Pages

Friday 13 January 2023

ဗေဒါ ၁၃

 ⚫အတိတ်ကပုံရိပ်များ…………{အပိုင်း ၄၇}


                         ®

                     🍃 ဗေဒါ


           " ပေတရာပေါ်မှာ အောက်စီဂျင်မလိုပါ လိုနေတာက အတ္တပုံဆောင်ခဲများ များလွန်ရင်ဘေးတွေ့တယ်ဆိုသော်လည်း ပြေးတွေ့နေတဲ့ သားကောင်တွေက အတုန်းအရုန်း ကြေမွပျက်သုန်း လောဘသားတွေက အတောမတပ်သ၍ ငါတို့လူမျိုး အမှောင်ကမ္ဘာမှာ ကျဆုံးနေပါအုံးမည်" 


💊💉အစမ်းသပ်ခံမူးယစ်ဆေး


                   ဗေဒါ မူးယစ်နွံမှာ ဘာကြောင့်တွဲငြိသွားသလဲ သုံးသပ်ကြည့်ရအောင်ပါ မူးယစ်ဆေးကို  'ငါမသုံးရင်ပြီးတာဘဲ သူတို့ဘာရောင်းရောင်း' ဆိုတဲ့စိတ်နဲ့ သွားရင် အန္တရာယ်အလွန်များပါသည်။ 

ဘာဖြစ်လို့လဲဆိုတော့ Peer Pressure လို့ခေါ်တဲ့ လူငယ်အချင်းချင်းက မိမိအပေါ်အကျိုးသက် ရောက်တတ်သော... ဖိအား ပေးတတ်သော လွှမ်းမိုးမှုရဲ့ အင်အားကိုကောင်းမွန်စွာနားမလည်သေးတာဖြစ်ပါတယ်။


 'ငါကတော့ တစ်သက်လုံး ဆုံဖြတ်ချက်ခိုင်မာတယ်  'ဗူး ' ဆို 'ဖရုံ' မသီးဘူး ...ဆိုတဲ့ လူငယ်တွေရဲ့ ခိုင်မာသော ဆုံးဖြတ်ချက်များကို  အသာလေး ဖြိုဖျက်နိုင်တာကတော့ ဒီ Peer Pressure ပါဘဲ။ ဗေဒါမှာ အဲစိတ်ဓါတ်အခံက မွေးကတည်းက ပါလာတာပါ ငါသိ ငါတတ် ငါစိတ် ငါနှိင်ပါတယ်ဆိုတဲ့လူစားပါ


Peer Pressure ဆိုတာဘာလဲ ?

လူငယ်သဘာဝအရမိမိနဲ့သက်တူရွယ်တူ တွေရဲ့ကြားမှာ မိမိကိုလက်ခံနိုင်မှု မိမိအပေါ် သူတို့ရဲ့ အထင်ကြီးမှု က အလွန်အရေးပါနေ တတ်ရာ သူတို့ တစ်တွေ လုပ်သလိုလိုက်လုပ်ရမယ်  သူတို့လိုဝတ်စားဆင်ယင်ရမယ် သူတို့နဲ့တူနိုင်သမျှတူအောင်လုပ်ပြရ မယ် ဆိုတဲ့ဖိအားတွေ (Peer Pressure)    ကိုလွန်ဆန်နိုင်ဖို့ ဆိုရာမှာမလွယ်လှပါ ။ 


ဒီနေရာမျိုးမှာမှာရှိနေတတ်တဲ့လူငယ် အားလုံးလိုလိုက အရက်မဟုတ်ရင် တောင် အရက်ပါတဲ့အချိုရည် ပုလင်းလောက်တော့ သောက်နေကြတာ ချည်းဘဲ။


' ငါ ဒါလေးမှမလုပ်ရင်သတ္တိနဲရာရောက် မယ် ။ လူရာမသွင်းကြတော့ရင် ဒုက္ခဘဲ '  ဆိုပြီး တွေးလာတတ်တယ်...


ဒါနဲ့ဘဲ ...အနည်းဆုံးတော့ အရက်ပါတဲ့ အချိုရည် ကိုသောက်ဖြစ်သွားတော့ ဒါပါဘဲ ...


အဲဒီအရက်ခလေးဝင်တော့ ..စကားပြောလေး ရေပက်မဝင်အောင်ရှိလာတယ် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း ဒွိဟတွေအဖြစ်များလာတယ်အာရုံ တွေမတည်ငြိမ်တော့ဘူး အရာရာကို ငါခံနိုင်ရည်ရှိလာပါတယ်လို့ အတွေးမှားတွေ ဝင်လာစေပါတယ်


အရက်ရဲ့အာနိသင်တစ်ခုဖြစ်တဲ့ 'ဆက်ရက် (ငှက်) မင်းစည်းစိမ်' ကလည်းအစွမ်းပြလာတော့ လူစိမ်းတွေကြားမှာ လူစွမ်းကောင်းလုပ်

ချင်လာတယ်


လူငယ်ဆိုတာ တိုးတက်နေတယ်ခောတ်ကို မီးနဲ့ရှို့ချင်တယ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်သန်းချင်လာတယ်.. ခေတ်ရှေ့  ရောက်နေတဲ့ လူတွေကို လည်း အားပေးနေသလို အားကျနေသလို ဖြစ်နေပါတော့တယ်


 ခိုင်မာသောဆုံးဖြတ်ချက်တွေဟာ လည်း သိပ်မခိုင်မာလှတော့ဘူး ဖြစ်လာတယ် ...


ဒီလို လိုက်လျောညီထွေဖြစ်အောင် နေလာတာကို ပါတ်ဝန်းကျင်ရှိ လူငယ်တွေက သဘောကျ ပြီး လက်ခုတ်လက်ဝါးတီး တဲ့အပေါ် မှာ သာယာလာပြီး  ပိုကဲချင်စိတ်တွေ ထိန်းမရဖြစ်လာတတ်ပြီး ... နောက်တစ်ဆင့်ဖြစ် တဲ့ အရက် နဲ့ မူးယစ်ဆေးတွေကို စမ်းသပ်မိမှန်းမသိ စမ်းသပ်မိလာတော့တယ် ။


စမ်းသပ်မိပြီဆိုမှတော့ မူးယစ်ပိုက်ကွန် မှာ ငြိ တော့တာပါဘဲ...ပိုက်ကွန်တောင် ရိုးရိုးပိုက်ကွန်မဟုတ်ပါ သံကွန်ခြာပိုက်ကွန်ပါ


'ငြိ မိပြီ' ဆိုမှတော့ လွတ်ဖို့  ကျွတ်ဖို့ ဆိုတာ ခက်ခဲလှပါတယ်...ရုန်းထွက်လေ နစ်မွန်းလေ 

နစ်မွန်းလေ ရုန်းမထွက်ချင်တော့လေပါပဲ


တစ်ကြိမ်တစ်ခါလေး မှားခဲ့သော ဆုံးဖြတ်ချက်ကြောင့် ကာလအချိန်များစွာအထိ ...စွဲငြိ သွားသော မူးယစ်ဆေးကိုဖြတ်ရဖို့ ဆိုတဲ့ ရင်ဆိုင်တိုက်ပွဲကို ဆင်နွှဲရတော့တဲ့ ဒုက္ခတွင်းကြီး ထဲကို မထင်မှတ်ဘဲ ကျရောက်သွားတော့ဒါပါဘဲ ...


ဒါဆို ...လူငယ်ဘဝမှာ မှာ မပျော်ရတော့ဘူးလား  ဆိုပြီး လူငယ်တွေမေးခွန်းထုတ်နိုင်ပါတယ် ။ 


ပျော်ပါ ... စိတ်လွတ်ကိုယ်လွတ်ပျော်ပါ မိမိနှစ်သက်ရာတစ်ခုကိုစိတ်နှစ်ပြီးလုပ်လိုက်ပါ အထူးသဖြင့် အားကစား ဂစ်တာတီး အပေါင်းအသင်းသန့်သန့်လေးတွေနဲ့ ခရီးထွက်


သိထားရမှာက ... အရက်နဲ့မူးယစ်ဆေး တွေရဲ့အာနိသင် မပါဘဲ လည်း ပျော်နိုင်ပါတယ် အရက်နဲ့မူးယစ်ဆေးကြောင့်သာလျှင် အပျော်က အပျက်ဖြစ်သွားတတ်တယ် ဗေဒါ အီဆာကြီးကို သတ်တုန်းက နှစ်ပင်လိမ်နေတာပါ ဗေဒါစိတ်ကိုက အီဆာကြီးကို သတ်ဖို့တွန်းအားပေးနေတာပါ အရက် မူးယစ်ဆေး က စိတ်ကို ဝီရောဓိဖြစ်စေပါတယ်


 ပျော်လည်းပျော်ကြတဲ့ လူတွေလည်း  ဒု နဲ့ဒေး ပါ


ဒါပေမဲ့ စိတ်လွတ်ကိုယ်လွတ်ပျော်ခြင်း ဆိုတာ စည်းလွတ်ဝါးလွတ်ပျော်ခြင်း ကို မဆိုလိုဘူးလို့ ဗေဒါ ထင်ပါတယ်


တစ်သက်လုံးပျော်လို့ရတဲ့မြောက်များလှတဲ့ အကြောင်းရင်း   များရှိလျက်နဲ့ ...မူးယစ် အရက်ပါမှာ ပျော်တယ်ဆိုရင်တော့ တစ်ခုခုမှားနေပြီလို့ တွေးလိုက်ပါတော့


တစ်သက်လုံး ပျော်ရွှင်ခွင့်ရနေတဲ့ အခွင့်ထူးကို လူသားတိုင်းခံစားခွင့်ရနေတဲ့  ထူးခြားကောင်းမွန်တဲ့ ယဉ်ကျေးမှု ရှိနေလျက်နဲ့....

ခဏလေးနဲ့အဆုံးမသတ် မိစေဖို့ ဗေဒါသတိပေးလိုခြင်း သာဖြစ်ပါတယ် ။


မြန်မာနိုင်ငံရှိ လူငယ်များအားလုံး မူးယစ်မပါဘဲပျော်ရွှင်ကြပါစေ ။


          ဗေဒါ မူးယစ်နွံမှာ အကြာကြီးစီးမျောခဲ့ဖူးတယ် မူးယစ်ကိုမြန်မာပြည်မှာ ဗေဒါ အစုံလုပ်ခဲ့ဖူးတယ် ဘိန်းကြောင့် အသိမိတ်ဆွေပေါင်းများစွာရခဲ့သလို ကြမ်းတမ်းခဲ့ရတဲ့ အချိန်တွေအများကြီးရှိခဲ့ဖူးတယ်လော်စစ်ဟန်က ဘိန်းထုတ်ပြီးချမ်းသာလာသလို ပေါက်ယူချန်းက ဆေးပြားထုတ်ပြီး ချမ်းသာလာတာပါ ငွေကို Bank ထောင်စရာမလိုဘဲ မြန်မာပြည်မှာ မူးယစ်နဲ့ဘီလျံနာ ဖြစ်တယ်ဆိုတာ မယုံမရှိနဲ့ မြန်မာပြည် စစ်အစိုးရခောတ်မှာ သေးသေးလေး သွားမလုပ်နဲ့ အပြီးဆော်လိုက်လိမ့်မယ် အကြီးကြီးတာလုပ် အကျိုးတူ ပူးပေါင်းမှုမရှိရင် ဗေဒါ ခေါင်းလာဖြတ်လိုက်ပါ ဘိန်းနှင့် စက်သဌေး တွက်ရေးအလွန်ကိုက်ပါတယ်


အသီးများနောက်ကွယ်ကလက်မည်းနဲ့.

မြန်မာနိုင်ငံ..


အသီးဆိုတာ..

WY လို့ခေါ်တဲ့..

စိတ်ကြွရူးသွပ်ဆေးပြားပါ။ 

ရာဘ / ယာဘ / ရာမ / ယာမ / မြင်းဆေး / ကြယ်သီး / အသီး ဆိုပြီး နာမည်မျိုးစုံနဲ့ လူသိများပါတယ်။


မြန်မာနိုင်ငံအောက်ပိုင်းက

မှောင်ခိုကူးသန်းသူများနဲ့

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့.. သုံးစွဲသူတချို့ကတော့..

အသီး လို့ခေါ်ကြပါတယ်..


အစပိုင်းမှာ စိတ်ကြွပြီး ကောင်းသလို ဖြစ်ပေမယ့် ရေရှည်မှာ စိတ်ဖောက်ပြန်ရူးသွပ်စေနိုင်ပါတယ်..


အဓိက ပါဝင်ပစ္စည်းတွေကတော့ Methamphetamine (45 – 65) mg နဲ့ Caffeine (25 – 35) mg အကြမ်းဖျင်းအချိုးအစားနဲ့ ပြုလုပ်ထားတာပါ။ လူသိနည်းတာတခုက Lithium ပါဝင်တယ်ဆိုတာပါပဲ။ ဘထ္ထရီတွေမှာ အသုံးများတဲ့ သတ္ထုတခုပါ။ 

အဖက်တမင်း..

စိတ်ကြွဆေး..Amphetamine အနွယ်ဝင်ပါပဲ..

အဖက်တမင်းဆိုတာ.. ဗဟိုအာရုံကြောမအဖွဲ့အစည်းကို လှုံဆော်ပေးတဲ့နေရာမှာ အားကောင်းတဲ့အရာဖြစ်ပါတယ်..


(၁၈၈၇) ခုနှစ်မှာ ဂျာမနီနိုင်ငံမှာ စတင်တွေ့ရှိပါတယ်။ (၁၉၁၉) ခုနှစ်မှာ ဂျပန်ပညာရှင်တယောက်က အဆိုင်အခဲအဖြစ် စတင်ပြုလုပ်ပါတယ်.. အစပိုင်းမှာ

စစ်သုံးဆေးဝါးအဖြစ်သာ သုံးခဲ့ပေမယ့် (၁၉၅၀) ကျော်လာတော့ အဝေးပြေးကားမောင်းသမားတွေ၊ အားကစားသမားတွေနဲ့ ကျောင်းသားတွေပါ သုံးစွဲလာကြပါပြီ။ (၁၉၆၀) ခုနှစ်မှာတော့ ထိုးဆေးအနေနဲ့ပါ ထွက်ရှိလာပါတယ်။


အာရှတိုက်မှာ..

အာဖဂန်နစ္စတန်မှာ အကြီးအကျယ် ထုတ်လုပ်ဖြန့်ဖြူးခဲ့ပါတယ်။ 


မြန်မာပြည်ထဲကို..

နောက်တော့ UWSA ‘ ဝ ‘ စစ်တပ်က  စတင်ဖြန့်ဖြူးခဲ့တာပါ။..

WY ဆိုတာ Wa Youth (ဝ လူငယ်) ကနေ ဆင်းသက်လာတာပါ။ 


အဓိက ကုန်ကြမ်းဖြစ်တဲ့ Pseudoephedrine ကို အိန္ဒိယနယ်စပ်ဘက်ကနေ ဆေးကတ်ကနေခွာပြီးတော့ သွင်းယူပါတယ်။ 

အခုနောက်ပိုင်းကျတော့ နေရာစုံ လမ်းကြောင်းပေါင်းစုံကနေ ကုန်ကြမ်းရော ကုန်ချောပါ ကြိုက်သလို ဝင်ထွက်ကူးသန်းနေတော့တာပါပဲ..


လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က..

WY ဟာ မြန်မာပြည်တွင်းမှာ မြို့ပေါ်ရေပေါ်ဆီလူတန်းစားတစ်ရပ်သာ အသုံးပြုတဲ့ ရာမ လို့ခေါ်တဲ့ မူးယစ်ဆေးအဖြစ် လူသိများပါတယ်.. မျက်မှောက်ခောတ်တွင်တော့ ဗေဒါ ထင်ပါတယ် ပဲကြီးလှော်တောင်ရှားပါးအုန်းမည် အသီးကတော့ ပိုမိုများပြားထုတ်လုပ်လာဖို့ပဲရှိပါတော့တယ်     


အခုနောက်ပိုင်းတော့..

နေရာတိုင်းမှာ ဈေးပေါပေါနဲ့ အလွယ်တကူရရှိနေပြီဖြစ်ပါတယ်..


ဗေဒါထိုင်းဘက်ရောက်တုန်းက

ဆေးပြား ရိုက်စက်ကို ကားထဲထည့်ပြီး အဝေးပြေးလမ်းပေါ်မှာတင် ဆေးပြားထုတ်နေကြတာပါပဲ။

ပြည်တွင်းမှာလည်း

အဲဒီလို ဆေးပြားရိုက်စက်တွေ အရောင်းအဝယ် တွင်ကျယ်လာတာနဲ့အမျှ အာဏာစက်နဲ့ဝေးတဲ့..တချို့ဒေသတွေမှာ.. တနိုင်တပိုင် မိသားစုလုပ်ငန်းအဖြစ်နဲ့

ထုတ်လုပ်ဖြန့်ဖြူးနေသူတွေ ရှိပါတယ်..


မြန်မာပြည်ရဲ့..

စံချိန်တင် ပိုင်ရှင်မဲ့ ဖမ်းဆီးရရှိမှုအများဆုံး မူးယစ်ဆေးဝါးအဖြစ် နေရာယူထားပါတယ်။

ပိုင်ရှင်မိတဲ့နေရာမှာလည်း

သာမန် သယ်ယူပို့ဆောင်သူ..

ကားဆရာ အလုပ်သမား အစရှိတဲ့သူတွေကိုပဲ ဖမ်းဆီးရမိပြီး..

တကယ့် ဖြန့်ဖြူးသူတွေကို..

လုံးဝဖမ်းဆီးရမိခြင်းမရှိတာဟာလည်း..

မြန်မာနိုင်ငံရဲ့ ကမ္ဘာ့စံချိန်တင်ရမယ့်..

အထူးခြားဆုံးဖြစ်စဉ်တွေဖြစ်နေပါတယ်..


လူသိများတဲ့ WY ဆေးပြားတွေက ပန်းရောင် နဲ့ အနီရောင်လောက်ပဲ ရှိပါတယ်။ တကယ်တမ်းက တံဆိပ် ရိုက်နှိပ်ထားပုံ အမြောက်အများ ရှိသလို အရောင်မျိုးစုံလည်း ရှိပါတယ်။


WY မှာ

တံဆိပ်ရိုက်ထားပုံအရ ( ပုံမှန်၊ Yအမှီးတို၊ အမှီးအရှည်၊ အမှီးကောက်) ဟူ၍ (၄)မျိုး

တံဆိပ်ရဲ့တဖက်ခြမ်းမှာ (ဖင်ချိုင့်၊အပြည့်၊ အခုံး) ဟူ၍ (၃)မျိုး

ပန်းရောင်မှာ (အဖျော့၊ ပုံမှန်၊ အရင့် ကြက်သွေး) ဟူ၍ (၄)မျိုး

အဖြူရောင်မှာ (အဖြူစင်၊ နို့နှစ်ရောင်) ဟူ၍ (၂)မျိုး

ဆေးလုံးရဲ့ထုထည် (အထူ၊ အလယ်အလတ်၊ အပါး) ဟူ၍ (၃)မျိုး

စုစုပေါင်း (၁၆) မျိုး ရှိပါတယ်။

88 မှာ တဖက်မှာ 88 နောက်တဖက်မှာ (ပြောင်၊ 0၊ 1၊ 2၊ဟူ၍ (၅) မျိုး ရှိပါတယ်။


သုံးစွဲနည်းတွေက..

ဆေးပြားကို ဝါးစားကြပါတယ်.. Methamphetamine သီးသန့်ပဲပါတဲ့ ဆေးတွေက ဝါးစားလို့ ရပါတယ်..

ဆေးကို အမှုန့်ချေပြီး နှာဝမှာ ဘိန်းဖြူရှူသလို ရှူလို့ကြပါတယ်..

အကြောထဲ ထိုးတယ်။ ဆေးပြားလေးတွေကို မိုးရေနဲ့ဖျော်ပြီး ဘိန်းထိုးသလို ထိုးတာပါ။ 

အဓိက သွေးကြောမကြီးတွေထဲမှာ ဆေးခဲသွားတတ်လွန်းလို့ သေကြတဲ့သူတွေလည်း မနည်းပါဘူး။ အရှိန်တက်တာ အရမ်းမြန်သလို အရမ်းကြောက်ဖို့ကောင်းပါတယ်...

ဆေးပြားအငွေ့ကို ရှူကြတယ်

 အကင်ခဲပြား၊ အလှပြင်ဆိုင်သုံးခဲပြား၊ အိုးဖာတိပ်၊ ပီကယ်ခွံ နဲ့ ဆေးလိပ်ဗူးခွံထဲက ခဲပြား အစရှိသဖြင့် အောက်ခံခဲပြားပေါ်မှာ ဆေးပြားကိုတင်ပြီး ပြုပြင်ထားတဲ့ မီးအသေးစားလေးနဲ့ အပူပေးပြီး ထွက်လာတဲ့ အငွေ့ကို ရှူကြတာပါ။


ပိုက်ဆံကို လိပ်ပြီးတော့ တိုက်ရိုက်ရှူကြတယ်။ 

ရေသန့်ဘူးခွံကို အအေးသောက်ပိုက်ကောက်တပ်ပြီးတော့လည်း ရေခံပြီးတော့ ရှူကြတယ်။ နဂါးငွေ့တန်းကို လိုက်ဖမ်းတယ်လို့ တင်စားကြတာပဲ။ 

ရေ မခံရင် အသေမြန်တယ်လို့လည်း ပြောကြပါတယ်....


စတင် သုံးစွဲကာစမှာ ဘာလုပ်လုပ် အာရုံစူးစိုက်မှု ကောင်းပြီးတော့ တက်ကြွနေမယ်။ စိတ်ကြည်နူး ပျော်ရွှင်နေသလို ခံစားရမယ်။ 

အင်အားတွေ တိုးနေသလို ခံစားရမယ်။ အဆာခံနိုင်ပြီးတော့ အစာစားချင်စိတ် မရှိဘူး။ လုပ်သမျှ အဆင်ပြေနေသလို ပြောကောင်းဆိုကောင်း ဖြစ်နေမှာပါ။

ဆေးသုံးကာစမှာ ကောင်းသလိုဖြစ်နေပေမယ့် ဆေးဆက်သုံးစွဲတာနဲ့အမျှ လူလည်း စိတ်ရောကိုယ်ပါ ပျက်စီးလာမှာပါ။ ဆေးပမာဏများလာရင်တော့ အာရုံထိန်းချုပ်မှု ပျက်ယွင်းလာပြီး ကြွက်သား တွေကိုပါ ပျက်စီးစေနိုင်ပါတယ်။ မှတ်ဉာဏ်နည်းပါးလာပြီး အာရုံစူးစိုက်နိုင်စွမ်း နည်းပါးလာပါလိမ့်မယ်...


သံသယစိတ်တွေ များလာပြီးတော့ ရိုင်းစိုင်းကြမ်းတမ်းလာပါလိမ့်မယ်။ လူမှုပတ်ဝန်းကျင်မှာ အဆင်မပြေမှုတွေ များပြားလာပြီးတော့ နောက်ဆုံးတော့ သေရမှာပါပဲ။ အဖမ်းခံရတာ ထောင်ကျတာတွေကတော့ မလွဲမသွေနည်းပါး ကြုံရမှာပဲ..


အရင်က WY တစ်ပြားဟာပေါပေါလောလောရရှိခဲ့ပြီး ဆေးပြားကို လိုသလောက်မရသလို လျို့ဝှက်လက်ဆင့်ကမ်းရောင်းချကြတဲ့အတွက် သုံးစွဲတဲ့လူတန်းစားက နည်းပါတယ်.

၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ပြည်တွင်းမှာ တစတစ တွင်ကျယ်လာပြီး ၂၀၁၀ နောက်ပိုင်းမှာ ငွေကြေးတတ်နိုင်သူကျောင်းသားလူငယ်များ အလွယ်တကူသုံးစွဲလို့ရတဲ့ အနေအထားဖြစ်လာပါတယ်..


၂၀၁၁ ဝန်းကျင်လောက်မှာ..မြန်မာပြည်တွင်းမှာ ထုတ်လုပ်ဖြန့်ချိမှုများစွာရှိလာပြီး..

ပိုင်ရှင်မဲ့ WY ဆေးပြားပေါင်း သိန်း နဲ့ သန်းနဲ့ ချီပြီး ဖမ်းဆီးရမိလာတာတွေရှိလာတဲ့အတွက်..

ပြည်တွင်းမှာပဲ ထုတ်လုပ်နေတယ်ဆိုတာဟာ

ဘယ်လိုမှ ငြင်းမရအောင် အထောက်အထားတွေ တွေ့လာရပါတယ်...


လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ဈေးကြီးပြီး ခိုးချောင်ခိုးဝှက် ဝယ်ယူဖို့တောင် မလွယ်တဲ့ အသီးဟာ..

ရန်ကုန် မန္တလေး စတဲ့ မြို့ကြီးတွေနဲ့

နယ်မြို့အားလုံးနီးပါးမှာ..

ချောင်ချိုချောင်ကြားမကျန် ဈေးပေါပေါနဲ့ အလွယ်တကူ..ဝယ်ယူ မှာယူလို့ရတဲ့အထိ

ပေါများလာပြီး Online ကတစ်ဆင့် ဖုန်းဆက်မှာယူရင်တောင်မှ

အပြား ၁၀၀ ကို ၈ သောင်း တစ်သိန်းနဲ့  အလွယ်တကူပို့ဆောင်တဲ့အဆင့်အထိ

ရောက်လာပါတယ်..

တချို့နေရာတွေမှာ ဒီထက်သက်သာတာတွေရှိသလို ပါဝင်တဲ့ ဓာတုပစ္စည်းအရည်အသွေးအပေါ်

မူတည်ပြီး..

ဈေးအနည်းအများရှိတာတွေ့ရပါတယ်..

တချို့နေရာတွေမှာ တစ်ပြားကို ၃၀၀ 

လောက်နဲ့ ဝယ်လို့ရနေကြပါတယ်..


အဲဒီလိုပေါများလာတဲ့ အတွက်

မျိုးဆက်သစ်တွေအပေါ် အကြီးမားဆုံးသော အကျိုးသက်ရောက်မှု

ရှိလာပါတော့တယ်..


ယခင်က 

မြန်မာပြည်တွင်းမှာ..

ဘိန်းဖြူ ဆေးခြောက် အစရှိတဲ့ 

မူးယစ်ဆေးတွေကို သုံးစွဲရာမှာ

မိန်းကလေးတွေပါဝင်သုံးစွဲမှုရာခိုင်နုန်းနည်းပါတယ်..

ဒါပေမဲ့ WY မှာတော့.. မိန်းကလေးငယ်တွေ..

ယောက်ျားလေးအပြင်..

၈ နှစ် ၉ နှစ်အရွယ်ကလေးတွေကပါ..

သုံးစွဲနေတာတွေ့ရတဲ့အတွက်..အကျိုးသက်ရောက်မှုကို တွက်ဆနိုင်ပါတယ်..


အကြောင်းကြောင်းကြောင့်သုံးကြသူများရှိကြပေမဲ့..

တချို့လူငယ်များက Sex နဲ့ပတ်သက်တဲ့နေရာမှာ သုံးကြပါတယ်..

တချို့က အဲဒီလိုသုံးရင်း သူငယ်ချင်း

၃ ဦး သို့မဟုတ် ၄ ဦး Sex Partner ပါတနာဖွဲ့ပြီးနေကြပါတယ်

တချို့နေရာတွေမှာ.

ညီအစ်ကို.. သမီးရည်းစား မောင်နှမလိုက်သုံးကြပါတယ်..


တချို့..အလွန်အကျွံသုံးရင်း

အသိစိတ်လွတ်သွားတဲ့အချိန်တွေမှာ..

မောင်နှမချင်း ..မှားကြတာတွေရှိလာသလို.အတူတူသုံးရင်း Sex Partner ဖြစ်သွားတာတွေ ရှိကြပါတယ်..


တခြားအကျိုးဆက်တွေကတော့..

မသုံးရမနေနိုင်ဖြစ်လာတဲ့အခါ..

ဆေးဝယ်ဖို့..ငွေကြေးက အဓိက ကျလာပါတယ်.. 

အဲဒီတော့..အလွယ်တကူ လုယူလို့ရပြီး.. ထုခွဲရောင်းချလွယ်တဲ့..

Handset နဲ့ ဆိုင်ကယ် အစရှိတာတွေဟာ ပစ်မှတ်ထားလုယက်ခံရလေ့ရှိတဲ့ ပစ္စည်းတွေဖြစ်လာပါတယ်..

အဲဒီလိုလုယက်တဲ့အခါ .

လုယက်သူကို မမှတ်မိအောင်..

မှတ်မိရင်လည်း ပြန်မပြောနိုင်အောင်

ဓားနဲ့ထိုး တုတ်နဲ့ရိုက်တာတွေကို

ရူးကြောင်ကြောင်လုပ်လာကြပါတယ်..


အဲဒီကတစ်ဆင့်..လက်ယဉ်လာပြီး..

ဆေးပေါက်သွားရင် အုပ်စုလိုက်ဆိုင်ကယ်စီးပြီး ကားတွေမှန်ခွဲတာ.. တွေ့ကရာလူကို ဓားနဲ့ခုတ် တုတ်နဲ့ရိုက်တာတွေ ဖြစ်လာပါတယ်..


ယခင်က..

တောင်းရမ်းစားသောက်သူ..

ပလတ်စတစ်ဗူးကောက်သူ..

၈ နှစ် ၉ နှစ်အရွဟ်ကစတဲ့..

ကလေးတွေဟာ

ကော်ရှူကြပါတယ်..

ဒီနှစ်ပိုင်းမှာ WYဆေးပြား (အသီး) တွေ ဈေးပေါလာတဲ့အတွက်..

WY ပြောင်းသုံးကြတာကို တွေ့လာရပါတယ်..

သူတို့ကိုယ်တိုင် ရောင်းဝယ်တတ်လာပါတယ်..

ပွဲစားလုပ်တတ်လာကြပါတယ်..

ရန်ကုန်မြို့ရဲ့ အခြေခံလူတန်းစားနဲ့

အလုပ်သမား ကျောင်းသားလူတန်းစား လူငယ်များဆုံးမြို့တွေမှာ..

အသီးသုံးစွဲမှုဟာ..ပေါက်ကွဲမှုတစ်ခုအဖြစ်

ရှိလာပါတယ်..


မြန်မာနိုင်ငံရဲ့ WY အသီး

အများဆုံး ပြည်ပကိုပို့တဲ့လမ်းကြောင်းရဲ့

အဆုံးနေရာဟာ..  ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တော ဒေသဖြစ်ပါတယ်..

ဘင်္ဂလားဒေ့ရှ်ဖက်ကတစ်ဆင့်.. 

တစ်ကမ္ဘာလုံးကို ဖြန့်နေတယ်ဆိုပေပေမဲ့...


လူဦးရေ သန်း ၁၀၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်ဟာလည်း

WY အသုံးအများဆုံးအဆင့်မှာရှိတာကို

နိုင်ငံတကာလေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်.. 


မြန်မာပြည်တွင်းမှာ လည်ပတ်သုံးစွဲနေတဲ့ 

WY ဆေးပြားပမာဏဟာ ကုန်သွယ်မှူလမ်းကြောင်းကမဟုတ်တဲ့

သာမာန်ဖမ်းဆီးရမိတဲ့ ပမာဏနဲ့ 

ယှဉ်ပြီး တွက်ချက်ရင်..

အနည်းဆုံး  တစ်ပတ်ကို .. ဆေးပြား တစ်သန်းနုန်းလောက်ရှိမယ်လို့ ခန့်မှန်းမိပါတယ်..

တစ်ပြားကို ကျပ် ၁၀၀၀  နဲ့ တွက်ရင်

တစ်ပတ်ကို တစ်နိင်ငံလုံးမှာ..

ကျပ်သိန်းပေါင်း ၁၀၀၀၀ ဖိုး..

ဆေးပြားဝယ်ယူသုံးစွဲနေတာတွေ့ရပါတယ်..


အသီးကူးသန်းရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး..

စစ်အစိုးရခာတ်မှကတည်းက

ပြည်ပကို..တစ်လကို..

အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ မကတဲ့ ဆေးပြားကူးသန်းရောင်ဝယ်လည်ပတ်မှုတွေရှိပါတယ်


လက်နဲ့မရေတွက်နိုင်တဲ့..

စိတ်ကြွဆေးဖမ်းဆီးမှုတွေရဲ့နောက်မှာ..

တိုင်းရင်းသားလက်နက်ကိုင်

အဖွဲ့အစည်းများ..

ရဲတပ်ဖွဲ့ဝင်များ

အကျဉ်းထောင်နဲ့ ထောင်ပိုင်များ

တပ်မတော်အရာရှိနဲ့ အခြားအဆင့်များ..

သံဃာများ..ကိုပါ

မကြာခဏဖမ်းဆီးရမိနေကြပေမဲ့..

ဖြန့်ဖြူးထုတ်လုပ်သူတွေကို

ကွင်းဆက်လိုက်ဖော်ထုတ်နိုင်စွမ်းမရှိတာကို..

လေ့လာကြည့်ရင် ဗေဒါ ထင်ပါတယ် ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကပဲထွက်နေတာပါ


အသီး လို့ခေါ်တဲ့ WY ကုန်သွယ်မှုရဲ့ နောက်ကွယ်က. လက်မည်းကြီးတွေဟာ..

မြန်မာနိုင်ငံရဲ့.. 

နိုင်ငံရေး.. စီပွားရေးနဲ့ တည်ငြိမ်ရေးကို..

လိုသလို ကစားလို့ ရနိုင်စွမ်းရှိနေတာ ငြင်းမရပါ


စစ်အစိုးရက မထိန်းချုပ်နိုင်ခဲ့တဲ့ မူးယစ်ဆေး

အသီးလို့ခေါ်တဲ့ WY ကို အထူးထိန်းချုပ်သင့်ပြီလို ဗေဒါ မြင်ပါတယ်


နောင် ကြီးပြင်းလာမယ့်..Next Generation မျိုးဆက်သစ် တွေရဲ့.. အနာဂတ်ကိုပါ.. 

မဟာဗျူဟာကျကျလိုသလို ပြောင်းပြန်လှန်..ပြီး

ကစားလို့ရတဲ့ အနေအထားရှိတယ်ဆိုတာ

အားလုံး သတိထား ကြဖို့ ဗေဒါအထူးတိုက်တွန်းလိုပါတယ်


..........................🍃ဗေဒါ....................


