- 31 Mar 2012 |
 သိလိုသည့်နေရာဒေသများကို Online မှ ကြည့်စရာမလိုဘဲ Offline ကြည့်ရှုနိုင်သောလမ်း ညွှန်မြေပုံဆော့ဖ်ဝဲကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ဧပြီလဆန်းတွင် စတင်၍ အခမဲ့ဖြန့်ချိပေးသွား မည်ဟု သတင်းရရှိသည်။
သိလိုသည့်နေရာဒေသများကို Online မှ ကြည့်စရာမလိုဘဲ Offline ကြည့်ရှုနိုင်သောလမ်း ညွှန်မြေပုံဆော့ဖ်ဝဲကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ဧပြီလဆန်းတွင် စတင်၍ အခမဲ့ဖြန့်ချိပေးသွား မည်ဟု သတင်းရရှိသည်။အဆိုပါဆော့ဖ်ဝဲ၏ အမည် မှာMap++Directory လမ်းညွှန် ဖြစ်ပြီး PC များနှင့် Android မို ဘိုင်းဖုန်းများတွင် ထည့်သွင်းအ သုံးပြုနိုင်မည်ဖြစ်သည်။
စတင်ဖြန့်ချိသည့် အချိန်မှ လအနည်းငယ်အတွင်း ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ လိပ်စာ ပေါင်းတစ်သိန်းနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လိပ်စာ ပေါင်း သုံးသောင်းကို ထည့်သွင်းပေး ထားသည်ဟု အထက်ပါကုမ္ပဏီမှ အခမဲ့ဖြန့်ချိသည့် ဆော့ဖ်ဝဲထုတ် လုပ်သည့်အဖွဲ့မှ ထုတ်လုပ်မှု ဒါရိုက်တာ ဦးမိုးသန့်ဦးက ပြော သည်။ Myanmar Explore Map ++ Directory အမည်ရ အဆိုပါ ဆော့ဖ်ဝဲတွင် မည်သည့်စီးပွားရေး လုပ်ငန်းအမျိုးအစားမဆို သက် ဆိုင်ရာလုပ်ငန်းများ၏ တည်နေ ရာများနှင့် လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းအကြောင်းအရာများကို အခမဲ့ထည့်သွင်းနိုင်မည်ဖြစ် သည်။ စာအုပ်မလိုပဲ ကွန်ပျူတာနှင့် မိုဘိုင်းစနစ်များတွင်ပင် သိလိုသ မျှ စီးပွားရေးလုပ်ငန်းများ၏ လိပ် စာများနှင့် တည်နေရာပြလမ်း ညွှန်မြေပုံစနစ်များကို မြန်မာ၊ အ င်္ဂလိပ်နှစ်ဘာသာဖြင့် သုံးစွဲသူ များက အခမဲ့အသုံးပြုနိုင်မည် ဖြစ်သည်။ ဘတ်စ်ကားမှတ်တိုင်များ ပါ ရှာဖွေသိရှိနိုင်မည်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ လမ်း ပေါင်း ခုနစ်ထောင်ကျော်ကိုပါ တိတိကျကျ အလွယ်တကူရှာဖွေ နိုင်မည်ဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။ ယင်းလမ်းညွှန်မြေပုံဆော့ဖ် ဝဲအတွင်း မည်သူမဆိုလုပ်ငန်း ကြော်ငြာများကို စိတ်ကြိုက်ညှိ နှိုင်းထည့်သွင်းနိုင်မည်ဖြစ်သည်။
မည်သည့်နေရာတွင်မဆို အွန်လိုင်းချိတ်ဆက်ထားရန်မလို ဘဲအသုံးပြုနိုင်မည့် ယင်းလမ်းညွှန် မြေပုံဆော့ဖ်ဝဲကို www.myanmarexplore. comပေါ်တွင် လစဉ် ၁၆ရက်နှင့် လကုန်ရက်များ တွင် သုံးစွဲသူကိုယ်တိုင် Update ပြုလပု န် ငို မ် ည်ြဖစ်ြပီး ရေးဆသွဲ ည့် ကုမ္ပဏီအနေဖြင့်လည်း သုံးလ တစ်ကြိမ် လိပ်စာများနှင့်အ ကြောင်းအရာများကိုပါ ပြန်လည် ဆန်းစစ်ပြီး ပြင်ဆင်ပေးသွား မည်ဟုသိရသည်။ လတ်တလောတွင် အဆိုပါ ဆော့ဖ်ဝဲကို ရန်ကုန်နှင့်မန္တလေး တိုင်းဒေသကြီးနှစ်ခုတည်းအ တွက်သာ အသုံးပြုနိုင်သေးသော် လည်း လာမည့်မေလအတွင်း နေပြည်တော်ခရိုင်၏ လမ်းစနစ် များနှင့် လုပ်ငန်းများ၊ အစိုးရရုံး ဌာနများ၏ တည်နေရာများကိုပါ ဖြည့်စွက်ပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံး၏ လမ်းညွှန်စနစ်ကို တစ်ဆင့်ချင်း ထညသ့် ငွ်း ပေးသွားမည်ြဖစေ် ကြာင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ အင်မိုင်ခကုမ္ပဏီလီမိတက် မှ ထုတ်လုပ်သည့်Map++ Directory ကိုအထကေ် ဖြာ်ပပါ ဝကဘ် ဆိုက်တွင် အခမဲ့ဒေါင်းလော့ ရယူ သုံးစွဲနိုင်သည်။
 
No comments:
Post a Comment