်သွားမယ်ဆိုရင် မူဝါဒက ထပ်ပြောင်းဦးမှာပါ။
Venusး လူတိုင်းကားစီးနိုင်တယ်ဆိုတဲ့ မူဝါဒက ကောင်းသလား။ မူဝါဒက ကောင်းသလား။ံ
UHAး အစကတည်းက စက်တင်ဘာလ အမိန့်စထွက်ထွက်ခြင်း ဦးက ၉၅ မော် ဒယ်တွေကို ပေးသွင်းတာကို မကြိုက်လို့ ဝန်ကြီးငါးပါးဆီကို ဦးကိုယ်တိုင်စာပို့ခဲ့ဖူး တယ်။ ၂၀ဝ၀ နဲ့အထက်တွေကိုပဲ သွင်း ခွင့်ပေးဖို့။ ဘာဖြစ်လို့လဲဆိုတော့ ဘယ် အာဆီယံနိုင်ငံမှာမှ ခွင့်မပြုခဲ့ဖူးတဲ့မူဖြစ် ပါတယ်။ ထိုင်းမှာဆိုရင် ၁၀ နှစ်အတွင်း က ကားကိုပဲ သွင်းလို့ရတယ်။ ၁၀ နှစ် ထက်နိမ့်လို့မရဘူး။ ဆယ်နှစ်အတွင်းက ကားတွေကို သွင်းလို့ရတာက နိုင်ငံခြား မှာအလုပ်လုပ်ပြီးတော့ ဝယ်စီးနေတဲ့ကား ကို ကိုယ့်ပြည်တွင်းကို ပြန်ယူလာလို့ရ တယ်။ အဲဒါတောင် သက်တမ်း ၁၀ နှစ်ကျော်သွားရင် မရတော့ဘူး။ တခြာှး့သတျွသသာ တွေဆိုရင် မြညေိ နြတ ကိုပဲ သွင်းလို့ရတယ်။ှနခသညိံညေိ ကို သွင်းလို့မရဘူး။ ဒါမျိုးမူဝါဒတွေကိုချသင့် ပါတယ်။
Venusး မြနမ်ာနငို င် ရဲံ့ လမ်း ကြောနဲ့ ကား တွေရဲ့ ဘယ်မောင်းညာမောင်းစနစ်ကို ဘယ်လိုမြင်ပါသလဲ။ံ
UHAး ဦးက မော်တော်ကားတွေကို ဘယ်မောင်းသွင်းရမယ်၊ ညာမောင်းသွင်း ရမယ်လို့ တိုက်တွန်းနေတာမဟုတ်ပါဘူး။ ဦးကို အထင်လွဲနေကျတာက ဦးက ဘယ် မောင်းတွေသွင်းချင်လို့ အတင်းသွင်းခိုင်း တယ်လို့ အထင်လွဲနေတာ။ မြန်မာပြည် က ယာဉ်မောင်းစနစ်နဲ့လမ်းကြောစနစ်နဲ့ မကိုက်ညီဘူး။ ယာဉ်မောင်းတာက ဘယ် မောင်းဖြစ်ရမယ်။ ဒါပေမယ့်ညာမောင်း တွေ များနေတယ်။ လမ်းကြောစနစ်က လက်ယာကပ်မောင်းဖြစ်နေတော့ ဆန့် ကျင်ဘက်ဖြစ်နေတယ်။ အဲဒီတော့ အန္တ ရာယ်များတယ်၊ တိုင်းပြည်ရဲ့အင်္ဂါနဲ့မကိုက် ညီဘူး၊ ဆိုလိုတာက အိမ်နီးချင်းလာအိုလို တိုင်းပြည်မျိုးသေးသေးလေးတောင် ဘယ် မောင်းကို တစိုတ်မတ်မတ်သွင်းလာကြ တာ၊ ၉၅ ရာခိုင်နှုန်းလောက်က ဘယ် မောင်းတွေဖြစ်တယ်။ လက်ယာကပ် မောင်းတိုင်းပြည်လေ၊ ဒါကြောင့် စနစ်နဲ့ ဥပဒေကို တစိုက်မတ်မတ် ကျင့်သုံးလာ တယ်။ လုံးဝဘယ်မောင်းမဟုတ်ရင် တိုင်း ပြည်ထဲအဝင်မခံဘူး။ ကျွန်တော်တို့ တိုင်း ပြည်မှာ လူတွေကအတ္တကြီးတယ် လူတွေ ရဲ့အတ္တကို အစိုးရက လိုက်လျော ခဲ့တယ်။ လိုက်လျောလို့မရပါဘူး။ လိုက်လျောရင် တိုင်းပြည်တစ်ခုလုံးရဲ့အမှားကြီးကို ဆုပ် ကိုင်ထားရမယ်။ ဒါကြောင့်မို့လို့ တစ် ခုခုပြင်ရမယ်။ ဘယ်မောင်းကြီးပဲ သွင်းပါ လို့ပြောတာ မဟုတ်ဘူး။ မူဝါဒတစ်ခုခုကို ဆုပ်ကိုင်ပြီးတော့ တစ်စိုက်မတ်မတ် ကျင့် သုံးရမယ်လို့ပြောတာပါ။ လမ်းကြော စနစ်ကိုပြင်မလား၊ ယာဉ်မောင်းစနစ်ကို ပြင်မလား၊ အများက ဆုံးဖြတ်ရမယ့် ကိစ္စ ပါ၊ ဦးက ဒါကမှားနေတယ်လို့ ထောက် ပြတဲ့သဘောပါ။ အခုဆိုရင် ဘာလုပ်မှာ လဲ ဒီလိုပဲဆက်သွားတော့မှာလား။ စနစ် တစ်ခုကို တိတိကျကျ ကိုင်တွယ်ဖြေရှင်း မှာလား၊ ဒီလိုပဲ အံမဝင်ခွင်မကျဖြစ်နေ တာကြီးကို တစ်သက်လုံး ဆုပ်ကိုင်ထား မှာလား။ ဦးက ထောက်ပြတာက နိုင်ငံ တကာမှာ ရှက်စရာကောင်းတဲ့ ကိစ္စဖြစ် နေတယ်။ သူများနိုင်ငံရဲ့ ပြည်သူက စနစ် ကိုလည်းလေးစားတယ်၊ ဥပဒေကိုလည်း လိုက်နာတယ်။ မြန်မာပြည် မှာကစနစ်ကို လည်းမလေးစားဘူး။ ဥပဒေကို လည်း မလိုက်နာဘူး။ ဒါတွေက ပြင်ရမယ် အခု ပြင်မလား၊ နောင်မှဘာမှ လုပ်မရတဲ့ အချိန်မှပြင်မလား။ အခုချိန် ပြင်မယ်ဆို ရင် ဥပမာ ဗ၊ ဘ ကစပြီး ကား အသစ် သွင်းတဲ့ သူတွေကို ဘယ်မောင်းတွေပဲ သွင်းခိုင်းရမယ်။ မူတစ်ခုအနေနဲ့ပေါ့။
Venusး ဘတ်(စ)ကားတွေကို ၂၀ဝ၇ မော်ဒယ် ဘယ်မောင်းတွေ သွင်းခိုင်းတာ ကိုရော ဘယ်လိုသုံးသပ်မလဲ။