နှင့် သူ မိတ် ဆွေ များ


ဗေဒါ ၁၂

 အတိတ်ကပုံရိပ်များ……{အပိုင်း ၄၅}


                          ®

                         ဗေဒါ


                 ကျွန်မ mr.လု တို့ဆီမှာနေထိုင်လုပ်ကိုင်နေတုန်းမှာ အထူးခြားဆုံး အဖြစ်အပျက်တစ်ချို့ ရှိခဲ့ပါတယ် ငွေကွာဟမှုတစ်ခုဖြစ်ပါတယ် အဲငွေကွာဟမှုက ဒေါ်လာ သန်းချီပါတယ် အဲငွေတွေကို ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှ အသုံးပြုဖို့ ထုတ်ပေးထားတာပါ အဲငွေကိုထုတ်သွားသူက အပါးကြီး သမီးရဲ့ယောက်ကျားပါ အဲငွေစာရင်းရှင်းတမ်းကိုကျွန်မကိုင်တွယ်စစ်ဆေးခဲ့တော့ သူအကြောင်းပြချက်က ကျွန်မ မမြင်နှိင်တဲ့လုပ်ငန်းသုံးစရိတ်တွေ အများအပြား အသုံးပြုထားတာပါတယ် အဲအကြောင်းအပါးကြီးသိတော့ ပြင်းပြင်းထန်ထန် အရေးယူတယ် သမီးဖြစ်သူနဲ့ပါ ကွဲစေခဲ့တယ်လေ mr.လု ကတော့ ယောက်ဖဖြစ်သူကို ဗွေမယူခဲ့ပါ အပါးကြီးက ငွေကိုအလွှဲသုံးသူဟာ အရာရာကို အလွှဲလုပ်ဖို့ ဝန်မလေးဘူးလို့ဆိုပါတယ် အပါးကြီး အန်ကယ်လော်စစ်မင်းက အတော်လေး စိတ်ကြီးသူပါ ဆရာကြီး(စတီဗင်လော) မမကြီး(စီစီလျာအန်း) နဲ့လက်ထက်စဉ် သဘောမတူလို့ ဆရာကြီးအိမ်ရှေ့မှ ရပ်ထားတဲ့ကားကို မီးရှို့ခဲ့ဖူးပါတယ်

အပါးကြီး နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးကို ကျွန်မ ရေးမှတ်စရာမလို အောင် ဦးနှောက်ထဲ အမြဲသိမ်းထား၏ ကိုးကန့်သူတစ်ယောက်ဟာ ကိုးကန့်သမိုင်းကိုသိထားသင့်ပါတယ် ကိုးကန့်သမိုင်းမှစစ်မီးနဲ့ဘိန်းဟာ ဒွန်တွဲနေတာကို နောင်မျိုးဆက်တွေ ချေဖျက်ကြပါ


       

ကိုးကန့်သမိုင်း


                     

ရှမ်းပြည်နယ် မြောက်ပိုင်းအစွန်မှ ကိုးကန့်ဒေသတွင် တိုက်ပွဲများရုတ်တရက် ပေါ်ပေါက်လာခြင်းက စစ်ဘုရင်များကြောင့်လူအတော်များများသေဆုံးခဲ့ရသည်


ကိုးကန့်ဒေသတွင် နေထိုင်ကြသူများ၏ ၉၀ ရာခိုင်နှုန်းသည် တရုတ်လူမျိုးများ ဖြစ်နေပြီး မြန်မာ စကား ပြောနိုင်သူကလည်း အနည်းငယ်သာ ရှိနေ သော်လည်း အမှန်တရားက ဤမျှ မရိုးစင်းပါ။ ကိုးကန့်ဒေသက တရုတ်နယ်စပ် မြန်မာနိုင်ငံ ဘက်ခြမ်းအတွင်းတွင် တည်ရှိနေသည်။ ကိုးကန့် တိုင်းရင်းသားများသည်လည်း အစိုးရက တရားဝင် အသိအမှတ်ပြုထားသည့် မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲတွင် တခုအပါအဝင်ဖြစ်သည်။ သို့သော် လည်း သူတို့သည် မြန်မာနိုင်ငံသို့ မည်ကဲ့သို့ ရောက် ရှိ လာကြသနည်း။ သူတို့ မည်သူတွေ ဖြစ်သနည်း။


ကိုးကန့်ဒေသသည် ၁၈၉၇ ခုနှစ်တွင် ဘေဂျင်း သဘောတူညီချက် (Beijing Convention) အရ ဗြိတိသျှလက်အောက်သို့ ရောက်ရှိခဲ့သည်။ တိုင်းရင်းသား လူမျိုးစုအရေးကို အရေးမထားခဲ့ခြင်း ဖြစ်ပုံရ သည်။ သို့သော်လည်း ထိုအချိန်က ယူနန်ပြည်နယ် သည် ဘေဂျင်းမြို့မှ ဧကရာဇ်၏ ထိန်းချုပ်မှုအောက် တွင် အပြည့်အဝ ရှိမနေခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ကိုးကန့်တို့သည် ရှမ်းပြည်နယ်အတွင်းမှ သိန္နီနယ်နှင့် ပိုမိုနီးကပ်ပြီး ကုန်သွယ်မှု ပြုလုပ်ရာတွင်လည်း အရှေ့ဘက်အစား အနောက်ဘက်သို့သာ သွားလေ့ ရှိပါသည်။


သို့သော်လည်း ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးက သံလွင်မြစ်အရှေ့ဘက်အထိ ခိုင်ခိုင်မာမာ တိုးချဲ့ခဲ့ သည်။ ဗြိတိသျှတို့က ၎င်းတို့၏ အကြံဉာဏ်ကို ရယူသော သံလွင်မြစ် အနောက်ဘက်အခြမ်းမှ သိန္နီ စော်ဘွားမှတဆင့် သံလွင်အရှေ့ဘက်ခြမ်းမှ အင်အား နည်းသည့် ကိုးကန့်အာဏာပိုင်များကို အုပ်ချုပ် စေခြင်းဖြင့် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့သည်။


လွတ်လပ်ရေးရပြီးခေတ် မြန်မာအစိုးရသည် ကိုးကန့်ဒေသကို ဗဟို၏ ထိန်းချုပ်မှုအောက်သို့ သိမ်းသွင်းရာတွင် ဗြိတိသျှတို့လောက် အောင်မြင်မှု ရရှိအောင် မပြုလုပ်နိုင်ခဲ့ပါ။ ၁၉၅၀ နှစ်များ အစောပိုင်းတွင် တရုတ်ကွန်မြူနစ်တို့၏ တိုက်ခိုက်မှုကြောင့် နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးလာသော တရုတ် အမျိုးသားရေးဝါဒီ ကူမင်တန် (KMT) တပ်ဖွဲ့များ က ကိုးကန့်ဒေသ တခုလုံးနီးပါးကို သိမ်းပိုက်ထား နိုင်ခဲ့သည်။


ယူနန်ပြည်နယ်မှ ဆုတ်ခွာထွက်ပြေးလာသည့် ကူမင်တန်တပ်ဖွဲ့များနှင့် ဒေသသုံး တရုတ်စကားလည်း တူညီသလို ဒေသခံ ခေါင်းဆောင်များ၏ စိုးရိမ်မှုကလည်း ရှိနေသည့်အတွက် တူညီသောနိုင်ငံ ရေး အမြင်များဖလှယ်ရင်း ကိုးကန့်လူမျိုးစု ခေါင်း ဆောင် အများအပြားသည် တရုတ်အမျိုးသားရေး ဝါဒီများနှင့် မဟာမိတ်များ ဖြစ်ခဲ့ကြသည်။


စီးပွားရေးအရ ကိုးကန့်ဒေသသည် အလွန် ဆင်းရဲနွမ်းပါးသည့် ဒေသဖြစ်သည်။ တောင်ကုန်း များက မြင့်မားပြီး ရေလည်းရှားသည့်အတွက် ဆန်စပါးစိုက်ပျိုးရေးမှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ထို့ကြောင့် ဒေသခံများသည် ရောင်းချရန် သို့မဟုတ် အစားအစာနှင့် လဲလှယ်ရန် သီးနှံ ၂ မျိုး ဖြစ်သည့် ဘိန်းနှင့် လက်ဖက်အပေါ်တွင်သာ မှီခိုနေခဲ့ကြရသည်။


လက်ဖက်ကို သိန္နီနှင့် လားရှိုးရှိ ဈေးကွက်များ သို့ တင်ပို့ရောင်းချပြီး ဘိန်းကိုမူ ဒေသတွင်းတွင် ရောင်းချသည်။ ၁၉၅၀ နှစ်များအတွင်း ရှမ်းပြည်နယ် တွင် စစ်ပွဲများ ဖြစ်ပေါ်လာသည့်အခါ ဘိန်းသည် ကိုးကန့်လူမျိုးများအတွက် ဝင်ငွေရစရာ တခုတည်း သော သီးနှံဖြစ်လာခဲ့သည်။ မော်ဖင်းပါဝင်မှု မြင့်မား သည့်အတွက် ကိုးကန့်ဒေသမှ ဘိန်းသည် ဒေသ တွင်းတွင် အကောင်းဆုံးအဖြစ် သတ်မှတ်ခြင်းခံရ သည်။


• စစ်ဘုရင်များနှင့် ဘိန်း


၁၉၅၀ နှစ်များအတွင်းက ကိုးကန့်ဒေသကို အမှန်တကယ် အုပ်ချုပ်နေသူမှာ အောလစ်ဗ်ယန်း ဆိုသည့် အမျိုးသမီး ဖြစ်သည်။ သူ၏ ကိုယ်ပိုင် စစ်တပ်တွင် လူ ၁၀ဝ၀ နီးပါး ရှိသည်။ ကူမင်တန် အဖွဲ့၏ ကျောထောက်နောက်ခံနှင့်အတူ သူ၏ ဩဇာအာဏာတိုးတက်လာပြီး ပထမဆုံး စစ်ဘုရင်မ ဖြစ်လာသည်။ ထိုင်းနိုင်ငံ နယ်စပ်သို့  ထရပ်ကား တန်းများဖြင့် ဘိန်းတင်ပို့ နိုင်ခဲ့သည်။


၁၉၆၁ ခုနှစ်တွင် အောလစ်ဗ်ယန်း အဖမ်းခံခဲ့ရ သော်လည်း စစ်ဘုရင် ယဉ်ကျေးမှုက ဆက်လက် ရှင်သန်နေခဲ့သည်။ သူ၏ အစ်ကိုဖြစ်သူ ဂျင်မီယန်း က ကူမင်တန်နှင့် နိုင်ငံရေးအရ ဆက်လက် ပူးပေါင်းခဲ့သလို စီးပွားရေးလုပ်ငန်းများလည်း ဆက် လုပ်ခဲ့သည်။ ဂျင်မီယန်းသည် ပညာတတ်တဦး ဖြစ်ပြီး တောင်ကြီးမြို့ရှိ ရှမ်းစော်ဘွားများ၏ သား သမီးများအတွက် ဖွင့်လှစ်ထားသည့် ကျောင်း၊ ရန်ကုန်တက္ကသိုလ်နှင့်  ဒုတိယ ကမ္ဘာစစ်အတွင်းက တရုတ် နိုင်ငံရှိ ချုံကင်း (Chongqing) တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၀ တွင်ကိုးကန့် ဒေသ ပါလီမန်အမတ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ နောက် နှစ်အနည်းငယ် ကြာသည့်အခါ East Burma ဘဏ်ကို တည်ထောင်ခဲ့သည်။


နောက်ဆုံးတွင် ဂျင်မီယန်းကို သူ၏ လက် အောက်ခံ တပ်မှူးတဦး ဖြစ်သည့် လော်စစ်ဟန်က ဖြုတ်ချခဲ့သည်။ ထိုအချိန်က လူသိနည်းသေးသော လော်စစ်ဟန်သည် ယနေ့ခေတ်တွင် အရှိန်အဝါ အကြီးဆုံး ကုမ္ပဏီလုပ်ငန်းစုကြီးများထဲမှ တခုဖြစ်သည့်  Asia World ၏ မန်နေးဂျင်း ဒါရိုက်တာ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်၏ ဖခင်ဖြစ်ပါ သည်။ ကိုးကန့်ဒေသ၊ တရုတ် နယ်စပ်အနီးမှ တာဆူချင်း ကျေးရွာဇာတိ လော်စစ်ဟန်ကို ၁၉၇၂ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ မူးယစ်ဆေးဝါးဆိုင်ရာ အကြီးတန်း အကြံပေးပုဂ္ဂိုလ် နယ်လ်ဆင် ဂရော့စ် (Nelson Gross) က “အရှေ့တောင်အာရှ ဘိန်းဖြူ ကုန်သွယ်မှု၏ အဓိကလူ” ဟု အမည်ပေးလိုက် သည့် အချိန်တွင် နိုင်ငံတကာက သိသောသူဖြစ်လာ ခဲ့သည်။


ထိုအချိန်က ရန်ကုန်မှာရှိနေသည့် စစ်အစိုးရ နှင့် ပုံမှန်မဟုတ်သည့် သဘောတူညီချက်များ ရှိခဲ့ သည့်အတွက် ထိုသို့နာမည်ဆိုး ထွက်ခဲ့ရခြင်းလည်း ဖြစ်သည်။ ဒေသတွင်းမှ လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်ပေးသည့်အတွက် ရှမ်းပြည်နယ်တွင်းရှိ အစိုးရက ထိန်းချုပ်ထားသည့် လမ်းများကို အသုံးပြု ၍ မူးယစ်ဆေး ကုန်သွယ်မှုတွင် အသုံးပြုခွင့် ရရှိခဲ့ သည်။ လော်စစ်ဟန်၏အစ်ကိုလော်စစ်ကိုကကိုးကန့် ဒေသ၏ ရဲအဖွဲ့အကြီးအကဲဖြစ်သည့်အတွက် ဒေသ တွင်းတွင်လည်း အနှောင့်အယှက် မရှိခဲ့ပါ။


အစိုးရဘက်တွင် စစ်ဘုရင် တဦးဖြစ်သော လော်စစ်ဟန် ရှိနေချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဘက်တွင်လည်း ဖုန်ကြားရှင်နှင့် သူ၏ ညီ ဖြစ်သူ ဖုန်ကြားဖူတို့ ရှိနေသည်။ သူတို့သည်လည်း တချိန်က ဂျင်မီယန်း၏ ကိုယ်ပိုင်တပ်ဖြစ်သော ကိုးကန့် တော်လှန်ရေးတပ်ဖွဲ့တွင် ပါဝင်ခဲ့သူများ ဖြစ်ကြသည်။ ၁၉၆၇ ခုနှစ် ဇူလိုင်လတွင် တရုတ် နိုင်ငံမှ ဗကပ ကေဒါများက သူတို့ကို ဆက်သွယ်ပြီး လက်နက်ခဲယမ်းများ ထောက်ပံ့ရန် ကတိပြုခဲ့ကြ သည်။


ထို့နောက် သူတို့သည် အောလစ်ဗ်ယန်း၏ အဖွဲ့ဝင်များ မဟုတ်တော့ပါ။ ၁၉၆၈ ခုနှစ်တွင် ဗကပ၏ အစိတ်အပိုင်းတခု အဖြစ် တရုတ်နိုင်ငံ၏ အကူအညီဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထား သည့် တပ်ဖွဲ့များကို အသုံးပြုကာ ကိုးကန့်ဒေသကို ကူမင်တန်နှင့် ၎င်း၏ မဟာမိတ်များ လက်မှ သိမ်းပိုက်ယူခဲ့သည်။ အမှန်တကယ်အားဖြင့် ဗကပ ဗဟိုသည် ကိုးကန့်ဒေသကို စိတ်ဝင်စားမှု အနည်း ငယ်သာ ရှိခဲ့ပါသည်။ သူတို့၏ တပ်ဖွဲ့များ မြန်မာ နိုင်ငံ မြေပြန့်ဒေသများသို့ ဆင်းရာတွင် အခြေစိုက် စခန်းတခုအဖြစ် အသုံးပြုရန်သာ မျှော်လင့်ထားခဲ့ သည်။


ကိုးကန့်ဒေသနှင့် သံလွင်မြစ် အနောက်ဘက် ကမ်းကို ဆက်သွယ်ပေးထားသည့် ကွမ်းလုံတံတားကို ထိန်းချုပ်နိုင်ရေး အတွက် အစိုးရတပ်များနှင့် ဗကပ တပ်ဖွဲ့များ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလမှ ၁၉၇၂ ခုနှစ် ဇန်နဝါရီလ အထိ တိုက်ခိုက်ခဲ့ကြသည့် ၄၅ ရက် ကြာ စစ်ပွဲတွင် အစိုးရတပ်ဖွဲ့များ အောင်မြင်မှု ရရှိခဲ့ပြီး ဗကပများ သံလွင်မြစ် အနောက်ဘက် ကမ်းသို့ ခြေချရန် အားထုတ်မှုကို ရပ်တန့်နိုင်ခဲ့ခြင်းမှာ လော်စစ်ဟန်၏ နယ်မြေကျွမ်းကျင်မှုကြောင့်လည်း တစိတ်တပိုင်း ဖြစ်ခဲ့သည်။


ထို့ကြောင့် နောက်ပိုင်းတွင် ဘိန်းဖြူချက်လုပ် သည့် စက်ရုံများရှိနေသည့် ထိုင်းနိုင်ငံနယ်စပ် အနီး သို့ ဘိန်းများပို့သည့် အခါတွင် အစိုးရတပ်ဖွဲ့များက အတုံ့အလှယ်အနေဖြင့် လော်စစ်ဟန်ကို ကူညီပေး ခဲ့ကြသည်။ ထိုသို့ ခွင့်ပြုထားခြင်းမှာ လော်စစ်ဟန်က အစိုးရကို ပြန်လည်ဆန့်ကျင်ခဲ့သည့်အတွက် အဖမ်း ခံလိုက်ရသည့် ၁၉၇၃ ခုနှစ်အထိ ဖြစ်သည်။ သို့သော်လည်း ၁၉၈၀ ခုနှစ်တွင် အထွေထွေ လွတ် ငြိမ်းချမ်းသာခွင့် ပေးသည့်အခါ သူ့ကို ပြန်လွှတ်ပေး ခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ထွက်ပြေး ခိုလှုံနေသည့် ဂျင်မီယန်းကိုလည်း ပြန်လာခွင့် ပြုခဲ့သည်။


၁၉၆၈ ခုနှစ်တွင် ကွန်မြူနစ်တို့က သိမ်းပိုက် လိုက်သည့်အတွက် ကိုးကန့်ဒေသတွင် လူမှုရေးနှင့် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။ စစ်ဘုရင်ဟောင်းများ ထွက်ပြေးသွားခဲ့ကြပြီး ၎င်းတို့ ကျန်ရစ်ခဲ့သည့် မြေများကို မြေယာ မရှိသည့် လယ် သမားများကို ဝေမျှပေးခဲ့သည်။ သိမ်းယူပြီး နှစ် အနည်းငယ်အတွင်း အုပ်ချုပ်ရေးကို ပြန်လည် တည်ဆောက်နိုင်ခဲ့သော်လည်း ဗကပ များ မဖြေရှင်း နိုင်သည့် အဓိက ပြဿနာတခုမှာ ဘိန်းဖြစ်သည်။


သင့်လျော်သည့် စိုက်ပျိုးသီးနှံ ရှာဖွေရန် ခက် သည့်အတွက် ကွန်မြူနစ်အုပ်ချုပ်ရေးကာလ အစော ပိုင်းနှစ်များအတွင်း ဒေသခံ ဘိန်းစိုက်တောင်သူများ ကို အစားထိုးစိုက်ပျိုးရန် ဗကပ အနေဖြင့် မတတ် နိုင်ခဲ့ပေ။ သို့သော်လည်း ၁၉၇၀ နှောင်းပိုင်းတွင် တရုတ်နိုင်ငံက အကူအညီပေးခြင်း ရပ်ဆိုင်းလိုက်ပြီး နောက် ကွန်မြူနစ်များသည် ထိရောက်သည့် အစား ထိုး သီးနှံ ရှာဖွေရန် စိတ်ဝင်စား မှုလျော့ကျသွားသည် ဟု ယူဆရပါသည်။ လူတန်းစားအလွှာ အဆင့်ဆင့် တွင် အောက်ခြေ၌ ရှိနေသော ဒေသခံ တောင်သူ များအတွက် ဘိန်းစိုက်ပျိုးခြင်းဖြင့် ဘဝတိုးတက်မှု မရှိခဲ့ဟု ဆိုနိုင်သော်လည်း ကွန်မြူနစ်တပ်မှူးများ အတွက်တော့ တိုးတက်မှုကို ရှာဖွေနိုင်ခဲ့သည်။


၎င်းတို့ထဲမှ တဦးမှာ ဖုန်ကြားရှင်ဖြစ်သည်။ ကွန်မြူနစ်ပါတီဝင်တယောက် မည်သည့်အခါမျှ မဖြစ်ခဲ့သော်လည်း ကိုးကန့် ဒေသအတွင်းမှ ဗကပ တပ်ဖွဲ့များကို ဦးဆောင်ရသည့် ဖုန်ကြားရှင်က နောက်ပိုင်းတွင် ဒေသတွင်း မူးယစ်ဆေးဝါး ကုန်သွယ် မှု ဘက်ကို အာရုံစိုက်လာခဲ့သည်။ ဝီကီလိခ်စ် (Wikileaks) တွင် ပေါက်ကြားခဲ့သည့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ၂၀ဝ၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့်ပေးပို့ခဲ့သော ကြေးနန်းစာတွင် “အမေရိကန် မူးယစ်တိုက်ဖျက်ရေး အေဂျင်စီ  (DEA) က ဖုန်ကြားရှင်ကို ၁၉၇၅ ခုနှစ်ခန့်ကတည်း က မူးယစ်ဆေး အဓိက ကုန်သွယ်နေသူ တဦးအဖြစ် ဖော်ထုတ်သတ်မှတ်ခဲ့သည်” ဟု ဖော်ပြထားသည်။


ထိုအချိန်လောက်မှာပင် ဖုန်ကြားရှင်က ကွန်မြူနစ် ထိန်းချုပ်ထားသည့် တရုတ်နယ်စပ်တွင် ပထမဆုံးဖြစ်သည့် ဘိန်းဖြူချက် စက်ရုံတရုံ တည် ထောင်ခဲ့သည်ဟု လွတ်လပ်သော သတင်းရင်းမြစ် များက ပြောသည်။ ၎င်း၏ ထိန်းချုပ်နယ်မြေ အတွင်းတွင် ဘိန်းစိုက်ပျိုးခြင်းနှင့် ဘိန်းစိမ်းများ ရောင်းဝယ်ခြင်းအပေါ် ပါတီက အခွန်ကောက်ခံ သည်။ သို့သော် ဖုန်ကြားရှင်ကို ကွန်မြူနစ်ပါတီက “ဝ” ဒေသအတွင်းမှ ပန်ဆိုင်းရှိ ဗကပ ဌာနချုပ်သို့ ရွှေ့ပြောင်းစေခဲ့သည့်အတွက် ဘိန်းဖြူ ထုတ်လုပ်ရေး မှာ အလှမ်းဝေးနေခဲ့ရသည်။ သို့သော်လည်း သူက မကြာမီမှာပင် ပန်ဆိုင်း အရှေ့ဘက် တောင်တန်းများ အတွင်း ဝမ်ဟိုတောင်တွင် စက်ရုံတခု တည်ဆောက် နိုင်ခဲ့သည်။


ကျွန်မသိသောဘိန်းဘုရင်နှစ်ဦး


လော်မိသားစု (Laurcs Family)


             မြန်မာစစ်အစိုးရသည် မြန်မာလူထုနှင့် ဆန့်ကျင်ဖက် ဖြစ်နေသဖြင့် လူထုကို သတ်ဖြတ်ရန် စစ်တပ်ချဲ့ရသည်။ စစ်လက်နက် ဝယ်ရသည်။ ထို့ကြောင့်ငွေလိုသဖြင့် ဘိန်းရောင်းပြီ ဖန်တီးခဲ့ရသည်နှစ်စဉ် စိတ်ကြွဆေးပြား သန်း (၇၀၀) နှင့် ဘိန်းများကို မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ထိုင်းနိုင်ငံမှတဆင့်

ကမ္ဘာ အရပ်ရပ်သို့ တင်ပို့ရောင်းချနေသဖြင့် ထိုင်းအစိုးရသည် ထိရောက်စွာ ကာကွယ်နိုင်ရန် အမေရိကန် စစ်တပ်ကို အကူအညီ တောင်းရတော့သည်။


ထိုင်း - မြန်မာ နယ်စပ်မှ ထွက်ပေါ်လာသည့် သေနတ်

သံများ၊ စိန်ပြောင်းသံများသည် မြန်မာအစိုးရက ထုတ်

လုပ် ရောင်းချနေသော မူးယစ်ဆေးဝါးများကို အကြောင်း

ပြု၍ ထွက်ပေါ်လာပေသည်။


ထိုသို့သော သတင်းများသည် မဆလ၊ နဝတ၊ နအဖ

ခေတ်တလျှောက်လုံး ဘိန်းနှင့် ပတ်သက်၍ ဆူညံစွာ

ထွက်ပေါ်ခဲ့သော သတင်းများမှ အပိုင်းအစ တစ်ခုသာ

ဖြစ်ပါသည်။


၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာချိန်မှ

အစပြုပြီး ဗိုလ်ချုပ်ကြီး နေဝင်းက လော်စစ်ဟန်ကို 

ဘိန်းစိုက်ခွင့်ပေးပြီး စည်းရုံးခဲ့ရာမှ မြန်မာနိုင်ငံတွင် 

ဘိန်းလုပ်ငန်း စတင်ကြီးကျယ်လာကာ ၎င်းသည်

လည်း ဘိန်းဘုရင်ဟု သရဖူဆောင်းခဲ့တော့သည်။


သူ၏ဘိန်းလုပ်ငန်းမှာ လွန်စွာ ကြီးထွားလာသဖြင့် 

သူ့အား ဖမ်းဆီး အရေးယူပေးပါဟု ထိုင်းအစိုးရက

မေတ္တာရပ်သော်လည်း ဗိုလ်နေဝင်း အစိုးရက မဖမ်း

ပေးသဖြင့် ထိုင်းစစ်တပ်က ဗမာပြည်တွင်း ဝင်ဖမ်းခဲ့

ပါသည်။


ထိုင်းအစိုးရက လော်စစ်ဟန်သည် မြန်မာနိုင်ငံသား

ဖြစ်ပါသည်။ မြန်မာအစိုးရက အရေးယူပေးပါဟု မြန်

မာနိုင်ငံသို့ ပြန်အပ်သဖြင့် ဗိုလ်နေဝင်း အရှက်ကွဲခဲ့

ရသည်။


ကမ္ဘာသိ ဖမ်းဆီး ပို့ဆောင်သဖြင့် ဗိုလ်နေဝင်း အစိုးရ

မတတ်သာ၍ ရန်ကုန် တရားရုံးသို့တင်ပြီး ၁၉၇၃ ခုနှစ်

တွင် တသက်တကျွန်း ဟန်ပြ ထောင်ဒဏ် အပြစ် ပေး

ခဲ့ပြီး ၁၉၈၀ ခုနှစ်မှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်

ဖန်တီးပြီး လွှတ်ပေးခဲ့ပါသည်။


(၇) နှစ် နီးပါး ထောင်ထဲ နေရစဉ် ကာလ၌လည်း အထူး

အဆောက်အဦး ဆောက်လုပ်ပေးပြီး လိုတရ သက်သာ

ချောင်ချိစွာ ထားပေးခဲ့ရပါသည်။


ထောင်မှ လွတ်ပြီးနောက် လားရှိုးတွင် အေးအေးနေကာ

ဘိန်းမချက်တော့ဘဲ အရက်ချက်နေခဲ့သည်။


နဝတ စစ်အစိုးရ တက်လာသောအခါ ဗိုလ်ချုပ်ကြီး

ခင်ညွှန့်က ဘိန်းလုပ်ငန်းမှ ရခဲ့သည့် နိုင်ငံခြားငွေ

များကို တရားဝင် ပိုင်ဆိုင်ခွင့်ပေးခဲ့သဖြင့် ရန်ကုန်

တွင် အချမ်းသာဆုံး လုပ်ငန်းရှင်ကြီးဖြစ်ပြီး ဘိန်း

ပပျောက်ရေး ပြတိုက် ဒကာကြီး ဖြစ်နေပါတော့

သည်။


ဗိုလ်ချုပ်ကြီး ခင်ညွှန့်လည်း ထိုစဉ်အခါမှ အစပြု၍

နိုင်ငံတကာ နယ်ပယ်တွင် ဖိုးခင်ညွှန့် (No.4) ဟု 

အမည်တွင်ခဲ့လေတော့သည်။


ဗမာ စစ်အစိုးရ အဆက်ဆက်မှ သူကောင်းပြုခြင်း

ခံရပြီး ယူကျုံးမရ ရှက်စရာအကောင်းဆုံးမှာ မြန်မာ

တမျိုးသား၏ အလေးအနက်ထား အထွတ်အမြတ်

ဖြစ်သော လေးဆူဓာတ်ပုံ မြတ်ရွှေတိဂုံ စေတီတော်

၏ ရာသက်ပန် ဂေါပက အဖြစ် ဘိန်းသမားကို 

သူကောင်းပြုခဲ့ခြင်း ဖြစ်ပါသည်။


ဘိန်းဘုရင် လော်စစ်ဟန် (Lo Hsing Han) ကို 

ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် ၁၉၃၅ - ခုနှစ်၌

မွေးဖွားခဲ့၍ တရုတ်လူမျိုး စစ်စစ် ဖြစ်ပြီး (၂၀၁၃) 

ခုနှစ်၊ ဇူလိုင်လ (၆) ရက်၊ အသက် (၇၇) နှစ် အရွယ်

တွင်၊ ရန်ကုန် တာမွေမြို့နယ် မွန်မြတ်မေတ္တာ အိမ်ရာရှိ နေအိမ်၌ ကွယ်လွန်ခဲ့သည်


၎င်း၏ ဈာပနကို ရန်ကုန်မြို့တွင် ကြီးကျယ်စွာ ကျင်း

ပပြီး မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ တက်ရောက် ဂါရဝ

ပြုခဲ့ကြပါသည်။


ရန်ကုန်မြို့ တဖက်ကမ်း သံလျှင်ရှိ သီလဝါ ကုန်သေတ္တာ

ဆိပ်ကမ်း၊ ကမ်းလွန်ရေနံ လုပ်ကွက်များ၊ Asia World 

ဆောက်လုပ်ရေး ၊ ကြယ်ငါးပွင့် ဟိုတယ်များ ၊ ခရီးသွား

လာရေး လုပ်ငန်းနှင့် ရန်ကုန်လေကြောင်း အပြင် အခြား 

စီးပွားရေး လုပ်ငန်းများကို ပိုင်ဆိုင်ပြီး သားနှစ်ဦးဖြစ်သူ  တို့က လုပ်ငန်းများကို ဦးစီးပါသည်။ သူတိုနောက်လိုက်များတွင် ဗေဒါတို့ လောရှည်တို့လို လက်မရွံတပည့်များစွာပါဝင်နေသညါ


'ဝ' အမျိုးသား လက်နက်ကိုင်တပ်၏ ကြေးစားများဖြစ်သော

နအဖ စစ်အစိုးရသည် မြန်မာနိုင်ငံ၏ စီးပွါးရေးလုပ်ငန်း လုပ်

ပိုင်ခွင့်များကို လော်စစ်ဟန် မိသားစု လက်သို့ အပ်နှင်းခဲ့ပြီး

နောက်ပိုင်းတွင် ဘိန်းဘုရင်တစ်ဦးဖြစ်သူ 'ခွန်ဆာ' ၏ လက်

သို့ အပ်နှင်းခဲ့ပြန်သည်။


ဘိန်းဘုရင် 'ခွန်ဆာ (Khun Sa / Chang Chi-fu)' 


ရှမ်းတရုတ်လူမျိုးဖြစ်ပြီး လွိုင်မော်မြို့တွင် ၁၉၃၄ ခုနှစ်၌

မွေးဖွားခဲ့၍ ၂၀၀၇ ခုနှစ် အောက်တိုဘာ (၂၆) ရက်နေ့၊ 

ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့ပါသည်။


ထိုပုဂ္ဂိုလ် (၂) ဦးသည် ဘိန်းလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် နိုင်ငံ

ခြားငွေ ကုဋေ များစွာ ကြွယ်ဝသဖြင့် ထိုငွေများမှ တချို့တ

ဝက်ကို မြန်မာ စစ်ဗိုလ်ချုပ်ကြီးများအား ပိုင်ဆိုင်စေခြင်းဖြင့်

စစ်အစိုးရက ၎င်းတို့ နှစ်ဦးအား 'ပစားပေးထား' ခဲ့ရခြင်း

ဖြစ်ပေသည်။


ဘိန်းဘုရင် ခွန်ဆာ၏ ဘိန်းလုပ်ငန်းကို ဆက်လက်လုပ်

ကိုင်သူ ဝလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့သည် နိုင်ငံခြား

သုံးငွေ အများဆုံး ရှာဖွေရရှိသူများ ဖြစ်ကြသောကြောင့်

သူတို့၏ ငွေများကို မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက လက်

ဝေခံရယူပြီး ဝလူမျိုးစုလက်နက်ကိုင် ခေါင်းဆောင်များ၏

ခြေထောက်ကို ဖက်နေကြသည်မှာ ယနေ့'တမတ်သား'

အစိုးရထက်တိုင် ဖြစ်ပေသည်။


အမေရိကန်အစိုးရက ဖမ်းမိအောင် သတင်းပေးနိုင်ပါက

ဆုတော်ငွေ (၂) သန်း ပေးမည်ဟု အထင်ကရ ကြေညာ

ထားသော ဝအမျိုးသား ဘိန်းဘုရင်သစ် 'ပေါက်ယူချန်း'

နှင့် ဖိုးခင်ညွှန့်မှာ ပုလင်းတူဗူးဆို့ ပုခုံးဖက် ပေါင်းသင်း

နေသော ရောင်းရင်းများ ဖြစ်ကြပါသည်။


ဗိုလ်နေဝင်း စစ်အစိုးရမှ အစပြုပြီး နဝတ၊ နအဖ စစ်အစိုးရ 

အလယ် ယနေ့ တမတ်သား အစိုးရအထိ အစိုးရနှင့် တကွ 

'ဗမာ့ တပ်မတော်' သည် လက်နက်ကိုင် လူမျိုးစု  ဘိန်းကုန်

သည်များ၏ 'လက်ဝေခံ' ဖြစ်နေရပြီး ၎င်းတို့ပိုင် ဘိန်းခင်း

များကိုလည်း  'ဗမာ့ တပ်မတော်သား' များက အသက်စွန့် ကာကွယ် စောင့်ရှောက် နေရသောကြောင့် ယနေ့ဖြစ်ပေါ်လျှက်ရှိသော တိုင်းရင်းသားလူထု အခြေပြု မူးယစ်သားကောင်ဖြစ်နေကြခြင်းမှထူးဆန်းသော သတင်း တစ်ပုဒ် မဟုတ်ဟု ကျွန်မ ကတော့ ရှင်းရှင်း မြင်ထား ပါတယ်


