Pages

Friday 13 January 2023

ဗေဒါ ၇

 ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

➡️{အတိတ်ကပုံရိပ်များ………အပိုင်း ၃၀}


                          ®

                         ဗေဒါ


                  ကိုနေဝင်း က ကျောက်စိမ်းလောကဘုရင်လို ဗေဒါ သုံးနှုန်းခဲ့တာ အကြောင်းမဲ့မဟုတ်ပါဘူး ဗေဒါ ပြည်ပမထွက်ခင်အ

ထိ ဗေဒါအပေါ်ကျေးဇူးရှိခဲ့ဖူးပါတယ် ဗေဒါ ကျောက်စိမ်းလောကကို စမ်းတဝါးဝါးနဲ့နှစဉ်က လျှောက်ခဲ့ဖူးတာ ဝက်ဝက်ကွဲ ရှုံးပြီအလိမ်ခ်ံခဲ့ရတာပါ ကိုနေဝင်းကြောင့် mr.လုတို့မိသားစုဆီကနေ ထွက်ပြီး ကျောက်စိမ်းမှော်တောမှာ ၃နှစ်လောက်ကျင်လည်ခဲ့ဖူးပါတယ် ကိုနေဝင်းကျေးဇူးကြောင့် စုမိ ဆောင်းမိ ဖြစ်ခဲ့တာပါmr.လုတို့ဆီကနေ ထွက်ပြီး ၃နှစ်လောက် ဖားကန့်ဘက်မှာကျင်လည်နေတုန်း ဗေဒါ ကို လိုက်သတ် တဲ့ အဖွဲ့တစ်ခုရှိပါတယ် ထိုအဖွဲ့အမည်က (မင်းသားများအဖွဲ့)လို့ အမည်တွင်တဲ့ အဖွဲ့တစ်ခုပါ ထိုအဖွဲ့အကြောင်းကို နောက်ပိုင်းမှာတင်ပြပါမယ်


           ကိုနေဝင်းက ဘိန်းနဲ့ပတ်သက်မှုမရှိဘူးဆိုသော်ငြားလည်း စိတ်ကြွဆေး အမြောက်အများထုတ်လုပ်နေတဲ့ " ဝ" သွေးစည်းညီညွတ်ရေးအဖွဲ့၏ မြေပေါ် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ၈၈၈ကုမဏ္ဍီနှင့် တိုက်ရိုက်ပတ်သက်နေတာပါ "ဝ" လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်သူ ပေါက်ယူချန်း ၏ သမက် အိုက်ဟော့ ဦးစီးလုပ်ကိုင်နေတဲ့ ၈၈၈ ကုမဏ္ဍီ ဟာ ကိုနေဝင်းရဲ့ သြဇာတက်ရောက်ပါတယ် ကိုနေဝင်းကျေးဇူးကြောင့် ချမ်းသာလာသူတွေ ထဲမှာ ဗေဒါ လည်းပါဝင်ခဲ့တာပါ ၈၈၈အတွက် ကား ယန္တာရား စက်ပစ္စည်း ကျောက်စိမ်းထုတ်လုပ်ရေးအတွက်လိုအပ်ပစ္စည်းများ ကို တင်သွင်းပေးရခြင်းဖြင့် အလားလာရှိသောအောင်နှိင်သောကျောက်စိမ်းများကို ဖြတ်ဝယ်နှိင်ခဲ့သဖြင့် စုမိစောင်းမိခဲ့ခြင်းဖြစ်သည် ဗေဒါ ဘဝကိုပြောင်းလဲစေတဲ့ အလုပ်ကို ၃နှစ်အတွင်းလုပ်ပြီးပြောင်းလဲစေခဲ့တာပါ မြန်မာပြည်မှာဆက်ရှိနေဖို့အခြေအနေမပေးလိုသာ ပြည်ပသို့တိမ်းရှောင်သွားရခြင်းဖြစ်သည် ပြည်တွင်းတွင်တော့ စစ်အစိုးရနှင့် ပတ်သက် ဆက်ယှက်၍ စီးပွားလုပ်နှိင်လျှင် ချမ်းသာဖို့က အလွယ်လေးပင်ဖြစ်၏ ပြည်ပတွင်တော့ ကိုယ်အားကိုယ့်ထုတ်ခဲ့ရသည်


             အိုက်ဟော့ အကြောင်းဆက်ပါမယ် အိုက်ဟော့က ညဏ်အလွန်ကောင်းသူ အညှိုးအတေကြီးသူဖြစ်ပါတယ် သူနဲ့ပတ်သက်လို့ သူရဲ့ လူတစ်ယောက်တောင် ထိလို့မရပါ အဲလောက်ထိ သူလူတွေကို ချစ်မြတ်နှိးပါတယ် စစ်ထောက်လှမ်းရေးကမောင်တွေ က အိုက်ဟော့ ဆို အသံကြားတာနဲ့တင် ကြောက်နေကြရတာပါ သူလူတစ်ယောက် ရန်ကုန်နှိက်ကလပ်မှာ ဝိုင်းထိုး ဝိုင်းရိုက်လိုက်လို့ ဗေဒါ ကိုအကူအညီတောင်းပြီ ထိုနှိက်ကလပ်ကို အပြီး ဝုန်းဒိုင်းကျဲခဲ့ကြတာပါ ထိုကလပ်မှာ ဗေဒါတို့ဓါးနဲ့ဝင်ခုတ်လို့ လူသေခဲ့ဖူးပါတယ် သို့သော် အိုက်ဟော့ အစွမ်းက မသေးပါ ထောက်လှမ်းရေးကအနောက်က ခြေရာလက်ရာအကုန်လိုက်ပိတ်ပေးပါတယ် အိုက်ဟော့ ထိုစဉ်က နာမည်ကြီးမော်ဒယ်မင်းသမီးတစ်ယောက်နဲ့ညိနေတာပါ သို့သော် ယောက်ခမဖြစ်သူ ရိပ်မိသွားမှာကိုတော့ အလွန်ကြောက်သူဖြစ်သည် အိုက်ဟော့ ကမြန်မာပြည်မှာ လန်ခရူဇာကို စတင်သွင်းစီးခဲ့သူဖြစ်ပါတယ် သူစီးသလို စစ်အစိုးရလည်း အမြင်မစောင်းစေရန် စီးဖို့စီစဉ်ပေးခဲ့နှိင်သူပါ  အိုက်ဟော့ က ဗေဒါကို mr.လုတို့ဆီမှာ အလုပ်လုပ်နေစဉ်ကတည်းက သူဆီအလုပ်လုပ်ရန် ခေါ်ဆောင်ခဲ့သူပါ အိုက်ဟော့ရဲ့ ထူးခြားချက်က မြန်မာသီချင်းနှစ်သက်သူပါ ထိုခောတ်က လေးဖြူသီချငိး အရမ်းကြိုက်လွန်းလို့လေးဖြူ ကို အရမ်းတွေ့ချင်ခဲ့သူပါ လေးဖြူမန်းလေးသီချင်းလာဆိုတော့ သူကိုယ်တိုင် မည်သူမျှ မသိအောင် တစ်ယောက်တည်း တက်လာပြီး လေးဖြူစတိတ်ရှိုးကို ရအောင်လာကြည့်ခဲ့သူပါ မှတ်မှတ်ရရ မန်းလေး မှာ ဗေဒါ ကိုလှမ်းခေါ်လို့ ဗေဒါ နဲ့မန်းလေးမှာ စတိတ်ရှိုး အတူကြည့်ခဲ့ကြတာပါ