UHAး မော်ဒယ် ၂၀ဝ၇ ဘယ်မောင်း ဘတ်(စ)ကားက ဘယ်နိုင်ငံမှမရောင်း ဘူး။ ၂၀ဝ၇ ဆိုတာ အသစ်ကြီးရှိသေး တယ်။ အဟောင်းမဟုတ်သေးဘူး။ ဒါ စီးပွားရေးလုပ်တဲ့ကားလေ။ ဒီကားမျိုးက ဒီမှာစီးပွားအဖြစ် လုပ်စားလို့မရဘူး။ ဦးက အစည်းအဝေးမှာ ၂၀ဝ၂ ခုနှစ်ချပေး ပါလို့ ပြောပြီးပြီ။ ဒါလည်းအခုထိ မပြင် သေးဘူး။ ၂၀ဝ၂ ခုနှစ် ဘယ်မောင်းဆိုရင် ဝယ်လို့လွယ်သေးတယ်။ ဟို တစ်တန်နှင့် အထက်Truck ကားတွေကတော့ ဘယ် ညာကြိုက်တာသွင်းလို့ ပြောတယ်။ အဲဒီ ကားတွေကျတော့ သွင်းခိုင်းပြီးတော့၊ ဒီ ဘတ်(စ်)ကားကျမှ ဘာလို့ ဘယ်မောင်း ၂၀ဝ၇ သွင်းခိုင်းတာလဲ။ ဝယ်လို့မရဘူး လို့ပြောတာလဲ ပြင်မပေးဘူး၊ ဒါကစီးပွား ရေးနဲ့ နိုင်ငံအတွက်ပြောတာ ဖြစ်တယ်။ ဦးတစ်ယောက်တည်းအတွက် မဟုတ်ပါ ဘူး။ ဦးဆိုလိုချင်တာက ဥပဒေကို ဟိုလို လိုဒီလိုလို နှစ်ခွမလုပ်နဲ့။ အခုအချိန်ထိ မှားပြီးရင်း မှားနေတုန်းပဲ။ ဆင့်ကဲဆင့်ကဲ လမ်းဘေးရောက်အောင် မှားနေတယ်။
Venusး လိုင်းကားတွေမှာ ခရီးသည် ပြည့်ကျပ်တာကို ဘယ်လိုနည်းနဲ့ လျှော့ ချသင့်သလဲ။
UHAး လိုင်းကားတွေမှာခရီးသည် ပြည့် ကျပ်တာကို ဦးပြောသလို ဘတ်(စ)ကား တင်သွင်းခွင့်ပေးထားတဲ့ မူဝါဒကို ၂၀ဝ၇ အစား၂၀ဝ၂အဖြစ်လျှော့ချပေးသင့်တယ်။ အခုကျတော့ တဖြည်းဖြည်းနဲ့ ဘတ်(စ) ကားတွေနည်းနေပြီ။ ခရီးသည်တွေ ကြပ် နေပြီ။ ဒါကို ဘယ်လိုလုပ်ကြမလဲ။
Venusး အခုသွားနေတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးကို ဘယ်လိုမြင်သလဲ။ံ
UHAး အစိုးရပြောင်းလာရင် ထွက် ပေါက်ရှာမယ်။ ထွက်ပေါက်က ဘာလဲ ဆိုတော့ မော်တော်ကားတွေ များများသွင်း ခွင့်ပေးမယ်။ အိမ်ယာမြို့သစ်တွေ တည် ဆောက်မယ်၊ ဒါက မြန်မာသီအိုရီပေါ့၊ ၁၉၆၂ ခုနှစ်တုန်းကလည်း ဒီလိုပဲ။ ၁၉၈၈ ပြီးတော့လည်း ဒီလိုပဲ။ အခု ၂၀၁၀-၁၁ သွားမယ် ဒီအတိုင်းပဲ။ သွားပြီးရင် နောက်ကြောင်းပြန်မလှည့်ဖို့ အရေးကြီး တယ်။ စီးပွားရေးကိုပြောတာပါ။ နောက် ကြောင်းပြန်လှည့်သွားရင် အရင်လိုပဲ ဒုက္ခရောက်ဦးမှာပဲ။အခုဆိုရင် တာဆူနေ ပြီ။ မြေဈေးတွေကျအောင်လုပ်မယ်။ မြို့ သစ်တွေတည်မယ်။ စီးပွားရေးအနေနဲ့ လုံးဝနောက်ပြန်မလှည့်ဖို့အရေးကြီးတယ်။ ဒါက သေချာလုပ်ဖို့လိုတယ်။ အစိုးရတင် ပြောင်းလို့မရဘူး။ စီးပွားရေးသမားတွေရဲ့ စိတ်ဓာတ်တွေကိုပါ ပြောင်းလဲဖို့လိုတယ်၊ ဒီအချိန်မှာကိုယ့်အကျိုးထက်အများအကျိုး ကိုကြည့်ဖို့ လိုအပ်ပါတယ်။
Venusး စီး ပွားရေး လုပ်ငန်းရှင်တွေရဲ့စိတ် ဓာတ်တွေကို ဘယ်လိုပြောင်းလဲသင့်သလဲ။
UHA: ဒီနေရာမှာက တစ်ဖက်တစ်လမ်း ကနေ ကိုယ်နိုင်သလောက် ပြည်သူ့ အတွက် တာဝန်ထမ်းဖို့လိုတယ်။ ဦးက ဦးနဲ့ ဆိုင်တဲ့ အလုပ်ကိုလုပ်တယ်။ တက္ကစီ ဒါရိုက်ဘာတွေကို ဘဝပြောင်းပေးဖို့ စဉ်း စားတဲ့အလုပ်ပေါ့။ဒီလိုအလုပ်မျိုးကိုသက် ဆိုင်ရာ လုပ်ငန်းရှင်တွေက လုပ်ပေးသင့် တယ်။ ဒါပေမယ့် ဘယ်သူမှလုပ်ဖို့ မစဉ်း စားကြသေးဘူးထင်တယ်။ စဉ်းစားတဲ့သူ ရှိချင်ရှိမယ် တစ်ယောက်တည်း လုပ်လို့ မရဘူးဆိုပြီး လက်ပိုက်ကြည့်နေကြတာ ဖြစ်မယ်။ ဒါတွေကို လုပ်ငန်းရှင်တွေ ညီ ညွတ်ဖို့ အစိုးရကသော်လည်းကောင်း၊ လွှတ်တော်ကသော်လည်းကောင်း၊စည်းရုံး ပြီးတော့ ပေါင်းစပ်ပေးဖို့လိုပါတယ်။
Venusး အခု တက္ကစီတွေ ရောင်းမယ့် အစီအစဉ်က အစီးရေဘယ်လောက်ရှိမလဲ။
UHAး တက္ကစီတွေကို အခုလိုရောင်းပေး ဖို့အတွက် အစီး ၂၀ဝ၊ ၃၀ဝလောက် မှန်း ထားတယ်။ ဘဏ်တွေရဲ့အကူအညီ မယူဘူးဆိုပြီးတော့ဦးတစ်ယောက်တည်း ပဲ လုပ်ထားတာဖြစ်တယ်။
Venusးအခု တက္ကစီတွေကို ဝယ်ဖို့လျှောက် လွှာလာတင်တဲ့ဦးရေ ဘယ်လောက်ရှိမလဲ။ံ
UHAး အခုလျှောက်လွှာ လာတင်တာက ရက်ပိုင်းပဲရှိသေးတယ်။ တစ်ထောင်ကျော် နေတဲ့အခါကျတော့ငွေအမောက်ကအရမ်း များနေတယ်။ အဲဒါကြောင့် ဘဏ်တွေကို အကူအညီတောင်းရမယ်။ ဂျပန်က လုပ် ငန်းရှင်တွေကိုလည်း အကူအညီတောင်း ရမယ်။ ဘဏ်တွေကပံ့ပိုးမယ်ဆိုရင်တော့ မြန်မြန်အကောင်အထည်ပေါ်တာပေါ့။ ဘဏ်လည်း မှန်ကန်တဲ့အတိုးရမယ်။ ဒါရိုက်ဘာကလည်းယာဉ်ပိုင်ရှင်ဖြစ်မယ်။ ဦးဆန္ဒလည်း အကောင်အထည်ပေါ်မယ်။ ဒါကို လုပ်ချင်နေတာ ကြာပါပြီ။ အများ ပြည်သူအတွက် တစ်နေရာက ထောက်ပံ့ တဲ့သဘောပါ။