             ကျွန်မတို့တိုငိးပြည်မှ ဘိန်းဘုရင်တွေကိုသူကောင်းပြုခဲ့သလိုမျိုး မည်သည့်နှိင်ငံတွင်မှ မရှိခဲ့ပေ အဓိက အမျိုးသားရေးအန္တာရယ်အဖြစ်ရှုမြင်၍ တိုက်ဖျက်လေ့ရှိကြသည် သို့သော်မြန်မာပြည်တွင်တော့ စစ်အာဏာရှင်သည် သူအကျိုးစီးပွားအတွက်  မြန်မာလူမျိုး နောင်မျိုးဆက်အရေး ထည့်မတွေးခဲ့ကြပေ မိမိလူမျိုး မိမိတိုင်းပြည်ကို ချစ်ပါသည်ဆိုသော်လည်းတကယ်လက်တွေ့တွင်တော့ စစ်အာဏာရှင်ချမ်းသာရေးနှင့် အာဏာတည်မြဲရေးကိုသာ လုပ်ဆောင်ခဲ့သူများဖြစ်သည်


                            ®

                           ဗေဒါ


                             နှင့်


                 သူ ၏ မိတ် ဆွေ များ


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

      အတိတ်ကပုံရိပ်များ………{အပိုင်း ၄၆}


                               ®

                              ဗေဒါ


      " ကြမ်းတမ်းခက်ထန်တဲ့လူတွေကို နှုးညံမှုလေးနဲ့ဆက်ဆံကြည့်ပါ အဲဒီလူတွေက ပြော့ပြောင်းနှုးညံသွားပါလိမ့်မယ် "


       " အတင်းအကြပ်အပြောအဆိုထက်နှုးညံတဲ့စီကာပတ်ကုံးစကားတွေကို လူတွေက နှစ်သက်တယ်လေ "


                   ဂျာနှုး ဒိုင်ယာရီလေးက ဗေဒါကို လမ်းစပေးခဲ့သလိုပါပဲ ချမ်းသာမှုထက် ဂျာနှုးသည် မြန်မာနှိင်ငံအတွက် တိုင်းရင်းသားများအတွက် အလင်းပေးခဲ့သူပါ သူဘဝထက် သူဒေသ သူလူမျိုး ကို အမှောင်ကမ္ဘာကနေ လွတ်မြောက်စေချင်သူပါ စစ်ဘုရင် စစ်ခေါင်းဆောင် တွေ လူမျိုးချစ်သည်ဟု ဆိုသော်လည်း ဘိန်းနွံမှာ မိမိလူမျိုးကို နစ်အောင် အားထုတ်ခဲ့ပြီး မိမိကိုယ်ကျိုးစီးပွား ချမ်းသာဖ်ု့အတွက်သာ ကြိုးပမ်းခဲ့သူ လူငရဲမင်းများသာလျှင်ဖြစ်ပါ၏


ဒီဘဝဒီမျှအကြေပေါ့ ဂျာနှုး ၏ဒိုင်ယာရီကနောက်ဆုံးစာသားလေး ဗေဒါ အရမ်းနှစ်သက်မိ၏ လူလောကမှာ အကြွေးလာဆပ်သူနှင့်အကြွေး လာယူသူ နှစ်မျိုးပဲရှိသည်ဆို၏ ဂျာနှုး အ

တွေး ဗေဒါလက်ခံမိပါသည် ဟောကြားသော မြတ်ဘုရား၏ တရားကလည်းလူတွေသံသရာ

မှာ ကျင်လည်နေရတာ မိမိလုပ်ခဲ့တဲ့ကံတွေကြောင့်လို့ဟောကြားခဲ့တယ် သံသရာကိုလွတ်မြောက်ဖို့ သစ္စာလေးပါးကို ထိုးသွင်းသိမြင်ဖို့သာ အရေးကြီးပါသည်

✨✨✨✨✨✨✨✨


ဆုံတွေ့ခြင်းတွေတိုင်းမှာ

အကြွေးလာဆပ်တဲ့သူ

နှင့် 

အကြွေးလာယူတဲ့သူ

ဆိုပြီး

နှစ်မျိုးပဲရှိတယ် 


ကိုယ်အသာရတဲ့ 

အချိန်တွေမှာလဲ

အရမ်းဖိပြီးမယူချင်ပါဘူး

တချိန်ကိုယ်အများကြီး

ပြန်ဆပ်နေရမှာ

စိတ်ပူမိလို့


ကိုယ်ခံလိုက်ရတဲ့ 

အချိန်တွေ

ကိုယ်နာကျင်ရတဲ့ 

အချိန်တွေရှိခဲ့ရင်လဲ


အကြွေးတွေ

အကြေဆပ်လိုက်တယ်လို့ပဲ

နှလုံးသွင်းပါတယ် 


ဒီဘဝဒီမျှအကြေပေါ့……… 


                    ဂျာနှုးသည် ဗေဒါ ဘဝတွင်တွေ့ဖူး မြင်ဖူးသမျှသော လူများတွင် အတွေးခေါ်နက်နဲဆန်းကြယ်ပြီး လက်တွေ့အကောင်ထည်ဖော်သူဟုထင်ပါသည် ဂျာနှုး အလွန်တော်ပါသည်  ဂျာနှုး အားထုတ်မှုသည် ကမ္ဘာအထိသတင်းပေါက်ရောက်ခဲ့သည်လေ


                    ဗေဒါ mr.လုတို့ဆီမှာ ပုံမှန်လေး အလုပ်လုပ်ရင်း ကိစ္စာကြီးငယ်များစွာဖြေရှင်းပေးခဲ့ရတယ် လူပေါင်းများစွာ စစ်ဘက်အရာရှိပေါင်းများစွာ ၎င်းတို့၏ မိသားစုဝင်များ စီးပွားရေးသမားများအားလုံးကို ထဲထဲဝင်ဝင်ပေါင်းသင်းခဲ့ဖူး၏ ထိုအထဲတွင် ငယ်ငယ်ရွယ်ရွယ် နှင့် အဆိပ်ထက်ပြင်းမည် လူငယ်တစ်ဦးကို ထူးထူးခြားခြားဆုံဆည်းခဲ့သည် သူပုံက အညာသားစတိုင် သို့သော် စစ်တပ်အကြောင်း နှိင်ငံရေးအကြောင်းသူ စိတ်ဝင်တစားလေ့လာနေပြီဖြစ်သည် သူအကိုက စစ်သား သူအဖေက စစ်တိုက်ရဲသော စစ်ဗိုလ်ချုပ် သို့သော် သူ့အဖေကအလွန်တရာအကင်းပါးသော စကားပြောကောင်းသော စစ်သားတစ်ယောက်ပါ သူအပြော သူဟန်ပန် သူစတိုင် ဗေဒါထင်ပါသည် စစ်ဗိုလ်ချုပ်တွေ လိုက်မမှီလောက်ပါဘူး သူသည် ပထမဆုံး ကြည်း ရေ လေ ကွပ်ကဲရေးမှုး စစ်ထောက်လှမ်းရေးဖြိုခွင်းမှုမှာ ကကကြည်းကို ထိန်းချုပ်စေခိုင်းခဲ့သူပါ သူသား နဲ့ဗေဒါ စသိတာ ကားအရောင်းအဝယ်လုပ်တဲ့ ညီငယ်တစ်ဦးက မိတ်ဆက်ပေးလို့စသိခဲ့သည် မှတ်မှတ်ရရ ဗေဒါ ဂဏန်းတစ်လုံးထဲ ရှိသော ကားအမြင့်တစ်စီးကို ထို ဗိုလ်ချုပ်သားဆီကဝယ်တော့ဗေဒါ နှင့် အောင်သက်မန်း စတင်ရင်းနှီးခဲ့သည် ဗေဒါထင်သည် သူ တတိယနှစ်တက်နေစဉ်ထင်ပါသည် ကားဝယ်ရောင်းလုပ်သော ညီလေးနှင့် ကျောင်းအတူတူတက်ကြသည် ထိုစဉ်ကဗေဒါနှင့်သူ စကားတွေပြောဖြစ်ခဲ့သည် သူစိတ်ကူး သူအိမ်မက်တွေကြီးမားပါ၏ သူသည် စီးပွားရေးကို နှိင်ငံရေးနှင့်တည်ဆောက်မည်ပုံရှိသူဟု ဗေဒါခန့်မှန်းမိသည် သူသည် သက်ဆင်ရှင်နာဝပ်၏ ချမ်းသာလာရင် နှိင်ငံရေးလုပ်မည့်လူတန်းစားထဲကလူတစ်ယောက်ပင်ဖြစ်သည်


'' ဦးရွှေမန်းသား အောင်သက်မန်း စီးပွားရေးဖြင့်နှိင်ငံရေးလုပ်မည်လူ

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°


အောင်သက်မန်းဆိုတာ ဧရာရွှေဝါကုမ္ပဏီစထောင်

တုန်းက အသက် ၂၀ ပဲရှိသေးတယ်။ကျောင်းတောင် 

မပြီးသေးဘူး။ ဦးရွှေမန်းကပဲ အောင်သက်မန်း

နာမည်နဲ့စီးပွားရေးတွေ တည်ပေးခဲ့တာ။ ဧရာရွှေဝါ

ဆိုတာကလည်း ဦးရွှေမန်းကိုယ်တိုင်ပေးခဲ့တဲ့နာမည်ပဲ။

၉၇ ခုနှစ် ဦးရွှေမန်း နတခ တိုင်းမှူးဖြစ်တုန်းက

အောင်သက်မန်းကို ကုမ္ပဏီထောင်ပေးထားတာ။ 

ဧရာရွှေဝါကုမ္ပဏီကနေ ဧရာဝတီတိုင်း တစ်တိုင်းလုံး

အတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တစ်ဦး

တည်းပိုင် ပါမစ်ရတယ်။ ဓာတ်မြေဩဇာများကိုလည်း 

မယူမနေရစနစ်နဲ့ တောင်သူတွေ ကို ရောင်းတယ်။

ရောင်းတာကလည်း ခယကတွေ၊ မယက တွေက

တစ်ဆင့်ရောင်းပြီးပိုက်ဆံကိုလည်း ချစ်တီးလိုအတင်း

တောင်းတယ်။ လယ်မြေရှိတဲ့ တောင်သူမှန်သမျှ မယူ

မနေရရောင်းတယ်။ ဒီနှစ် မစိုက်ပါဘူး ပြောလည်း

မရဘူး။ လယ်သာမစိုက်တာ မြေဩဇာက အချိန်မှန်

ဝယ်ရတယ်။ စပါးထွက်ချိန် မြေဩဇာဖိုး ပေးရတယ်။ 

ကျေးဇူးရှင်တောင်သူလယ်သမားဆိုတာ

အောင်သက်မန်း အတွက် ပိုမှန်တယ်။ အကြွပေးစရာ

မရှိလို့ ရှိတဲ့လယ်ရောင်းပြီး မြေဩဇာဖိုးတွေပေးခဲ့တဲ့ 

တောင်သူတွေ ကျေးဇူးကြောင့် အောင်သက်မန်းတို့ 

ချမ်းသာမှု စတင်ခဲ့ရတာမဟုတ်လား။ ဒါတင်မကဘူး 

ဧရာရွှေဝါကမြေထပ်သိမ်းသေးတယ်။ တောင်သူတွေ 

မြေမဲ့ ယာမဲ့တိုးလာပြီး အောင်သက်မန်းတို့ ချမ်းသာမှု

လည်း တိုးလာတာပေါ့။ 

ဦးရွှေမန်း ဗိုလ်ချုပ်ဘဝအချိန်တိုအတွင်းမှာသိန်းပေါင်း 

သောင်းချီပြီး ချမ်းသာလာတဲ့ အောင်သက်မန်းဟာ 

ဦးရွှေမန်း ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ချိန်၊ ဗိုလ်ချုပ်ကြီး

ဖြစ်ချိန်၊ နိုင်ငံတော် အဆင့် ၃ တိုင်းပြည်အုပ်ချုပ်ချိန်နဲ့ တစ်ဆင့်ထက် တစ်ဆင့် 

ချမ်းသာမှုက အတောမသတ်တော့ဘူး။ အခုချိန်မျက်မှောက်ခောတ်တွင်တော့ အချမ်းသာဆုံး အဆင့် ၅ အထိ ရောက်သွား 

တာပဲ။ ဒီလောက်ဆိုရင် ဦးရွှေမန်း နိုင်ငံ့အကြီးအကဲ

ဖြစ်ချိန်က တိုင်းပြည်ဘာကြောင့် အဆင်းရဲဆုံး

ဖြစ်သွားသလဲ၊ နိုင်ငံ့သယံဇာတတွေနဲ့ ပြည်သူ့

ဘဏ္ဍာတွေ ဘယ်ရောက်သွားလဲဆိုတာ သိကြပြီပေါ့။ 

------------         ------------           ------------

မျက်မှောက်ခောတ်အောင်သက်မန်းဆိုတာ AYS MFG ကုမ္ပဏီရဲ့ Managing Director တစ်ယောက်ပါ။ လက်ရှိ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး အဆင့်(၅) ရှိတဲ့ သူဌေးကြီးပေါ့။ သူဌေးကြီးဆိုပေမယ့် အသက်က ၄၁ နှစ်ပဲ ရှိပါသေးတယ်။ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ( ဒေါ်လာသန်းပေါင်း ၄၁၀၀ကျော် )ရှိပါတယ်။  AYS MFG ကုမ္ပဏီကတော့ လှိုင်သာယာက တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်းပေါ်မှာ ရှိပါတယ်။ ပဲအမျိုးမျိုးနဲ့ စက်သုံးဆီကို နိုင်ငံတကာနဲ့ကုန်သွယ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ 

ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေလည်း လုပ်ပါတယ်။ နိုင်ငံတကာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ဆုံးရောက်လာ သူတိုင်းအတွက် တခြားသူတွေ အားကျဖို့ အတ္ထုပ္ပတ္တိတွေ၊ အတုယူရမယ့် လုံ့လဝီရိယတွေ စာအုပ်ပေါင်းစုံနဲ့ ပြုစုထားတာရှိကြပေမယ့် မြန်မာနိုင်ငံက Top 5 စာရင်းဝင် သူဌေးလေး အောင်သက်မန်းကတော့ ပြန်မပြောရဲတဲ့ သမိုင်းကြောင်းတွေနဲ့ ပြည့်နေတဲ့ အတုယူအားကျစရာ မရှိသူ နာမည်ပျက်သူဌေးတစ်ဦးပါ။


အောင်သက်မန်းရဲ့ ချမ်းသာမှုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က စတင်ခဲ့ပါတယ်။ ကျောက်အောင်လို့၊ အမွေရလို့၊ ထီပေါက်လို့ ချမ်းသာမှု အခွင့်အလမ်း စခဲ့တာ မဟုတ်ပါဘူး။ အောင်သက်မန်း အဖေဖြစ်သူ ဦးရွှေမန်း ဗိုလ်ချုပ်ဖြစ်ရာကနေ စပြီး ချမ်းသာလာခဲ့တာပါ။ ၁၉၉၇ ခုနှစ်မှာ ဦးရွှေမန်း က ဧရာဝတီတိုင်းမှာ စစ်တိုင်းမှူးဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ရေနက်ကွင်းနဲ့ မြေလွတ်မြေရိုင်း ဖော်ထုတ်ရေး စီမံကိန်းလုပ်ခဲ့ပါတယ်။ အဲဒီစီမံကိန်းကို ပါမစ်ရတဲ့ သူဌေးကတော့ ကျောင်းမပြီး သေးတဲ့ အောင်သက်မန်းဖြစ်ပါတယ်။ အောင်သက်မန်းဟာ ဧရာရွှေဝါဆိုတဲ့ ကုမ္ပဏီထောင်ပြီး ဧရာဝတီတိုင်းက သာပေါင်း၊ ကန်ကြီးထောင့်၊ ရေကြည်၊ ကျောင်းကုန်း၊ အိမ်မဲ မြို့က လယ်မြေဧက ၄ သောင်း ၁ ထောက်ကျော် ကို အဖေ ဗိုလ်ချုပ်ရွှေမန်း အမိန့်နဲ့ သိမ်းခဲ့ပါတယ်။ အဲဒီချိန်ကစပြီး နေ့ချင်းညချင်း မြေပိုင်၊ ယာပိုင်၊ တိုက်ပိုင်၊ ကားပိုင်၊ ကုမ္ပဏီပိုင် သူဌေးကြီး ဖြစ်သွားပါတော့တယ်။ 


ဒါတင်မကသေးဘူး။ ဒါးကတိုက်နယ်မှာ ဧရာရွှေဝါကုမ္ပဏီကြီး ဆောက်ခဲ့ပြီး ဆန်စက်နဲ့ ငါးမွေးကန်တွေ လုပ်ပြန်ပါတယ်။ အဲဒီနောက် အဖေ ဗိုလ်ချုပ်ရွှေမန်းက  အောင်သက်မန်းကို နိုင်ငံခြားကနေ ဓာတ်မြေဩဇာတင်သွင်းခွင့် တစ်ဦးတည်းကိုယ်စားလှယ် ပါမစ်ထပ်ပေးလိုက် တော့ ဦးရွှေမန်းတို့ မိသားစုမှာ ဝင်လာမစဲ တစ်သဲသဲဖြစ်ပြီး ချမ်းသာပြီးရင်း ချမ်းသာဖြစ်သွား တော့တာပေါ့။ “ရွှေမေတ္တာ”ဆိုတဲ့  ဇီဝဓာတ်မြေဩဇာစက်ရုံကို ဒါးကမှာ ဆောက်လုပ်ပြီး ဓာတ်မြေဩဇာတွေကို ဧရာဝတီတင်မက မကွေးနဲ့ ပဲခူးတိုင်းတွေက တောင်သူတွေအထိ မယူမနေရ ရောင်းပါတယ်။ ဧရာဝတီတိုင်းကတော့ အဓိက ခါးစည်းခံခဲ့ရတာပေါ့။ တယက ကနေ ခယက၊ ခယက ကနေ မယက၊ မယက ကနေ ရယက အထိ အဆင့်ဆင့် ရောင်းခိုင်းပြီး အဲဒီမယက၊ ခယက တွေကပဲ ပိုက်ဆံကောက်ပေးရပါတယ်။ 

တောင်သူတွေမှာ မဝယ်မနေရ ဝယ်ခဲ့ရတဲ့အပြင် မစိုက်ရင်လည်း မြေရှိရင် ဝယ်ရတာကြောင့် တိုင်းမှူးနဲ့ အောင်သက်မန်းကို မေတ္တာပို့ကြပါတယ်။


အခုတော့ ပြည်သူတွေရဲ့ မေတ္တာကို ခံယူပြီး ပြည်သူ့ချွေးနှဲစာနဲ့ ပြည်သူပိုင်မြေတွေသိမ်းကာ စီးပွားရေး မတည်ခဲ့တဲ့ အောင်သက်မန်းဟာ နိုင်ငံမှာ ပဉ္စမမြောက် အချမ်းသာဆုံးတောင် ဖြစ်သွားပါတယ်။ အတ္ထုပ္ပတ္တိကတော့ မှတ်သားစရာမကောင်းတဲ့အပြင် ရှက်စရာတောင် ကောင်းပါ သေးတယ်။ ဒါပေမဲ့ ဦးရွှေမန်းနဲ့ အောင်သက်မန်းကတော့ အရှက်မဲ့ ပြုံးနေကြပါတယ်။ 


         စကားအပြောကောင်းတဲ့ စစ်သားတစ်ဦးဖြစ်သူ သူရဦးရွှေမန်းကိုတော့ဗေဒါ တစ်ဦးတည်းအမြင်ဖြစ်ပြောရရင် ကြောက်စရာအကောင်းဆုံး သော လူတစ်ယောက်အဖြစ်မြင်ပါတယ် စီးပွားရေးချမ်းသာလာရင် နှိင်ငံရေးမှာ နေရာယူတဲ့ သက်ဆင်ရှင်နာဝပ်မိသားစုလမ်းစဉ်ကို ပုံတူ ကူးလာပြီလေ


                           ®

                          ဗေဒါ


                            နှင့်


                 သူ ၏ မိတ် ဆွေ များ


◾️ဗေဒါ ၏ ဇာတ် လမ်း ကို ကျည် မင်း သိနိး က ခံ စား ရေးဖွဲ့ ပြီး စည် သူ က တည်း ဖြတိ ခဲ့ ကြ သည်               

                   

ဗေဒါ ၁၁

 အတိတ်ကပုံရိပ်များ……အပိုင်း ၄၃


                              ®

                           ဗေဒါ


"လူတွေကသူတို့ ယုတ်မာသလို ပြန်ယုတ်မာကြည့် ဆတ်ဆတ်ထိ မခံဘူး 

သူတို့ လုပ်သလို ပြန်လုပ်တော့ 

ကိုယ်က မကောင်းတဲ့လူဖြစ်သွားရော "


…အဲတာ မတရားသောနည်းဖြင့်ချမ်းသာလာသောလူတစ်ချို့မှာ ကျွန်မတွေ့ခဲ့ရတယ် သူတို့က သူတို့အကျိုးစီးပွားပဲကြည့်ခဲ့တာပါ တိုင်းပြည် လူမျိုး ယဉ်ကျေးမှု ပညာ သယံဇာတ အကုန်ဖျက်စီးခဲ့တာ သူတို့ဘာလုပ်နေလဲဆိုတာ ပြည်သူက မသိအောင် အမြဲ လှိုဝှက်သတင်းအမှောင်ချထားခဲ့တာပါ အဲအမှောင်ကို ကျွန်မက အလင်းပေးသူဖြစ်ပါရစေ………ဂျာနှုး


             ကျွန်မ မှတ်စုစာအုပ်လေးထဲက လူတစ်ချို့ကို စတင်တွေ ဆုံဖို့ ကြိုးစားခဲ့တယ် အဲ လူတွေ မှာ လူတစ်ချို့က CIA လို့ခေါ်တယ် အဖွဲ့အစည်းတွေနဲ့ပတ်သက်နေပါတယ် အဲလူတွေထဲက အန်တီ ဗိုင်အိုလက် ဆို တဲ့ အမျိုးသမီးကြီးနဲ့တွေ့ဆုံမှုမှာ ကျွန်မအတွက် လက်စားခြေခြင်း ဆိုတာထက် မှန်ကန်သော သတင်း အချက်အလက်တွေကို ကမ္ဘာသူ ကမ္ဘာသားတွေ သိဖို့လိုအပ်တယ် သို့မှာသာ ကျွန်မတို့တိုင်းပြည်သေးသေးလေးမှာ ဖြစ်ပျက်နေတာတွေကို သိရှိနှိငိပြီ ကူညီပေးနှိင်မယ်လို့ ယုံကြည်ခဲ့လို့ပါ ထိုစိတ်ကူးသည် တကယ်လက်တွေ့အကောင်ထည်ဖော်သော်အခါ အခက်အခဲ အန္တာရာယ်များစွာရှိခဲ့ပါတယ် ကျွန်မက CIA အတွက် သတင်းပေးလေ ကျွန်မနေနေတာက တကယ် မဟာလုပ်ငန်းရှင်ဘိန်းဘုရင်ကြီးနဲ့ အချိန်မရွေး ခေါင်းစဉ်တပ်ဖမ်းဆီးနှ်င်တဲ့ စစ်အစိုးရနှင့်သူ၏ ခါးပိုက်ဆောင်တပ် စစ်ထောက်လှမ်းရေးကလည်းကျွန်မအတွက်အန္တာရယ် ပါ ကျွန်မ အန်တီ ဗိုင်အိုလက်ဆီကကောင်းစွာ သင်ယူနှိင်ခဲ့တယ် ဒီနေရာမှာ အန်တီဗိုင်အိုလက် အကြောင်း သိထားဖ်ု့အထူးလိုအပ်ပါတယ် အန်တီဗိုင်အိုလက်က မြန်မာစစ်စစ်ပါ သူအမျိုးသားက အမေရိကန်လူမျိုးပါ သူအမျိုးသားက မြန်မာပြည်မှာ ရှိတဲ့ အမေရိကန် သံရုံးမှာ အတော်ကြာကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သံအရာရှိတစ်ဦးပါ သူက မြန်မာပြည် အတွက် အကောင်းဆုံး အလုပ်လုပ်ပေးသွားတဲ့ အမေရိကန်တစ်ဦးပါ သူကြောင့် ကျွန်မ သူလျို ဆိုသော စကားလုံးဝေါဟာရကိုအထူးကြေညက်ခဲ့တာပါ ကျွန်မ ကြိုးစားလေ့လာသင်ယူခဲ့သလို အကောင်းဆုံးသော စွမ်းဆောင်မှုများစွာကို လုပ်ဆောင်နှိင်ခဲ့ပါတယ်


                    ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း CPB ၏ လှုပ်ရှားမှုများနှင့် ပတ်သက်လျှင်သော် လည်းကောင်း၊ ၁၉၈၉ ခုနှစ် ကွန်မြူနစ် တပ်တွင်း ပုန်ကန်မှုနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များနှင့် ပတ်သက်လျှင်သော် လည်းကောင်း ပုံဖျက်ထားသည့် လက်တွေ့နှင့် ကင်းကွာသော ဝါဒဖြန့်ချိရေး အမြင်များနှင့်သာ လူထုကို အသိပေးခဲ့ကြသော်လည်း မြန်မာစစ်ဘက် အာဏာပိုင်များမှာ တပ်တွင်းပုန်ကန်သူ အချို့နှင့် လျှို့ဝှက် ညှိနှိုင်း ဆွေးနွေးမှုများ လုပ်ခဲ့ကြပါသည်။ မြောက်ပိုင်း တပ်တွင်းပုန်ကန်မှုအပြီး တစ်ပတ်မျှ အကြာ မေလ ၂၀ ရက်နေ့ကပင် ဤကိစ္စအတွက် ပထမဆုံး ခြေလှမ်းကို စတင်ခဲ့သည်။ လားရှိုး အခြေစိုက် မြန်မာ့တပ်မတော် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်မှ ကိုးကန့်ခေါင်းဆောင် လောစစ်ဟန်နှင့် ဆွေးနွေးရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပါသည်။ လောစစ်ဟန်မှာ ရွှေတြိဂံဒေသ၏ ထင်ရှားသော ဘိန်းဘုရင်ဟောင်း ဖြစ်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များက လားရှိုး အခြေစိုက် ကာကွယ်ရေးအဖွဲ့ကို ဦးဆောင်ခဲ့သူ ကိုးကန့်နယ်သား တစ်ဦးလည်း ဖြစ်သည်။ ၁၉၇၁-၁၉၇၂ ခုနှစ်က ဖြစ်ပွားခဲ့သော အဆုံးအဖြတ် တိုက်ပွဲတစ်ခုဟု ဆိုနိုင်သည့် ကွန်းလုံတံတား တိုက်ပွဲတွင် မြန်မာတပ်မတော်နှင့် လက်တွဲပြီး CPB ကို တိုက်ခိုက်ခဲ့ဖူးသည့် အစဉ်အလာရှိသည်။ အပြန်အလှန်အနေနှင့် မြန်မာ့ တပ်မတော်ဘက်မှလည်း ရှမ်းပြည်နယ်ရှိ အစိုးရ ထိန်းချုပ်ထားသော လမ်းများ၊ မြို့များကို လောစစ်ဟန်၏ ဘိန်းမှောင်ခို လုပ်ငန်းအတွက် အသုံးပြုခွင့် ပေးခဲ့သည်များလည်း ရှိသည်။


သို့နှင့်တိုင် အချို့သော ကာကွယ်ရေးအဖွဲ့များမှာ စစ်ဘုရင်များဆန်ဆန် ပြုမူလာကြရာ တပ်မတော် ကိုယ်တိုင်က မထိန်းနိုင်တော့၍ ၁၉၇၃ ခုနှစ်တွင် ကာကွယ်ရေး အားလုံးကို ဖျက်သိမ်းလိုက်ရသည်။ ဤတွင် အချို့သော ကာကွယ်ရေးများမှာ အဖျက်မခံဘဲ ဆက်လက်ပြီး လက်နက်ဆွဲကိုင်ခဲ့ကြရာ လောစစ်ဟန်မှာ သူတို့ထဲမှ တစ်ဦးဖြစ်သည်။ ထိုသည်၏ နောက်တွင်မူ တောခိုသွားခဲ့ပြီး ရှမ်းလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သော SSA နှင့် ခေတ္တမျှ ပူးပေါင်းသွားခဲ့သည်။ ၁၉၇၃ သြဂုတ် ၁၆ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက သူ့ကို ဖမ်းဆီးပြီး မြန်မာအစိုးရသို့ လွှဲအပ်ပေး ခဲ့သည်။ မြန်မာအစိုးရက လောစစ်ဟန်ကို ဘိန်းမှောင်ခိုမှုနှင့်မဟုတ်ဘဲ နိုင်ငံတော် ပုန်ကန်မှုနှင့် တရားစွဲကာ သေဒဏ်ပေးခဲ့သည်။ သို့တစေ ၁၉၈၀ တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ထိုစဉ်မှ စ၍ လောစစ်ဟန်လည်း လားရှိုးပြန်ပြီး ကာကွယ်ရေးအဖွဲ့ ပြန်လည် ဖွဲ့စည်းနိုင်ရန် အခါအခွင့်ကို စောင့်နေခဲ့ပါသည်။


၁၉၈၉ ကွန်မြူနစ် တပ်တွင်း ပုန်ကန်မှု ပေါ်ထွက်လာသောအခါမှ လောစစ်ဟန် စောင့်နေသော အခွင့်အခါသို့ ရောက်လာခဲ့ပါသည်။ အာဏာပိုင်များက သူ့ကို သူ့ဇာတိ ကိုးကန့်သို့ ပြန်လွှတ်လိုက်ပြီး ဖုန်ကျားရှင်၊ ဖုန်ကျားဖုတို့နှင့် ဆွေးနွေးစေခဲ့သည်။ ဤဆွေးနွေးပွဲမှပင် ယခင် ကာကွယ်ရေးများနှင့် မြန်မာ့တပ်မတော် ရယူခဲ့ကြသော နားလည်မှုမျိုးလို သဘောတူညီချက် တစ်ရပ် ထွက်ပေါ်လာခဲ့ ပါသည်။ ဖုန်ကျားရှင်တို့ ကိုးကန့် စစ်မင်းအဖွဲ့များက ဒေသတွင်းရှိ တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ပေးမည်။ အပြန်အလှန်အနေနှင့် ထိုအဖွဲ့များ၏ မူးယစ်မှောင်ခို လုပ်ငန်းများကို အာဏာပိုင် များဘက်မှ မသိကျိုးကျွန် ပြုပေးထားမည်ဆိုသော သဘောတူညီချက် ဖြစ်ပါသည်။ မုန်းကိုး၊ မုန်းဟုမ် နှင့် ပန်ဆိုင်း အနီးတစ်ဝိုက်ရှိ ဘိန်းဖြူချက် စက်ရုံများသည်ကား ထိုစဉ်ကပင် ကောင်းစွာ လည်ပတ် အလုပ်ဖြစ်နေပြီး ဖြစ်သည်။


ထိုနှစ် ဧပြီလသို့ ရောက်သောအခါ ကိုးကန့်နယ်ထဲသို့ ဒုတိယ ကိုယ်စားလှယ်အဖွဲ့ ထပ်မံ ရောက်ရှိ လာခဲ့ပါသည်။ ထိုအဖွဲ့မရောက်မီ ဧပြီလ ၂၀ ရက်နေ့က လားရှိုးတွင်လည်း အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်ဟု သိရသည်။ ဤအစည်းအဝေးတွင် ကိုးကန့်အဖွဲ့မှ ကိုယ်စားလှယ်များ၊ လောစစ်ဟန်နှင့် ရန်ကုန်မှလာသော နိုင်ငံရေးသမား ဦးအောင်ကြီးတို့ တက်ခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါ လားရှိုး အစည်းအဝေးအပြီး နှစ်ရက်အကြာတွင် ဗိုလ်မှူးချုပ် ခင်ညွန့် (ထိုစဉ်က ဗိုလ်ချုပ် ခင်ညွန့်၏ တရားဝင် အဆင့်မှာ ဗိုလ်မှူးချုပ်သာ ရှိသေးသည်။) နှင့် ဗိုလ်မှူးချုပ် မောင်သင့်တို့ ကိုးကန့်သို့ ရောက်လာကြပြီး ဖုန်ကျားရှင်၏ညီ ဖုန်ကျားဖုနှင့် ဆွေးနွေးခဲ့ကြသည်။ ဤအစည်းအဝေးမှပင် ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်ရပ် ရရှိခဲ့သည်။ ဗိုလ်မှူးချုပ် ခင်ညွန့်တို့ အဖွဲ့က ကိုးကန့်အဖွဲ့ကို ဖွံ့ဖြိုးရေး အကူအညီ ကျပ်ငွေ ငါးသန်းနှင့် ထောင် ဂဏန်းရှိသော ဆန်အိတ်များ ပေးခဲ့သည်ဟု သိရပါသည်။


ထိုအချိန်လောက်မှစ၍ ကိုးကန့်နယ်တွင် ချက်သော ဘိန်းဖြူများမှာ လားရှိုး၊ မန္တလေးမှသည် ရန်ကုန်အထိ လမ်းပွင့်သွားခဲ့တော့သည်။ ဤခရီးစဉ်ကို အဆင်ပြေစေရန် လောစစ်ဟန်က သူ၏ တပ်မတော် အဆက်အသွယ်များကို အသုံးပြုပြီး ကိုးကန့် စစ်မင်းများကို ကူညီခဲ့သည်ဆိုသော အပြော အဆို များလည်းရှိသည်။ ၁၉၈၉ စက်တင်ဘာ ၉ ရက်အထိ စုဆောင်း ရရှိသော သတင်း အချက်အလက် များအရ ဆိုခဲ့ပါ ကိုးကန့် စစ်မင်းများ၏ ယာဉ်တန်းများ လုံခြုံ စိတ်ချစွာ ဖြတ်သန်း နိုင်ရန် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကူညီပေးခဲ့သည်ဆိုသော စွပ်စွဲချက်များလည်း ရှိပါသည်။ (Confidential Narcotics Update, 9-9-1989, from the KIO, and Western diplomats based in Rangoon)


ထိုနှစ် (၁၉၈၉) မေလတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်ပြီး ‘နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး ဗဟိုကော်မတီ’ ဆိုသော အထူး အဖွဲ့အစည်း တစ်ရပ်ကို ရန်ကုန်မြို့တွင် ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့တွင် ဗိုလ်မှူးချုပ် ခင်ညွန့်နှင့် အခြား အဆင့်မြင့် စစ်အရာရှိကြီးများလည်း ပါဝင်သည်။ ကိုးကန့်ဒေသတွင် ကနဦး အောင်မြင်မှုများ ရပြီး လအနည်းငယ် အကြာတွင် အဆိုပါ ကော်မတီက ယခင် ၈၁၅ စစ်ဒေသမှ ခေါင်းဆောင်သစ်များနှင့် ဆက်လက် ဆွေးနွေးခဲ့ကြသည်။


ထို့နောက် တစ်ဖန် ၁၉၈၉ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဝ ခေါင်းဆောင် ကျောက်ညီလိုင်နှင့် အဖွဲ့ကို ဝ တောင်တန်းများပေါ်မှ ဟယ်လီကော့ပတာနှင့် တင်ခေါ်လာပြီး လားရှိုးသို့ ပို့ပေးခဲ့သည်။ လားရှိုးတွင် အသင့် စောင့်နေသော ဗိုလ်မှူးချုပ် ခင်ညွန့် ဦးဆောင်သည့် အဆင့်မြင့် တပ်မတော် အရာရှိကြီးများ နှင့် ဆွေးနွေးခဲ့ကြသည်။ သည်လိုနှင့် ၁၉၈၉ ခုနှစ် အတွင်းမှာပင် ကချင်ပြည်နယ်မှလွဲ၍ ယခင် CPB ရှေ့တန်း စစ်မျက်နှာ တစ်လျှောက်တွင် သေနတ်သံများ တိတ်သွားခဲ့ပါတော့သည်။


သီအိုရီ သဘောအရဆိုလျှင် ကွန်မြူနစ် တပ်တွင်းပုန်ကန်မှုမှာ ဆယ်စု အချို့ကြာ မြန်မာ ပြည်တွင်းစစ် ပြဿနာကို နိုင်ငံရေးအရ အဖြေရှာနိုင်ရေးအတွက် အဆင်ပြေ လွယ်ကူသွားစေသည်ဟု ဆိုနိုင်ပါလိမ့်မည်။ အကြောင်းမူ ယခုအခါ တိုင်းပြည်တွင် ကွန်မြူနစ် သူပုန် မရှိတော့ဘဲ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများသာ ရှိတော့သောကြောင့် ဖြစ်ပါသည်။ သို့နှင့်တိုင် ရန်ကုန်ရှိ အစိုးရ အဆက်ဆက်၏ ယခင် မှတ်တမ်းများအရ လက်နက်ကိုင် အင်အားစုများ၏ နိုင်ငံရေး တောင်းဆိုချက် များကို လိုက်လျောလိုသည့် သဘောမရှိဘဲ အကြွင်းမဲ့ လက်နက်ချရေးကိုသာ တောင်းဆိုခဲ့သည်ကို တွေ့ရသည်။ ယခု ကွန်မြူနစ် တပ်တွင်းပုန်ကန်သူများနှင့် အစိုးရ၏ ဆက်ဆံရေးမှာလည်း နိုင်ငံရေး သဘောထက် စီးပွားရေးသဘော ဆောင်သည်ကသာ များသည်။ သူတို့ ရရှိခဲ့ကြသော  သဘောတူညီချက်များကို ကြည့်လိုက်လျှင်လည်း ဒေသဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်မျိုး မပါသလို တရားဝင် နိုင်ငံရေး ဆွေးနွေးမှုမျိုးပင် ရှိခဲ့သည် မဟုတ်ပါချေ။


သို့တိုင်အောင် တရားမဝင် ညှိနှိုင်း ဆွေးနွေးမှုများကား ၁၉၈၉ နိုဝင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာလ ၆ ရက်အထိ ရန်ကုန်မြို့တွင် ဆက်လက် ရှိနေခဲ့ပါသည်။ ဤဆွေးနွေးပွဲများတွင် ယခင် CPB တပ်ဖွဲ့ ဟောင်းများမှ ဖုန်ကျားဖုနှင့် သူ့လက်ထောက် နှစ်ယောက် (လျူဂိုချီနှင့် လျူဂိုမင့်) ယခင် ၁၀၁ စစ်ဒေသမှ တိန့်ရင်းနှင့် ယခင် ၈၁၅ စစ်ဒေသမှ ကျန်းကျီမိန်တို့ ပါဝင်ကြသည်။ အစိုးရဘက်မှ ယခင် သူပုန် တပ်မှူးဟောင်းများကို ဆန်၊ ငွေကြေးနှင့် ဖွံ့ဖြိုးရေး အကူအညီအချို့ ပေးမည်ဟု ကတိပြု ခဲ့သည်။ တပ်ဖွဲ့ တစ်ဖွဲ့လျှင် အင်အား ၁,၀၀၀ စီ ခွင့်ပြုခဲ့ပြီး ဤတပ်များကို အစိုးရ ကြီးကြပ်မှုအောက် အသွင်ပြောင်းဖို့ကိုလည်း သဘော တူညီခဲ့ကြသည်။


အဆိုပါ ရန်ကုန် လျှို့ဝှက် အစည်းအဝေးများ မတိုင်မီ လအနည်းငယ်က (တိတိကျကျ ဆိုရလျှင် ၁၉၈၉ အောက်တိုဘာလက) မြန်မာ့တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သို့ ၁၂ ရက်ကြာ အလည်အပတ် သွားရောက်ခဲ့ကြသည်။ ဤအဖွဲ့ကို ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေက ဦးဆောင်ခဲ့ပြီး တပ်မ (၉၉) တပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းလည်း လိုက်ပါခဲ့သည်။ (ဗိုလ်မှူးကြီး ကျော်သန်းမှာ ကိုးကန့်နှင့် မုန်းကိုးတို့နှင့် မျက်နှာချင်းဆိုင် တောင်ကုန်းများကို တာဝန်ယူရသော ရှေ့တန်း တိုက်ခိုက်ရေး တပ်မှူး ဖြစ်သည်။) ဤခရီးစဉ်က ဘာကို ဖော်ပြနေသနည်းဆိုလျှင် ဆိုခဲ့ပါ CPB တပ်ဖွဲ့ဟောင်းများနှင့် အစိုးရကြား ဆွေးနွေးပွဲများ၏ နောက်ကွယ်တွင် ဘေဂျင်း၏ ခြေရာ လက်ရာအချို့ ပါကောင်း ပါနိုင်သည်ဆိုသော အချက် ဖြစ်ပါသည်။


                     ထိုအချက်အလက်များသည် ကျွန်မမသိထားသော အပါးကြီး၏ မူလပုံကိုဖော်ထားသော အတိအကျအချကိအလက်များဖြစိသည်ထို အချက်အလက်များနောက်ကွယ် က အပါးကြီးသည် မည်ကဲ့သို့ငွေမည်းများကို ငွေဖြူအဖြစ် ပြောင်းလဲသွားသည်ကို နှိင်ငံတကာမှာအလိုချင်ဆုံး အသိချင်ဆုံးဖြစ်သည် ထိုအချက်အလက်များကို ယူပေးရန်ကျွန်မသည် အဓိက အခန်းကဏ္ဍမှာ ပါဝင်စွမ်းဆောင်ပေးရမည် ဖြစ်သည် ထိုအချက်အလက်များကို ယူ

ဖို့ ကျွန်မသင်တန်းတစ်ချို့တက်ခဲ့ရသည် ထိုသင်တန်းများကို mr.လုက တတ်ခိုင်းသောသင်တန်းများကြားမှာ ကျွန်မအချိန်ရအောင်ယူပြီး အန်တီဗိုင်အိုလက်ဆီမှာ သင်ယူလေ့လာခဲ့တယ်  ကျွန်မ တကယ်လက်တွေ့လုပ်ဆောင့်သင့်သော်အချိန်မှာ အန်တီ ဗိုင်အိုလက်က မီးစိမ်းပြခဲ့ပါတယ် 


               အန်တီ ဗိုင်အိုလက်က အမြဲ ကျွန်မအနောက်မှာ ရှိနေခဲ့တာပါ ကျွန်မ အန္တာရယ်တစ်စုံတစ်ရာကြုံတိုင်း အမြဲ ကယ်ထုတ်သွားတတ်ပါတယ် ကယ်ထုတ်သူတွေက ပုံစံအမျိုးမျိုးသော လူတွေပါ ကျွန်မ တောင်မသိတဲ့လူတွေ ကျွန်မအနားမှာရှိနေခဲ့တာပါ ကျွန်မ ဘယ်လောက်တောင်ကြိုးစားအားထုတ်ခဲ့ပါသလဲဆိုရင် အပါးကြီးကို လုပ်ကြံဖို့ထိ စိတ်ကူးရှိခဲ့ပါတယ်


                ဗေဒါ ဂျာနှုး ဒိုင်ယာရီ ဖတ်ပြီး လန့်သွားပါ၏ ဂျာနှုး ၏ ရဲရင့်မှုကို အထူး သဘောကျမိ၏ မိမိ ထိုသို့မိန်းမမျိုးကို အဘယ်ကြောင့် မယူနှိင်ခဲ့ရပါသလဲ ဗေဒါနှငိ့ ဂျာနှုး ဟုသော လူနှစ်ယောက်နီးစပ်အောင် ကံတရားက မဖေးမခဲ့ပါ ချစ်တိုင်းလဲမညားဆိုတာ ထူးအိမ်သင် သီချင်းလေးပဲ နားထောင်လို့ကောင်းပါသည် တကယ်အပြင်ဘဝတွင်တော့ ဗေဒါ အတော်လေး ခံစားရပါ၏ သူကကော ( ဂျာနှုးကကော )မည်သို့ နေမည်လဲ ဗေဒါ မမှန်းဆတတ်ပါ သိတာကတော့ ဂျာနှုး ရဲ့ဒိုင်ယာရီက ဗေဒါ ကို ဂျာနှုး ဟုသော အမျိုးကောင်းသမီးကို ဘဝခရီးအဆုံးထိမလျှောက်နှိင်တာ မင်းညံဖျင်းမှုလို့ပြောနေသလိုပါပဲ ဗေဒါ ဒိုင်ယာရီ ဆက်ဖတ်ရန်စတင်လိုက်မိသည်


                           ®

                          ဗေဒါ


                           နှင့်


                  သူ ၏ မိတ် ဆွေ များ

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


အတိတ်ကပုံရိပ်များ………{အပိုင်း ၄၄}


                         ®

                        ဗေဒါ

                

              ကျွန်မ mr.လု တို့ ဆီမှာ အလုပ်လုပ်ရင်း တစ်ဖက်ကလည်း လော်မိသားစု၏

သတင်းများကို အန်တီ ဗိုင်အိုလက် မှာတဆင့် 

CIAကို ပုံမှန်သတင်းပို့နေခဲ့တယ် ကျွန်မလုပ်သငိ့လို့လုပ်ခဲ့တာပါ လူတွေမှာ ကိုယ်ချင်းစာတရားနဲ့ရှေ့ဆက်ဖို့က အရေးကြီးပါတယ် ကိုယ်ချင်းစာတရားမရှိပဲ ကိုယ်ကျိုးစီးပွားကြည့်သူတွေကိုတော့ ကမ္ဘာက ပြင်းပြင်းထန်ထန်တုံပြန့်ဖို့အထူးလိုအပ်ပါတယ် ကျွန်မလိုအတွေးမျိုး ကိုယ်ချင်းစာတရားရှိတဲ့ လူတိုင်း တွေး

လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ် ကျွန်မ လုပ်ကိုင်နေရတဲ့နေရာက လော်မိသားစု အားလုံးရဲ့စီးပွားရေး လုပ်ငန်းအသွယ်သွယ်က ရလာတဲ့ အကျိုးအမြတ်တွေအားလုံးကို စီစစ် ကိုင်တွယ်ပေးနေရတာပါ ကျွန်မ နဲ့ စင်္ကာပူရုံး

က ဒီဘဏ္ဍရေးလည်ပတ်မှုကို အဓိက ထိန်းချုပ်ထားတာပါ မြန်မာငွေများတန်ဖိုးကျဆင်းစေခြင်းဟာ ငွေမည်းလို့ခေါ်တဲ့ အမည်မတတ်နှိင်သော ငွေများစွာကို ငွေဖြူဖြစ်အောင် ခဝါချပေးခြင်းကသာ အဓိက လက်သည် လို့ ကျွန်မ အမှန်အတိုင်း ဝန်ခံပါရစေ ဒီငွေတွေကို ငွေဖြူအဖြစ်ပြောင်းနှိင်ရန် လုပ်ငန်းများစွာ လုပ်ကိုင်သူများအတွက်ပိုအဆင်ပြေစေပါတယ် ခေါင်းစဉ်ပေါင်းများစွာနဲ့လုပ်ငန်းပေါင်းများစွာ ငွေမည်းတွေကို လက်သည်မပေါ်ပဲ စီးဝင်ဖို့ အားအကောင်းဆုံးရေစီးကြောင်းဖြစ်ပါတယ်


                     ကျွန်မရုံးခန်း အထိုင်ကို အစပိုင်းမှာ ဆရာကြီးလို့ကျမတို့ခေါ်ကြတဲ့စတီဗင်လောရဲ့ အိမ်မှာ အထိုင်ချပါတယ် နောက်ပိုင်းမှာ ပိုမိုလုံခြုံစိတ်ရတဲ့ mr.လု ခြံမှာ အထိုင်ချခဲ့တာ ကျွန်မအလုပ်မထွက်မှီ အချိန်ထိပါပဲ ကျွန်မရုံးမှာ ကျွန်မအပါအဝင် လူဆယ်ယောက်နီးပါးပဲ ရှိပါတယ် လူအများကြီးမထားသလို ယုံကြည်စိတ်ချရသော လူသာ ထားကြတာပါ

သို့သော် အဲရုံးခန်းသေးသေးလေးဟာ အပါးကြီး မိသားစုစီပွားရေးရဲ့ ပင်မထိန်းချုပ်ရာ နေ

ရလေးဆိုတာတော့ အပါးကြီးနဲ့သူ့သားနှစ်ယောက်ပဲသိရှိခဲ့ကြတာပါ ကျွန်မတို့ဟာ ရုံခန်း

သေးသေးလေးကနေကမ္ဘာကြီးကို လှမ်းကြည့်နေကြတာပါ


                  ကျွန်မ mr.လုနဲ့အနီးကပ်နေခဲ့ရတော့ mr.လုနဲ့ကျွန်မ အနေနီးစပ်ခဲ့ပါတယ်တချို့ အတွင်းသတင်းတွေ m.လု က ကျွန်မကို အကုန်နီးပါးပြောပြခဲ့တာပါကျွန်မအပေါ်

အကြွင်းမဲ့ယုံကြည်မှုကို အလွဲသုံးတယ်လို့တော့ မစွပ်စွဲလိုက်ကြပါနဲ့ လူတွေ ရဲ့ မကောင်းမှုဖြင့် အသက်မွေးဝမ်းကျောင်းအမှုကို ဘယ်ဘုရားကမှာ လက်မခံပါ ထိုမကောင်းမှု ကို ရှုပ်ချခြင်း ဖော်ထုတ်ခြင်း အပြစ်ပေးခြင်း သည် ကောင်းမြတ်သော လူသားတိုငိး က လုပ်ပိုင်ခွင့် ရှိတယ်လို့ ရိုးရိုးလေးပဲတွေးကြည့်လိုက်ပါ 


               ဗေဒါ တဲ့ သူက mr.လုဆီမှာ အလုပ်လုပ်ဖို့ရောက်လာတဲ့သူပါ သူစရောက်ကတည်းက သူပုံကိုကျွန်မအကဲခတ်ကြည့်မိတယ် သူက ကျွန်မအတွက် တစ်ထောင့်တစ်နေရာမှာ အသုံးဝင်သူတစ်ယောက်ဖြစ်လာပါလိမ့်မယ် ကျွန်မအပေါ်လော်မိသားစုရဲ့သံသယဝင်လာတဲ့တစ်ချိန်မှာ သူက ကျွန်မအတွက်ထွက်ပေါက်ပါပဲ သူကို ကျွန်မ အနီးကပ်ဆုံး ပေါင်းသင်း ဆက်ဆံခဲ့တယ် စစ်ဘက်သတင်းတွေက သူဆီကနေ ပိုရခဲ့တာပါ ကျွန်မကဘယ်ဗိုလ်ချုပ်က ဘာလုပ်နေလဲ ဘယ်သူက ဘယ်လူကြီးသားသမီး ကျွန်မမခန့်မှန်းနှိင်ပါဘူး သူကတော့ ခန့်မှန်းနှိင်သူ ပေါင်းသငိးနှိင်ခဲ့သူတစ်ယောက်ပါ သူ လော်မိသားစုမှာ အချိန်တိုလေးအတွင်းမှာ အံဝင်အောင် ယုံကြည်မှုရအောင် သူလုပ်နှိင်ခဲ့လို့ကျွန်မ အံသြရပါ၏ လော်မိသားစုဆိုသည်မှာ ဆွေမျိုး သားခြင်းတောင် ယုံကြည်မှုမရှိတာ ကျွန်မအသိဆုံးပါ သူ

အပေါ် ကို mr.လု က အကြွင်းမဲ့ယုံပါတယ် နောက်ပိုင်း အပါးကြီးက ပါ အသုံးဝင်သူ သစ္စာရှိသူတစ်ယောက်အဖြစ် ရှုမြင်လာပါတယ် အပါးကြီးအနားထိ သူအရောက်သွားနှိင်ခဲ့လောက်အောင် ဗေဒါအပေါ်ယုံကြည်မှုရရှိခဲ့တာပါ

ဗေဒါ က ကျွန်မကို အပါးကြီးတို့လူယုံအရင်း

လို့ ယူဆထားသူပါ ကျွန်မနောက်ကွယ်ကအရိပ်ကိုတော့ သူလုံးဝ မခန့်မှန်းနှိငိခဲ့အောင် ကျွန်မပိရိသေသပ်စွာနဲ့နေထိုင်နှိင်ခဲ့ပါတယ်


                  ဗေဒါ အပေါ် ကျွန်မ ထွက်ပေါက်အတွက် အသုံးချခဲ့ပါတယ် ကျွန်မထိုသို့အသုံးချခဲ့သလို သူထွက်ပေါက် အတွက်လည်း ကျွန်မ ပြန်ကူညီခဲ့တာကိုတော့ သူသိမယ် မထင်ခဲ့ပါ ပထမဆုံး mr.လုတို့ကွန်တိန်နာကို မြန်မာရေပိုင်နက်ကအထွက်မှာပဲ CIA ဖမ်းဆီးသွားခဲ့တယ် အဲကွန်တိန်နာထဲမှာ ဒေါ်လာသန်းပေါင်းများစွာ တန်သော ဘိန်းဖြူ အမြောက်အများ ပါဝငိခဲ့တာပါ အဲသတင်းကို သေချာတိကျသော သတငိးအချက်အလက်အဖြစ် အန်တီ ဗိုင်အိုလက်ဆီသို့ တစ်နှစ်နီးပါး အတွင်း အသေးစိတ်ပေးခဲ့တာပါ အဲသတင်းကို အပါးကြီးတို့အထင်လွဲသွားအောင် ဗေဒါ ဆီသို့ ကျွန်မအာရုံလွှဲနှိင်ခဲ့ပါတယ် ဗေဒါ ဘက်က မှားနှိင်လောက်တဲ့ အချက်တွေကို ကျွန်မမှတ်သားထားပါတယ် ဗေဒါ ဆီအာရုံရောက်နေတဲ့အချိန်မှာ တခြား သတင်းအချက်အလက်များစွာကို ကျွန်မအပေါ်သံသယကင်းစွာဖြင့် ထပ်မံရယူနှိငိခဲ့တာပါ ဥပမာ ငွေဖြူ ကို စင်္ကာပူ ဘဏ်တွေကပါ ပူးပေါင်းပါဝင် ခဝါချပေးနေတယ်ဆိုတဲ့ အဖိုးတန်သတင်းမျိုးကို CIAဆီအရောက်ပို့ပေးနှိင်ခဲ့ပါတယ် ကိုးကန့်စင်္ကာပူဆိုတာ

လောမိသားစုပိုင် လူသိနည်းတဲ့ စင်္ကာပူအခြေစိုက် ကုမဏ္ဍီတစိခုပါ အဲသတင်းကြေးနန်းပေါင်းများစွာကို အန်တီဗိုင်အိုလက်က စွမ်းဆောင်သွားခဲ့တာပါ ဗေဒါအပေါ် သံသယ ဝင်နေတဲ့ အချိန်မှာ ဗေဒါ စိတ်ညစ်နေခဲ့တာ ကျွန်မမြင်တွေ့ခဲ့တော့ ကျွန်မစိတ်မကောင်းခဲ့ပါ ကျွန်မ ဗေဒါ ဆီကျရောက်နေတဲ့ သံသယတွေကို ကျွန်မကိုယ်တိုင် လော်မိသားစုကို အထောက်အထားလေးတွေနဲ့ပြန်ချေဖြတ်ပေးခဲ့သော်လည်း ဗေဒါ အပေါ်တွင်တော့ သံသယတည်းဟူသော စိတ်သည် လော်မိသားစုကို စွဲထင်သွားစေတော့သည် ကျွန်မအပေါ်ဗေဒါ ခွင့်လွှတ်နှိင်မယ်လို့ထင်ပါတယ် ဗေဒါ ကို အများကောင်းကျိုးအတွက် အသုံးချခဲ့မိပါတယ် ဗေဒါကို ကျွန်မ ပေးချင်တဲ့ massage က


                  အဆင်မပြေဖြစ်ပြီး ပြတ်ကြတာထက် အဆက်ပြေပြေဝေးကွာသွားတာပိုကောင်းပါတယ် တိကနဲ မဟုတ်ပဲ နှစ်ယောက်လုံး သံယောဇဉ်တွေပို့နေခဲ့တော့ အခြေအနေတွေ ပိုဆိုးလာမှာ စိုးလို့ ဇာတ်မျောကြီးဖြစ်မှာစိုးတဲ့စိတ်နဲ့ ကျွန်မ ဆုံးဖြတ်ချက်ချ ပြီး သူ့ကို ကျွန်မ နှုတ်မဆက်ပဲထွက်ခွာလာလိုက်တာပါ


အဲ့ဒါက " နှစ်ယောက်လုံး stayဖြစ် နေဖို့ပါပဲ " 

သူလဲ မိသားစုရှိလာတဲ့နေ့

ကျွန်မလဲ မိသားစုရလာမဲ့တစ်နေ့

သူအဆင်ပြေမဲ့ထင်တဲ့သူတွေ့ရင်လက်တွဲပါ 

တကယ်တဘဝလုံးအတွက် လက်တွဲဖို့ သေချာပြီ  သူထင်တယ်ဆိုရင် ကျွန်မကိုသူမေ့သွားမှာပါ


အချစ်ဟာ"Love" မဟုတ်ဘဲ" Official "လို့ဗေဒါထင်လာတဲ့တစ်နေ့.. ကျွန်မလဲ အဲ့ဒီလိုပဲ ထင်နေပြီးသားဆိုတာ ယုံကြည်ပါ

ကျွန်မထားခဲ့တဲ့ မေတ္တာကတော့ သန့်ရှင်းစင်ကြယ်စေတယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ပါ

ရှင်းရှင်းလေးပါ 

ကျွန်မ သူ့ကို အချိန်တစ်ခုပေးလိုက်တဲ့ သဘောပါပဲ ဘယ်လိုအချိန်လဲ ဆိုတော့ ကျွန်မ တန်ဖိုးကို သူကြိုက်တဲ့ ဘယ်သူနဲ့မဆို နှိုင်းယှဉ်ပြီးမှ သံဝေဂရမဲ့ အချိန်တစ်ခုပါ .. 


ကျွန်မ ဗေဒါအကြောင်း ကကြီးကနေ အ အထိ သိသလို သူလဲ ကျွန်မအကြောင်းအကုန်သိခဲ့တယ် .. အဲ့ဒါကြောင့် သူ ကျွန်မနဲ့လက်တွဲဖို့ယုံကြည့်ခဲ့တယ် ဘယ်သူနဲ့မှ ကျွန်official မတွဲခဲ့ဖူးဆိုတာ ကျွန်မသိခဲ့သလို ဗေဒါလည်း သိမှာပါ.. ကျွန်မတို့နှစ်ယောက် ပြန်ဆုံတွေ့တဲ့တစ်နေ့မှာ. အဆင်ပြေတဲ့ မိသားစုလေးကိုယ်စီရှိနေကြမှာပါ ဗေဒါပြောခဲ့ဖူးတယ် ကျွန်မကို .. သူ ထာဝရလက်တွဲချင်သူဟာ ကျွန်မလို့ပြောခဲ့ဖူးတာတွေပြန် စဉ်းစားရင်ကို ကျွန်မ နှလုံးသားမှာ သူ့အရိပ် သူ့လွှမ်းမိုးမှုနဲ့ပဲ  ကျွန်မ ခဏလေးအတွင်းမှာပဲတွေး ဆွေး ငေး ခဲ့ ဖူးပါတယ်.. 


အချိန် တစ်ခုက နှစ်ယောက်လုံးကို ရင့်ကျက်သွားစေခဲ့မှာတော့ အမှန်ပါပဲ .. 


               ဗေဒါ အကြောင်းတွေကို ကျွန်မအမြဲနားစွင့်နေပါတယ်……………


 ဗေဒါက ပြောတယ်တဲ့သူက ဘယ်သူ့မှ အတည်မတွဲတော့ဘူးတဲ့ .. ကျွန်မ လဲစိတ်ထဲက ပြန်ပြောလိုက်မိပါတယ် အဲ့ဒါကျွန်မကို ချစ်နေတဲ့စိတ် မကုန်သေးလို့ပါ ကုန်လာတဲ့တစ်နေ့ သူ အချစ်ကိုရွေးချယ်တာထက် ဘဝကို ရွေးချယ်သွားမှာပါလေ ……


ဘဝရဲ့တန်ဖိုးကို နားလည်သွားတဲ့ သူဟာ အချစ်ကိုဦးစားမပေးတော့ဘူး. အချစ်ဘယ်လောက် ဝေးဝေး ရောက်နေပါစေဦးပေါ့ .... ဘဝအတွက် အချစ်ကိုမေ့လိုက်ရတာ ကမ္ဘာမှာကျွန်မတစ်ယောက်တည်းတော့ မဟုတ်လောက်ဘူးထင်ပါတယ်


ဒီတစ်ယောက်ကလွဲပြီး ဘယ်သူနဲ့မှ မဆုံချင်တော့ဘူးဆိုတဲ့စိတ်ကူးယဉ်ကမ္ဘာလေးနောက်မှတော့ နှစ်ယောက်လုံး မိသားစုလေးတွေ ကိုယ်စီ ရသွားမယ့် တစ်နေ့ မလွှဲမသေ လူတိုင်း ကြုံလာကြမှာပါလေ………………


                  ဗေဒါ ဂျာနှုး ဒိုင်ယာရီလေးကို ဘေး ခဏချပြီး အတိတ်ကပုံရိပ်များကို ဖြည်းဖြည်းခြင်း ကြည့်လိုက်မိပါတယ် ဂျာနှုး ရေးထားတာတွေဟာ တကယ် ဂျာနှုး ရဲ့ အတွင်းစိတ်ပါ သူဒိုင်ယာရီလေး က ဗေဒါ ရှေ့ဆက်သွားရမယ့်ခရီးကို ညွှန်ပေးလိုက်သလိုပါပဲ လူတိုင်း လူတိုင်းမှာ ကွဲပြားတဲ့အတိတ်ကိုယ်စီရှိမှာပါ အတိတ်တွေကို ပြန်လေ့လာပြီး သက်ခန်းစာယူတတ်မှာသာလျှင် အတိတ်က အမှားတွေ အနာဂတ် ဘဝခရီးလမ်းမှာ ရှောင်ဖယ်ကာ သွားတတ် လာတတ် မြင်တတ် နှိင်ကြမှာပါ ………………


                           ®

                          ဗေဒါ


                            နှင့်


                သူ ၏ မိတ် ဆွေ များ


©written by Kyi Min Thein

®Stories by Baydar

 Edited by ➡️Sithu

ဗေဒါ ၉

 ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


     အတိတ်ကပုံရိပ်များ……{အပိုင်း ၃၈}


                       ¢®


 "ဘဝကို လူတွေကပုံစံမျိုးစုံနှင့် ဖြတ်သန်းနေကြတာပါ အဆင်ပြေတဲ့လူ ရှိသလို အဆင်မပြေတဲ့လူ လည်းရှိပါတယ် ဗေဒါ အဆင်ပြေခြင်း မပြေခြင်းထက် ဘဝမှာ စိတ်ချမ်းသာမှုကိုသာအလိုရှိပါတယ် ငွေရှိပြီး စိတ်မချမ်းသာတဲ့မိသားစုတွေ အများကြီးရှိသလို ငွေမရှိပဲ စိတ်ချမ်းသာနေတဲ့ မိသားစု များစွာ ရှိပါတယ် အရေးကြီး ဆုံးကတော့ လိပ်ပြာလုံတဲ့အသက်ရှင်ခြင်းသာ အကောင်းဆုံးပါ"


                  ဒီမိုကရေစီအပေါ်လော်ကြီး အမြင်တစ်ချို့တင်ပြချင်ပါတယ် လော်ကြီးက စင်္ကာပူကို ညွှန်ပြတယ် မြန်မာကို အတုယူခဲ့တဲ့ လီကွမ်ယု က စင်္ကာပူကို ဒီမိုကရေစီ တစ်ဝက် အာဏာရှင်တစ်ဝက် အုပ်ချုပ်သွားတယ်လ်ု့ဆိုပါတယ် မြန်မာကလည်း သူနည်းစနစ်ကို အတုယူသငိ့တယ်လို့ဆိုပါတယ် လော်ကြီးပြောတဲ့ ဒီမိုကရေစီက မြန်မာ စစ်အစိုးရဖော်ကြူးနေ တဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလမ်းကြောင်းနဲ့ အလားသဏ္ဍန်သွားတူညီနေတာက်ု ဗေဒါ အကဲခပ်မှီပါတယ် လော်ကြီး က စစ်အာဏာရှင် စနစ်ကျင့်သုံးနေတဲ့တိုင်းပြည်မှာ ဒီမိုကရေစီကူးပြောင်းဖ်ု့ မလွယ်ကူတာကို ဆိုဗီယက်ယူနီယံနဲ့ နှိင်းယှဉ်ပြပါတယ် စနစ်တစ်ခု ကနေ စနစ် တစ်ခု ပြောင်းတယ်ဆီမှာ လွဲကူချော့မွေ့ဖို့မလွယ်ကူကြောင်း မီးမောင်းထိုးပြပါတယ် တိုင်းပြည်လည်း အထိန်းမတတ်ရင် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားနှိင်တာကို ဥပမာပေးပါတယ် လော်ကြီးက CIA ကို အပြစ်တင် သူတစ်ယောက်ပါ သူက CIA ကြောင့် ထွက်ပေါက်မရှိပဲ ဘိန်းသံသရာမှာ လည်နေတယ်လို့ ဆိုပါတယ် သူရဲ့ကယ်တင်ရှင်က နဝတအစိုးရလို့ဆိုပါတယ် စစ်အစိုးရတာ မကယ်တင်ခဲ့ရင် လော် မိသားစုဆိုတာ တောကြီးမျက်မည်းမှာ လက်နက်ကိုင်ပြီး စစ်ဘုရင်ပဲဆက်ဖြစ်အုံးမယ်လ်ု့ဆိုပါတယ် 


စစ်အုပ်စုကြောင့် လော်မိသားရှင်သန်ကြီးထွားလာခြင်းကိုတော့ လော်ကြီး ကျေးဇူးမမေ့တတ်သူပါ စစ်ခေါင်းဆောင်တွေ ညှိညင်မှုခံရမည်ကို လော်ကြီး အရမ်းကြောက်ပါတယ် အရင်လို တောထဲပြန်ဝင်ဖ်ု့ကလည်းမဖြစ်နှိင်တော့ပါ မြို့ပြယဉ်ကျေးမှုကြားမှာ လော်မျိုးဆက်သစ်တွေ ရင်ခုန်နေကြပြီလေ ရရှိဖမ်းဆုတ်ထားတဲ့လုပ်ငန်းများစွာကလည်း ပစ်ရက်စရာမှာ မရှိတော့တာ ချမ်းသာမှုဟူသောစကားလုံးကနေ လော်ကြီး ဖယ်ခွာသွားလိုခြင်းမရှ်တော့ ဘူးလို့ထင်ပါတယ်


               ဗေဒါ ထိုစဉ်က လော်ကြီး စကားကို မငြင်းဝံပါ ပြန်လည်မေးမြန်းခြင်း ထက် အလ်ုက်သင့်လေး စီးမျော ခဲ့တာကိုတော့ ဝန်ခံပါတယ် သူဆန်စားလို့ရဲခဲ့ပါသည်ဆိုတော့လည်း ဘဝတစ်ခုလုံး ရဲရဲရင်ဆိုင် ဖြတ်ကျော်ဖ်ု့က မဖြစ်နှိင်ပါ ဗေဒါ လော်ကြီးကို ကြိုက်နှစ်သက်တဲ့ အချက်ရှ်သလို မကြ်ုက်နှစ်တတ်တဲ့ အကြောင်းရင်းများစွာလည်း ရှိခဲ့ပါတယ်သို့သော် နံရံကိုတော့ ဗေဒါ ခေါင်းနှင့်တ်ုက်လောက်အောင် မိုက်ရှုးရဲမဆန်နှိင်ပါ ရေလိုက်ငါးလိုက် ဘဝကို ဖြတ်ကျော်ရမည်ဖြစ်သည် အလိုက်သင့်မဖြတ်ကျော်ချင်ရင်တော့ တရုတ်သိုင်းကားထဲက လူအယောက်တစ်ရာလောက်ကို ချနှိင်စွမ်းရှိသော ဒေးဗစ်ချန်း ဖြစ်ဖ်ု့တော့ အထူးလိုအပ်ပါသည်လေ 


               ဘိန်း ကျောက်စိမ်း သစ် သတ္တု ဒေါ်လာ မြေ တည်းဟူသော သက်မဲ့အရာတွေက လူဘဝတန်ဖိုး အဆင့်ဆင့်ကို ပြောင်းလဲနှိင်စွမ်းရှိပါသည် သို့သော် သေခြားတရားကိုတော့ မည်သူမှာလွန်ဆန်နှိင်ကြပါ ဗေဒါ နှလုံးသွင်းက အမြဲမှန်ကန်ဖ်ု့ ကြိုးစားအားထုတ်ခဲ့သည် နောက်ဆုံး လူသတ်ရင်တောင်မှာ အိမ်ကအထွက်ကတည်းက သရဏဂုံ မမေ့ပါ သူတစ်ပါးအသက်ကို သတ်ထားမိသူသည် ဒီဘဝ ဒီခန္ဓာ အပြစ်လွတ်မြောက်သွားရင်တောင် နောင်ဘဝမှာများစွာမှာတော့ ပြန်ပေးဆပ်ရမည်ကိုတော့ ရှင်းရှင်းလင်းလင်းသိထား၏ မည်သူမပြု မိမိအမှုပါ ကိုယ်သွားရာလမ်း ကိုယ်ပဲဖောက်ခဲ့ကြတာပါ ယူခဲ့တဲ့အချိန်လေးတွေရှိသလို ပြန်ပေးရမည့် အချိန်လေးတွေလည်း မလွှဲမသေ ကြုံလာမည်ဖြစ်ပေသည် ထ်ုကြောင့် ဗေဒါ လယ်တီဆရာတော်ကြီး၏ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် မှုကို နှလုံးသွင်းထားပါ၏