အိုက်ဟော့နဲ့ ဗေဒါ စိုင်းဝဏ္ဍသုံးယောက်ပေါင်းလောင်းကျော်ခဲ့တာတွေ အလျင်းသင့်ရင်တငိပြပေးပါမယ့်


              mr.လုတို့မိသားစု ဆီမှာ လှုပ်ရှားလုပ်ကိုင်နေရင်းနဲ့ mr.လုတို့မိသားစု အထိန

ာခဲ့တဲ့ အကြောင်းရင်းတစ်ခုရှိလာပါတယ်  လော်မိသားစုအပါအဝင် စစ်တပ်နှင့်နီးစပ်သောလုပ်ငန်းရှင်များကိုစီးပွားရေးအရပိတ်ဆို့မှုလုပ်ရန်အတွက် အမေရိကန်သမ္မတ ဂျော့ ဒဗလျူ ဘုရှ် အစိုးရလက်ထက် ၂ဝဝ၃ ခုက မြန်မာ့လွတ်လပ်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ Burmese Freedom and Democracy Act ot 2003 ကို လက်မှတ်ထိုး ထုတ်ပြန်ခဲ့ ပြီးနောက် မြန်မာ့ကုန် ပစ္စည်းများ အမေရိကန်သို့ တင်သွင်းခွင့် ပိတ်ခဲ့သည်။ ထို့နောက်ပိုင်း တွင် ပိုမို ပြင်းထန်သောပိတ်ဆို့မှုများစွာနှစ်စဉ်တိုးပြီ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများ တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ် စတီဗင်လောနှင့် သူ၏ ဇနီး၊ ဖခင် ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်တို့နှင့် သူတို့ပိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီ အပါအဝင် ဆိပ်ကမ်းစီမံရေး၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းကုမ္ပဏီ တို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စတင် ပိတ်ဆို့ခဲ့သည်။ “လော်မိသားစုနှင့်ပတ်သက်သောကုမဏ္ဍီတွေကိုအဓိကပစ်မှတ်ထားပြီစင်ကာပူဘဏ်တွေနဲ့ မြန်မာနိုင်ငံကြားကငွေအလွဲအပြောင်းတွေကို အနီးကပ် စောင့်ကြည့်နေပြီး ကုမ္ပဏီ ဒါမှမဟုတ် ပုဂ္ဂလိကတဦးချင်းက စင်ကာပူဒေါ်လာ ၃ဝ,ဝဝဝ ကျော်ပြီး ပို့ချင်တယ်ဆိုရင် ဒီငွေဘယ်ကရလည်း ဆိုတာစတင် ဖော်ပြရဖို့ အမေရိကန်က စတင် လုပ်ဆောင်လာပါတော့တယ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီးပွားရေးပိတ်ဆို့မှုအရ အမေရိကန် ဘဏ်များ၊ ကုန်သွယ်ရေး ကုမ္ပဏီများ၊ အာမခံကုမ္ပဏီများသာမက အမေရိကန် နိုင်ငံသားတဦးချင်းကပင် ပိတ်ဆို့ခံ ထားရသည့် မြန်မာကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝှက်၍ သော်လည်းကောင်း ဘဏ္ဍာရေးအရ ဆက်စပ်ပိုင်ခွင့် မရှိပေ။ လော်မိသားစုနှင့်ပတ်သက်သည့် ပိုင်ဆိုင်မှုနှင့် ကိုယ်ရေး အချက်အလက်များကိုလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဠာနာကတရားဝင် ထုတ်ပြန်ခဲ့သည်။


                  သို့သော် မြန်မာစစ်အစိုးရက သူ့အား ကျားကန်ပေးနေသူများကို လုပ်ပိုင်ခွင့်များ ပိုမိုပြန်ပေးခြင်းဖြင့် စစ်တပ်နှင့်ပတ်သက်သောလုပ်ငန်းရှင်များကို ပြန်လည် ဖေးမကူညီခဲ့လေတော့သည်  အမေရိကန် ဘဏ္ဍာရေးဌာန၏ အရေးယူစာရင်းပါ စီးပွားရေးသမားများအနက် လော်မိသားစုကတော့ စင်္ကာပူ နိုင်ငံအစား ဒူဘိုင်း၊ ကိုရီးယား၊ ဟောင်ကောင် နိုင်ငံတို့မှ ဘဏ်များမှတဆင့် ငွေလွှဲပြောင်းနိုင်ရေး နည်းလမ်းရှာဖွေလုပ်ဆောင်ခဲ့ကြသည်ထိုအခန်းကဏ္ဍတွင် ဂျာနှုးနှင့် မမကြီးတို့က အဓိကနေရာမှာ လော်မိသားစုအတွက် လုပ်ဆောင်ပေးခဲ့ကြသူများဖြစ်သည် ဂျာနှုးဆိုလျှင် တစ်လတည်းကို ပြည်ပနှိင်ငံ ၁၀နှိင်ငံထိ သွားရောက်လှုပ်ရှားပေးခဲ့ရ၏ 

           အဝေးပြေးကားလမ်းများကို အခမဲ့ တည်ဆောက်ပေးခဲ့သည့်အတွက် စတီဗင်လော (ထွန်းမြင့်နိုင်) မှာမူ တစီးလျင် အမေရိကန်ဒေါ်လာ နှစ်သိန်းတန်သည့်ကားအစီး၂ဝဝ

တင်သွင်းခွင့် လိုင်စင်နှင့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ ဆောက်လုပ်ရေး လုပ်ငန်း လိုင်စင်များစွာကို အထူးအခွင့်အရေးအဖြစ်ရရှိခဲ့သည်


                 သို့သော် အမေရိကန်မျက်ခြေမပြတ်စောင့်ကြည်နေမှုကတဆင့်  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ထက်တွင် Asia world ဆိပ်ကမ်းမှ မူးယစ်ဆေးတင်ပို့မှုအား အမေရိကန် CIAမှ သိရှိခဲ့ပြီး နိုင်ငံတကာ ရေပိုင်နက်တွင် ဖမ်းဆီးခဲ့လေတော့သည်

           အဆိုပါ သဘောင်္မှာ သစ်လုံးတင်သဘောင်္ဖြစ်ပြီး Asia Worldဆိပ်ကမ်းမှ ထွက်ခွါခြင်းဖြစ်သည်။ သာမန်အားဖြင့် သစ်တင်သင်္ဘောဆိုသော်ငြား သစ်လုံးတွင်းတွင် မူယစ်ဆေးဝါးတန်နှင့်ချီ ပါရှိသည်။ သစ်အများစုမှာ ဦးသန်းရွှေ၏သမီးကုမ္ပဏီမှ တင်ပို့ခြင်း ဖြစ်သော်ငြား ပြည်ထဲရေးဝန်ကြီးဌာနမှ ဖမ်းဆီးအရေးယူခြင်း မရှိခဲ့ပေ။ 

           Asia World၏ ဖခင်ဖြစ်သော လော်စစ်ဟန် ကိုလည်းအရေးယူမှုမရှိခဲ့ချေ။ အဆိုပါ သစ်လုံးထွင်းပြီး မူးယစ်ဆေးတင်ပို့မှုအား အလုံသင်္ဘောကျင်း ရန်ကုန်တွင် ပြုလုပ်ခဲ့ပြီး ထိုအချိန်က သစ်လုံးပေါင်း တန်နှင့်ချီပြီး အလုံသင်္ဘောကျင်းတွင် ရှိနေခဲ့သည်။ သစ်လုံးများအားလုံးမှာ ကျွန်းသစ်များဖြစ်သည်။