Venusး အိမ်စီးကားတွေကို အရစ်ကျ ရောင်းဖို့ အစီအစဉ်ရှိသလား။ံ
UHAး အဲဒါက ဘဏ်တွေအပေါ်မှာမူ တည်တယ်။ ဘဏ်တွေဘက်က ဘယ် လောက်အထိ လုပ်ပေးမလဲဆိုတာပေါ့။ လုပ်ပေးတဲ့အခါမှာလည်း အတိုးနှုန်းသား တွေက မြင့်နေတဲ့အခါကျတော့ ကားစီးတဲ့ သူတွေမှာ ဝန်ထုပ်ဝန်ပိုးဖြစ်တာပေါ့။ အဲ ဒီအခါကျတော့ဝင်ငွေကောင်းတဲ့လူလောက် ပဲ စီးနိုင်တာပေါ့။ လူစီးကားတွေကို ၉၃- ၉၄ ခုနှစ်က ဘဏ်တွေ လုပ်ရကောင်းမှန်း မသိတဲ့ အချိန်ကတည်းက စပြီးလုပ်ခဲ့ပါ တယ်။ အဲဒီတုန်း ကတည်းက ဘဏ်နဲ့ မလုပ်ဘဲနဲ့ကိုယ်တိုင်သုံးနှစ်အရစ်ကျရောင်း ပေးဖူးတယ်။ လုပ်ချင်တာတွေကတော့ အများကြီးပါ။ အလုပ်ဆိုတာလူညီရမယ်။ အစုရှယ်ယာခေါ်ပြီး အခြေခံလူတန်းစား တွေကို ပံ့ပိုးတဲ့အလုပ်မျိုးများများလုပ်ရ မယ်၊ အခြေခံလူတန်းစားတွေ ချောင် လည်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မယ်၊ အခြေခံလူတန်းစားတွေ မချောင်လည်ရင် တိုင်းပြည်မတိုးတက်ဘူး။ ဒါဟာ နိုင်ငံ တိုင်းရဲ့ သီအိုရီပဲ။
Venusး ဆာကူရာ ကုမ္ပဏီအနေနဲ့ ၂၀ဝ၇ မော်ဒယ် ၁၃၀ဝ စီစီကို အနိမ့်ဆုံးဈေး ဘယ်လောက်နဲ့ ဘယ်ကားမျိုးရနိုင်မလဲ။ံ
UHAး အနိမ့်ဆုံးကတော့ ရန်ကုန်ဆိပ် ကမ်းအရောက် သိန်း ၈၀လောက်နဲ့လည်း ရနိုင်တယ်။ ရန်ကုန်ရောက်ရင် နည်းနည်း ပါးပါးပြင်ရမယ်။ မောင်းပြီးသား ကီလို များမယ်။ဆေးမှုတ်ရမယ်။ လူတိုင်းကြိုက် တဲ့ မော်ဒယ်မျိုးဖြစ်ချင်မှဖြစ်မယ်။
Venusး ကုန်သွယ်ရေး ကကောက်ခံတဲ့ အခွန်ပေါ်မှာရော ဘယ်လိုမြင်သလဲ။