                    ဗေဒါ အခန်းကဏ္ဍက လော်မိသားစုမှာ အရာတစ်ခုရောက်ရှိနေပြီဖြစ်သည် ထိုရောက်ရှိနေသော နေရာသည် အကြောင်းမျိုးမျိုးကြောင့် လမ်းခွဲပြတ်ဆဲခြင်းသ်ု့လည်းရောက်လာနှိင်၏ ဘဝမှာ ထာဝရန်သူ မရှိသလို ထာဝရမိတ်ဆွေလည်း မရှိနှိင်ကောင်းပါ အရာရာကိုကြိုတွေးတတ်လာတဲ့ ဗေဒါ ၏ဘဝဖြတ်သန်းမှုက စကားပြောလာပြီဖြစ်သည် ကြိုတွေးထားခြင်းက တကယ်ဖြစ်လာရင်ဖြေသာလာလိမ့်မည်ဖြစ်သည်


                 ဗေဒါ အချစ်ကိုအမျိုးမျိုး တွေကြုံခံစားခဲ့ဖူး၏ ပထမဆုံး အချစ်က ကလေးဆန်ဆန်ချစ်ခဲ့မှုပါ ဒုတိယအချစ်က ရမ္မက်ပါသောချစ်ခြင်းပါ ဗေဒါကအလှမက်သူ မင်းသမီးကဥစ္စာမက်သူပါ တတိယအချစ်က သံယောဇဉ်နဲ့ချစ်ခြင်းပါ တွေ့ချင် မြင်နေ ကြားနေပါများတော့ ချစ်ခြင်းထက် သံယောဇဉ်ချစ်ခြင်းပါ ဗေဒါထင်ပါတယ် နောက်ဆုံးချစ်ခြင်းကတော့ အနှစ်ပါသော ချစ်ခြင်းဖြစ်မည်ထင်ပါတယ် 


                  အနှစ်ပါသောချစ်ခြင်း ဗေဒါမျှော်လင့်ပါတယ် ကွေကွဲခြင်းတွေများလာတော့ တွေ့ဆုံခြင်းနှင့်သာ ထာဝရလက်တွဲချင်မိသည် ဗေဒါ mr.လုတို့ဆီမှာ ကာလတစ်ခုထိ က်လျှောက်ပြီး အချိန်တန်ရင်တော့ မိမိလမ်းကို မိမိဆက်ဖောက် ဆက်လျှောက်ရပေမည် 


ဗေဒါ အားမငယ်ပါ စိတ်မပျက်ပါ   အသက်ကြီးမှာချမ်းသာလာတဲ့ ဘီလျံနာပေါင်းများစွာ ကမ္ဘာမှာရှိပါတယ် သ်ု့သော် က်ုယ်ပိုင်ထ်ုးသွင်း သိမြင် စွမ်းဆောင်မှုက အရေးကြီးပါတယ်လွယ်လွယ်လေးတော့ မဖြစ်နှိင်ပါ လွယ်လွယ်လေးနဲ့ချမ်းသာလာသူကမ္ဘာပေါ်မှာမရှိပါ 


လွယ်လွယ်လေးနဲ့ဘီလျံနာဖြစ်တာ ဗေဒါတို့မီယန်မာပြည်မှာပဲ ရှိပါတယ်      အမေရိကန့် သူဌေးကြီး ဒေါ်နယ်ထရန့်ချမ်းသာတာ ၃ ဘီလီယံကျော်လောက်ပဲရှိပါတယ်။မြန်မာပြည်မှာ ၃ ဘီလီယံနဲ့အထက်ချမ်းသာသူက လူ ၄၀ ကျော်လောက်ရှိနေတယ်လို့ကြားသိရတာမဆန်းပါဘူးစစ်အာဏာရှင်ခောတ်မှာ စစ်အုပ်စုနဲ့ပေါင်းပြီး အကျိုးအမြတ်ဆက်ဆံရေးမှာ ခရိုနီတွေများစွာပေါ်ပေါက်ခဲ့တာပါ ကာလအားဖြင့် ဆယ်စုနှစ်မကြာပါဘူး အရမ်းမြန်သော တိုးတက်ကြီးထွားလာသော ဈေးကွက်စီးပွားရေး ခရိုနီစနစ်ပါ တိုင်းပြည်ကရေတောင်ရောင်းစားသွားတော့ တိုင်းပြည်မှာ နောက်မျိုးဆက်သစ်အတွက် စိုးရိမ်စရာပါ နောက်မျိုးဆက်သစ်က စောင့်သုံးမကျတဲ့ လူကြီးတွေလို ပြန်ပြောနေရင်တော့ ဗေဒါ တို့လည်းအပြစ်မကင်းပါ တားစီးနှိင်စွမ်း ပိတ်ပင်နှိင်စွမ်း မရှိခဲ့တော့ နောင်မျိုးဆက်ပေါင်းများစွာ ကဲ့ရဲ့ ရှုပ်ချခြင်း မလွှဲမသေ ဗေဒါ တို့ကြုံလာမည် ထင်ပါတယ်


                   ဘိန်းစားတွေများလည်ပုံများဗေဒါပြောချင်ပါသေးတယ် ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့ဖို့ကိုလော်စစ်ဟန်ကအာဏာရှုး ဦးနေ၀င်း ကို အကြံပြုတယ်။ သူတို့ကိုးကန့်ကာကွယ် ရေးကဗကပကို ခံချမယ်ပေါ့ဗျာ။ ကိုးကန့်နယ်ထဲကို ဗကပ တွေခြေချလို့ မရစေရဘူးပေါ့ဗျာ။ သူတို့ကိုးကန့်တွေကို လက်နက်တပ်ဆင်ပေးပါဆိုပြီးလုပ်တော့ဦးနေ၀င်းကခေါင်းညိတ်လိုက် ပြီး လော်စစ်ဟန်ကို လက်နက်တပ်ဆင်ပေးလိုက်တယ်။ ဦး နေ၀င်းကကျားကိုအတောင်ပံတပ်ပေးလိုက်ခြင်းပါပဲ


 ဦးနေ၀င်းရဲ့ ကွန်မြူနစ်တစ္ဆေကြောက်ရောဂါ ကလည်း ကွန်မြူနစ်ဆိုရင် မှင်စာအရွယ်လောက်ကစပြီး ဘီလူးအထိကြောက်တတ်တယ် လော်စစ်ဟန်က ဗကပကိုတိုက်မယ် ဟန်ပြပြီး အဲဒီလက်နက်တွေနဲ့ ဘိန်းစစ်တပ်ထောင်တော့တာပါပဲ လက်တွေ့မှာဗကပကိုလည်း မတိုက်ပဲနဲ့ ကိုးကန့်ဒေသနဲ့ သံလွင်အရှေ့ခြမ်းတစ်ခုလုံးကိုသူ့ဘိန်းစစ်တပ်အကာအ ကွယ်နဲ့ဘိန်းကုန်သွယ်ရေးလမ်း ကြောင်းဖွင့်ခဲ့တော့တာပဲ။

 ကိုးကန့်ဒေသကာကွယ်ရေး၊ ဗကပဆန့် ကျင် ရြေွးကေးကြော်သံတွေနဲ့လော်စစ်ဟန်နဲ့စတီဗင်လော သားအဖဟာ ဘိန်းကုန်ကူးလိုက်ကြတာ....၁၀နှစ် ၁၀ မိုးအတွင်းအရှေ့တောင်အာရှထိပ်တန်းစာရင်းဝင် ဘီလီ ယံနာကြီးတွေဖြစ်သွားကြတယ်။လော်စစ်ဟန်နဲ့ စတီဗင် လောသားအဖဟာငွေမည်းတွေကိုထားစရာမရှိဘူးဖြစ် လာတယ်။သူတို့သားအဖအတွက်နေစရာပြေးစရာမြေဆို လို့မြန်မာပြည်ကလွဲလို့မရှိတော့ဘူးလေဗျာ။ဒါကြောင့် ဘိန်း ကရတဲ့ငွေမည်းတွေကိုငွေဖြူဖြစ်အောင်လုပ်ဖို့ ဦးနေ ၀င်းကစလို့ ဦးသန်းရွှေအဆုံး မှာရပ်သင့်ပြီလို ဗေဒါ တစ်ဦးတည်း၏ ကိုယ်ပိုင်အမြင်ရှိပါတယ် လော်မိသားစုက အမြဲအခွန်ရှောင်ဖ်ု့နည်းလမ်းပေါင်းစုံ သုံးခဲ့ကြတာပါ မြန်မာပြည်လောက် စီးပွားရေးလုပ်ရတာကောင်းလေစွာဟုဆိုသူများဖြစ်သည် စင်္ကာပူမှာနေထိုင်လုပ်ကိုင်နေရတဲ့ လုပ်ငန်းအစုစုကိုတော့ စင်္ကာပူအစိုးရကို အခွန်အခများစွာပေးခဲ့ကြသူတွေပါ


                        


                            ®

                           ဗေဒါ


                              နှင့်


                 သူ ၏ မိတ် ဆွေ များ


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


အ တိတ် က ပုံ ရိပ် များ …{အ ပိုင်း ၃၉}


                          ®


                         ဗေဒါ


           ဗေဒါတို့အသက်ရှင်နေထိုင်တဲ့ကမ္ဘာလောကကြီးကEco system ကြီးထဲမှာ

သက်ရှိတိုင်း အပင်တိုင်းဟာ တန်ဖိုးရှိတယ် လိုအပ်တယ် မျိုးစေ့တွေဟာတခုနဲ့တခု တကောင်နဲ့တကောင် ထိန်းညှိနေကြတယ်


ဗေဒါတို့လို လူတွေကတော့ အဲလိုမဟုတ်ဘူး

လူကတော့ ရောက်တဲ့နေရာ အကုန်ဖျက်ဆီးတော့တာပဲ လူရှိရင်ကျန်တဲ့ မျိုးစေ့တွေပျက်စီးတာများတယ် တကိုယ်စာမနေဘူး တယောက်ထဲနေရာအကျယ်ကြီးနဲ့နေချင်တယ် 

မိမိအသက်ရှင်သန်ဖို့ထက်ပိုပြီး အရသာခံ ပြီးမဆာလောင်ပဲနဲ့လဲအစာစားတတ်တယ် တခြားမျိုးစေ့တွေရောကိုယ်နဲ့မျိုးတူတွေကိုပါ ပြုန်းတီးစေနိုင်တယ် လက်နက်တွေထွင်တယ် လူသားတွေပေါ်ထွန်းလာခြင်းဟာကမ္ဘာပျက်ခြင်းရဲ့အကြောင်းတရားပဲ 


                ဗေဒါဂစ်တာ တီးခတ်တာနဲ့ပတ်သတ်လို့ ကိုယ်ဖြတ်သန်းခဲ့တဲ့သက်တမ်းတလျှောက် ကိုယ့်ရဲ့ခံယူချက်တွေပြောင်းလဲခဲ့ပုံလေးတွေပြောပြချင်တယ်ငယ်ငယ်ကတော့ speed တီးတာတွေသဘောကြခဲ့တာပေါ့ အထူးအဆန်း အသံဆန်းတွေ တက်ကနိ အသစ်တွေ အမြန်နှုန်းမြင့်တီးခတ်ဖို့ခက်ခဲတဲ့ တေးသွားတွေတီးလုံးတွေကိုသဘောကြတာပေါ့ ဒါနဲ့ပဲ အသက်ကလေးရလာပြီတဲ့နောက် အေးအေးဖြည်းဖြည်းတီးခတ်ရတာတွေကိုကြိုက်နှစ်သက်လာပြန်ရောငယ်တုန်းက နှနှရွရွ လှလှပပတီးခတ်ရင်း ပညာခန်းပြတယ်လို့ထင်ဖူးတယ်အဲဒီတုံးက ရိုးရိုးနှေးနှေးတီးထားတဲ့ soloတွေဆိုရင် အထင်ကိုကြီးချင် မရှိခဲ့ပါမှားခဲ့ပုံတွေပြောတာပါနောက်မှ အသက်ကြီးလာတာနဲ့အမျှတူရိယာကိုတီးခတ်ဖို့ ဆပ်ကပ် ပြဖို့လေ့ကျင့်သလို တီးစရာမလိုဘူးသီချင်းကို ပုံဖေါ်ဖို့ သီချင်းကို ပံ့ပိုးဖို့ သီချင်းနဲ့ညီညွတ်ဖို့က အရေးအကြီးဆုံးပဲဆိုတာကိုပေါ့ နောက်ဆုံးပေါ် တက်ကနစ်တွေနဲ့ ခဲရာခဲဆစ် speed အမြန်နှုန်းမြှင့် မတထောင်တကောင်ဖွား တီးကွက်တွေနဲ့ ဘယ်လောက်ဘယ်လိုပဲတီးတီး သီချင်းရဲ့လားရာ ခံစားချက်ကို မဖေါ့်ထုတ်နိုင်ရင် သေခြာတယ်ဒါဆပ်ကပ်ပွဲမှာ အားကစားဆန်ဆန် တီးတဲ့ ဖျော်ဖြေရေး ဆန်ဆန်ဖြစ်လာတယ်လို့မြင်လာတယ် ဘဝဟာလည်းထိုနည်းအတိုင်းပဲ ဖြည်းဖြည်းမှန်မှန်လျှောက်လမ်းပြီ ခံစားချက်နဲ့ ဘဝကိုထုဆစ်သင့်တယ်လို့ ဗေဒါရဲ့ဘိန်းစားအတွေးက လက်တွေ့ ဆန်မယ်လို့ထင်ပါတယ်


             ငယ်ငယ်က မင်းမင်းလတ် ခိုင်ထူး ဂျက်မြသောင်း ဂျေမောင်မောင် ခင်မောင်တိုး စိုင်းထီးဆိုင် ကြိုက်ခဲ့သလို လူလတ်ပိုင်းလောက် ရောက်တော့ ၈၀ခုနှစ်အလွန်မှာဟယ်ရီလင်း ဇော်ဝင်းထွဠ် ထူးအိမ်သင် ရင်ခုန်ပြန်ရော ၁၉၉၀နောက်ပိုင်း ဗဒင် အေးချမ်းမေ လေးဖြူ ပေါ်လာတော့ အသံပါဝါကစားတာတွေကြိုက်ပြန်ရော ဗေဒါ တို့လူတွေက အရွယ်နှင့်အမျှ ပြောင်းလဲခံစားနေတယ်လို့ ရ်ုးရှင်းစွာမြင်မိလာတယ် ဗေဒါ ၅၀ကျော်လာတော့  စိုင်းထီးဆိုင် သီးချင်း ခုချိန်ပြန်နားထောင်ရင် သီချင်းရေးတဲ့ စိုင်းခမ်းလိတ် ဘာကိုပေးချင်လဲ ဘာကိုပြောတာလဲ သူရည်ရွယ်ရာက ဘယ်လို ဆိုတာ ဗေဒါ သိလာတယ် ငယ်စဉ်က ကြိုက်နှစ်သက်တဲ့ပုံစံ နဲ့ ခုကြိုက်နှစ်သက်တဲ့ပုံစံ အဓိက ခြားနားချက်က အနှစ်သာရက်ု ခံစားနားလည်ခြင်း ဆိုတဲ့ အတွေးတွေ ဝင်လာတယ် ဟန်ထူးလွင် နားထောင်လိုက် ခိုင်ထူး ပြန်နားထောင်လိုက် ခံစားမှုက ဗေဒါအတွက် အတူတူပါပဲ ဟန်ထူးလွင်ကခောတ်ကို ထိထိမိမိဖွဲ့နွဲ့သော်လည်း ခင်မောင်တိုး သီချင်းတွေက သွယ်ဝ်ုက်ပြီး ဖွဲ့နွဲ့မည်ပေးချင်တဲ့ မက်ဆေ့က တူသော်လည်း ဖွဲ့နွဲ့ပုံတွေ ကွာသွားခြင်းသာဖြစ်၏ အသက်ကလေးရလာတော့ ဘဝကို အပေါ်ယံလေးပဲကြည့်ခြင်းနှင့်ကင်းဝေးလာ၏ နက်နက်နဲနဲ ထိုးသွင်း သိမြင်၏ 


                  mr.လု က ဗေဒါကို တစ်နေ့ခေါ်ပြော၏ လော်မိသားစုမှာ အလုပ်လုပ်နေတဲ့လူတွေမှာ အမေရိကန်စပိုင်ရှိတယ်လို့ သူအကိုကော သူ့အဖေကောက ထင်ကြောင်းပြောတော့ ဗေဒါ မျက်ခုံးခပ်လှုပ်လှုပ်ရယ် အရင်တုန်းက ကကလှမ်းစပိုင်လို့မိမိတောင်အထင်ခံခဲ့ရသေး၏ ယခုတစ်ခေါက်လည်း ထို ကဲ့သို့ပြောလာတော့ ဗေဒါ သိပ်မအံသြတော့ပါ ချမ်းသာတဲ့သူတွေဟာ အမြဲတမ်း လူတိုင်းအပေါ် သံသယကြီးထွားတတ်တယ်လို့ဆိုရိုးရှိပါတယ် ဗေဒါ ဘာမှာ ပြန်မပြောဖြစ်ပါ 


                 Mr.လု က ဗေဒါ ကို သူ့ရုံးခန်းတွင်ထိုင်နေရန်ညွှန်ကြား၏ mr.လုရုံးခန်း၏ရှေ့တွင် သူသမီး၏ရုံးခန်းရှိ၏ ဗေဒါ ထိုင်စောင့်နေတာ နာရီကွက် ကြာမည်mr.လု  အကိုရောက်လာ၏ သူနောက်က တပည့်မလေးလက်တွင် ဖိုင်တစ်ထပ်ထပ်ကိုင်လာ၏ mr.လုအကိုက ဗေဒါကို တစ်ချက်ပြုံးပြပြီ ဗေဒါရှေ့ကခုံတွင်ဝင်ထိုင်လ်ုက်၏ ဗေဒါက မတ်တပ်ထရပ်ရန်ပြုစဉ် လက်ကာပြ၏ mr.လု ရောက်လာပြီ သူအကို ယူလာသော ဖိုင်တွဲထဲက ဓါတ်ပုံ တစ်ချို့ကို ယူပြီး သူကြည့်ပြီးနောက် ဗေဒါကို ကြည့်ရန်ပေး၏ ဓါတ်ပုံထဲမှာ ဂျာနှုးပုံတစ်ချို့ပါ စင်္ကာပူမှာ ရိုက်ထားပုံရတဲ့ပုံတွေပါ ထူးခြားတာက ကော်ဖီဆိုင်တစ်ဆိုင်မှာ ရိုက်ထားတဲ့ပုံတွေထဲမှာ အင်္ဂလိပ်တစ်ယောက်ပုံပါဝင်နေပါတယ် ဗေဒါ ပုံရဲ့အဓိပ္ပယ်နားမလည်ပါ ဗေဒါ mr.လုတို့ညီအကိုဘာပြောမလဲနားထောင်ရန် တိတ်ဆိတ်နေလိုက်၏ ကိုချူးအသံက ဖြည်းညှင်းစွာ ထွက်ပေါ်လာပါတယ် အဲဒီအင်္ဂလိပ်က အရှေ့တောင်အာရှ CIA တာဝန်ခံဒါရိုက်တာ ဟုပြောတော့ ဗေဒါ များစွာအံအားသင့်သွားရ၏ ပြောချင်တဲ့ အနက်ကို ဗေဒါ ခန့်မှန်းမိပါ၏ ဂျာနှုးက CIA သူလျိုပေါ့ ဗေဒါ ညဏ်မမှီပါ အပါကြီးစကားအရမ်းနားထောင်ပြီ mr.လုကိုသံယောဇဉ်ကြီးပြီ လော်မိသားစုကို ဝင်သဖွယ် ဖြစ်နေသူက CIA သူလျိုဆိုတော့ ဗေဒါ မယုံနှိငိခဲ့ပါ လက်ထက်တာတောင် အပါကြီး စကား နားထောင်ခဲ့သူက CIA သူလျို တဲ့လား ကိုချူး၏ နောက်ဆက်တွဲ စကားများနားဆွင့်လိုက်တော့ ဘိန်းတင် သင်္ဘေင်္ာဖမ်းမိကတည်းက မင်္သကာလို့ဂျာနှုးကို နောက်ယောင်ခံလိုက်ထားကြောင်းသို့သော် ဂျာနှုးကအကင်းပါးခြင်းကြောင့် အားလုံးမရိပ်မိခဲ့ခြင်းဖြစ်ပြီ အပါကြီး ကဂျာနှုး ဘက်က ကာစီးထားခဲ့လို့သာ ယနေ့လိုအဖြစ်မျိုး ကြုံတွေ့လာရခြင်းဖြစ်ကြောင်း ဒီဓါတ်ပုံတွေဟာ စင်္ကာပူသတင်းဌာနာတစ်ခုမှာဝယ်လာသော် ပုံတွေဖြစ်ကြောင်း သို့သော် ဂျာနှုးက စကားမြေဝယ်မကျနားထောင်ပြီး ငွေရေးကြေးရေး မမှားခဲ့ကြောင်း သ်ု့သော် CIA သူလျို ဖြစ်နေသောကြောင့် အပါကြီး သဘောတူသော် တရုတ်ကို ယူပြီး ဟန်ပြပြီးလစ်ထွက်သွားခြင်းဖြစ်နှိင်ကြောင်းဆိုတော့ ဗေဒါ နားရှိလို့သာကြားရ၏ ယုံနှိင်စရာတစ်ကွက်မှာမရှိ ထိုနေ့က ကိုချူးဗေဒါ ကိုခိုင်းသွားသောအလုပ်မှာ ဂျာနှုး သွင်းထားသောလူတွေ ကုမဏ္ဍီမှာရှိနှိင်ကြောင်း အဲလူတွေအားလုံးဖော်ထုတ်ပြီးအနားပေးရန်သူ လက်ထောက်မိန်းလေးကိုပြောပြီး ဗေဒါကိုတော့ ဂျာနှုး ဖိုင်တွေ မှတ်တမ်းတွေရှာရန်နှင့် မြန်မာပြည်မှာသွားခဲ့တဲ့နေရာ တွေ့ဖူးတဲ့နေရာ အကုန်မြေလှန်ရှာရန် ညွှန်ကြားလေတော့သည် 


                      ဗေဒါ စိတ်မကောင်းပါ ဂျာနှုးသာ CIA သူလျို ဖြစ်နေရင် ဗေဒါကို လုပ်ငန်းလိုအပ်ချက်အရ အသွင်ယူသွားခြင်းဖြစ်နှိင်၏ တကယ်မဖြစ်ရင်လည်း ဂျာနှုး အတွက်စိတ်မကောင်းပါ လော်မိသားစုအပေါ်ပေးဆပ်မှုတွေအတွက် လော်မိသားစု၏ တုန့်ပြန့်မှုက လုံးဝမကောင်းပေ ခံစားတတ်သော ဂျာနှုးကြားရင်ကွဲသေသွားမည် သို့သော် ဗေဒါကိုယ်တိုင်က ရှင်းရှင်းလင်းလင်းသိလိုသည် ဂျာနှုးမှန်ရင် လော်မိသားစုအတွက်သက်သေပြမည် မမှန်ရင်တော့ ဂျာနှုး သူလမ်း သူရွေးခဲ့သည်ကိုတော့ ဗေဒါ ဘာများတတ်နှိင်မည်လဲ


                သူလျိုကို ဗေဒါ နားလည်သည်က လောကတစ်ခု၊ အသွင်တစ်မျိုးနှင့် နှစ်ဖက်ခွ တည်ရှိနေခြင်းက သေတွင်းနှင့် လက်တစ်ကမ်း အကွာ ရှင်သန်ခြင်းပင်။"သူလျိုမှာနာမည် အမျိုးမျိုးရှိပြီး အသွင် အမျိုးမျိုး ဆောင်တတ်ကြတယ်။ နီနီ ညိုညို စိမ်းစိမ်း ဝါဝါ ဆိုတာအားလုံးတစ်ယောက်တည်းပါပဲ သူတို့ဘဝခံစားချက်ကိုရှေ့တန်းတင်ရန်မလွယ်ကူပ မိန်းမသူလျိုဆိုပိုဆိုး၏ လိုအပ်ရင် သူတို့ဘဝပါ အစတေးခံရမည်ဖြစ်သည် သူလျိုတွေမှာ ချစ်ခြင်း မုန်းခြင်းကင်းတယ်လို့ဗေဒါ သိထား၏ သူတို့က တာဝန်ကို အသက်ထက်ပင် အလေးထားသော သူများဖြစ်သည်  သူတို့လုပ်ပုံကိုင်ပုံတွေ လေ့လာကြည့်ရင် ဂျာနှုး အနေအထိုင်ကျစ်လစ်မှုနှင့် အကွက်ကျမှု လိုက်ဖက်ညီစွာ ဝတ်ဆင်တတ်မှု စကားပြောပါးနပ်မှု အချိန်တိကျမှု အအိပ်အနေနည်းမှု ထိုအရာများအားလုံးကို ဂျာနှုးဆီမှာရှာလျှင်တွေ့နှိင်၏ သူလျို တစ်ယောက် လိုအပ်ချက်ကြောင့်အသွင်ယူချစ်ခြင်းကိုလည်းတည်ဆောက်နှိင်၏ ဗေဒါ ဆက်မစဉ်းစားချင်တော့ပါ ဒီလောက်ပဲတွေးချင်နေမည်၏ 


                  ဂျာနှုး သွားတက်သောနေရာတွေ ဗေဒါ စုံစမ်းသော်လည်း တစ်ဦးတစ်ယောက်တည်း လှုပ်ရှားခဲ့သည်သာများ၏ ထိုအခွင့်အရေးကို mr.လု ကသာလျှင်ပေးခဲ့ခြင်းဖြစ်ပေသည် ဂျာနှုးက ရုံးကော အိမ်ကော အတော်အနေထိုင်ပိရိခဲ့တာ ဗေဒါ တွေးကြည့်လေ လေ့လာလေ ပိုပီပြင်လာလေဖြစ်၏ mr.လုတို့ဘက်ကလည်း ဂျာနှုး လုပ်ငန်းပိုင်းဆိုင်ရာ အချက်အလက်ကို ရှာဖွေနေကြသော်လည်း စာရွက်အစအနပင် မကျန်အောင် ဂျာနှုးမထားခဲ့ပေ ဗေဒါ ထိုရက်ပိုင်း ရက်ဆက် ကိုးမိုင်ခြံတွင် အိပ်သော်လည်း မပျော်နှိင်ဖြစ်နေသည်မှာညတ်ုင်းလိုလိုပင်ဖြစ်နေသည် ဗေဒါ ထိုသို့အိပ်မပျော်သော ညတစ်ညတွင် ဂျာနှုး ရှိစဉ်ကတည်းက အတူနေခဲ့သော အဖွားကြီး နှင့်ဘသူသား သူ့သမီးတွေကို ဖျက်ကနဲ သတိရသွား၏ ချက်ခြင်းဆိုသလို သူတို့နေသည်ခြံအပြင်က အိမ်ကို တံခါးခေါက်ပြီး နှိုးလိုက်၏ သူတို့အိပ်ချင်မှုးတူးအချိန်ဟာ သိပ်စဉ်းစားရန် မလွယ်ကူပေ စိတ်ကအိပ်ဖ်ု့ရန် ဆောင်နေသဖြင့် အိပ်ချင်ဇောဖြင့် စကားအမှန်တွေမြန်မြန်ပြောတတ်သည်ဟု ဗေဒါ ကြားဖူး၏ သူတို့မိသားစုကိုစတင်တွေ့ကတည်းက ထူးခြားချက်ကိုဗေဒါ သွားတွေ့၏ မိသားစုဝင်သုံးယောက်တွင် နှစ်ယောက်သာတွေ့၏ သားဖြစ်သူသာရှိပြီး သမီးဖြစ်သူမရှိကြောင်း ဗေဒါ မေးတော့ သူသမီး ဂျာနှုးလာခေါ်သွားလို့ တိုင်ပေတောင်ပါသွားပြီဟူဆိုတော့ ဗေဒါ မိမိသတိမဲ့မှုကိုလည်း အပြစ်တင်မိ၏ လူသုံးယောက်မှာ သူသမီးကိုပဲ ခေါ်သည်က နည်းနည်းထူးခြားနေ၏ ဗေဒါ အဖွားကြီးကို အစ်အောက်မေးတော့ သူတို့ဂျာနှုး အကြောင်း တစ်စက်မှာမသိ သူသမီးကိုသာ အပြင်ခေါ်သွားလေ့ရှိကြောင်းဗေဒါသိလာရတော့၏ ဗေဒါမေးနေစဉ်မှာပဲ ဂျာနှုးအိမ်ပြန်မအိပ်သော်ရက်များစွာရှိခဲ့ကြောင်း သိလာရပြီ mr.လု လာအိပ်သော နေ့ရက်များကိုလည်း ဗေဒါ သိလာရတော့ ပိုမို အံအားသင့်လာ၏ mr.လု အမြဲတမ်း လူတွေအပေါ်သတိထားဆက်ဆံမှုက ဂျာနှုးအပေါ်တွင်တော့ သက်ရောက်ဟန်မရှိပေ စဉ်းစားမှုတွေ များလာလေလေ အမှန်နဲ့နီးစပ်လာလေဖြစ်၏ ဗေဒါ တွေ့ရှိချက်အားလုံးကိုမှတ်တမ်းတင်ပြီး အဖွားကြီး သားအမိကို အိပ်ရန်ပြောပြီး မိမိအိပ်ခန်းပြန်ရန်လာစဉ်မှာပဲ ဂျာနှုးအခန်းရှေ့ရောက်တော့ မဆက်စုဖူးသောဗေဒါ ဂျာနှုးအခန်းဝင်လေ့လာလို၏ ထိုတံခါးကိုဖွင့်ရန် ဗေဒါကြိုးစားလိုက်စဉ်တံခါးက ဖွင့်မရ လော့ချထား၏ မနက်မှာ အိမ်စောင့်အဖွားကြီးသားအမိကိုမေးပြီ အခန်းသော့ယူရမည်ဟုတွေးပြီ စိတ်လျော့က အိပ်တန်းဝင် လိုက်တော့သည်


                          ®

                         ဗေဒါ


                            နှင့်


                သူ ၏ မိတ် ဆွေ များ


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


   အတိတ်ကပုံရိပ်များ……အပိုင်း ၄၀


                           ®

                          ဗေဒါ


         


            CIAဆိုသည်မှာ ကမ္ဘာ့အနှံ့ သူနဲ့လွတ်ကင်းတဲ့ နိုင်ငံမရှိ။

သူခြေမချတဲ့ နိုင်ငံမရှိ ။

သူ့ သြဇာလွတ်ကင်းတဲ့ မီဒီယာမရှိ။

သူ့အထောက်အပံ့နဲ့ ကင်းလွတ်တဲ့ အဖွဲ့အစည်းမရှိ ။

သူ့အပေါ်မှီခိုအားမထားတဲ့ နိုင်ငံရေးသမားမရှိ ။

သူ ဝင်ရောက်မနှောက်ယှက်တဲ့  နိုင်ငံမရှိ ။

သူ နှောက်ယှက်တဲ့ နိုင်ငံများမပြိုကွဲတာ မရှိ။

သူလုပ်ကြံတဲ့  နိုင်ငံခေါင်းဆောင်များ   မသေဆုံးတာမရှိ ။သို့သော်သူတို့လုပ်ရပ်မျိုးသာမရှိခဲ့လျှင် ကမ္ဘာတွင် မကောင်းသူများကြီးစိုးနေမည်မှာ သေချာသည် တရားမျှတခြင်းတည်းဟူသောလုပ်ရပ်ကို သူသဘောနှင့်သူဆုံးဖြတ်ပြီး ဖော်ထုတ်လုပ်ဆောင်ခြင်းသည် လူစည်းမျဉ်းတစ်ချို့ကို ချိုးဖောက်သင့်လျှင် ချိုးဖောက်ကြမည်သာဖြစ်သည် ဒီမိုကရေစီစနစ်ကို ကမ္ဘာအနှံအပြားရှင်သန်ကြီးထွားစေရန်နှင့် အမေရိကန်အကျိုးစီးပွားထိခိုက်မှုများကို ကာကွယ်ရန်အတွက် အမြဲအသင့်ရှိနေသော အဖွဲ့အစည်းကြီးတစ်ခုဖြစ်၏


                   ဗေဒါ မနက်မိုးလင်းတော့ ဂျာနှုးအခန်းသော့ အိမ်ထိန်း အဖွားကြီး ဆီမှာသော့တောင်းပြီ  ဂျာနှုး အခန်းကို ဖွင့်ဝင်လိုက်မိ၏ ဂျာနှုးအခန်းလေးက သပ်သပ်ရပ်ရပ်ရှင်းရှင်းလင်းလင်းရှိနေ၏ အိပ်ယာကို ဖုံးထားပြီး အခန်းထဲက ရနံများကတော့ သင်းပျံ့နေပေသည် ဂျာနှုး စားပွဲကို ဗေဒါ ဖွင့်ကြည့်လိုက်၏


ဒိုင်ယာရီလေး တစ်အုပ်ကို တွေ့ရှိရ၏ ကျန်တာ ဘာပစ္စည်းမှာ မရှိပေ ထိုဒိုင်ယာရီကို ဂျာနှုး တမင်ထားခဲ့သည်ဟု ထင်သည် နောက်ဒီအခန်းသော့ကို တမင်ခတ်ခိုင်းခဲ့ပြီး ဒီခြံတွင် ဗေဒါ လာနေထိုင်နေကြောင်း ကိုလည်း ဂျာနှုး တပ်အပ်သိနှိင်မည် ဗေဒါ ခြံလာစဉ်တုန်းက အိမ်ထိန်းအဖွားကြီးသမီး ရှိသေး၏ ကျိန်းသေသည်ကတော့ ထိုအဖွားကြီးသမီးကို ဂျာနှုး ကိုယ်တိုင် နောက်ချန်ထားခဲ့ခြင်းဖြစ်မည် အန္တာရယ်ရှိလာသော်အချိန်တွင် ထ်ုအဖွားကြီးသမီးပါ တိုင်ပေ ခေါ်သွားခြင်းဖြစ်မည် ထိုစာအုပ်ဖတ်ရန် ဗေဒါ ကိုယ်အခန်းကို ပြန်လာခဲ့လိုက်၏


           စာဖတ်ဖ်ု့ ဒိုင်ယာရီစတင်လှန်လိုက်စဉ်မှာ"His pain ,your gain" ဟု ထိပ်ဆုံးစာမျက်နှာမှာ ရေးဖွဲ့ထား၏ နောက်စာမျက်နှာများတွင်အင်္ဂလိပ်လိုရေးသားထားမှုများကိုစတင် ဆက်တိုက်ဖတ်ကြည့်လိုက်သော ဗေဒါ စတင်စီးမျှော ပါဝင်သွားပေတော့သည် တစ်ချို့စကားလုံးများဗေဒါနားမလည်ခဲ့ပေ နောက်ပိုင်းကြိုးစားလေ့လာပြီးမှ ထိုစာများကိုပြန်ဖတ်ခဲ့ရသည်


           "ကျွန်မ ငယ်ငယ်က အဖေ အမေ အကို ကျွန်မ ပျော်ရွှင်စရာ မိသားစုလေးနဲ့နေထိုင်ခဲ့ရတာပါ ကျွန်မ ရွာ့လေးမှာ စီးပွားရေးဆိုလို့ မယ်မယ်ရရဘာမှာမရှိခဲ့ပါ ဘိန်းစိုက်ပြီ အသက်မွေးဝမ်းကြောင်းပြုခဲ့ကြတာပါ ဘိန်းစိုက်ရင်အဆင်ပြေတယ် ဘိန်းမစိုက်ရင် အဆင်မပြေကြဘူး အဖေ တို့အကိုတို့လည်း ဘိန်းလည်းစိုက် ဘိန်းလည်းနည်မျိုးစုံနှင့် စားတတ်သူများပါ အမေတောင် နောက်ပိုင်း ဘိန်းစွဲသွားတယ် ဘိန်းက စွဲလန်းတတ်စေတယ်လို့ကျွန်မငယ်စဉ်ကတည်းက မြင်ဖူးထားတော့ ဘိန်းကို စွဲလန်းသွားမှာအရမ်းကြောက်တယ် ဘိန်းကို တစ်ခါမှာမတွေ့မထိခဲ့ဘူး ကျွန်မအဖေက ရှမ်းကချင်ပါ ကျွန်မအမေက ပလောင်ပါ အဖေကဒေသမှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးပါ အဖေကိုရွာကလူတွေက ချစ်ကြတယ် အဖေက မဟုတ်မခံ စိတ်လဲအတော်ကြီးတယ် သူမှန်တယ်ထင်ရင် ဘာမဆိုလုပ်ဝံသူပါ အဲစိတ်က ကျွန်မဆီမှာ အမြစ်တွယ်နေတယ်ထင်ပ ဘဝတစ်လျှောက်လုံးမှန်ရင် လုပ်ဝံခဲ့တယ် လုပ်လည်း လုပ်ခဲ့ပါတယ် ကျွန်မငယ်စဉ်ကတည်းကမိဘခြင်းရင်းနှီးပြီ ကျွန်မအသက်နဲ့မတိမ်းမယိင်းကောင်လေးတစ်ယောက်ရှိပါတယ် သူတို့အမျိုးတွေက တရုတ်ပြည်မနှိင်ငံတစ်ခုမှာ ရှိတယ်လို့သိထားတယ် သူနဲ ကျွန်မကို ကြီးပြင်းလာတဲ့တစ်နေ့ ပေးစားမယ်လို့ မိဘတွေကတိုင်ပင်ထားကြောင်း အမေကအမြဲပြောခဲ့ပါတယ် ကျွန်မနဲ့သူကကစားဖက်တွေပါ အက်ုရယ် သူရယ် ကျွန်မရယ် တခြားသူငယ်ချင်းတွေနဲ့ဆော့မြူးပျော်ပါးခဲ့တဲ့အချိန်တွေကို ကျွန်မဘဝတစ်လျှောက်လုံး မှတ်မိနေတယ် ကျွန်မတို့ဒေသမှာ ဟိုးအရင်က ပြန်ကျဲ့ နေတယ်အစုအဖွဲ့လေးတွေကို တစုတစည်းဖြစ်အောင် စုစည်းနှိငိခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ရှိခဲ့တယ် သူက ကျွန်မတို့ရွာတွေအားလုံး မဖြစ်မနေဘိန်းစိုက်ရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ် အရွယ်ရောက်တဲ့ ယောက်ကျားလေးတိုင်း သူတပ်ဖွဲ့မှာလက်နက်ကိုင်အမှုထမ်းပြီ အမျိုးသမီးအများစုကိုတော့ ဘိန်းစိုက်ဖို့ မဖြစ်မနေလုပ်ရန် ညွှန်ကြားခဲ့ပါတယ် ထိုအဖွဲ့မှာ အဖေကရွာခေါင်းဆောင်တစ်ဦးပါ ကျွန်မတို့ရွာကို ထိုစဉ်ကတည်းက အင်္ဂလိပ်များနှင့် တရုတ်လူမျိုးများ လာရောက်အခြေချလျှက်ရှိပါတယ် အမေပြောတာကတော့ သူတို့အလုပ်လာလုပ်နေတယ်လို့တော့ ပြောခဲ့ဖူးတယ် ကျွန်မတို့ဒေသမှာ နယ်မြေခေါင်းဆောင်ပေါင်း ၁၀၀ကျော်ရှိတယ် အဲနယ်မြေခေါင်းဆောင်တွေ ရဲ့ အပေါ်မှာ စစ်ခေါင်းဆောင်တစ်ဦးက အုပ်ချုပ်ထားတာပါ အဲဒီစစ်ခေါင်းဆောင်ရဲ့အောက်မှာ အဖေတို့လို နယ်မြေခေါင်းဆောင်တွေရှိပါတယ် နယ်မြေခေါင်းဆောင်တွေပေါ်မှာ ထင်ရှားတဲ့တပ်မှုးနှစ်ဦးက အုပ်ချုပ်ထားတာပါ ကျွန်မငယ်စဉ်ကလူကြီးတွေက ကျွန်မတို့ခေါင်းဆောင်ကိုရိုသေသမှုထားခြင်းကြောင့်ကျွန်မတို့ခေါင်းဆောင်ဆိုတာကိုနတ်ဘုရားတစ်ပါးဟုပင်အထင်ကြီးခြင်းရှိခဲ့ပါတယ် အရွယ်ရောက်လာတော့ ထိုအထင်ကြီးခြင်း အလျင်မရှိတောပါ ဘာကြောင့်ဟုအဖြေပေးရသော် သူကြောင့် ကျွန်မတို့ ဒေသ ဘိန်းစိုက်နယ်မြေဖြစ်ခဲ့ရပြီး လက်နက်ကိုင်တွေကြားထဲမှာ သာမန်ပြည်သူတွေက ကြောက်လန့်ပြီး အသိပညာလည်းမရှိ အမှားအမှန်မခွဲခြားနှိင်တော့ပဲ ထ်ုစစ်ခေါင်းဆောင်များ၏ဆုံးဖြတ်ချက်အတ်ုင်း ရှင်သန်ကြီးပြင်းလာကြရတာကို ကျွန်မ ကိုယ်တိုင်ထိုးသွင်းသိမြင်လာတော့အရမ်းမုန်းတီးခဲ့မိတယ် 


ထိုစစ်ခေါင်းတွေဟာ ဒေသအကျိုးထက် သူတို့မိသားစုကောင်းစားရေး ကြီးပွားရေး သာ အစဉ်တစိုက် ကြိုးပမ်းခဲ့ကြသူများသာဖြစ်တယ် ဇာတိဒေသခံ လူငယ်လူရွယ်တွေ ဘိန်းတော မှာ ပျော်မွေ့ပြီ အလင်းမတွေ့ပဲ နေထိုင်သွားကြရတာ ကျွန်မရင်အနာဆုံးအချက်ပါ ကျွန်မမတွေးချင်တော့ပါ အဲဒီအတိတ်ကာလတွေဟာ နာကျင်စရာတွေ ပြည့်နှက်နေတာပါ ကျွန်မတို့မိသားစု မုန်တိုင်းတိုက်မယ်နေ့ရက်ကို ရောက်ရှိလာပါတယ် အမေရယ် အကိုရယ် ကျွန်မရယ် သုံးယောက် အ်မ်မှာ အဖေကို ထမင်းစားဖ်ု့စောင့်နေကြတုန်း အဖေတပည့်တစ်ယောက်အပြေးလာပါတယ် အမေကို အနားကပ်ပြီး တိုးတိုးပြောပါတယ် အမေမျက်နှာကဟန်မဆောင်နှိင်ပဲ ငိုကြွေးပါတော့တယ် အမေငိုတော့ ကျွန်မတို့မောင်နှစ်မနှစ်ယောက်ဘာမှန်းမသိပဲလိုက်ငိုပါတော့တယ် အမေငိုတာချက်ခြင်းရပ်ပြီ ကျွန်မတို့မောင်နှစ်မနှစ်ယောက်ကို အငိုတိတ်ရန်အော်ဟစ်ဆူငေါက်ပါတော့သည် အမေတစ်ခါမှာ ကျွန်မတို့ကို မဆူခဲ့ဘူးပါ မအော်ခဲ့ဘူးပါ

ထ်ုနေ့ကတော့ အော်ပြီးအမေပြောသောစကားက ကျွန်မစိတ်ထဲတစ်သက်လုံး စွဲထင်စေခဲ့ပါတယ် " ငါတို့မရှိရင် နင်တို့ရပ်တည်ဖ်ု့အတွက် ငိုကြွေးနေယုံနဲ့နင်တို့အသက်မရှင်နှိင်ဘူး မငိုနဲ့ ဘယ်တော့မှာ မငိုကြနဲ့ ငါလည်းမငိုဘူး " အမေပြောစကား ကျွန်မတစ်သက်လုံး စွဲထင်စေပါတော့တယ် ကျွန်မအထီးကျန်ချိန်တိုင်း အားငယ်ချိန်တိုင်း အမေပြောခဲ့တဲ့စကားလေး အမြဲပြောမိတယ် 


                 အမေက ချက်ခြင်းပင် အကိုဖြစ်သူအတွက် အဝတ်အထည်လေးငါးစုံနှငိ့ သူတွင် ရှိသော ပိုက်ဆံများကို အကို ဖြစ်သူအားပေးပြီ ယခုချက်ခြင်း ဦးလေးဖြစ်သူရှိသော KIAနယ်မြေကချင်ဘက်သို့မဖြစ်ဖြစ်အောငိသွားရနိညွှန်ကြားလေ၏ အကိုဖြစ်သူက မသွားတတ်ဘူးဟု ပြောမိသဖြင့် အမေသည် ငိုငိုနှင့် ရိုက်ပြီး အတင်းသွားခိုင်းလေတော့၏

ကျွန်မထိုမြင်ကွင်းကို အသဲနင့်အောင်ခံစားခဲ့ရဖူး၏ အကိုငိုငိုနှင့် ဘာမှန်းမသိဘဲပြေးထွက်သွားတော့၏ ကျွန်မအကို ကိုယ့် ကျွန်မနောက်ဆုံးတွေ့မြင်ခဲ့ခြင်းပါပဲ ဘယ်သော်အခါမှာ ပြန်မဆုံတွေ့တော့ပါ ကျွန်မနှင့်အမေပဲ အိမ်မှာကျန်ခဲ့ကြပြီး အမေက မငိုတော့သော်လည်း ကျွန်မကိုထွေးပွေ့ထား၏ အဲတုန်းကအမေမျက်နှာကို ကျွန်အိမ်မက်မက်တ်ုင်း အမြဲပါဝင်ခဲ့ပါသည် သိပ်မကြာခင်မှာပဲ ကျွန်မတို့ဒေသ၏

စစ်ခေါင်းဆောင်၏ ညီဖြစ်သူနှင့် လက်နက်ကိုင်အဖွဲ့ဝင်အတော်များများ ခြံထဲရောက်လာကြပါတယ် အမေက ထိုစစ်ခေါင်း၏ ညီဖြစ်သူကို ဝမ်းလျားမှောက်၍ အရိုအသေပေးဟန်အကြိမ်ကြိမ်ပြုသော်လည်း ထို လူသည် မသိချင်ယောင်ဆောင်နေ၏ နောက်ဆုံးအမေနှင့်သူသည် ကျွန်မနှင့် မလှမ်းမကမ်းတွင် စကားပြောနေကြ၏ အမေက ထ်ုလူခြေရင်းတွင် ထ်ုလူခြေထောက်ကို ကိုင်ပြီး စကားပြောနေဟန်သာတွေ့၏ ဘာပြောမှန်း ကျွန်မမကြားနှိင်ခဲ့ပေ  အမေကျွန်မကိုတစ်ချက်လှမ်းကြည့်ပြီး ပြေးဖွေ့လေတော့၏ အမေက ကျွန်မကို လိမ်လိမ်မာမာနေရန်နှင့် လူတိုင်း အဆင်ပြေပြေ ပေါင်းသင်းပါဟု ဆို၏ အမေစကား ထိုစဉ်က နားမလည်သော်လည်း ကျွန်မဘဝတစ်လျှောက်လုံး မသိစိတ်က ထိုနေထိုင်မှုအတိုင်းနေထိုင်သွားရန် လမ်းပြနေသည်ဟု ထင်ပါသည်


                အမေထို့သို့ပြောပြီ စစ်ခေါင်းဆောင်ဖြစ်သူ၏ ရှေ့တွင်ဒူးသွားထောက်နေ၏ ကျွန်မကို ထိုလူကသူလူများကို စကားလှမ်းပြော၏ ကလေးကိုဟိုဘက်လှည့်ခိုင်းထားဟုဆို၏ ထိုစကားပြောပြီသိပ်မကြာခင်မှာပဲ ထိုလူတပည့်တစ်ယောက်မှာ ကျွန်မကို နားကိုပိတ်ပြီး ဟိုဘက်လှည့်ခိုင်းထား၏ သိပ်မကြာခင်မှာ ကျွန်မလှည့်ကြည့်ခွင့် ရတော့ အမေကို သူလူတွေ ခေါ်ဆောင်သွားကြလေပြီ သို့သော် အမေသည် အသက်မရှိဘယ် ထိုသူများသယ်ဆယ်ရာသို့ လိုက်ပါသွားခြင်းသာဖြစ်သည် အံသြမိသည်က ကျွန်မ ငူငူကြီးဖြစ်နေသည်ထင်သည် ထိုလူ အနားရောက်လာမှာ သတိထားမိလေတော့သည် ထိုလူမှာ ကျွန်မကိုပွေ့ချီကာ ခေါ်ဆောင်သွားလေတော့သည်

ကျွန်မ အမေနှင့် နောက်ဆုံးမြင်တွေခဲ့ရသော မြင်ကွင်းတစ်ချို့ ပင်ဖြစ်သည်


                ကျွန်မဘဝတွင် ထာဝစဉ်အရေးပါလာမည်သူတစ်ယောက်ရှေ့တွင်ရောက်ရှ်နေပြီဖြစ်သည် ကျွန်မကို ချောကလက်တစ်ချို့ပေးပြီ သူအနားတွင်ထိုင်ခိုင်း၏ ကျွန်မသူမျက်နှာကို ကြည့်တော့ သူအပြုံးသည် ထူးဆန်းပါ၏ ကျွန်မကိုယ်ထဲကို စွမ်းအင်တွေဝင်လာသလိုခံစားနေရ၏ ထိုလူသည် ကျွန်မ၏ ပဲ့ကိုင်ရှင်ဖြစ်လာမည် အပါးကြီးပင်ဖြစ်သည် သူအနားတွင် ခေတ္တာထ်ုင်နေပြီးနောက် သူမိန်းမဖြစ်ဟန်ရှိသော်သူသည် ကျွန်မကိုလာရောက်ခေါ်ယူသွားလေတော့၏


                    ကျွန်မဖြတ်သန်းခဲ့ရတာတွေက အရမ်းချော့မွေ့ခဲ့ရသည်ကိုတော့ ငြင်းလို့မရပ် ကျွန်မအပေါ် အပါးကြီးသည် အမြဲ အရိပ်တကြည့်ကြည့်ရှိခဲ့၏  ကျွန်မမသိသော် လူအသိုင်းအဝိုင်းတွင် ကျွန်မသည်စတင်ကျင်လည် ဖြတ်သန်းရပေတော့မည် ထိုအရွယ်က ကျွန်မ အရာရာကို ဝေဖန်ဆန်းစစ်ရန် အဖက်ဖက်ကမပြည့်စုံသေးပါ ကလေးပီပီ      အရာအားလုံးမေ့မေ့လျော့လျော့ ဖြစ်ပြီး ပျော်ရွင်ခဲ့ရသည်ကိုတော့ဝန်ခံပါသည် ထိုကဲ့သို့ဖြစ်လာစေရန် အပါးကြီး သည် သူသားသမီးကဲ့သို့ပင် ဂရုတစိုက်ရှိခဲ့ပါ၏ သူသားသမီးထက်ပင် တစိချို့နေရာတွေမှာ ပိုမို ဂရု စိုက်ခဲ့ပေသည်


   "ကမ္ဘာကြီးရယ် သင်သတိမေ့နေတာလားသင်ဟာဘယ်သူများလဲလို့ လူတွေကမေးနေကြပြီလေ"


                         ®

                        ဗေဒါ

                   

                          နှင့်


                   သူ မိတ် ဆွေ များ


Res;truepeople.com


   Stories by👁ဗေဒါ

   Written by 🖊️ကျည်မင်းသိန်း

   Edited by ➡️စည်သူ

   

  

ဗေဒါ ၈

 ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


           အတိတ်ကပုံရိပ်များ……{အပိုင်း ၃၆}


                            ®


         ဗေဒါ Lucres Wood ဘက်ကနေ ရန်ကုန်ပြန်ရောက်တော့ mr.လု က ဂျပန်ဘက်ကို သွားမည့်ခရီးမှာ သူနှင့်အတူလိုက်ပါရန်ဆိုလာပါတယ် အလုပ်ကိစ္စာဘယ်ဖြစ်မည်ထင်၍ ဗေဒါ ထုံးစံအတိုင်းမမေးခဲ့မိပါ မသွားခင်တော့ အေးဆေးအနားယူရန်ဆိုပါ၏ ဂျာနှုး နေရာတွင်တော့  mr.လု သမီးတစ်ယောက်က တာဝန်ဝင်ယူထား၏ သူက စင်္ကာပူကဘွဲ့ရခဲ့ပြီး ဘာသာစကား၅ခုကိုကျွမ်းကျင်စွာ ပြောဆိုတတ်၏ စီးပွားရေးပါရဂူဘွဲ့ ရရှီခဲ့သူဖြစ်သည် လော်ကြီး ၏ လမ်းစဉ်ဖြစ်သော် ပညာသည်သာ အားထားရာ ဟူသောလမ်းကြောင်းပေါ်သို့ လော် တတိယမျိုးဆက်သစ်များ လျှောက်လမ်းလာမှုက ပုံပေါ်လာပြီ ထင်ပါသည် ဂျာနှုး ရုံးခန်းလေးမြင်တော့ ဂျာနှုးကို သတိရမိပြန်၏ နှစ်အတော်ကြာ သံယောဇဉ်ရှိခဲ့ကြသူနှစ်ဦး၏ချစ်ခြင်းက စာဖွဲ့ပြရန် ကဗျာ မမှီ စာမပီ နှိင်ပါ အချစ်ကို မေတ္တာတရားဖြင့်တည်ဆောက်ထားသူများအတွက် ခံစားချက်က ကြီးမားပါ၏


             ဗေဒါ နေထိုင်ရန် ဂျာနှုးနေခဲ့သောကိုးမိုင်ဘကက်ခြံတွင်နေရန်ပြောသဖြင့် ထိုခြံတွင် နေရန်ထွက်လာလိုက်၏ ဘာပဲပြောပြော ထိုခြံတွင် ဂျာနှုး အငွေ့သက်လေးများ အရိပ်များ ရှိနေမည်မှာ ကျိန်းသေပင်ဖြစ်သည် လွမ်းစရာကိုဖြေသိမ့်ရုံမှတစ်ပါး ကျန်တာ ဗေဒါ မတတ်နှိင်ပါ mr.လု က သူလက်ရှိစီးနေသောကားကို ဗေဒါစီးရန် နှင့် ဗေဒါ အတွက် ဘောက်ဆူး လစာ အသုံးစရိတ်အကုန်ထုတ်ပေးရန် သမီးဖြစ်သူကို ညွှန်ကြား၏ mr.လု သမီး အမည်က ဝင်ဒီလု ဖြစ်သည် ဗေဒါ တို့ဂျာနှုးတို့ထိန်းကျောင်းခဲ့သော ကလေးများမဟုတ် ငယ်စဉ်ကတည်းကစင်္ကာပူတွင်ကျောင်းသွားတက်နေသော သမီးအကြီးဆုံးဖြစ်သည်


                  ကိုးမိုင်ခြံတွင်တော့ အိမ့်စောင့် အဖွားကြီးနှင့် သူသား သမီးတို့ပေါင်း သုံးယောက် အိမ်မကြီးအပြင်ဘက်တွင် သီးသန့်နေ၏ ထိုခြံတွင် ရေကူးကန်ရှိ၏ ခြံထဲက ပင်မအိမ်သည် အတော်လေးခောတ်မှီစွာ တည်ဆောက်ထား၏ ထိုအိမ်တွင် မြေအောက်ခန်းတစ်ခုပါဝင်သော နှစ်ထပ်တိုက် လေးဖြစ်၏

ထိုခြံတွင်ဗေဒါ အေးဆေးစွာအနားယူလိုက်၏

သူငယ်ချင်းဖြစ်သူ ညီညီ ကိုလှမ်းခေါ်တော့ ညီညီရောက်လာပြီ သူငယ်ချင်းနှစ်ယောက် လောကစည်းစိမ်အထွေထွေကို အေးအေးလူလူ ခံစားစံစားနေလိုက်ကြသည် ညီညီက အမွေများစွာ ရထားသောခြံတွေ များစွာပိုင်ဆိုင်ထား၏ သူငွေသုံးရန်မရှိလျှင် ခြံရောင်းပြီ ထိုင်သုံး၏ ညီညီတို့မိသားစုက ပင်းတယ ဘက်ကပါ အဖေဖြစ်သူက တပ်မတော်ရေတပ်တစ်ခု၏ ဠာနာချုပ်မှုး အရပ်ဘက်ပြောင်းတော့ ပြည်ထဲရေးဘက်ပြောင်းပြီအငြိမ်းစားယူမှာဆုံးသွား၏ အကိုဖြစ်သူက ကကလှမ်းမှာ အထူးချွန်ဆုံး ပျိုတိုင်းကြိုက်နှင်းဆီခိုင် သို့သော် ငယ်ငယ်ရွယ်နှင့်ပင်ကွယ်လွန်သွားခဲ့လေသည် ညီညီ အကိုဝမ်းကွဲတစ်ယောက်က အတွင်းရေးမှုး (၂) ဗိုလ်ချုပ်တင်ဦး၏ ကိုယ်ရေးအရာရှိ ဗိုလ်မှုးတင်မော်လှိုင် အတွင်းရေးမှုး ရဟတ်ယဉ် မပျက်ကျစဉ်ကတည်းက တင်မော်လှိုင် လုပ်ကြံခံခဲ့ရ၏ သတင်းထုတ်ပြန်တော့ မိမိကိုယ်ကို သတ်သေသွားသည်ဆို၏ ညီညီတို့မိသားစုနှင့် ဦးတင်ဦးမိသားစုက အတော်လေးရင်းနှီးကြ၏ နှစ်အိမ်တစိအိမ်နေခဲ့ကြသောမိသားစုများ ဖြစ်သည် ညီညီက အတွင်းရေးမှုး (၂)

အကြောင်းဗေဒါကိုအတော်လေး အတွင်းကျကျ ရှင်းပြခဲ့ဖူး၏ သူအကိုဝမ်းကွဲဖြစ်သူက ဦးတင်ဦး၏ လူယုံတစ်ဦးဖြစ်ခဲ့သဖြင့် တပ်အတွင်းရေးကို ကောင်းကောင်းသိ၏ ဆရာဝန်ဖြစိသူ ညီညီက နှိင်ငံရေးအတော်လေး လေ့လာအားကောင်းသူဖြစ်သည် လူကောင်းလူတော်တစ်ယောက် ဆေးချတတ်သွားသဖြင့် ဆရာဝန်လည်းဆက်မလုပ် မိသားစုမှာ တစ်ယောက်တည်းအထီးကျန်စွာကျန်ခဲ့ပြီ ရှိသမျှအမွေထိုင်သုံးနေခြင်းဖြစ်သည်


                 ညီညီ ပြောပြခဲ့သမျှ တပ်အတွင်းရေးတစ်ချို့ပြောပြပါမယ့် ဦးသန်းရွှေ ဟာ တပ်မှာ ထိုစဉ်က ပါဝါ မရှိပါ ဦးနေဝင်း၏ လူရင်းသြဇာခံ ဦးခင်ညွန့်၏ကစားကွက်အတိုင်း လ်ုက်ပါနေရသူဖြစ်သည် ထို ကစားကွက်ကို မနှစ်သက်သူများက အတွင်းရေးမှုး (၂) ဦးတင်ဦးပင်ဖြစ်သည် တပ်စကားနှင့်ပြောလျှင် ဖိုက်တာ စစ်စစ် စကားအပိုမပြော ဟော့ဟော့ဒိုင်းဒိုင်း လုပ်တတ်သူဖြစ်သည် တပ်အပေါ်လည်း ဦးသန်းရွှေထက် သြဇာညောင်း၏ သူကို ထောက်ခံသူအများစုဖြစ်သော် ထွန်းကြည် မျိုးညွန့်ကျော်ဘ မြင့်အောင် မြသင်း တို့အားလုံးစစ်တိုင်းမှုးဘဝနဲ့ ၈၈မှာကျော်ဇောခဲ့သူများဖြစ်သည် ထိုလူများက ဦးတငိဦးကို အပြတ်သတ်ထောက်ခံ၏ အတွင်းရေးမှုး (၁) သည် တပ်၏ စီနီယာ ဂျူနီယာအရ တပ်ထိပ်ပိုင်းသို့ရောက်လာရန်လမ်းစမရှိပေ ထောက်လှမ်းရေးညွှန်မှုးတစ်ယောက်က တပ်အကြီးအကဲဖြစ်ရန် တပ်က လက်မခံသော်လည်း အာဏာရှင်ဖြစ်သော ဦးနေဝင်း၏ မိမိအာဏာကာကွယ်ရန်မွေးထောက်ပေးခဲ့သော ထောက်လှမ်းရေးအကြီးအကဲသည်တပ်မှာအကောင်ဖြစ်လာသည်  သူသြဇာကို အတိုင်းထက်အလွန်တည်ဆောက်ထား၏ ဦးစောမောင်ကို ဖြုတ်ချခြင်းတွင် ဦးသန်းရွှေထက် သူအခန်းကဏ္ဍကပိုကြီးမား၏ ထောက်လှမ်းရေးနည်းနာများဖြစ်သော ဦးစောမောင်ကို ဆေးထိုးပေးလိုက်ခြင်းဖြစ်သည် ဦးသန်းရွှေက အလိုက်သင့်လေးပဲ လိုက်ပါနေရသော ကာလဖြစ်သည် ထို အခြေအနေများကို မနှစ်မြိုသူက အတွင်းရေးမှုး (၂)ပင်ဖြစ်သည် ထောက်လှမ်းရေးအကြီးအကဲလက်သုံးစကားဖြစ်သော ၁က ၁ပဲ ၂ က ၂ ပဲဟူသောစကားသည် ၂ကို လန့်နေခြင်းပင်ဖြစ်သည် တပ်ပါဝါအရ တွင်း (၂) ဦးတင်ဦးသာ တပ်၏ ထိပ်ပိုင်းရောက်မည်သာဖြစ်သည် ထိုစဉ်က စီးပွားရေးသမားများတွငိလည်း ၁ လူ ၂ လူ အများအပြားကွဲနေကြ၏ ထို အခြေအနေအရပ်ရပ်တွင် အတွင်းရေးမှုး(၃)ကို ၀ဏ္ဍတို့အဖေကို ပေးလိုက်ခြင်းဖြင့်  အတွင်းရေးမှုး (၂) ပါဝါ ကို ခွဲထုတ်ခြင်းပင်ဖြစ်သည် ထိုအမိန့်ကို ဦးနေဝင်း၏သမီးတော်နှင့် ထောက်လှမ်းရေးအကြီးအကဲဖြစ်သူတို့က ဖန်တီးခဲ့ကြခြင်းသာဖြစ်သည် အတွင်းရေးမှုး (၁)ဖြစ်သူကတော့ ဘယ်အရာမှာလက်အလွှတ်ပဲ ကကလှမ်းသြဇာသာ ကြီးထွားရန်တည်ဆောက်၏ ညီညီအက်ုဝမ်းကွဲဖြစ်သူသည် ထ်ုကာလာများတွင် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရသည်ဟုဆို၏ အကြောင်းမှာ ဖြုတ်ထုတ်သတ် အစီအစဉ် မိမိလူကြီးပါဝင်နေပြီကို သူကြိုတင်သိရှိခဲ့ပုံရသည် ထိုအကြံအစည်ကို လက်တွေ့အကောင်အထည်ဖော်လာပါကာ သူလည်း အသက်ပေးကာကွယ်ရန် အသင့်ရှ်သော်လည်း အလုံးစုံတော့စွမ်းနှိင်မည် မဟုတ်ပေ ထိုစဉ်အတောအတွင်းမှာပင် တင်မော်လှိုင် လုပ်ကြံခံခဲ့ရ၏ တပ်က သတင်းထုတ်ပြန်သော်အခါ မိမိကိုယ်မိမိသတ်သေသွားသည်ဟုဆို၏ သူအသုဘအခမ်းအနားကို သူလူကြီးကိုယ်တိုင် အလံလာခြုံပေးသွား၏ တင်မော်လှိုင်က တပ်မှာ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှုး ၏ ကိုယ်ရေးအရာရှိ တပ်သဘောတရားများနှင့် ခြေမြန်တပ်မများအကြောင်း စစ်ရေးဗျူ ဟာများကျွမ်းကျင်သူဖြစ်သည် သူအပတ်စဉ်က လူတွေ ယနေ့တိုင်းပြည် အထွဠ်အထိပ်ရောက်ရှိနေပြီ ဖြစ်သည် မိသားစုမျိုးရိုးလိုက်က ယောက်ကျားလေးဆို စစ်သားပဲလုပ်ခိုင်းခဲ့သောမျိုးရိုး ဘကြီးဖြစ်သူက တပ်မှာ တိုကိပွဲပေါင်းများစွာကျော်လွားအောင်မြင်ခဲ့သော စစ်ဗိသုကာကြီး လွတ်လပ်ရေးမော်ကွန်းဝင် တစည၏ ပဲ့ကိုင်ရှင် အမိန့်ကို စဉ်ဆက်မပြတ်နားထောင်ခဲ့သော စစ်သားကောင်းတစ်ဦး သူမျိုးဆက်များက လည်း စစ်သားအများစု တင်မော်လှိုင် ထ်ုသို့ဖြစ်ပြီးနောက်ပိုင်းတွင်တော့ ညီညီ တို့နောက်မျိုးက်သစ်များတွင်တော့ စစ်သားတစ်ယောက်မှာ မရှိတော့ပေ စစ်သားကို စိတ်နာသွားကြတဲ့ ပင်းတယ မိသားစုပါ ညီညီအဒေါ်က စာရေးဆရာမတစ်ဦးဖြစ်သည်


            ညီညီ နှင့် အတူ ကိုးမိုင်တွင် ၄ရက်လောက်အနားယူပြီးနောက် ဂျပန်သွားမည့်အချိန်ရောက်လာသဖြင့် ဗေဒါလည်းပြင်ဆင်ပြီး mr.လု ခြံသို့ထွက်ခွာလာလိုက်သည်  အရှေ့ဆီက နေဝန်းနီနီသို့ ဗေဒါ ရောက်ရှိရပေအုံးမည် ထိုခရီးတွင် mr.လု သမီးဖြစ်သူဝင်ဒီလု မိဂျင်းရှမ်းဆိုသောစင်္ကာပူမလေးတစ်ယောက် သားဖြစ်သူ ဗေဒါ လော်ရှည် အားလုံးပေါင်း ၆ယောက် ဂျပန်သို့ ထွက်ခွာလာကြသည်

အတိတ်ကဂျပန်နှင့် ယနေ့ဂျပန်မတူတော့ပြီ စစ်အရှုးသမားတွေက ရုပ်လုံးကြွခဲ့ပြီ


ပြောပြမယ် ဂျပန်အကြောင်း


                 မနက်ဆို ပဲပြုတ်ဗျို့ လို့အော်သံမကြားရဘူး ဒူဝေဝေ ဆိုပြီး ဘုန်းကြီး ဆွမ်းခံလာရင်ထုတဲ့ ကြေးစည်သံလဲမကြားရဘူဗျာ ချိုကျတို့ ပေါ့ဆိမ့် တို့ရတဲ့ လ္ဘက်ရည်ဆိုင်လဲဗလာ ငွေပြတ်လို့ ဗူးလိုက် ဝယ်မသောက်နိုင်တဲ့အခါ တစ်ရာဖိုး သုံးလိပ်ရောင်းတဲ့ ကွမ်းယာဆိုင်လဲမရှိဘူး ကလေးလေးတွေကို မုန့်ဖိုးပေး အရက်ဝယ်ခိုင်းရင်လဲ ဆိုင်တွေက မရောင်းပေးဘူး လမ်းတွေမှာ တစ်ခွက် ငါးဆယ်နဲ့ ဝယ်သောက်လို့ရမဲ့ ရေခဲရေရောင်းတဲ့ဆိုင်လဲမရှိဘူးဗျာ ကျူပ်တို့မြန်မာလို ကုန်တိုက်ထဲဝင်ရင် သူခိုးစစ်သလိုစစ်တဲ့ လုံခြုံရေးတွေလဲမရှိဘူး တခါတလေ ငွေလေးမလောက်မငဖြစ်လို့ ဆန်း လေးလုံး ငါးလုံး ဆီ ငါးကျပ်သား တစ်ဆယ်သား ဝယ်လို့လဲမရဘူး အဝတ်အစားဝယ်ချင်လို့များသွားရင်လဲ ဈေးအလျော့အတင်းကမရှိပြန်ဘူး ညညအိပ်တော့လဲ ခြင်ထောင်ကမရှိပြန် ထမင်းစားပြီး အုပ်ဖို့ အုပ်ဆောင်းကမဲ့ ရေခဲသတ္တာထဲ ထည့်ထည့်ထားရတယ် ဘီယာကလေးသောက် ဆိုင်ကယ်လေးမောင်းပြန်ရင်လဲ ဒဏ်ရိုက်သတဲ့ မလွယ်ပါဘူး ပိုက်ဆံပေး ကော်ပီကူးတာတောင် ကိုယ့်ဘာသာကူးရတဲ့အဖြစ် လမ်းကူးတာတောင် စိမ်းမှတဲ့ မျက်လုံးပါတာပဲ ကားမလာရင်ကူးမှာပေါ့ တခါတလေ ပိုက်ဆံအကိုင်ကြမ်းလို့ ပြဲသွားတာ တိပ်လေးအသာကပ် အကောင်းကြားက ညှပ်ပေးတာပေါ့ ဒါကို ဆိုင်ဝန်ထမ်းက ရပါတယ်တဲ့ ဘယ်လောက်ပြဲပြဲ တိပ်မကပ်လဲ ပြန်လဲပေးတယ်တဲ့ သူများက စေတနာနဲ့ တိပ်ကပ်ပေးတာကို  ပန်းကြည့်ပွဲသွားတယ် ပန်းတွေလှလို့ ခူးပြီး ဘုရားတင်မယ်ကြံတော့ မခူးရဘူးတဲ့ အလှပဲကြည့်ရတယ်ဆိုပဲ  ကိုယ်တွေလူမျိုးက ပန်းဆိုတာ ပန်မှ အပင်ပေါ်မှပွင့် ညှိုးပြီးမြေခတာကို အလှကြည့်သတဲ့ ဒီလိုမျိုး မထော်မနန်းတွေ သိပ်တွေ့ရတာ ခွေးနဲ့လမ်းလျှောက်ထွက်တာ ခွေးချီးပါတာကို မရွံ့မရှာ ကျူံးပြီးတော့ အိမ်ပြန်ယူပစ်ကြသတဲ့ ဘေးဘီဝဲယာက ဘာလေးညာလေးနဲ့ဖုံးလိုက်ရင် ကိစ္စပြတ်နေတာကို ဂျပန်ဝက်အူ အရစ်ရှည်ပုံတွေ ပြောရင်လဲ ကုန်မှာမဟုတ်ပါဘူး


            

-

- ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတွေဟာ “စည်းကမ်းကောင်းမွန်” ပြီး “တာဝန်ယူတဲ့စိတ်” အပြည့်အ၀ရှိတာကိုတော့ မကြာခဏကြားဘူး၊ သိဘူးနေပါတယ်၊

- သူတို့ နိုင်ငံကိုလည်း အမှန်တကယ်တိုးတက်၊ မြင့်မားလိုတဲ့စိတ် တနည်းအားဖြင့် “နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်” လည်း အပြည့်အ၀ရှိကြလို့ ကမ္ဘာပေါ်မှာ မြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိနေကြတာပါ၊

- “ဒီမိုကရေစီစနစ်” ကိုလည်း ဘုရင်အုပ်ချုပ်တဲ့စနစ်နေရာမှာ မှန်မှန်ကန်ကန်အစားထိုးပြီး ကျင့်သုံးခဲ့တာ အာရှတိုက်မှာ တော်တော်ကြာနေပါပြီ၊

- ဒီမိုကရေစီစနစ်ဆိုတော့ နိုင်ငံရေးပါတီတွေလည်း အများအပြားရှိကြတာမို့ “အာဏာရလာတဲ့ပါတီ” က အစိုးရ ဖွဲ့ပြီးစီမံခန့်ခွဲကြရပေမယ့် နိုင်ငံနဲ့လူမျိုးတိုးတက်ဖို့ကိစ္စကိုတော့ ဘယ်တော့မှ “မျက်ခြေပြတ်မခံဘဲ” ဦးစားပေး အဆင့်တစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြတာ အစဉ်အလာတစ်ခုပါဘဲ၊

- အစိုးရအဖွဲ့အနေနဲ့ တစ်ခုခုအမှားအယွင်းရှိလာခဲ့ရင်လဲ တာဝန်ယူတဲ့စိတ်အပြည့်အ၀နဲ့ တာဝန်ယူကြတာမို့ “ဂျပန်နိုင်ငံရေးသမိုင်း” မှာ “သတ်မှတ်ထားတဲ့သက်တမ်း” (၄/၅ နှစ်) အပြည့် အုပ်ချုပ်နိုင်တဲ့ အစိုးရအဖွဲ့ဆို တာ မရှိသလောက်ရှားပါးလှပါတယ်၊

- ၀န်ကြီးဌာနတစ်ခုချင်းအနေနဲ့ဆို ပိုပြီးသက်တမ်းနည်းပါးတာတွေ့ရတယ်၊

- ၀န်ကြီးတစ်ယောက်ချင်းစီဟာ တာဝန်ယူထားတဲ့ လုပ်ငန်းတစ်ခုခုမအောင်မြင်ရင် (ဒါမှမဟုတ်) ချို့ယွင်းအား နည်းချက်ဖြစ်သွားရင် ကိုယ့်တာဝန်ကိုယ်ယူပြီး နုတ်ထွက်သွားကြတာမျိုးတွေ မကြာခဏတွေ့နေကြားနေရ တယ်၊

- ပြီးတော့ ဂျပန်နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ၊ ကာကွယ်ရေးမူဝါဒ၊ ကျန်းမာရေးမူဝါဒ၊ ပညာရေးမူဝါဒ၊ စတဲ့ “အဓိကကျတဲ့မူဝါဒ” ကိစ္စတွေကို သီးခြားဖွဲ့စည်းထားတဲ့ “Council” တွေနဲ့ (၅-နှစ်)၊ (၁၀-နှစ်)၊ နှစ် - ၃၀၊ နှစ် - ၅၀ Plan တွေ အခိုင်အမာရေးဆွဲထားပြီး “တက်လာတဲ့အစိုးရအဖွဲ့” အဆက်ဆက်က အောင်မြင်အောင် အကောင်အထည်ဖော်ပေးရတဲ့စနစ်တွေကို ဆောင်ရွက်ထားတယ်၊

- “ဒီပါတီအာဏာရပြီးအစိုးရဖွဲ့” ရင်တစ်မျိုး၊ “နောက်ပါတီအာဏာရပြီးအစိုးရလာရင်” နောက်တစ်မျိုး လုပ်ခွင့် မပေးထားဘူး၊ 

- အဲဒီတော့ ဘယ်သူဘဲနိုင်နိုင်၊ ဘယ်ပါတီဘဲအစိုးရဖွဲ့ဖွဲ့၊ ဂျပန်နိုင်ငံဟာ မှန်မှန်ကြီး၊ ဖြောင့်ဖြောင့်တန်းတန်း တိုးတက်နေတာ မဆန်းဘူးလို့ သိလိုက်ရတယ်၊

- အဲဒီမှာ မူဝါဒတွေကို တာဝန်ယူပြီးရေးဆွဲတဲ့ “Council” တွေနဲ့ Council အဖွဲ့ဝင်တွေဟာ အဓိကနေရာမှာ ရှိနေတာတွေ့လိုက်ရတယ်၊

- အဲ့ဒီ Council တွေကို ပျမ်းမျှအဖွဲ့ဝင် (၂၀) ဦးလောက်စီနဲ့ ဖွဲ့စည်းပေးထားပြီး၊ အရည်အချင်းရှိပြီး အငြိမ်းစား ယူထားတဲ့ “ဌာနဆိုင်ရာတာဝန်ရှိ” သူတွေ၊ လူအများကြည်ညိုလေးစားတဲ့ “ကုန်သည်/လုပ်ငန်းရှင်” တွေ၊ ပြည့်ဝတဲ့ “ပညာရှင်” တွေဆိုတဲ့ အလွှာအသီးသီးက အမှန်တကယ် “အရည်အချင်းပြည့်ဝြပီး” “နိုင်ငံနဲ့လူမျိုး ကိုချစ်တဲ့စိတ်” ရှိတဲ့ ပုဂိုလ်ကြီးတွေနဲ့ ဖွဲ့စည်းပေးထားတယ်၊

- အဲဒီ Council ၀င်တွေဟာ “လစာတစ်ပြား” မှ မရကြဘူး၊ “ဂုဏ်သိက္ခာ” အတွက်နဲ့ “နိုင်ငံနဲ့လူမျိုး” အတွက် အလုပ်လုပ်နေကြတာလို့လဲသိရတယ်၊

- “၂ - နှစ်ကိုတစ်ကြိမ်” ရွေးချယ် တာဝန်ပေးတာလို့လဲ လေ့လာကြည့်တော့ တွေ့ရတယ်၊

- အဲဒီပုဂိုလ်ကြီးတွေက ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုး တွေရဲ့ အကျိုးစီးပွားကိုသာ မျှော်မှန်းပြီး “သက်ဆိုင်တဲ့မူဝါဒ” တွေကို နှစ်ရှည်ရေးဆွဲထားကြတယ်၊

- ၄ -နှစ်တစ်ကြိမ် တက်လာတဲ့ အစိုးရအဖွဲ့အသီးသီးက အဲဒီမူဝါဒတွေကို အောင်မြင်အောင် အကောင်အထည် ဖော်ကြရတာဘဲ၊

- ငါအာဏာရလာပြီမို့ “ငါကြိုက်သလိုလုပ်မယ်” ဆိုတဲ့ စိတ်မျိုးမရှိကြသလို “ကိုယ်ကျိုးစီးပွား” အတွက် ဟိုလို မြင်မယ်၊ ဒီလိုမြင်မယ်ဆိုရင်လဲ ခွင့်မပြုတော့ဘူး၊

- ပိုပြီး ကောင်းအောင် “အကြံပြု” လို့ရပါတယ်၊ ပိုပြီးကောင်းမယ်ဆိုရင် Council ၀င်တွေနဲ့ အသေးစိတ်ချပြ ဆွေးနွေးပြီး “ထပ်ဖြည့်လို့” လည်းရတယ်တဲ့၊

- အဲဒီလိုဆောင်ရွက်ထားတော့ ဂျပန်နိုင်ငံဟာ တစ်နှစ်ပြီးတစ်နှစ် မှန်မှန်ကြီး တိုးတက်နေတော့တာပေါ့၊

- “Council ၀င်တွေရဲ့အခန်းဂဏ္ဍ” တော်တော်အရေးကြီးတာတွေ့လိုက်ရတယ်၊

- ကျွန်တော်တို့ဆီမှာရော ပြန်လေ့လာကြည့်လိုက်ရအောင်၊

- ၀န်ကြီးဌာနအသီးသီးမှာ “အကြံပေးဆိုတဲ့” ပုဂိုလ်တွေကို အစဉ်အဆက်ခန့်အပ်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့တဲ့ အစဉ်အလာရှိတာတွေ့ရပါတယ်၊

- တကယ်ကောင်းတဲ့ အကြံ/ဥာဏ် တွေ့ရ/မရတော့မသိပါဘူး၊ “၀န်ကြီးတစ်ဦးထဲ” ကခန့်အပ်ထားတာမို့ အဲဒီ ၀န်ကြီးအကြိုက် “အလိုက်အထိုက်” နေထိုင်သွားကြတာက ပိုပြီးများမယ်ထင်ပါတယ်၊

- ပြီးခဲ့တဲ့ ၅ - နှစ်ကာလမှာဆို ပိုပြီးဆိုးဝါးတဲ့အခြေအနေတွေ ရှိခဲ့တယ်လို့ကြားရတယ်၊


         mr.လု တို့ လာရောက်တွေ့ဆုံတဲ့လူက ဂျပန်အစိုးရအဖွဲ့က အကြံပေးအရာရှိတစ်ယောက်ပါ သူက ယာကူဆာအဖွဲ့ဝင်တစ်ယောက်လည်းဖြစ် စီးပွားရေးသမားတစ်ယောက်လည်းဖြစ်ပြန်တယ် သူက အဲဒီကာလက ဂျပန်အစိုးရအဖွဲ့မှာ အတော်လေး အရာရောက်ပါတယ် ဗေဒါ လေ့လာမိသလောက် စကားပြော သိမ့်မွေ့တဲ့လူတစ်ယောက်ပါ အကြံပေးအကြောင်း နည်းနည်း ရှင်းပြပါမယ်


- ၀န်ကြီးဌာနတစ်ခုမှာ အဲဒီဝန်ကြီးကို စာသင်ပေးနေတဲ့ ပုဂိုလ်တစ်ဦးကို အဲဒီဝန်ကြီးဌာနရဲ့ “အကြံပေး” ဆိုတဲ့ ရာထူးနဲ့ နေရာပေးခဲ့တော့ အဲဒီပုဂိုလ်က “အကြံပေးရာထူး” ဆိုတဲ့ “မာန်” တက်သွားပြီး ဒုဝန်ကြီးနဲ့ “Level” တူ 

လုပ်ကိုင်ခွင့်ရှိပါတယ်

- အစည်းအဝေးမှာ ညွှန်ချုပ်တွေရဲ့ရှေ့မှာ နေရာယူခဲ့တဲ့အပြင် “၀န်ကြီးဌာန E.C” လို့ခေါ်တဲ့ အစည်းအဝေးမှာ ၀င်ထိုင်တာတင် အားမရတော့ဘဲ “၀င်စာ/ထွက်စာမှန်သမျှ” ဒုဝန်ကြီးဆီမတင်မှီ သူ့ဆီအရင်တင်ပြရမယ်လို့ စီစဉ်တဲ့အထိဖြစ်ခဲ့တယ်တဲ့၊

- နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့တွေ့ရင်လည်း သူကသာ အဓိကတွေ့ဆုံပြီးမှာ ကျန် တဲ့လူတွေ တွေ့ဆုံရပါတယ်

- ပြီးတော့ အဲဒီလို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့ကိုလည်း “Food Person” ကောင်းရင် “သူ့နာမည်၊ သူ့လိပ်စာ၊ သူ့ Email” တွေဘဲပေးလိုက်တာမို့ လစဉ်ထောက်ပံ့ပေးတဲ့ “နိုင်ငံခြားထောက်ပံ့ငွေ” တွေနဲ့ တော်တော်လေးရရှိသူတစ်ဦးလည်းဖြစ်ပါတယ်

- ပြီးတော့ “၀န်ကြီးနဲ့ Call” တွေ့ချင်ရင်လည်း သူက “ပွဲစား” လုပ်ပေးတာမို့ သီးခြားဝင်ငွေရနေသေးတယ် အဲအကြံပေးကနောက်ပိုင်း မြန်မာပြည်မှာ အလုပ်လာလုပ်တဲ့အထိ မြန်မာစစ်အစိုးရကြားမှာ ပေါက်ရောက်ခဲ့သူပါ

  

- အကြံပေးနဲ့အဆင်ပြေအောင်ပေါင်းသင်းနိုင်ရင် ဌာနအတွင်း ရာထူးတိုးပေးဖို့ကိုလည်း တာဝန်ယူပြီးလုပ်ပေးနိုင်တဲ့ အထိအစွမ်းထက်ပါတယ်၊

- ပညာရှင်တွေဆိုတော့ “ကိုယ်ကျိုးစီးပွား” အတွက်တော့ ကြိုပြီးစဉ်းစားထားတာမို့ ၅ - နှစ် သက်တမ်းအတွင်း နေရာတစ်နေရာ ရအောင်ဖန်တီးဖို့ စတင်အကောင်အထည်ဖော်နေတဲ့သဘောရှိပါတယ် 

- ဗေဒါတို့နိုင်ငံကို “ဂျပန်” လိုတိုးတက်စေချင်ပါတယ်၊

- ဗေဒ်ါတို့ လူမျိုးကို “ဂျပန်” လိုမြင့်မားစေချင်ပါတယ်၊

- နောက်အနှစ် “၂၀” မှာ “စင်္ကာပူ” ထက်ပိုပြီး သာတဲ့အပြင် “ဂျပန်လိုအဆင့်မျိုးထိ” ရောက်စေချင်ပါတယ်၊

- “အခြေခံ” က စပြီးပြင်ဆင်ထားမှ အခြေခံကောင်းအောင်လုပ်ထားမှ “အပေါ်ထပ်” ကို မြင့်မြင့်/မားမား ရောက်နိုင်မှာပါ၊ သို့သော် စစ်အစိုးရရဲ့စွမ်းရည် က ထိုသို့အကောင်အထည်ဖော်ရန် လုံလောက်သော အသိညဏ်မရှိပါ စစ်အစိုးရက သူ့အာဏာတည်မြဲရေးနှင့် သူ့ချမ်းသာကြီးပွားရေးသာ အစဉ်တစိုက်ကြိုးပမ်းခဲ့သူများသာဖြစ်တယ် 


                     ဂျပန်မှာ လော်မိသားစုပိုင် အိမ်ရှိပါတယ် အဲအိမ်မှာပဲ ဗေဒါတို့နားခိုကြတာပါ mr.လု ဂျပန်ကိုလာခြင်း ရည်ရွယ်ချက်ကြီးကြီးမား ရှ်မည်ထင်၏ mr.လုနှင့် တွေ့သော်သူသည် ဂျပန်အစိုးရအဖွဲ့တွင် အထင်ကရ တစ်ယောက်ဖြစ်ပါတယ် သူကယာကူဆာ အဖွဲ့ဝင်တစ်ယောက်ဟု ဗေဒါ သိရှိခဲ့ပြီးနောက် ဂျပန်ယာကူဆာတွေ မြန်မာပြည်မှာ ရှိနှိင်သလားဟု သူကိုမေးတော့ ရှိပါတယ်လို့ဆိုတော့ ဗေဒါစိတ်ဝင်စားသွားပါတယ် ယာကူဆာတွေက တစ်ကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် စိမ့်ဝင် ပျံ့နှံ့လျှက်ရှိပေသည် အဖွဲ့သားများကိုတော့ အထူးလှိုဝှက်ထား၏ ဗေဒါ အသိချင်ဆုံးက မြန်မာပြည်က ယာကူဇာမည်သူလဲဆိုတာပါ  ယာကူဇာ အကြောင်း ဗေဒါ လေ့လာခဲ့သလောက် တင်ပြပေးလိုက်ပါတယ်


• ယာကူဇာ များ ရဲ့ ဘဝ


ယာကူဇာ များ ကို “ ဂို ခုဒို ”-Gokudo ဟူ၍ လည်း ခေါ်ဆို ပါတယ် ။ ယာကူဇာ အဖွဲ့ အစည်း ပေါ်ပေါက် လာပုံ နဲ့ ပတ်သက်လို့ တိတိ ကျကျ မှတ်တမ်း မရှိခဲ့ပေမဲ့ ယာကူဇာ အဖွဲ့များကို တော့ ပုံစံ နှစ်မျိုး နှင့် ပိုင်းခြား ထားပါတယ် “ ဘာခုဒို ”-Bakuto နဲ့  

“ တက်ခိယ ”-Tekiya ဆိုပြီးတော့ ဖြစ်ပါတယ် ။ သူတို့ ဟာ “ အဲဒို ”-Edo ခေတ်လယ် ပိုင်း ကာလ ( 1603-1868 ) က စ၍ ထင်ရှား လာ ပါတယ် ။ 


တက်ခိယ-Tekiya တို့ဟာ အဓိက အားဖြင့် တရားမဝင် ပစ္စည်းများ ရောင်းချင်း ၊ ခိုးယူချင်း ၊ ပြန်ပေးစွဲချင်းများ ကို ပြုလုပ် ကြလေ့ ရှိပါတယ် ။ ဘာခုဒို-Bukuto တွေ က တရားမဝင် လောင်းကစားဝိုင်းများ ထောင်ခြင်း ကို ပြုလုပ်ပါတယ် ။ 


တက်ခိယ-Tekiya များဟာ အဲဒို ခေတ် ကာလ မှာ အနိမ်ကျဆုံး လူ့အဖွဲ့အစည်း အဖြစ် သတ်မှတ်ခံ ခဲ့ ရ ပါတယ် ။ ရှီတို-Shito Festival  ပွဲတော်များ အတွင်း သူတို့တွေဟာ မြင်းဇာင်းများ ကို ထိန်းသိမ်း တာ ဝန်ယူ ကြ ရတဲ့ သူတွေ ဖြစ် ပြီး ၊ ပွဲတော် ကာလ အတွင်း ကုန်စည် ရောင်းဝယ် ချိန် မြင်းဇောင်းများ နှင့် ကုန်စည်များ ကို စောင့်ကြပ် ထိန်းသိမ်း ရန် အတွက် သူတို့ ကို ငှားရန်း ကြ ရပါတယ် ။


နောက်ဆုံး မှာ အဲဒိုး အစိုးရ က “ တက်ခိယ ” များကို တရားဝင် အဖွဲ့အစည်း အဖြစ် အသိအမှတ် ပြုပေး ခဲ့ပြီး “ အိုရာဘွန်း ” ( Oyabun ) ခေါ် ခေါင်းဆောင် များကို လဲ ရွေးချယ် ခန့် အပ်ပေးခဲ့ သလို “ ခါ့တနာ့-Katana ” ဓါးများ ကိုလည်း ကိုင်ဆောင်ခွင့် ပြုခဲ့ပါတယ် ။ 


ထိုခေတ် အခါက “ ခါ့တနာ့” ဓါး ကို ကိုင်ဆောင်ခွင့်ရှိသူ ဟာ ဆာမူရိုင်းများ နှင့် ဂုဏ်သရေ ရှိသူများ သာ ကိုင်ဆောင်ခွင့် ရခဲ့ ကြတာပါ ။ ဒါဟာ “ တက်ခိယ ”များ အတွက်တော့ နေရာ အဆင့်တစ်ခု သို့ ရောက်ရှိ တက်လှမ်းလာနိုင် ခြင်းပါဘဲ ။  


ဘာခုဒို-Bakuto များဟာ ကုန်သည် အသိုင်းအဝိုင်း ထက် များစွာ အဆင့် နိမ့်ကျ တဲ့ တရားမဝင် လောင်းကစား ပြုလုပ်သော အသိုင်းအဝိုင်း တစ်ခုသာ ဖြစ်ပါတယ် ။ အများစု ဟာ သေးငယ်တဲ့ လောင်းကစားရုံများ ကို  မြို့အစွန်၊ ရွာအစွန် မှာ ရှိတဲ့ ဘုရားကျောင်း ပျက်များ ၊ စေတီပျက်များ စသော နေရာများ တွင် တည်ထောင် ကြတယ် ။ အဆိုပါ လောင်းကစားရုံ အများစု ဟာလဲ ငွေတိုး ချေးခြင်း လုပ်ငန်းများကို ပူးတွဲ လုပ်ကိုင် ကြပါတယ် ။ 


အခြား အဲဒို-Edo အသိုင်းအဝိုင်းများ က မနှစ်သက်ဖွယ် အမြင်များ ရှိသော် လဲ “ ဘာခုဒို ”တို့ သည် သူတို့ လောင်းကစားရုံ ရှိရာ နေရာမျာကို “ ဘာခုဒို ”ရပ်ကွက် များ ဆိုပြီး သတ်မှတ် ခေါ်ဆိုကြတယ် ။ ထို သို့ အခြေအနေ ပုံရိပ်တစ်ခု အောက်မှာ့ ပင် ရှိလင့် သော်ငြား“ ဘာခုဒို ” များ ဟာ ယာကူဇာ အဖွဲ့ အစည်း ကို တည်ထောင်ခဲ့ ကြ ပါတယ် ။ ယာကူဇာ ဆိုသော အမည်နာမ တစ်ခုဟာလဲ ရိုးရာ ဂျပန်ဖဲ ကစား နည်း “ အိုချို ခဘု-Oichokabu ” ကနေ ဆင်းသက်လာ တာပါ။


ယာကူဇာ ဆိုတာဟာ အမှန်တော့ နံပါတ် 893 ကိန်းဂဏန်းများ သာ ဖြစ်ပါတယ် ။ 

“ Ya - ရှစ်”.. “ Ku - ကိုး  ”.. “ Za - သုံး ” 


“ အိုချို ခဘု ” ဟာ “ ဘလက် ဂျက်-Black Jack ” ကစားနည်း နဲ့လည်းဆင်တူ ပြီး ကစား သူဟာ ပေါင်းခြင်း 19 ရရှိ လျှင် အားလုံး ကို အနိုင် ရ ရှိပါတယ် ။ ဒါပေမဲ့ ဖဲကတ် ဝေရာမှာ ပေါင်းခြင်း 20 ရရှိ ပါမူ ကိန်းဂဏန်း မြင့်သော်လဲ တန်ဖိုး မဲ့ သွားစေ ပါတယ် ။ 


“ အဲဒို ” အလယ်ခေတ် ကာလ စီးပွားရေး အခြေအနေ များဟာ ကုန်သည်များ ရဲ့ ကြီးစိုး ချယ်လယ် မှု့များ ၊ ဖွင့်ဖြိုး တိုးတက်လာသော ယာကူဇာ အုပ်စု များ က ပြစ်မှု့ငယ်များ ကို ကျူးလွန် ခြင်းများ နဲ့ ရင်ဆိုင်ခဲ့ရ ပါတယ် ။ 


.နိုင်ငံ အတွင်း ကုန်ပစ္စည်း အတုများ ၊ အရည်အသွေး ညံဖြင်း သော ကုန်ပစ္စည်းများ ၊ တရားမဝင် ကုန်ပစ္စည်းများ ကို မတန်တဆ ဈေးနှုန်းများ နှင့် ရောင်းခြနိုင်ဖို့ ရာ ကုန်သည် လူတန်းစား တစ်ချို့ဟာ ပြစ်မူ့ငယ်များ ကျူးလွန်တတ်သော ယာကူဇာများ နဲ့ ပေါင်းခြင်း ၊  ယာကူဇာ အုပ်စုများ ကို သီသန့် တည်ထောင်ခြင်းများ ပြုလုပ်လာခဲ့ကြ ပါတော့တယ် ။ 


ယနေ့ခေတ်  ဥပမာ အားဖြင့်  တရားမဝင် လောင်းကစား လုပ်ငန်း မှာ့ အဓိက ဝင်ငွေ ရနေ သော အဖွဲ့ များ ဟာ သူတို့ ကို သူတို့ “ ဘာခုဒို ” လို့ သတ်မှတ် ပြောဆိုကြ ပါတယ် ။ 


ယာကူဇာ အဖွဲ့များ ဟာ ပုံစံ မျိုးစုံ ကွဲပြားနေစေကာ မူ အဖွဲတစ်ခု ဟာ အခြားသော အုပ်စု တစ်ခုခု နှင့် ပေါင်းစပ်ခြင်းကို ပြုလုပ်လေ့ ရှိပါတယ် ။ ယာကူဇာ များ၏ မူလ အရင်းအမြစ် ပုံစံ များကို “ တက်ခိယ ” သို့မဟုတ် “ ဘာခုဒို ” ရိုးရာဓလေ့ များ ပေါင်းစပ်ခြင်း ပုံစံသွင်း အခမ်းအနား များတွင် ဒီနေ့ ထိ တွေမြင်နိုင်ပါတယ် ။ 


.....................................................................................


• အိုရာဘွန်း-ခိုဘွန်း ပုံစံ ဖွဲ့စည်း လုပ်ကိုင်ခြင်းများ •


ယာကူဇာ ဖွဲ့စည်းပုံ များ ဟာ ဆိုလျှင် ဂျပန် ရိုးရာ အစဉ်အလာ ကြီးစဉ်ငယ်လိုက် တည်ဆောက်ပုံ စနစ် အိုရာဘွန်း-ခိုဘွန်း Oyabun Kobun ကို အခြေခံပြီး ဖွဲ့စည်း ထားပါတယ် ။ 


ခိုဘွန်း ( စောင့်ရှောက်ထား သော ခလေး ) ဟာ သူ့ကို ကြွေးမွေး စောင့်လျှောက် ထားသော အိုရာဘွန်း ခေါ် ခေါင်းကိုင် ဖခင် ထံ သစ္စာခံပြီး အလုပ်အကြွေးပြုရန် 

တာဝန် ရှိသည် မှတ်ယူ ရ ပါတယ် ။ သစ္စာရှိမှု့နဲ့ လေးစားမှု့ သက်တမ်းကာလ ကို ဂျင်ဂီ ( တရားမျှတမှု့ နဲ့ တာဝန် ) ကာလ လို့ သတ်မှတ်ခဲ့ ကြပါတယ် ။ 


အိုရာဘွန်-ခိုဘွန် ဆက်ဆံရေးဟာ ဆိုရင် ရိုးရာ အခမ်းအနား တွင် အရက်ခွက် တစ်ခုထဲမှာ့  ဆာကေး အရက် မျှဝေ ပုံ ကို ဖော်ကြူး ထားခြင်း ဖြစ် ပါတယ် ။ ဒီရိုးရာ ဓလေ့ ဟာ ဆိုရင် ယာကူဇာ တွေ ဆီက ပေါ်ပေါက် လာတာ တော့ မဟုတ် ပါဘူး ။ ဒီ ဓလေ့ ဟာ အများအားဖြင့် ဂျပန် ရိုးရာ ရှင်တို မင်္ဂလာဆောင် အခမ်းအနား များ နဲ့ ညီရင်းအကို ဆက်ဆံရေး အတွက် ကျမ်းသစ္စာ ကျိမ်ဆို ပွဲ များ မှာ့ တဆင့် ပေါ်ပေါက် လာခြင်း သာ ဖြစ်ပါတယ် ။ 


ယခုခေတ် ယာကူဇာများ အဖြစ် လေလွင့် လူငယ်များ ၊ အလယ်တန်း နှင့် အထက်တန်း ကျောင်းများ မှာ့ နိမ်ကြသော စီးပွားရေး လူမှု့ရေး အခြေခံများ ရှိသော ကျောင်းသား များ ဟာ ဘိုဆို ဇိုကူ-Bosozoku ဂိုဏ်း အဖွဲ့ဝင်များ က တစ်ဆင့် ပေါ်ထွက် လာခဲ့ပါတယ် ။ ယာကူဇာ အဖွဲဝင် အများအပြား ဟာ ဘာယာ ကူမင်-Burakumin နဲ့ ကိုရီးယား နောက်ခံ လူမျိုးစုများ ကနေ လဲ ပေါက်ဖွား လာ ကြ ပါတယ် ။ 


ယာကူဇာ အုပ်စုများ မှာ အိုယာဘွန်း သို့မဟုတ် ကူမိချို - Kumicho တစ်ဦး က ခေါင်းဆောင် ပါတယ် ။ ထို သူတို့ မှာ့ တဆင့် လက်အောက် ခံ ခိုဘွန် အဆင့်ဆင့် ကို အမိန့်ပေးလေ့ ရှိပါတယ် ။ ယာကူဇာ အဖွဲ့ဝင် များ ဟာ သူတို့ ရဲ့ ကိုယ်ပိုင် မိသားစု သံယောဇဉ် ကို ဖြတ်တောက် ပြီး ဂိုဏ်းအဖွဲ့ ကို သစ္စာခံခြင်း ဖြင့် အဖွဲ့ ဝင်ကြ ပါတယ် ။ ထိုနောက် သူတို့ အဖွဲ့ ထဲက အဖွဲဝင် အချင်းချင်း ကိုသာ ဖခင် ၊ အကို ၊ ညီ အဖြစ် သတ်မှတ် ကြ ပါတယ် ။  


ယာကူဇာ အဖွဲ့ များတွင် အမျိုးသားများ သာ အများစု ဖြစ်ပြီး အမျိုးသမီးပါ ဝင်မှု့ က အလွန် နည်းပါး ပါတယ် ။ အဖွဲ့ဝင် အမျိုးသမီးများ ကိုတော့ အနီဆန်-Ane-San ( အမကြီး ) လို့ ခေါ် ကြ ပါတယ် ။


1980 ခုနှစ် တတိယမြောက် ယာမာဂူချီ ဂိုဏ်းခေါင်းဆောင် ကာဇူအို တာအိုက-Kazuo Taoka ကွယ်လွန်စဉ် က သူ့ မိန်းမ ဖူမိကို-Fumiko ဟာ ဂိုဏ်းခေါင်းဆောင် အနီဆန် အဖြစ် ခေတ္တာ့ခဏ ဂိုဏ်း ကို ထိမ်းကြောင်းခဲ့ ပါတယ် ။


ယာကူဇာ အဖွဲ့များ ဖွဲ့စည်း ပုံမှာ အလွန်ရှုပ်ထွေး ပါတယ် ။ အဖွဲ့ တွင် အရာအားလုံး ကို ထိန်းချုပ် နိုင် သော ခေါင်းဆောင် ကူမိချို ( Boss ) နှင့် လက်ထောက် အကြံပေး ပုဂ္ဂိုလ် အဖြစ် စိုင်ကို ခိုမို-Saiko Komo ( Senior Adviser ) ထိုနောက် ဌာနချုပ် အကြီးအကဲ ဆိုဟွန် ဘူချို-So Honbucho  ( Headquarters Chief ) ဟူ၍ အဓိက ရှိပါတယ် ။ 


အထက် မှာ့ ပေးလာ သော အမိန့် များကို အောက်ခြေ သို့ တဆင့် ညွန့်ကြား ရသူ ကို ဝါက ဂရှိယ-Waka Gashia လို့ ခေါ်ပါတယ် ။ ဒါအပြင် သူ က  ဖူကု ဟွန်ဘူချို-Fuku Honbucho ခေါ် သက်ဆိုင် ရာ နယ်ပယ် တစ်ခု မှာ့ ဂိုဏ်း အဖွဲ့ များ ရဲ့တာဝန်ခံ နဲ့ အတူတကွ ကူညီ အုပ်ချုပ် ရပါတယ် ။ ဒေသခံ ဂိုဏ်း တစ်ခု စီ မှာလဲ သူတို့ ကို အုပ်ချုပ် တဲ့ အထက် အရာ ရှိ တစ်ယောက်စီ ရှိပြီး သူ့ကို ရှာတီ ဂါရှီယာ-Shatei Gashira လို့ ခေါ် ပါတယ် ။


အဖွဲ့ဝင် တယောက်ချင်းစီဟာ ဆာကာ ဇူကီ - ကြီးစဉ်ငယ်လိုက် ( Sake Sharing ) နည်းအတိုင်း ရာထူး အဆင့်ဆင့် အလိုက် ဆက်သွယ် ရပါတယ် ။ ကူမိချို ဟာ ထိပ်ဆုံး က ဖြစ်ပြီး များစွာသော စိုင်ကွန် ခိုမွန် များကို ထိန်းချုပ် ရ ပါတယ် ။ 


စိုင်ကွန် ခိုမွန် ကလည်း သူ့ တာဝန် ယူရသော ကွဲပြား ခြားနားသော မြို့တွေ ဧရိယာတွေ က လက်အောက်ခံတွေ ကို ထိန်းချုပ်ရ ပါတယ် ။ စိုင်ကွန် ခိုမွန် မှာ လဲ သူတို့ရဲ့ နယ်ခံ ကိုယ်ပိုင် အကြံပေး ၊ စာရင်းကိုင် ၊ ဘက်တော်သားများ ဆိုပြီး ရှိကြ ပါသေးတယ် ။ 


ယာမာကူချီ ဂိုဏ်း ဟာ ဆိုရင် လုပ်ငန်းစုပေါင်း 2500 ကို ထိန်းချုပ် ထားပြီး ယာကူဇာ အုပ်စု ပေါင်း 500 ပါဝင် ပါတယ် ။ လက်အောက်ခံ ရာထူး အဆင့်ပေါင်း က လည်း 50 ထိ ရှိတယ်။


.....................................................................................


• ယူဘစ် ဆုမိ နှင့် အိရ ဇုမိ - ရိုးရာ ဓလေ့များ •


ယူဘစ် ဆုမိ Yubitsume - လက်ချောင်း တစ်ချောင်း ဖြတ်တောက် အပြစ်ခံယူခြင်း


ဒီ ဓလေ့ ဟာ အမှားလုပ်မိခြင်း အတွက် တောင်းပန် ရတဲ့ ပုံစံ ဖြစ်ပါတယ် ။ ကနဦး ပြစ်မှု့ ကျူးလွန်သူ သည် သူ၏ လက်ဝဲ ဘက် လက်သန်း ထိပ် ပိုင်းကို ဖြတ်တောက် ၍ သူ ၏ အပြစ် အတွက် ခေါင်းဆောင် ကို ပေးစပ်ရ ပါတယ် ။ 


တခါတရံ လက်အောက်ခံ ခေါင်ဆောင်များ မှာ့လဲ သူ တာဝန်ယူထားသော အဖွဲ့မှာ့ အဖွဲ့ဝင် တစ်ယောက် အပြစ် ကျူးလွန် မှု့ ကို မတားစီးနိုင်ပါ က သူ တွင်လည်း အပြစ်ရှိပြီး သူ တာဝန်ယူရသော အဖွဲ့ မှာ ပြန်လည် တာဝန်ထမ်းဆောင် လိုပါက အိုရာဘွန် များ ထံ ထိုသို့  ယူဘစ် ဆုမိ အပြစ်ဒဏ် ကို ခံယူရ ပါတယ် ။ 


ယူဘစ် ဆုမိ ရိုးရာ ဓလေ့ ဟာ ဂျပန် ဓါးရှည် ကိုင်ဆောင်ခြင်း ဆိုသော အစဉ်အလာ ဇစ်မြစ် တစ်ခု မှာ့ ပေါ်ထွက် လာ ပါတယ် ။


လက်တစုံ မှာ့ လက်ချောင်းများ ရဲ့ အောက်ဆုံး လက်သန်း ဟာ ဓါးကို တင်းကြပ်စွာ ဆုပ်ကိုင် ဖို့ အတွက် အဓိက ကျ ပါတယ် ။ လက်ညှိုး နှင့် လက်သန်း ဟာ အနည်းငယ် အားလျှော့ နေလျှင် သို့မဟုတ် ထို လက်ချောင်း များ မရှိ ပါက ဓါးကို တင်းကျပ်စွာ ဆုပ်ကိုင် နိုင်အား ကိုလည်း လျှော့နည်း စေတယ် လို့ ဆိုပါတယ် ။ 


ဒါဟာ ဘာကို ဆိုလို လည်း ဆိုရင် အဖွဲ့အစည်းတစ်ခု ကို အကာကွယ် ပေးဖို့ အတွက် လူတစ်ယောက် ရဲ့  ဓါး ကို တင်းကြပ်စွာ ဆုပ်ကိုင် နိုင်စွမ်းအားပေါ် များစွာ မူတည် နေတယ် လို့ ဆို ပါတယ် ။ တစ်ဦးတစ်ယောက်စီ ရဲ့ လျှော့ရဲသော အပြုအမူကြောင့် အဖွဲ့အစည်း တစ်ခုလုံးဟာ များစွာ အားနည်းချက် ဖြစ်ပေါ်စေတယ် လို့ ဆိုပါတယ်။


ယာကူဇာ များဟာ ခန္ဒာကိုယ် အပြည့် ဆေးမင်ထိုး ကြပါတယ် ။ ထို ဆေးမင်ထိုးခြင်း ကို ဂျပန် တွင် အိရ ဇူ့မိ-Irezume လို့ လူသိများ ပါတယ် ။


ယာကူဇာ အဖွဲ့ ဝင် အချင်းချင်း အိုအိချို ကာဘူ-Oicho Kabu ကတ် ကစား သော အခါ တွင် မကြာခဏ ဆို သူတို့ ရဲ့ ရှပ်အကျီ များကို ဖယ်ရှားခြင်း ချွတ်ထားခြင်း ဖြင့် သူတို့ ရဲ့ ဆေးမင်များ ကို အချင်းချင်း ဖော်ပြလေ့ ရှိပြီး ။ ပုံမှန် အားဖြင့် တော့ လူအများကြား တွင် အကျီလက်ရှည် များ ဖြင့် ဖုံးကွယ် ထား တတ် ကြ ပါတယ် ။ 


အဖွဲဝင် သစ် တစ်ယောက် အဖြစ် စတင် ဝင်ရောက် တဲ့ အခါ မှာတော့  အဖွဲ ဝင်ဖြစ်ဖို့ ခန္ဒာကိုယ် အောက်ပိုင်း ကို စတင်ပြီး ဆေးမင်ထိုး ရပါတယ် ။ 


.....................................................................................


• အဓိက ယာကူဇာ အဖွဲ့ အစည်းကြီးများ •


ပုံစံ မတူသော ယာကူဇာ ဂိုဏ်းများစွာ ရှိသော်လည်း အဓိက အားဖြင့် သူတို့ဟာ ကမ္ဘာ့ ရာဇဝတ် ဂိုဏ်းများ သာဖြစ် သည် ။ ယာကူဇာ ဂိုဏ်များထဲ မှာ့ သြဇာ အဏာ အရှိဆုံး ဂိုဏ်း သုံး ခု ရှိ ပါတယ် 


1. ယာမာ ဂူချီ ဂူမိ - Yamaguchi gumi

2. ဆူမိ ယိုရှီ ကိုင် - Sumiyoshi kai 

3. အီန ဂဝါ ကိုင် - Inagawa kai တို့ဖြစ် ပါသည် ။


ယာမာ ဂူချီ ဂူမိ - Yamaguchi gumi

ယာမာ ဂူချီ ဂိုဏ်း ဟာ ယာကူဇာ မိသားစု ထဲမှာ အကြီးဆုံး အဖွဲ့အစည်း ဖြစ်ပါတယ် ။ အဖွဲ့ဝင် အင်အား 55,000 ကျော် အဖွဲ့ခွဲ 850 ရှိပြီး ဂျပန် အခြေစိုက် ယာဂူဇာ အားလုံး ရဲ့ 50% ကျော် ရှိ ပါတယ် ။ ရဲ တပ်ဖွဲ့များ က ဆယ်စု နှစ် တစ်ခု ကျော် ကြာ ထိန်းချုပ် နှိမ်နင်း စေကာမူ ယာမာ ဂူချီ အဖွဲ့ ဝင် အင်အား ဟာ ဆက်လက် တိုးပွား နေပါတယ် ။ သူတို့ ဌာနချုပ် ဟာ ကိုဘေး-Kobe မြို့တွင် တည်ရှိပြီး ထို မှာ့ တဆင့် တိုက်ရိုက် ဂျပန် နိုင်ငံ အတွင်း က ရာဇဝတ်မှု့များ ကို ညွှန့်ကြား ပါတယ် ။ အာရှ နှင့် အမေရိက အော်ပရေး ရှင်းများ ကိုလည်း ကိုင်တွယ်ပါတယ် ။ 


ရှင်နိုဘူ တဲဆူကာစ-Shinobu Tsukasa ( ကန်နိချီ ရှီနိုဒါ ) ဟာ လက်ရှိ ယာမာဂူချီ ဂိုဏ်းချုပ် အိုယာဘွန် တစ်ယောက် ဖြစ်ပြီး သူဟာ နယ်သစ် ချဲ့ထွင်ခြင်းများ ၊ တိုကျို မြို့ တွင်း က လုပ်ငန်း ကိစ္စများ ကို ပိုမို ကြယ်ပြန့် အောင် လုပ်ဆောင် ခဲ့ပါတယ် ။ 


ဂျပန် နိုင်ငံ ပြင်ပ အာရှ အစိတ်အပိုင်း တော်တော် များများ မှာ့ ဂျပန် ရာဇဝတ် အဖွဲ့များ နှင့် အတူ ယာမာ ဂူချီ ဂိုဏ်း ဟာ လဲ ပြောစမှတ် ပြုရလောက် အောင် ကျော်ကြား ပါတယ် ။ ဂျပန်နိုင်ငံ ပြင်ပ တရုတ် ၊ ကိုရီးယား လူတစ်ချို့ ဟာ ယာကူဇာ ဆိုသော နာမည် ကို မသိ စေကာမူ ယာမာ ဂူချီ ဂိုဏ်း ကိုတော့ သိရှိကြ ပါတယ် ။ ယာမာ ဂူချီ ဂိုဏ်း ကို နောက်ခံထား ဇတ်အိမ်ဖွဲ့ပြီး ဂိုဏ်းစတား ရုပ်ရှင် အများ အပြားကိုလည်း ကမ္ဘာ့အနှံ အပြား က ရိုက်ကူး ခဲ့ ကြတယ်။


• ဆူမိ ယိုရှီ ကိုင် - Sumiyoshi kai •


ဆူမိ ယိုရှီ ကိုင် ဂိုဏ်းဟာ ဒုတိယ အကြီးဆုံး အဖွဲ့အစည်း ဖြစ်ပြီး အဖွဲ့ဝင် အင်အား 22,000 ကျော် အဖွဲ့ခွဲ  227 ဖွဲ့ ရှိပါတယ် ။ ဆူမိ ယိုရှီ ဂိုဏ်း ဟာ ဆိုလျှင် သေးငယ် သော ယာဂူဇာ အဖွဲ့လေးများကို မဟာမိတ် ဖွဲ့ထား ပါတယ် ။ 


လက်ရှိ ဆူမိ ယိုရှီ ဂိုဏ်း ခေါင်းဆောင် အိုရာဘွန်း ကတော့  အစ်စဲအို စစ်ကိ-Isao Seki ဖြစ်ပါတယ် ။


ဂိုဏ်းရဲ့ ဖွဲ့စည်း တည်ဆောက်ပုံ ဟာ သူ့၏ အဓိက ပြိုင်ဘက် ဂိုဏ်းများ ( ယာမာ ဂူချီ ) နဲ့ ကွဲပြား ခြားနား ပြီး လုပ်ငန်း တာဝန် များ ကို ဗဟို ချုပ်ကိုင်မှု့ နှင့် အတူ သီးခြား နယ်ပယ် များကိုလည်း ကိုယ်ပိုင် အာဏာ ခွဲဝေ ကန့်သတ် ပေးခြင်းစနစ် ( Federation ) ဖြင့် အုပ်ချုပ်ပါတယ် ။ အထက် မှာ့ အာဏာချုပ်ကိုင်မှု့ စနစ် ကို ပို၍ ဖြေလျှော့ ပေးထား ပါတယ် ။ 


ရှိဂဲရော နိချိဂုချီ ( Shigeo Nishiguchi ) ဟာ  အဏာ အပြည့်အဝ ရှိသော ထာဝရ အိုယာဘွန်း တစ်ယောက် ဖြစ်ခဲ့စေကာမူ သူ၏ ခေါင်းဆောင် မူ့ပုံစံ ကို အလုံးစုံ မချုပ်ကိုင်ဘဲ အခြားအဖွဲ့ဝင်များ ထံ ဖြန့်ကျက် ခွဲဝေ ပေးထား ခဲ့ပါတယ် ။


• အီန ဂဝါ ကိုင် - Inagawa kai •


အီန ဂဝါ ကိုင် ဂိုဏ်း ဟာ ဂျပန် မှာ တတိယ မြောက် အကြီးဆုံး ဂိုဏ်း တစ်ခု ဖြစ်ပြီး အဖွဲ့ဝင် အင်အား 15,000 နဲ့ အဖွဲ့ခွဲ 313 ဖွဲ့ ရှိ ပါတယ် ။ အီန ဂဝါ ဂိုဏ်း ဟာ တိုကျို-ယိုကိုဟားမား ဧရိယာ မှာ အခြေစိုက် ပါတယ် ။ အီန ဂဝါ ဂိုဏ်း ဟာ ဆိုရင် ဂျပန် နိုင်ငံ ပြင်ပ အော်ပရေးရှင်း များကို ပထမ ဦးဆုံး ဖြန့်ကျက် လုပ်ဆောင် ခဲ့သော အဖွဲ့ တစ်ခု အဖြစ် မှတ်တမ်းဝင် ခဲ့ပါတယ် ။


လက်ရှိ ခေါင်းဆောင် အိုယာဘွန်း ကတော့ ကိယိုတ ဂျီရို့ ( Kiyota Jiro ) ဖြစ်ပါတယ် ။ 


.....................................................................................


ယာကူဇာ ဆဲလ်များ ဟာ အဘယ်အတွက် ကြောင့် ဂျပန် နိုင်ငံ တွင် အမြစ်တွယ်နေဆဲ ဖြစ်သလဲ ဆိုရင် တချို့သော ဂျပန့် လူ့အဖွဲအစည်းများ ဟာ ယာကူဇာများ ကို ယနေ့ထိ တိုင်အောင် လက်သင့်ခံ နေဆဲ ကြောင့် သာ ဖြစ်ပါတယ် ။ 


ဘာကြောင့်ဆို ဒုတိယ ကမ္ဘာစစ်ကြီး ပြီးတော့ ဂျပန် လူ့ အဖွဲ့အစည်းများ ဟာ ပရမ်းပတာ ဖြစ်ခဲ့ကြ ရပါတယ် ။ နေ့စဉ်  နေ့တိုင်း လမ်းများပေါ် တွင် အကြမ်းဖက် လူသတ်မှု့များ မှောင်ခို ဈေးကွက်များ ဟာ ထို အချိန် က မြင်မကောင်းအောင် များစွာ ဖြစ်ပျက် ခဲ့ပါတယ် ။


စစ်ရှုံးချိန် မှာ ရဲတပ် ဖွဲ့ များ ဟာ ဂျပန် ပြည်သူလူထု ကို ကူညီ ကာကွယ် စောင့်ရှောက် ဖို့ အခွင့် အာဏာ နှင့် လုပ်ပိုင်ခွင့်များ လုံလောက် အောင် မရ ရှိ ခဲ့ကြပါဘူး ။


ဒါကြောင့် ရဲ တပ်ဖွဲ့ ဝင်များ ဟာ လူတစ်ဦး ချင်း အကြမ်းဖက် ၍ ကြီးနိုင် ငယ်ညှင်း သတ်ဖြတ် နေသော ထိုအချိန် များတွင် တိုင်ပြည် လုံခြုံရေး အတွက် ၊ ဂျပန်ပြည်သူများ လုံခြုံရေးအတွက် အတူ တကွ ပါဝင် ထိမ်းသိမ်း ပေးရန် ယာကူဇာ များ ကို တောင်းဆို မှု့များရှိခဲတယ် လို့ ဆိုပါတယ် ။


ယာကူဇာများ ကလဲ ဂျင်ဂျီ ( တရာမျှ တမှု့ နဲ့ တာဝန် ဝတ္တရား ) ကို လေးစားသော အားဖြင့် ပူပေါင်း ပါဝင် ဖို့ ကတိ ပေး ခဲ့တယ် လို့ ဆိုပါတယ် ။ ထို အဖြစ်အပျက်များဟာ အထူးသဖြင့် ကန်ဆိုင် ဧရိယာ-Kansai Aera ( အိုဆာကာ နှင့် ပတ်ဝန်းကျင် ) တွင် ပေါ်ပေါက် ခဲ့ တယ် လို့ အဆိုရှိ ခဲ့ ပါတော့တယ် ။ 

.....................................................................................


                          ®

                         ဗေဒါ


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


အတိတ်ကပုံရိပ်များ………{အပိုင်း၃၇}


                          ®


                      ဂျပန်ကပြန်လာကြတော့ mr.လု အတော်လေးပေါ့ပါးလန်းဆန်းနေပါတော့တယ်   ဗေဒါ ဂျပန်သွားခြင်း ကိစ္စာ သေချာမသိပါ ဗေဒါကတော့ ဂျပန်ပြည်အကြောင်းလေ့လာခွင့်ရခဲ့၏ ပြန်လာပြီနောက်ပိုင်း ဗေဒါကို ခြံကိစ္စာတစ်ချို့ ခိုင်းပါတယ် အမှုအခင်းဖြစ်တဲ့ ခြံ အမွေဆိုင်ခြံတွေအများစုကို သီးသန့်လိုက်ဝယ်ခိုင်းပါတယ် ဗေဒါ ခြံဝယ်ဖို့လိုက်လေ့လာပါတော့တယ် အမှုအခင်းဖြစ်တဲ့ခြံ အမွေဆိုင်ခြံ ဆိုတော့ ကာလပေါက်ဈေးထက် သက်သာမယ်သဘောပေါ့ mr.လု က အကျိုးအမြတ်ရဖို့ ခေါင်းရှုပ်ခံမည်လူစား ရှုပ်ရင်

် လိုက်ရှင်းထုတ်မယ် ဗေဒါတို့လိုလူတွေ ကအဆင့်သင့်ရှိနေတာကို အဲတော့ mr.လု ရဲတင်းတာ မဆန်းပေ ဗေဒါ အမှုဖြစ်နေဆဲခြံ ကာလာပေါက်ဈေး ထက်ဝက်ခန့်ဖြစ် ခြောက်ခြံတိတိဝယ်ခဲ့တယ် အမွေဆိုင်ခြံ သုံးခြံဝယ်ခဲ့တယ်


အမှုအခင်းဖြစ်တဲ့ခြံ ခြောက်ခြံက ပြည်လမ်းမပေါ်နှင့် အင်းစိန်လမ်းမပေါ်တွေကြီးပါပဲ


အမွေဆိုင်ခြံ သုံးခြံက ရွှေတောင်ကြား  ပါရမီ ဆရာစံ ဘက်က သုံးခြံပါ


အဲခြံတွေအတွက် ရှေ့နေ့အဖွဲ့ကောင်းကောင်းငှားခဲ့ပြီ ဗေဒါ ရုံးခန်း သီးသန့်ဖွင့်ပြီး လှုပ်ရှားခဲ့ပါတယ် ပိုင်ရှင်အစစ်မှန်ကိုတော့ ဗေဒါလို့ပဲ ထိုအချိန်ကအတူလှုပ်ရှားခဲ့သူတွေက ထင်မှတ်ကြမှာပါ နောက်ကွယ်ကmr.လုကတော့ ခြံတောင်တစ်ခါမှာ လာကြည့်ခြင်းမရှိခဲ့ပါ

ခြံစောင့်ကမှအစ အမည်ပေါက်အထိ ဗေဒါပဲလှုပ်ရှားခဲ့တာပါ ဌာနာဆိုင်ရာတွေရဲ့ သပိတ်ဝင် အိတ်ဝင်ကူညီမှုကတော့ ပြိင်စံရှားပါ


              ပြည်လမ်းမပေါ်ကခြောက်မိုင်ခွဲ နားက ခြံမှာတော့ ဗေဒါ ရှုံးမလိုထိဖြစ်ပြီးမှာ အပြီးသတ်နှိင်ခဲ့တာပါ အဲခြံမှာ တစ်ဘက်ကယဉ်ဝင်းသူ ပါဝင်နေပါတယ် ယဉ်ဝင်းသူဆိုတာ နန္ဒာအေးရဲ့ပတ်သက်ပါယဉ်ဝင်းသူကလည်း အ်တ်သွန်ဖာမှောက်တစ်ဖက်ကလိုက်သော်လည်း ရေများသူနှိင်စတမ်း ခောတ်ကြီးတွင် ဦးသူအနှိင်ရမည်သာဖြစ်သည် ယဉ်ဝင်းသူက မြန်မာနှိင်ငံနည်းပညာခောတ်ကိုဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ် နန္ဒာအေးနဲ့စပ်တူ လုပ်ငန်းများစွာလုပ်ကိုင်နေတာပါ ကျောင်းတွေကို ကွန်ပြုတာသွင်းခွင့်ရခဲ့သူတစ်ဦးပါ ဒုချုပ် ဦးမောင်အေးသမီး နှင့်ပတ်သက်နေသဖြင့် စီးပွားရေးအခွင့်အလမ်းများစွာရရှိနေသူဖြစ်ပြီး  နန္ဒာအေးလက်ထက်သွားတော့ ပြည်အောင်က ယဉ်ဝင်းသူနှင့် လုံးဝမပတ်သက်ခိုင်းဘူးလို့ အတွင်းသတင်းတွေရှိခဲ့ပါတယ် ယဉ်ဝင်းသူ ပိုင်ကုမဏ္ဍီက CNG ဓါတ်ငွေ့ရည် စီမံကိန်းကိုလည်း လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ် ယဉ်ဝင်းသူက စင်္ကာပူမှာပဲအနေများပါတယ် စီးပွားရေးသမားများထဲမှာ အသံမထွက်ပဲ အချမ်းသာဆုံးဖြစ်နေသူတစ်ယောက်ပါ အဲအချိန်က အချမ်းသာဆုံးပါဆိုတယ်လူတွေထက် ပိုချမ်းသာနေပါပြီ ယဉ်ဝင်းသူက ပါးနပ်တယ် လည်တယ် အသံမထွက်ပါဘူး ပြည်ပမှာနေပြီး ပြည်တွင်းကိုထိုးဖောက်နေသူပါ ထောက်လှမ်းရေးကျားစာဖြစ်ဖ်ု့တစ်ပြေးခဲ့သူပါ နန္ဒာအေးအကန့်ကြောင့် ထောက်လှမ်းရေးမင်းသားတွေရန်ကငြိမ်းခဲ့တာပါ အဲကေစ့်မှာ ဗေဒါ ယဉ်ဝင်းသူထက်ခြေလှမ်းပေါင်းများစွာဦးခဲ့လို့ပါ


အဲဒီခြံတွေ Clearဖြစ်ဖ်ု့ ဗေဒါ တစ်နှစ်နီးပါးအချိန်ပေးခဲ့ရပါတယ် 


       ခြံအားလုံး Clear ဖြစ်ပြီးဗေဒါလုပ်ငန်းပြီးမြောက်ခဲ့တော့ mr.လုလက်ကို စာရင်းရှင်းပြီ အပ်လိုက်ပါတယ် အဲ ခြံတွေ mr.လု ပစ်ထားပြီ သားသမီးတွေလက်ထက်မှာတော့ condo တွေ hotal တွေ ဆောက်ကြတာ အများကြီးပါ ဗေဒါတို့ဝယ်ခဲ့တုန်းက ဈေးက တကယ်တန်ပါတယ်ဗိုက်နာနေတဲ့လူတွေဆိုတော့ ထိုးရောင်းခဲ့ကြတာပါ မျက်မှောက်ခောတ်ကာလပေါက်ဈေးကတော့ စင်္ကာပူမြေဈေးနှုန်းထက်တောင် မြင့်မားသွားပါပြီ ခောတ်ကာလကိုက ငွေရှိသူသာ ဆက်ချမ်းသာမယ့်ခောတ်ကြီးပါ သာမန်ပြည်သူကတော့ သာမန်တိုက်ခန်းတောင်ဝယ်ဖို့ မလွယ်ကူခဲ့ကြပါဘူး


                  ဗေဒါ ခြံဘက်လုပ်နေရင်း အမြင့်ကားတွေ ကားဈေးကွက်မှာလည်းmr.လု ယောက်ဖတစ်ယောက်နဲ့ပေါင်းပြီ mr.လုတို့အတွက်ဝင်ကစားပေးခဲ့တယ် mr.လု တို့ရရှိထားတဲ့ကားပါမစ်က အများကြီးပါ အမြင့်ကားစိတ်ကြိုက်သွင်းခဲ့ကြပြီး ဈေးကွက်ကို အမြင့်ဆုံးထိဗေဒါ ဆွဲခေါ်ခဲ့ဖူးပါတယ် ဗေဒါ စလုပ်တုန်းက လန်ကရှုဆာတစ်စီး ၇၀၀ပါ နောကိပိုင်း ၃၀၀၀ ကျော်ထိဆွဲတင်ခဲ့ကြတာပါ ငွေပေါ်ငွေရင်း စီးပွားရေးလောကကြီးက ခောတ်ပျက်မှာ ကောင်းစားသူနှင့် ခွက်ဆွဲသူများစွာကို ဗေဒါ မျက်မြင်တွေ့ခဲ့ရတော့ မြန်မာပြည် စီးပွားရေးက စစ်အစိုးရနှင့် သူပါတနာတစ်စုလက်ထဲမှာပဲ ရှိနေအောင် ဖန်တီးခဲ့ကြတာပါ


               စစ်အစိုး၏စီးပွားရေးဦးတည်ချက်ကခေါင်းစဉ်လည်း မရှိ စီမံကိန်းလည်းမရှိ လုပ်ချင်လုပ် နီးရာပေး လက်သိပ်ထိုးစီမံကိန်းများကြားမှာ သာမန်လုပ်ရင်းကိုင်ရင်း ကြီးပွားချမ်းသာလာသူတွေကို ဗေဒါ ဦးညွှတ်ပါ၏ ခောတ်ပျက်ကြီးမှာ သာမန်လုပ်ရင်း ချမ်းသာဖ်ု့က အတော်လေးကြိုးစားခဲ့ကြရတာပါ mr.လုလိုပဲ တစ်ဖက်မှာ လော်မိသားစုပိုင် ခြံမြေတွေက အများကြီးဖြစ်လာပါပြီ ဝင်ငွေအသွယ်သွယ်က အတော်လေး ကြီးထွားလာပါပြီ နဝတလက်ထက်ကနေ နအဖခောတ်အထိ အေရှားဝေါလ် တစ်နှစ်ဝင်ငွေဟာ နှစ်စဉ် ဆတိုးနေတာ ဒေါ်လာ သန်းချီပါတယ် သို့သော် လော်မိသားစုရဲ့ပင်မရင်းမြစ်ကြီးက ကြောက်စရာလန့်စရာ မြန်မာပြည်ရဲ့ပင်မစီးပွားရေးကြီးဖြစ်လာပါတယ် အဲဒီအချက်ကိုတော့ မည်သူမျှ မသိအောင် အသိုဝှက်ဆုံး လှုပ်ရှားခဲ့ကြတာပါ 


               သမိုင်းမှာ ဘယ်သူ တာဝန် အရှိဆုံးလည်း ဆိုတာ ပေါ်လောက် ပါပြီ။ ဦးသန်းရွှေဦးဆောင်တဲ့စစ်အစိုးရဟာခေါင်းမရှိပဲလက်နက်အားက်ုးပြီတိုင်းပြည်ကိုအုပ်ချုပ်ခဲ့ကြတာပါ. ဦးသန်းရွှေ မဟုတ်တာ လုပ်ရင် လူသိပ်မသိပါဘူး သူ မဟုတ်တာ လုပ်တာ … သူက သီပေါမင်းနဲ့ စုဘုရားလတ် ပုံစံ တဘက်က ပွဲခင်းပြီး တဘက်က လူသတ်တဲ့ သူစားမို့ပါ… သူ လုပ်သွားတာ အားလုံးဟာ ဆန်းဆန်း ပြားပြား မပါပါဘူး…  မြန်မာပြည်ကို အနှစ် ၄၀ လောက် ပိတ်ထားလဲ စောက်ဂရုမစိုက်ဘူးလို ကြွေးကြော်လို့ရလောက်အောင် တိုင်းပြည်ကိုသစ္စာဖောက်ပြီး ဆွေစဉ်မျိုးဆက် ချမ်းသာအောင် သာကြိုးစားအားထုတ်သွားတာပါ ဘိန်းဘုရင်တွေကိုမြေတောင်မြှောက်ပေးပြီ မြန်မာကို ကမ္ဘာကပစ်ပယ်ခြင်း အထီးကျန်မှုပုံရိပ်ကိုပေးခဲ့တာပါ


              မြန်မာစစ်ခေါင်းဆောင်များ ဘာကြောင့် မူးယစ်ဆေးဝါး မတိုက်ဖျက်သလဲ။


မြန်မာစစ်ခေါင်းဆောင်တွေဟာ မူးယစ်ဆေးဝါး စီးပွားရေးနဲ. အကျိုးအမြတ်မျှဝေ

မျှစားနေလို့ပါပဲ။အာဖဂန်နစ္စတန်နိုင်ငံ

ပြီးရင်၊မြန်မာပြည်ဟာ ကမ္ဘာ.မူးယစ်ဆေးဝါး အများဆုံးထုတ်လုပ်တဲ့နိုင်ငံတစ်နိုင်

ငံဖြစ်လာသည်။ခုလို မူးယစ်ဆေးဝါး လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရတဲ့

အကြောင်းက မြန်မာစစ်ခေါင်းဆောင်တွေကိုယ်တိုင် ပါဝင်နေတာကြောင့်ဖြစ်တယ်


The police officer's statement has additional uses, however. Smothered by the international chorus of praise over Myanmar's reform process is the government's role in abetting and profiting from the industry. Despite its claims to the contrary, Naypyidaw has done little to tackle the scourge, and the mutually beneficial relationship the former junta enjoyed with production and trafficking rackets continues into the quasi-democratic era.


                      ဗေဒါ အေရှားဝေါလ် ဆိပ်ကမ်းမှာ mr.လု တို့ ကိန်တိန်နာပုံးသွားထုတ်ပြီ ပြန်လာတဲ့တစ်နေ့ ရီရီသာ ဖုန်းဝငိလာပါတယ် ထောက်လှမ်းရေးအခြေအနေမကောင်းကြောင်း အခြေအနေအရှပ်ထွေးနေကြောင်းပြောလာပါတယ် ဗေဒါဘာကူညီပေးရမလဲမေးတော့ ဗိုလ်ချုပ်ကျော်ဝင်း က သူကို ပြည်ပနှ်ငိငံတစ်ခုသို့သွားခိုင်းကြောင်း သူဖုန်းထဲမှာမပြောချင်၍ တစ်နေရာတွင်တွေ့ရန်ချိန်းသဖြင့် ဗေဒါ က မိမိနေသော ကိုးမိုင်ခြံလိပ်စာပေးပြီချိန်းလိုက်၏ အဲခုနှစ်သည် ထောက်လှမ်းရေး၏ နောက်ဆုံးနေဝငိချိန်ဖြစ်လာမည်ကိုတော့ ဗေဒါ ကြိုတင်မရိပ်မိခဲ့ပါ ထင်လည်းမထင်ထားပေ


             ကိုးမိုင်ခြံဗေဒါရောက်ပြီး နာရီဝက်ခန့်အကြာတွင် ရီရီသာ ရောက်လာပါတော့တယ် ဒေါ်လာ ကြီးကြီးမားမား ပြည်ပသို့ထုတ်ပေးသော ဟွန်နီတစ်ခုကို ချိတ်ပေးရန်ဆိုလာ၏ ဗေဒါလည်း ပွဲစားခပေးမည်ဆို၏ ထိုကိစ္စာကို သူအမည်မသုံးပဲ ဗေဒါ များပြားလှသော မိတ်ဆွေတစ်ဦးဦးအမည်ခံအသုံးပြုစေလိုကြောင်းပြောလာပါတော့တယ်ဗေဒါလည်းမငြင်းသာသဖြင့် mr.လုကို လှမ်းပြောချိတ်ဆက်လိုက်၏ mr.လု က ရလာတဲ့အခွင့်အရေးလက်လွတ်မခံပါ မြေနီကုန်းဦးဝိစာရလမ်းပေါ်က ခြံတစ်ခြံတွင် လွှဲမည်ဒေါ်လာများသွားပေးပြီ ငွေစစ်မှုအဆင်ပြေလျှင် တစ်နာရီအတွင်း လွှဲချင်သော နှိင်ငံသို့လွှဲပေးမည်ဟုဆိုသည် သ်ု့သော် သူနာမည်မထွက်အောင် ဂရုစိုက်ဟုပြောတော့ ဗေဒါ ရယ်ချင်မိ၏ လွှဲမည့်သူကော လွှဲပေးမည့်သူကောက နာမည်မခံချင်သူများဖြစ်သည် ဗေဒါကတော့ အမြဲနာမည်ကြီးမည်ဇာတာပင်ဖြစ်ပေမည် 


                     ရီရီသာ လွှဲမည်ဒေါ်လာအမောက်က ကြောက်စရာလန့်စရာပါ သူနှင့်အတူ ဗိုလ်ချုပ်ကျော်ဝင်း၏psoပါ ပါလာ၏ 

ဒေါ်လာအားလုံးပေါင်း ၇သန်းတိတိကို နှစ်ပတ်အတွင်းခွဲလွှဲသွားကြ၏လုပ်ငန်းပြီးမြောက်သွားပြီနောက် ဗေဒါအတွက် နှစ်ဖက်လုံးက အကျိုးအမြတ် ဒေါ်လာ တစ်သောင်း စီပေးခဲ့ကြ၏ ငွေလွှဲပြီးသိပ်မကြာခင်မှာပင် ရီရီသာ စင်္ကာပူနှိင်ငံသို့ထွက်သွားတော့၏ ဗေဒါ စိတ်ထဲ ရီရီသာ အပြီးပိုင် ပြည်ပနှိင်ငံ နောက်တစ်ခုသို့ဆက်ထွက်ခွာမည်ဟု ထင်ပါသည် ရီရီသာ ပြည်ပထွက်ပြီးသိပ်မကြာသော်ကာလမှာပဲ ထောက်လှမ်းရေးတွေ နန်းကျခဲ့ပါတယ်


              ထောက်လှမ်းရေး တွေကို ဦးသန်းရွှေက လိုက် ဖမ်းတော့ နယ်စပ်က ထောက်လှမ်းရေးတွေ အိမ်မှာ ရွှေတွေ ပိသာ များစွာ ဖမ်းမိတယ်။ ဒေါ်လာတွေ မြောက်များစွာ နံရံမှာ မြုပ်ထားတယ်။ ထူးခြား တာက ထောက်လှမ်းရေး အရာရှိတွေရဲ့ ဘုရားစင် တွေမှာ ဘုရား မရှိဘဲ ခင်ညွန့် ဓါတ်ပုံကြီးသာ ရှိပါသတဲ့။


ခင်ညွန့် ပြုတ်တာ ၂၀၀၄ နှောင်းပိုင်းပါ။ မပြုတ်ခင် လပိုင်း အလိုမှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို ဒေါက် ဖြုတ်ရာမှာ အဓိက ဇာတ်ကောင်လို့ စွပ်စွဲ ခံရတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်းက သူ့မယားငယ် ရီရီသာကို အမေရိကန် ပို့ပြီးပါပြီ ရီရီသာက အမေရိကန်ကို ၀င်တဲ့ နေရာမှာ ကျော်ဝင်း ခိုးဝှက် ထားတဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း များစွာ နဲ့ ၀င်ပါတယ်။ အဲဒီအချိန်မှာဝါရှင်တန် မြန်မာ သံရုံးမှာရှိနေတဲ့ ထောက်လှမ်းရေးဆဲလ်တွေက ရီရီသာအတွက် အကုန်စီစဉ်ပေးခု့ကြတာပါ


ဒေါ်အောင်ဆန်းစုကြည်ကို တချိန်က နှစ်ပြား မတန်အောင် သွေးထိုးလှုပ်ဆော်ခဲ့ဖူးတဲ့ထောက်လှမ်းရေးအဖွဲ့တစ်ခုလုံး ကံကြမ္မာရဟတ်လည်ပါတော့တယ် သူခိုးကြီးများအဖွဲ့ဟု သတင်းစာခေါင်းကြီးပိုင်းများတွင်ပါဝင်လာခဲ့ကြတော့၏ 


                          ဗေဒါ

                           ®

                            နှင့်


                    သူမိတ်ဆွေများ


Stories by 👁ဗေဒါ

Written by 🖊️ကျည်မင်းသိန်း

Edited by ➡️စည်သူ



 


                       

                                                                      

-