              အလုံသင်္ဘောကျင်းအား အစောင့်များ ထူထဲစွာချထားလျက်ရှိပြီး၊ ဘိန်းပါသောသစ်လုံးများ တင်ချိန်တိုင်းတွင်တော့ mr.လုကော ဗေဒါတို့ပါ အနီးကပ်ကြီးကြပ်ပေးခဲ့ရ၏


 ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


➡️    အတိတ်ကပုံရိပ်များ………{အပိုင်း ၃၁}


                         ®

                        ဗေဒါ


       "  မင်းသားများ " ထိုအဖွဲ့ကို စစ်ထောက်လှမ်းအကြီးအကဲ က လှိုဝှက်စွာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်အဖွဲ့ထဲတွင် လက်မရွံ့များစွာပါဝင်ဖွဲ့စည်းထား၏ စစ်အစိုးရနှင့်တိုင်းပြည်အတွက် အနှောင့်အယှက်ပေးနှိင်သူများကို တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်ရန်အတွက်ဖြစ်သည် ထ်ုအဖွဲ့သည် မည်သူမည်ဝါ ဆိုသည်ကို အခြင်းခြင်းတောင်သိရှိနှိင်ရန် မလွယ်ပေ ထိန်းချုပ်မှုတိုင်းကို ကကလှမ်းက ပုဂ္ဂိုလ်ကြီးများကိုယ်တိုင် အနီးကပ်ကြီးကြပ်ခဲ့၏ 


               ဥပဒေနှင့်မရှင်းလင်းလိုသော် လူတစ်ချို့ကို သုတ်သင်ရှင်းလင်းပစ်ရန် ထို အဖွဲ့၏ တာဝန်ပင်ဖြစ်သည် နာမည်ကြီးလူဆိုး လူမိုက်တစ်ချို့ လည်း ထ်ုနည်းဖြင့် အမြစ်ဖျက်သုတ်သင်ခြင်းခံခဲ့ရဖူး၏ အကြောင်းမျိုးမျိုးကြောင့် လွဲချော်ပြီးထောင်ကျသွားသူ တစ်ချို့လဲရှိခဲ့ဖူး၏ သို့သော် အမှုကရင်ဆိုင်ယုံလိုက်ပဲ နေပြီ အမှုက လွတ်သွားအောင်ပြန် ကယ်ထုတ်သွားတတ်ကြပါတယ်  ဗေဒါ ကို ထို အဖွဲ့က လိုက်လံသုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်


                   ဗေဒါ က သူတို့အတွက် အန္တာရယ်အကြီးဆုံးသားကောင်ပေ ဗေဒါ mr.လုတို့ဆီက ထွက်တော့ ကကလှမ်း နန်းကျသွားပြီဖြစ်သည် သို့သော် ထို အဖွဲ့သားတစ်ချို့ ကတော့ ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ရှင်သန်ဆဲပါ ထိုအဖွဲ့ကို မည်သူက စေခိုင်းလို ထ်ုအဖွဲ့ ဗေဒါကို လိုက်သတ်လည်း ယနေ့ထိမသိပါ ဗေဒါကိုဖားကန့်မှော်တွင်တစ်ကြိမ် မန်းလေးတွင် တစ်ကြိမ် ရန်ကုန်ပြန်လာစဉ်တစ်ကြိမ် သုံးကြိမ်တိတိ လုပ်ကြံသတ်ဖြတ်ကြသော်လည်း သေနေ့မစေ့သော် ဗေဒါ သုံးကြိမ်လုံး လွတ်မြောက်ခဲ့ပါ၏ 


                ဗေဒါ ထိုအချိန်အလင်းရသွားသည်က သုံးကြိမ်ထက် လူတစ်ယောက်ကံကောင်းရန်မဖြစ်နှိင်ပေ ထိုအတွက် ပြည်ပနှိင်ငံနစ်ခုသို့ထွက်ခွာရန် စတင်ခြေလှမ်းမိခဲ့ပါ၏ နောက်ပိုင်း ထို အဖွဲ့နှင့် ဗေဒါ တွေ့ကြုံ ကျော်လွှားပုံကို သီးသန့်တင်ပြပါမည်


                 လော်ကြီး သေပြီဟု ထောက်လှမ်းရေးက လုပ်ကြံသတင်းလွှင့်လိုက်တယ်လော်ကြီးက စင်္ကာပူတွင်ဆေးရုံတက်ကုသနေတာ သာမန် အနားယူမှုနှင့် အထွေထွေဆေးစစ်ရန်အတွက်သာဖြစ်သော်လည်း မြန်မာပြည်တွင် စီးပွားရေးလောက၌ ထိုသတင်းကပြန့်နှံ့လာပါတော့၏လော်မိသားစု၏စီးပွားရေးလုပ်ငန်းများကို ဆွဲစားရန် အတွက်ထောက်လှမ်းရေးက ကြိုတင်စီစဉ်လာခဲ့ပြီဖြစ်သည် ထိုသတင်းကို mr.လုတို့အတော်လေးပေါက်ကွဲကြ၏ ထောက်လှမ်းရေးကိုလည်းအမျက်ချောင်းချောင်း ထွက်၏ထို ကိစ္စာနဲ့ပတ်သက်ပြီးဗေဒါ နဲ့ ခင်မင်ရင်းနှီးသော စက်မှုဝန်ကြီး မှာတဆင့် ကကလှမ်းလာဘ်စားသတင်းများပေးရန် mr.လု ဗေဒါကို ညွှန်ကြားလာပါတော့တယ် ဗေဒါလည်း သူသိသော်သတင်းတစ်ချို့ကို စက်မှုဝန်ကြီးကိုပေးလိုက်၏ ဝန်ကြီးက ထောက်လှမ်းရေး လာဘ်စားသတင်းမှန်သမျှ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဦးသန်းရွှေထံတွင် တိုက်ရိုက်အစီရင်ခံလေတော့၏ ထို ဝန်ကြီးသည် ဦးသန်းရွှေထံ အခစားဝင်လျှင် လေးဘက်ထောက်ပြီး အိမ်ဦးမှာစတင်၍ ဝင်ရောက်ပြီ မင်းတရားကြီးအလိုကျ အလိုက်ဆောင်နှိင်သူဖြစ်သည်


               အဘချုပ်ကြီး၏ ရှစ်မိုင်အိမ်တော်အကြောင်း နည်းနည်းလေးပြောပြပါမယ် အဲဒီအိမ်မှာ အဘချုပ်ကြီးသား အငယ်က အခရာပါ အဘချုပ်ကြီးက ပြန်ကိုးကွယ်နေတာ ပြောရင် အလွန်ရီစရာဇာတ်လမ်းတစိပုဒ်ပါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကျောက်ဆည်မြို့ လူလတ်တန်း မိဘများမှမွေးဖွားခဲ့ပြီး ၊ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်သည် ကရင်ပြည်နယ် ဘားအံမြို့ ဆင်းရဲသောမိဘများမှ မွေးဖွားခဲ့သူ ပအို့ဝ် လူမျိုးဖြစ်ပါတယ်။ဒေါ်ကြိုင်ကြိုင်သည် ဗေဒင် လက္ခဏာ ယတြာ ကို အထူးယုံကြည် ကိုးကွယ် သူဖြစ်ပါတယ်။ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ သားအငယ်ဆုံး ဘိုးတော်သန်းဇော်ရွှေမွေးဖွားပြီးနောက် ရာထူးတက်ပြီး လာဒ်လာဘများတိုးတက်လာသဖြင့် အကျိုးပေးသောသားဟုဆိုပြီး ဘိုးတော်သန်းဇော်ရွှေ ပြောသမျှ ကို ဒေါ်ကြိုင်ကြိုင်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အား နောက်ကွယ်မှ ကြိုးကိုင်ပြီးခိုင်းပါ တော့တယ်။ ၁၉၈၂၊၈၃ ခန့် သန်းရွှေ အနောက်တိုင်းစစ်ဌာနချုပ် ဧရာဝတီတိုင်း တိုင်းမှူးတာဝန်ထမ်းဆောင်နေစဉ် ဒေါ်ကြိုင်ကြိုင်အား အကြားအမြင်ရ ပအို့ဝ် အမျိုးသမီးတစ်ဦးမှ မိဘုရားဖြစ်မည်ဟု ပြောခဲ့ဘူးပါတယ်။အဆိုပါတိုက်ဆိုင်မှုဟာ ဒေါ်ကြိုင်ကြိုင်မှ သန်းရွှေအား ဗေဒင် လက္ခဏာ ယတြာ များအရ ဝင်ရောက်စွက်ဖက်မှုများလာရပါတယ်။ဦးသန်းရွှေကိုယ်တိုင် ဒေါ်ကြိုင်ကြိုင်ခိုင်းသည့် ယတြာများကို ငြင်းပယ်ခြင်းမရှိခဲ့ပါ။ ၁၉၉၅၊၉၆ ခုနှစ် လောက်ကစပြီး စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များအတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် နီးစပ်သော အသိုင်းအဝိုင်းနှင့် နက္ခတ္တဗေဒ ပညာရှင် အသိုင်းအဝိုင်းမှ  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် ယခင်ဘဝများက ကျောက်ဆည်တွင် ဆည်များတည်ခဲ့သော သာလွန်မင်းတရားကြီး ဖြစ်ခဲ့သလို ဒေါ်ကြိုင်ကြိုင် သည်လည်း မိဘုရားခေါင်ကြီး ဖြစ်ခဲ့သည်ဟုသတင်းများပြန့်နှံ့ခဲ့သည်များရှိခဲ့ပါတယ်။အဲဒီအချိန်မှစပြီး စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် များအတွင်း ဒေါ်ကြိုင်ကြိုင် ကို မယ်တော်ကြီးခေါ်ဆိုရမည်ဖြစ်ပြီး သားသမီးများအား သားတော်သမီးတော်ဟု ခေါ်ဆိုရမည် ဟု နှုတ်မိန့်များထွက် လာခဲ့ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ နေအိမ်ကိုလည်း ရှေးဘုရင် များကဲ့သို့ အဆင်အပြင်များ ဆင်ယင်ပြီးနေထိုင်ခဲ့ပါတယ်။ဗေဒင် လက္ခဏာ ယတြာများကို ဒေါ်ကြိုင်ကြိုင် အလိုအရ အားလုံးစီမံခွင့်ရှိပါတယ် တိုင်းပြည်တိုးတက်မှုကို မလုပ်ဆောင်ကြတော့ဘူး။အဲဒီလို ဗေဒင်ယတြာ အစွဲအလမ်းကြီးမားမှုတွေက လွှမ်းမိုးနေတာကြောင့် ယတြာအစီအရင်တွေကြောင့် တပ်မတော်ရဲ့ အစဉ်အလာဟာလည်း မှေးမှိန်လာပါတော့တယ်။


ဘုရားတည်ခြင်းကိစ္စများ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျက်နှာပုံနှင့် ကျောက်စိမ်းဆင်းထု ထုလုပ်ပြီး ရွှေတိဂုံ ဘုရားတွင်ထားခြင်း ညဘက်တွင် ၉မိုင် တောင်ကုန်းပေါ်ရှိ ဆင်ဖြူတော်စီးခြင်းအစရှိသည့် ယတြာ များအပြင် အရေးကြီးသည့်နေ့ရက်များကို ဗေဒင် နက္ခတ် အလိုအရ နောက်ကွယ်မှ ဒေါ်ကြိုင်ကြိုင် သည်သန်းရွှေအားကြိုးကိုင်နှိုင်ခဲ့ပါတယ်။ ဆင်ဖြူတော်ကို တစ်နှာရီတစ်ကြိမ် ဖုန်းနဲ့ မြို့တော်စည်ပင်သာယာရေး ကော်မတီက သတင်းပို့နေရပြီး ဆင်ကြီးစားကောင်းမကောင်း၊ နေကောင်းမကောင်း စိုးရိမ်ကြီးစွာနဲ့ စောင့်ကြည့်ရတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အပူ (၁၁) မီးငြိမ်းစေဖို့ (၁၁) ရက် (၁၁) လ (၂၀၀၅) ကို ထွက်ပြီလို့ ဝန်းကြီးတွေအား အော်ခိုင်းပြီး ရန်ကုန်ကရုံးတွေ နေပြည်တော်ကို အတင်းရွှေ့ခိုင်း၊ နေပြည်တော်ကို ရှေးခေတ်နန်းတော်အဆောက်အဦးတွေလို ဆောက်ခိုင်းကာ သူကိုယ်တိုင် သာလွန်မင်းတရားကြီးဝင်စားလို့ဆိုပြီး ဘုရင်ရူးရူးနေတာတွေရယ်၊ ရွှေတိဂုံဘုရားက ဘုရားဌာပနာတွေ ကို ရွှေ့ဖို့လုပ်ခိုင်း တာတွေရယ်၊ ရွှေတိဂုံဘုရားက ကျောက်စိမ်းဘုရားကို နိုင်ငံတကာအကြီးအကဲတွေ လာရောက်တိုင်း ဦးခိုက်ခိုင်းတာတွေ၊ ဘုရားရင်ပြင်တော်မှာ လုံခြုံရေး အတွက် ဆိုပြီး သေနတ်တကား ကား နဲ့ဦးသန်းရွှေ အနားမှာ တွေ့မြင်ရတာတွေ ဒေါ်အောင်ဆန်းစုကြည် ကို နာမ်နှိမ်ဖို့ ကတ်ကင်းဖြစ်တဲ့ ကြက်ဆူပင်စိုက်ခိုင်းတာတွေ၊ အိမ်တော်ကိုလာတဲ့ ဧည့်သည်တွေကို ဖျာခင်းပြီးအောက်မှာ ထိုင်ခိုင်းပြီး ဆိုဖာပေါ်ရှိသူ့ကို ဖူးတွေ့ခိုင်းတာတွေဟာ အစွဲအလန်းကြီးမားမှုနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အောက်လမ်းနည်းတွေပဲ ဖြစ်ပါတယ်။ယတြာတွေ အမျိုးမျိုးလည်း ချေခဲ့ကြပါတယ်။ အင်္ဂါနံဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို နံနှိမ်တဲ့အနေနှင့် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း နေပြည်တော်လုပ်ခဲ့သည့် မန္တလေးမြို့ကျုံး၏ ထောင့်လေးထောင့်မှာ အင်္ဂါနံ စဥ့်အိုးထဲတွင် ဆီထည့်ပြီး အင်္ဂါနေ့ နံနက်အချိန် မြေမြုပ်ခိုင်းသည့် ယတြာအား လည်းလုပ်ဆောင်ခဲ့ပါတယ်။


              စက်မှုဝန်ကြီးအလှော်ကောင်းတာကော တိုင်းမှုးတွေ နောက်ကြောင်းလ်ုက်ပြီဖွင့်ချဖို့ထိလုပ်လာတဲ့ ထောက်လှမ်းရေးအကြီးအကဲကို တိုင်းမှုးတွေက အစာမကြေတော့ပါဘူး ခိုးလာတာနှစ်အတော်ကြာပါပြီ ကောက်ကာငင်ကာ ဖြင့် လှို့ဝှက်သတင်းတစ်ခုက်ု ထိုစဉ်က တိုင်းမှုးဖြစ်တဲ့ ဗိုလ်ချုပ်မြင့်လှိုင်က သတင်းပို့ခဲ့လေတော့သည် ဦးခင်ညွန့်အတွက် ကံဇာတာမှေးမှိန်ခြင်းကို ရောက်လာပါတော့သည်


                 

        ဦးသန်းရွှေ၏နက္ခတ္တဗေဒ ပညာရှင် များအဆိုအရ လက်ရှိမြန်မာမင်းဆက်မှာ (ဝင်၊သန်း၊ခေါင်) ဟုအဆို၇ှိခဲ့ပါတယ်။ ဝင်း သည် ဦးနေဝင်းဖြစ်ပြီး သန်းသည် ဦးသန်းရွှေဖြစ်ပါတယ်။ခေါင်သည် တနင်္လာသားဖြစ်ပါတယ်။ ဆိုလိုသည်မှာ သန်းရွှေ၏နေရာကို တနင်္လာသား ယူမည်ဆိုသည့် အဓိပ္ပါယ် ဖြစ်ပါတယ်။ ထိုစဉ်က ဗိုလ်ချုပ်ခင်ညွန့်မှာ တနင်္လာသားဖြစ်ပါတယ်။အဲ မကြာပါဘူး ရက်ပိုင်းမှာပဲ သူ အဖမ်းခံရပါလေရော။ဦးနေ၀င်းရဲ့ မြေး ဇွဲနေ၀င်းတို့ ကိစ္စနဲ့ စပ်လျဉ်းပြီး အာဏာရှင် ဗိုလ်သန်းရွှေက စတင် အညှိုးထား ခဲ့ရာမှ ဗိုလ်ခင်ညွှန့် “နေ၀င်” မှု စတင်ခဲ့ပါတယ်။ ဗိုလ်ခင်ညွှန့်ကို ရန်ကုန်မြို့ (၉) မိုင် ရွှေနှင်းဆီလမ်းရှိ ဗိုလ်သန်းရွှေရဲ့ တပ်မမှူးဘ၀က ရထားတဲ့ ခြံမှာ အကျယ်ချုပ် ထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအိမ်ရဲ့ ရှေ့လမ်းမှာ အရှိန်တား ဘုတုံး (၂) တုံး ခင်းထားပြီး ခြံစည်းရိုးအတွင်း မထွက်ပြေး စေဖို့ မီးဆလိုက် တစ်ခုကို ညဘက်မှာ ထွန်းညှို ထားပါတယ်။ ဦးသန်းရွှေရဲ့တပည့် အပေါင်းအပါတစ်ချို့လည်း လိုက်ဖက်တဲ့ဇာတ်လမ်းတွေရှိပါတယ်။ အရာရှိကြီးဗိုလ်ချုပ် ကတော်အတော်များများက ပန်းသီးကို လက်အောက်ခံတပ်တွေက ဧည့်ခံကျွေးမွေးရင် ပင်ပန်းမှာစိုးလို့ မစားချင်တာတွေ၊ စပျစ်သီးကျွေးရင် စာပစ်ခံရမှာစိုးလို့ မကျွေးခိုင်းတာတွေ၊ ဩဇာရှိအောင် ဩဇာသီးဘုရား ကပ်ခိုင်းတာတွေ၊ ဖယိုဖရဲဖြစ်မှာစိုးလို့ ဖရဲသီးကို မစားခိုင်းတာတွေ၊ ကံကောင်းစေဖို့ ကံကော်ရန် ကျွဲကောသီးဘုရားကပ်ခိုင်းတာတွေ၊ ပိုက်ဆံတွေထော အောင် ထောပတ်သီးဘုရားကပ်ခိုင်းတာတွေ၊ ကုန်သည်တွေ စီးပွားရေးသမားတွေ လာဖက်အောင် လက်ဖက်ကိုလက်ဆောင်ထဲမှာဖြစ်ဖြစ်၊ သူတို့ကို ဧည့်ခံလို့ ကျွေးရင်ပဲဖြစ်ဖြစ် လက်ဖက်ကို ထည့်ခိုင်းတာတွေ၊ မင်းစိုးရာဇာတွေ မိမိအပေါ် အမြင်ကြည်လင်အောင် good အောင် မင်းဂွတ်သီးဘုရား ကပ်ခိုင်းတာတွေ၊ ဦးသန်းရွှေ အမြင်ကြည်အောင် ရွှေကြည်ဆနွင်းမကင်း ဘုရားကပ်ခိုင်းတာတွေ စသဖြင့် အင်မတန်မှ အစွဲအလန်းကြီး ဇီဇာကြောင် ပါတယ်။


အယူအဆ အစွဲအလမ်းကြီးမားပြီး အာဏာရူးသွပ်နေတဲ့ ဒေါ်ကြိုင်ကြိုင်ဟာ ဗေဒင်နက္ခတ်အရ ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်စေဖို့ အင်္ဂါသား ဗိုလ်စိုးဝင်းကို ၀န်ကြီးချုပ်အဖြစ် သွေးထိုးစီစဉ် ခဲ့ပြီး၊ နန်းပြောင်းနန်းလွှဲ ဖြစ်မှသာ ယတြာအရ ချေပြီးသား ဖြစ်မည်ဟု ကိုးကွယ်တဲ့ဆရာများက ပြောကြပါတယ်၊ စက်မှုဝန်ကြီးဦးအောင်သောင်း ကိုးကွယ်တဲ့ သင်္ကန်းကျွန်း မှ အကြားအမြင်ဆရာမတစ်ဦးရဲ့ တိုက်တွန်းမှုအရ ကြက်ဆူပင် စိုက်ခိုင်းခဲ့သလို မပြောင်းရအောင် ပြောင်းဖူး စိုက်ခိုင်းစေပြီး၊ ကြက်ဆူမှာ ဒေါ်အောင်ဆန်းစုကြည် ကတ်ကင်းဖြစ်သော်လည်း ယတြာအချေကောင်းမှုကြောင့် တန်ပြန်သက်ရောက်ကာ တပြည်လုံး ကျက်ကျက်ဆူသွားခဲ့ရပါတယ် ။နိုင်ငံတော်အလံ အပြောင်းအလဲ အခန်းအနားမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို နာမ်နှိမ်တဲ့အနေနှင့် (စုကြည်) စင်ကြယ် ဘိနပ်စီးစေခဲ့ပါတယ်။ သို့သော်မည်မျှပင်လုပ်လုပ် လောကတရားကိုတော့ ရှောင်လွှဲနှိင်သူ ရှိမည်မထင်ပါ


                   ပြောခဲ့သလိုပင် စက်မှုဝန်ကြီးအလှော်ကောင်းမှု စစ်တိုင်းမှုးဗိုလ်ချုပ်မြင့်လှိုင် ၏ အပို့ကောင်းမှု လော်မိသားစု၏ ပါဝါ ထိခိုက်လာမှုတွေကြောင့် ကြောင့်များစွာ ကြောင့် ထောက်လှမ်းရေးတပ်အကြီးအကဲ နန်းကျသွားခြင်းဖြစ်သည် လော်ကြီးနှင့် စစ်ထောက်ချုပ် သီဟသူရတင်အောင်မြင့်ဦး၏ ပါဝါ စီးပွား မြင့်တက်စေရန်အကြောင်းဖန်လာခဲ့ပြီဖြစ်သည် ထောက်လှမ်းရေးအကြီးအကဲနှင့် သူ ထောက်လှမ်းရေးနန်းချခြင်း သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ကို ပူးတွဲ ကွပ်ကဲရေးမှုးရာထူး အရယူထားသော ဗိုလ်ချုပ်ကြီး သူရရွှေမန်း အတွင်းရေးမှုး၁ ဒုဗိုလ်ချုပ်ကြီးစိုးဝင်း စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးသိန်းစိန် စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး တို့ ရှေ့ထွက် လာကြပြီ သူရဦးရွှေမန်းက ထောက်လှမ်းရေးနှင့်မကင်းသော စီးပွားရေးသမားများ စအဖချုပ် အသစ် ဗိုလ်ချုပ်မြငိ့ဆွေ ထံတွင် သီးသန့်လာရောက်ထွက်ဆိုဖ်ု့လိုအပ်ကြောင်း ပါဝါ ကို ချပြတဲ့ပွဲကြီး ဖြစ်လာခဲ့တယ် တနည်းအားဖြင့် စီးပွားရေးသမားများကို မိမိတို့ကို လာကပ်ရန်လိုသည်ဟု မပြောယုံတမယ် ခြိမ်းခြောက်သော သတင်းစာရှင်းလင်းပွဲဟု ဗေဒါ ထင်ပါသည်


                 law family ၏ ထောက်လှမ်းရေးအလွန် ကဏ္ဍများသည် အချမ်းသာဆုံးဖြစ်ဖို့ ပိုမိုတောက်ပြောင်သောအနာဂတ်တစ်ခုဆီသို့ရှေရှုနေပြီဖြစ်ကြောင်း ဗေဒါကော ဂျာနှုးပါ သသောပေါက်ထားပါ၏


                            ®

 ➖➖➖➖➖➖➖➖➖➖➖➖➖➖➖


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


➡️   အတိတ်ကပုံရိပ်များ……{အပိုင်း၃၂}


                              ®

                             ဗေဒါ

      

  " ပိုက်ဆံ ပိုက်ဆံ ရုပ်ဝတ္တုတို့ရဲ့ပြဌန်းချက် "

     

              

             ဗေဒါ နဲ့ဂျာနှုး အချစ်ခရီးက အလုပ်လုပ်ရင်း ဖြတ်သန်းရတာပါ အချိန်သီးသန့်မပေးနှိင်ပဲ ရတယ့်အချိန်လေးမှာ ဖြတ်သန်းကြရတာပါ အချစ်က အရာရာကို တွန်းအားပေးစေခိုင်းခဲ့တာ ဗေဒါ အကြွင်းမဲ့လက်ခံပါတယ် ဂျာနှုး အလုပ်က ပိုများလာပါတယ် ငွေစာရင်းတွေကော အလုပ်ညွှန်ကြားမှုများစွာရော  လော်မိသားစုအရေးများစွာပါ လုပ်ကိုင်ပေးနေရပါ ဂျာနှုးမှာ ကိုယ်ပိုင်ရုံးခန်း မြန်မာပြည်မှာရော စင်္ကာပူမှာပါ ရှိပါတယ် သူအောက်မှာ မိန်းကလေး ဝန်ထမ်းအများစုထားပြီ ယောက်ကျားလေးက အမာခံလောက်နည်းနည်းပဲထားတာပါ စင်္ကာပူရုံးခွဲတွင်တော့ စင်္ကာပူလူမျိုး အများစုခန့်ထားတာပါ သူကလော်မိသားစုရဲ့ ဒေတာ အားလုံးထိန်းထိမ်းပေးနေရသလို ဘဏ္ဍရေးလည်း စီစစ်ထိန်းကျောင်းပေးနေရတာပါ သူက mr.လု ယောက်ဖဖြစ်သူ တောင် အထာမထားပါ စာရင်းကွာဟမှုတစ်ခုကြောင့် ပြာသာနာတက်ပါတယ် ကွာဟမှုငွေကြေးက ဒေါ်လာ သန်းချီပါတယ် လုပ်ငန်းကဆောက်လုပ်ရေးဘက်ကပါ အဲကေ့စ်မှာ ဂျာနှုးရဲ့ပြတ်သားမှုကို ဗေဒါ မြင်တွေ့ခဲ့ရတာပါ mr.လု သူယောက်ဖကိုအရေးမယူသော်လည်း လော်ကြီးကတော့ ဂျာနှုးဘက်က ပြတ်သားစွာထောက်ခံပေးခဲ့ပါတယ် နောက်ဆုံး သမီးဖြစ်သူနဲ့ပါ ကွာရှင်းခိုင်းတဲ့အထိ ပြတ်သားခဲ့ပါတယ် လော်ကြီးအယူအဆက ပိုက်ဆံကိုးကွယ်သူ ဟာ ပျက်စီးမှုရှိလာနှိင် သူ အဖြစ် ရှုမြင်ထားပါတယ် ပိုက်ဆံနဲ့ပက်သက်ပြီ အမှားအယွင်း မခံသော် မိသားစု ဖြစ်ပါတယ်


                   ဗေဒါ တို့လို့ လူရင်း တပည့်များစွာကို သူကဏ္ဍနဲ့သူမွေးထားတာပါ အားလုံး ကိုယ့်ငွေ ကိုကြိုက်သလောက်ထုတ်လို့ရသော်လည်း စာရင်းအင်း တိကျစွာ ဂျာနှုးထံပြန်ပေးရပါတယ် လော်မိသားစု က လူတစ်ယောက်မခိုးဝံ့အောင်ပေးထားတာပါ တခြားလူတွေခိုးပြီ တိုက်ဆောက်ကားစီးလို့ရသော်လည်း ဗေဒါတို့လို လူအရင်းတွေကို ငွေရေးကြေးရေး တိမ်းစောင်းမခန်းပါဘူး လူရင်ွးေ သစ္စာဖောက်ရင် စီးပွားရေးပြိုလဲနှိင်တယ်လို့ထင်ထားကြသူတွေပါ လော်မိသားစုက မြန်မာတွေကို လုံးဝမယုံကြည်ပါ မြန်မာတစ်ယောက်ဆီက မခိုးဖို့၅၀%လောက်ပဲ မျော့်လင့်တယ်လို့ လော်ကြီး အမြဲပြောလေ့ရှိပါတယ် ဗေဒါ နဲ့ လော်မိသားစု ရဲ့ ယုံကြည်မှုက အဲအချက်ပါပဲ ဗေဒါလို တစ်ကောင်ကြွက်ဘဝက ဘာမှာမမျှော့်လင့်ထားပါ နေဖို့စားဖို့ သုံးဖ်ု့ သွားဖ်ု့ရန် အသင့်ရှ်နေသော ဘဝကို ပျော်မွေ့ခဲ့တာပါ ငွေကြေးကို ဗေဒါ မမက်မောပါ ဘဝကို အသစ်အသစ်သော် စိတ်ကူးတွေနဲ့သာ ဘဝလမ်းကို လျှောက်ချင်စိတ်ပြင်းထန်ခဲ့တာပါ


                 စီးစရာကား မကောင်းလျှင် နောက်တစ်စီးအဆငိ့သင့် သွားပြင်မဲ့လူကလည်း အဆင့်သင့် သုံးစရာ ဘက်ဂျက်ကအဆင့်သင့် သုံးလို့လက်လွန်သွားရင် ဂျာနှုး ကို အကြောင်းပြချက်ခေါင်းစဉ်ပေးလိုက် ဒီလောက်နဲ့ဘဝကို ဗေဒါ ကျေနပ်စွာဖြတ်သန်းခဲ့တာပါ လော်မိသားစုကလည်း ဗေဒါကိုပျော်အောင်ထားခဲ့ယ် ဗေဒါလက် ဗေဒါ ခြေ ဖြစ်အောင် အရာရာ ဖန်တီးလုပ်ကိုင်ခွင့်ပေးခဲ့တယ် ဗေဒါ မပျော်နှိင်တာကာ ဂျာနှုးနဲ့အချစ်ရေးပါ ရှေ့ဆက်ဘဝကို အပြီးတိုင်လက်တွဲစေချင်ခဲ့တာ သို့သော် အခြေအနေအချိန်အခါက မည်သို့မျှ မဖြစ်နှိင်ခဲ့ကြပါ နှစ်ယောက်လုံး လော်အရိပ်အောက်မှာ ဘဝအခ်ျိန် တစ်ဝက်လောက် မျောပါစီးဝင်ခဲ့ကြသူတွေပါ တစ်နေ့ ထို တစ်နေ့ဗေဒါ ဘဝမှာမေ့မရခဲ့ပါ ဂျာနှုးကို လက်ထပ်ပေးရန် လော်ကြီးက စီစဉ်လာပါတယ် လက်ထက်ပေးမယ့်သူက တရုတ်နှိင်ငံသားတစ်ယောက်ပါ ငွေကြေးရင်းနှီးမြုပ်နှံမှု ကုမဏ္ဍီက သဌေးပါ လော်ကြီးတ့်ု မိသားစု ကို တရုတ်ဘဏ်တွေဆီကနေ အတိုးနှုန်းနဲနဲနဲ့ ချေးငွေးရအောင် ကူညီပေးခဲ့သူပါ သူက ဂျာနှုးကို မြင်ပြီး ကမ်းလှမ်းလာတာပါ  ဂျာနှုးကတော့ အပါးကြီးသဘောအတိုင်းဟုဆို၏ ဂျာနှုးက လော်မိသားစုအတွကိ ပေးဆပ်ဖို့ မွေးဖွားလာသူဟု ဗေဒါ ထင်မိပါတယ် ဂျာနှုး နှငိ့ ဗေဒါ ထို ကိစ္စာ နောက်ပိုင်း မတွေ့ဖြစ်ကြပါ ဗေဒါ အတတ်နှိင်ဆုံးရှောင်လိုက်၏ 


             ဗေဒါ ခရီးပဲလှိမ့်ထွက်လိုက်၏ ရောက်သော ခရီးတိုင်းတွင်လည်း ရက်အတော်ကြာကြာနေလိုက်၏ သွားခဲ့သမျှ ခရီးစဉ်က မြန်မာပြည်အနှံ့ပါ လုပ်ကွက်က သစ်ဘက်က အလုပ်တွေပါ သစ်လုပ်ငန်းတစ်ခွင် ပြဲပြဲစင်အောင်ထွက်လာခဲ့တာ တစ်နှစ်ကျော်ကြာ၏ သစ်လောကမှာ အနေကြာလာတော့ သစ်ဘက်က ကုမဏ္ဍီတွေအတော်များများ သိလာ၏ သစ်ကို လှိုင်လှိုင်ခုတ်နေတာ နောင်တစ်ချိန်မှာ အကျိုးဆက် ခံစားရတော့မယ်ဆိုတာ ဗေဒါ ဆရာမလုပိချင်ခဲ့ပါ အများမိုးခါးရေသောက်နေတဲ့ ခောတ်မှာ လော်မိသားစုလည်း ဝင်သောက်တာတော့ မည်သူမျှအပြစ်တင်ရန်မလိုအပ်ပေ လုပ်ပိုင်ခွင့်ပေးခဲ့သူတွေသာ အပြစ်ရှိပါ၏ သစ်သမားတွေ တစ်ရွာတစ်ကျီစောင့် တာ ကြုံမှာသိပေခဲ့တော့၏ သစ်မှာအကောင်းဆုံးဆိုသောနယ်တွေဗေဒါ အကုန်ရောက်ခဲ့၏ ယောနယ် ကယား ကျိုက်ထို ရှမ်းပြည်နယ် ရွှေလီ -မဘိမ်း ကသာ မိုးမိတ် ဗန်းမော် ပဲခူးရိုးမ ရွှေဘို ကောလင်း ဝန်သို မုံရွာ တနင်္သာရီဘက်အထိ ဗေဒါ အကုန်နှံ့ခဲ့၏ 


               ကိုယ်တိုင် သစ်ခုတ်တဲ့လုပ်ကွက်ရှိသလို သူများခုတ်ပြီးတာ ပြန်ရွေးရတဲ့ လုပ်ကွက် ရှိပါတယ် ဗေဒါ အပိုင်းက လော်မိသားစုကိုယ်စား ငွေကြေး ယန္တာရား အကုန်စီမံကွပ်ကဲပေးခဲ့ရတာပါ အလေ့အလွင့်များနေတယ်လို့လော်မိသားစု ကခေါင်းစဉ်တပ်ပြီ ဗေဒါကို မဲဆာပို့လိုက်ခြင်းဖြစ်တယ် တနည်းအားဖြင့် ဂျာနှုး နဲ့ အဝေးဆုံး ကို ပို့လိုက်ကြတာပါ သစ်ဘက်ရောက်ခဲ့တဲ့တစ်နှစ်အတွင်းမှာပဲ ဂျာနှုးအိမ်ထောင်ပြုသွားပါတယ် ဗေဒါ အသည်းကွဲ သမားတို့ထုံးစံအတိုင်း အရက်သမားလိုင်းရောက်သွားတာပါ သစ်လုပ်ငန်းလုပ်နေတဲ့ ဋ္ဌာနာဆိုင်ရာအများစုဟာ အရက်သမားအများစုပါ ပျော်လည်းသောက် ညစ်လည်းသောက် စကားပြောတာတောင် အရက်ဆိုင်မှာ ဋ္ဌာနာဆိုင်ရာက လူတွေနဲ့ပြောရတာပိုအဆငိပြေပါတယ် တိုင်းထွေမန်နေဂျာကနေ နယ်တာဝန်ခံထိ အရက် မိန်းမ မကင်းပါ တစ်ချို့တပ်ဘက်ကပြောင်းတဲ့လူတွေဆို ကိုသာဆိုးပါ အကုန်မလွတ်ပါ ဗေဒါ နဲ့လက်ရင်းထ်ုးပေါင်းခဲ့တဲ့ တပ်ကနေ တိုင်းမန်နေဂျာဆို ခပ်ငယ်ငယ်ပါ လုပ်ငန်းထက် ပေါင်းသင်းဆက်ဆံရေးအလွန်ကောင်းပါတယ် အရက် မိန်းမ ဖိုးပါ မလွတ်ပါ ငွေကို လွယ်လွယ်လေးရတော့လည်း ဒီလူတွေ အကုန်ပျက်တော့တာပေါ့


            သစ်ကနတ်ကြီးပါတယ် သစ်နဲ့ ချမ်းသာသလို သစ်နဲ့ဘဝပျက်သွားတာတွေလည်းတွေ့ခဲ့ဖူးပါတယ် လိုင်းရောထွေးသွားတဲ့လူတွေ က ပိုအဖြစ်များပါတယ် သစ်သမားပြန်ရင် ပြောစရာကျန်ခဲ့စေတာ တိုင်း ပြည်အနှံ့အပြားမှာရှိခဲ့တာပါ နယ်ခံ အများစုက သစ်သမားဆို အထင်ကြီးတတ်ပါတယ် အိမ်ထောင်ရှိ သစ်သမားတွေကြောင့် နယ်ခံမိန်းမပျိုတွေ အများစု ဘဝပျက်ခဲ့ကြသလို တစ်ချို့တစ်ရွာ တစ်ကျီ စောင့်ပြီ ရန်ကုန်ကမိသားစုပစ်သွားတဲ့လူတွေလည်းရှိပါတယ် သစ်သမားအတွကက် အပေါဆုံးကဘိန်းပါ ကချင် နဲ့ စစ်ကိုင်းကြား ရွှေလီ မဘိမ်းတဝိုက်က လုပ်ကွက်အများစုမှာ သစ်ကွင်းထိ ဘိန်းလာရောင်းတတ်ပါတယ် ဘိန်းမဲ ဘိန်းဖြူ လိုတာအကုန်ရသလို အသီးကြိုက်သူအတွက်လည်းအားလုံး အဆင်ပြေစေတာ သစ်လုပ်ငန်းကြီးပါ 


                 "ပျင်း ပျော် ပျက် ပြေး သစ် တော ရေး " သစ်လုပ်ငန်းရောက်ခါစဆို အစပထမ "ပျင်း "လာမယ် နောက်ပိုင်း ကိုယ်သန်ရာလိုင်းမှာ "ပျော် "လာမယ် အလွန်အကျွံတွေလုပ်မိကြလို "့ ပျက်" လာမယ် ပျက်ပြီးရင်တော့ ငွေ လူမှုရေး အကြောင်းရင်းများစွာကြောငိ့ ထွက် "ပြေး" ရတဲ့လူတွေ မနည်းမနော ဗေဒါ တွေ့ခဲ့ဖူးပါတယ် တချို့ဆို အသက်ခံရတဲ့အထိ ဖြစ်ခဲ့ကြတာပါ သစ်လုပ်ငန်းလုပ်နေတဲ့လူအများစုက လည်း မတစ်ကောင်သားတွေကြီးပါပဲ


                 မြန်မာနှိင်ငံတွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေလက်ထက်မှာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ထိ ၂၀၀၁ -၂၀၀၂ မှ ၂၀၁၄-၂၀၁၅ အထိ ၁၄နှစ်အတွင်း သစ်တန်ချိန်ပေါင်း ၁၂သန်းနီးပါးကို ထုတ်ယူခွင့်ပေးခဲ့သည် 

            ထိုစာရင်းအရ ဦးသိန်းစိန် လက်ထက်တွင် နှစ်ပေါင်းနှစ်ဆယ်အတွင်းအများဆုံးစံချိန်တင်တင်ပို့ခွင့်ပြုခဲ့မှုမှာလည်း အများဆုံးဖြစ်ပြီးနောက်ဆုံးပိတ်အိတ်နှင့်လွယ်သွားခြင်းဖြစ်သည်    ပြည်ပသို့သစ်တင်ပို့နေသော ကုမဏ္ဍီများမှာ Jade land(ထွန်းမြတ်အောင်)

မိုမင်တန် (CIFG) ဦးစောဘောနီ အရှေ့သံလွင် Sure Co.Ltd ထီးပွင့်ကံ ဦးရဲထွန်း ခိုင်သစ်(TKW,Asia Green) ဦးတေဇာ၏ Htoo

သစ်တောဝန်ကြီး ဦးဝင်းထွန်းနှင့်ပတ်သက်သော မြတ်နှိးသူ တင်ဝင်းထွန်း Nature Timber   လော်မိသားစု၏ Lucre Wood 

စက်မှုဝန်ကြီးဦးအောင်သောင်း၏သားနေအောင်၏ IGE နှင့် MRT ဒဂုံဦးဝင်းအောင်၏ Global Star စစ်အစိုးရမိသားစုများနှင့်ပတ်သက်သော ကုမဏ္ဍီ ၈၆ခုခန့် ရှိကြောင်းသိရလေသည် 


          အဲဒီထဲမှာ အများဆုံးထုတ်ခွင့်ရတဲ့ကုမဏ္ဍီဆယ်ခုကတော့ မြတ်နှိးသူ တင်ဝင်းထွန်း၏Nature Timber ထူးအုပ်စု IGE ၏ MRT

Global Star Lurcre Wood  Momentum Wood Would ထွန်းမြတ်အောင်တို့ဖြစ်ကြသည် အများဆုံးခုတ်သွားသော မြတ်နှိးသူကို ဦးကျော်စ်ုးလွင်က ပိုင်ဆိုင်ပြီ တင်ဝင်းထွန်းကုမဏ္ဍီကိုတော့ ဦးတင်ဝင်းကပိုင်ဆ်ုင်၏ မိုမင်တန်ကုမဏ္ဍီကိုတော့ City Mark ကုမဏ္ဍီကိုပိုင်ဆိုင်ထားသော ဦးကြင်စိန်ပိုင်ဆိုင်၏ 


               ထူးဆန်းသည်က ထိုသစ်ကုမဏ္ဍီမျာသည် ထိပ်ဆုံးအခွန်ထမ်း ၁၀ဦးအတွင်းတွင် ပါဝင်ခြင်းမရှိသည်မှာက ယနေ့တိုင်ပင်ဖြစ်သည် သစ်ခုတ်သူများသည်  သစ်ပင်တစိပင်ခုတ် သုံးပင်ပြန်စိုက်ဆိုသော ဗြိတိသျှနည်းကိုမျက်ကွယ်ပြုခဲ့သဖြင့် တ်ုင်းပြည်တွင် သစ်ပြုန်းတီးသွားခြင်းဖြစ်သည် ဗေဒါကတော့ သစ်တောဝန်ကြီးအဆက်က်ကိုပဲ အပြစ်တင်မိပါသည် မိသားစုဆွေမျိုးကောင်းစားရေးဝါဒကြောင့် နောက်အနာဂတ်မြန်မာပြည် ရာသီဥတု ဖောက်ပြန်လာခြင်း၏ လက်သည် တရားခံများပင်ဖြစ်သည်


                        ®

                       ဗေဒါ

                    

 Stories by 👁ဗေဒါ

 Written by 🖊️ကျည်မင်းသိန်း

 Edited by ➡️စည်သူ


 

No comments: