Pages

Saturday 28 April 2012

အရက်သောက် တာ နှလုံး အတွက် ကောင်းသတဲ့

အရက်သောက် တာ နှလုံး အတွက် ကောင်းသတဲ့

နှလုံးအရက် သောက်ခြင်း သည် ကျန်း မာ ရေး ကို ထိခိုက် ဆုတ်ယုတ် စေသည် ဟု ကျွန်ုပ် တို့ သိထား ကြသည်။ သို့သော် အလွန်အကြူးမဟုတ်ဘဲ အနည်းငယ်မျှ ပမာဏသောက်သုံးခြင်းသည် နှလုံး ကျန်းမာရေးကို အထောက်အကူပြု ကြောင်းလေ့လာတွေ့ရှိခဲ့သည်။

Sunday 15 April 2012

အဝေးရောက် မြန်မာပြည်သားများ အမိမြေမှ အတာသင်္ကြန်ကို အလွမ်းပြေ ကြည့်ရှုခံစားနိုင်ဖို့ Sky Net TV (Live) ရုပ်သံလိုင်းမှာ ကြည့်ရှုမယ်

အဝေးရောက် မြန်မာပြည်သားများ အမိမြေမှ အတာသင်္ကြန်ကို အလွမ်းပြေ ကြည့်ရှုခံစားနိုင်ဖို့ Sky Net TV (Live) ရုပ်သံလိုင်းမှာ ကြည့်ရှုမယ်...။

အမိမြေရဲ့ အဝေးမှာရောက်ရှိနေကြတဲ့ ရွှေမြန်မာနိုင်ငံသားများ သင်္ကြန်အလွမ်းပြေ SkyNet TV Live ထုတ်လွှင့်ချက်ကို အောက်ပါ http://www.tvunetworks.com/downloads/player.html TVU Player (Version: 2.5.3.1) ပရိုဂရမ်အား ဒေါင်းလုပ်လုပ်ပါ..။ ပြီးရင် Channels နေရာမှာ လိုင်းနံပါတ် 99221 ကိုထည့်ပြီး တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်မှာ အမိမြေမှ မြန်မာပြည်သားများနဲ့ အဝေးရောက် မြန်မာပြည်သားများ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ခညောင်းနိုင်ကြပါစေ...။

လင့်ခ် ပေးပို့ပေးတဲ့ ညီငယ် ကောင်းဆုလင်းအား ကျေးဇူးတင်ပါသည်...။
Ref;  ဒီမိုဝေယံ  

Wednesday 4 April 2012

ပျော်ကြ ၊ မြူးကြ သင်္ကြန် ခါသမယ

ပျော်ကြ ၊ မြူးကြ သင်္ကြန် ခါသမယ

Tue, Apr 3, 2012



နှစ်စဉ်မြန်မာ့ရိုးရာရေသဘင် ပွဲတော်ပျော်မြူးကြပုံတွေက တစ် နှစ်ထက်တစ်နှစ်ပိုမိုထူးခြားမှုတွေ ရှိလာပါတယ်။ ၂၀၁၂ ခုနှစ်ဧပြီ မှာတော့ သင်္ကြန်မတိုင်မီ ဧပြီ (၁) ကို အာရုံစိုက်နေမိလို့သင်္ကြန်ကို တောင်မေ့နေတယ်လို့လူငယ်တစ် ယောက်ကပြောပါတယ်။
ကန်တော်ကြီးနဲ့ အင်းယာကန် ပတ်သတ်လည်မှာ နှစ်စဉ်တိုးမ ပေါက်အောင်စည်ကားနေကြဖြစ် လို့ဒီနှစ်မှာလည်း ကန်တော်ကြီး ရဲ့ ပတ်ပတ်လည်မှ သင်္ကြန်ဖို့ နှစ် ပတ်အလိုကတည်းကမဏ္ဍာပ်တွေ အပြိုင်အဆိုင်ဆောက်နေတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့နေလူ ငယ်တွေစိတ်ဝင်တစားစုံစမ်းကြ တာကတော့ မဏ္ဍာပ်ဈေးနှုန်းတွေ ပါ။

Tuesday 3 April 2012

မြေပုံဆော့ဖ်ဝဲ အခမဲ့ ဖြန့်ဝေ


မြေပုံဆော့ဖ်ဝဲ အခမဲ့ ဖြန့်ဝေသိလိုသည့်နေရာဒေသများကို Online မှ ကြည့်စရာမလိုဘဲ Offline ကြည့်ရှုနိုင်သောလမ်း ညွှန်မြေပုံဆော့ဖ်ဝဲကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ဧပြီလဆန်းတွင် စတင်၍ အခမဲ့ဖြန့်ချိပေးသွား မည်ဟု သတင်းရရှိသည်။
အဆိုပါဆော့ဖ်ဝဲ၏ အမည် မှာMap++Directory လမ်းညွှန် ဖြစ်ပြီး PC များနှင့် Android မို ဘိုင်းဖုန်းများတွင် ထည့်သွင်းအ သုံးပြုနိုင်မည်ဖြစ်သည်။