UHAး ကုန်သွယ်ရေးက ဈေးနှုန်းတွေ သတ်မှတ်ထားတာ မမှန်ပါဘူးလို့ပြော ချင်တယ်။ ကုန်သွယ်ရေးမှာ ပါမစ်နဲ့သတ် မှတ်တဲ့အပေါ်မှာ ကန့်သတ်ဖို့ အကြောင်း မရှိဘူး။ ကန့်သတ်ဖို့လည်း မလိုဘူး၊ သူ ဝယ်ခဲ့တဲ့ဈေးနဲ့ ဘယ်လိုလျှောက်လျှောက် ပေါ့။ကန့်သတ်လို့ရတာက ပါမစ်နဲ့မဆိုင် ဘူး။ ပါမစ်က ဈေးနှုန်းကန့်သတ်ဖို့ဖြစ် တယ်။ သူ တကယ်ကန့်သတ်ရမှာက မော်ဒယ်ကို သတ်မှတ်ရမယ်။ အခုဟာက ၂၀ဝ၇ မော်ဒယ်နဲ့ ၂၀၁၁ မော်ဒယ် ဘယ် ကားကိုပဲ သွင်းသွင်းတစ်ဈေးတည်း ဖြစ် နေတယ်။ အဲဒီလို မဟုတ်ဘူး။ ဘယ်လိုမှ တစ်ဈေးတည်း မဖြစ်နိုင်ဘူး။ အဲဒါက မှားနေတယ်။ ကလေးတွေတောင် သိတဲ့ ကိစ္စမျိုးကို သူတို့မသိဘူးဆိုတာ ရှက် စရာ ကောင်းပါတယ်။
Venusး ဂျပန်မှာ ကားဈေးကွက်မြင့်တက် နေတယ်ဆိုတာကို ဘယ်လိုကိုင်တွယ်သင့် သလဲ။ံ
UHAး ဂျပန်မှာ ကားဈေးတတ်တာက ၂၀ဝ၇ မော်ဒယ်နှင့် ၂၀၁၁ မော်ဒယ်အတူတူ အခွန်ဆောင်ရတော့ ၂၀၁၁ ပဲသွင်းမှာပေါ့။ ကာစတန်ဂျူတီ အခွန်က အတူတူဆိုမှ တော့ မြင့်တဲ့ကားပဲစီးမှာပေါ့။ အဲဒီတော့ ဂျပန်မှာရှိတဲ့ ၂၀၁၀/၁၁ ကားတွေက ဈေး ကြီးပြီပေါ့။ ဒါကိုပဲ ဝိုင်းဝယ်ကြတာလေ။ ဒီကိစ္စက လူတွေမှာအပြစ် မရှိဘူး။ မူမှာ အပြစ်ရှိတာ၊ မူမှားနေလို့လူတွေက လိုက် လုပ်တာဖြစ်တယ်။
Venusး အခုဖြစ်နေတဲ့ ဇုန်ထုတ်ကား ဈေးကွက်ကို ဘယ်လိုမြင်သလဲ။ံ
UHAးဇုန်ထုတ်ကားဈေးကွက်က မှန်မှန် ကန်ကန် မဟုတ်တဲ့အတွက် အရင်တုန်း ကတည်းက မရှိသင့်တဲ့ ကိစ္စတစ်ရပ်ပါ။
Venusး ဆာကူရာကုမ္ပဏီအနေနဲ့ ဇုန် ထုတ်ကားတွေ ထုတ်သွားဖို့အစီအစဉ်ရှိ သလား။
UHAး ဦးသွားနေတာ အဲဒါကို သွားနေ တာဖြစ်တယ်။ လုပ်မယ်၊ မှန်မှန်လုပ်မယ်၊ ဂျပန်ကားတွေကို ထုတ်မယ်၊ ဂျပန်တံဆိပ် ထဲက နာမည်ကြီးတစ်ခုခုကို ရအောင် သွားမယ်။ ထုတ်ဖြစ်အောင်ထုတ်မယ်။ ထုတ်မယ့်ထုတ်ကတော့ မြန်မာပြည်မှာ လည်း ရေရှည်လုပ်စားလို့ရအောင် ပြည်ပ ကိုလည်းရောင်းချလို့ရအောင် နိုင်ငံတကာ ဈေးကွက်ကိုဝင်ဆံ့နိုင်အောင် ဂျပန်နာမည် ကြီး တံဆိပ်တစ်ခုခုနဲ့ကားထုတ်ဖို့ ကြိုး စားနေတယ်။

No comments: