Pages

Thursday 28 November 2013

Save လုပ်ပြီး သိမ်းထားရမဲ့ စာအုပ်အစုံပါတဲ့ Links

Save လုပ်ပြီး သိမ်းထားရမဲ့ စာအုပ်အစုံပါတဲ့ Links

စာအုပ် ၀ါသနာအိုးတွေ အတွက် .. အရမ်းကို တန်ဖိုးရှိတဲ့ Link တွေပါ။ FB ပေါ်က တွေ့လို့ သိမ်းထားဖြစ် တာပါ။ မူရင်း share တဲ့သူကို မမှတ်မိတော့ဘူး။ စာဖတ်ဝါသနာပါတဲ့သူတွေ သဘောကျမယ် လို့ထင် ပါတယ်။ မာတိကာ သို့မဟုတ် ရှာဖွေရန် (အပေါ်ပိုင်း တွင် အမျိုးအစားလိုက်ရှာနိုင်ပြီး အောက်ပိုင်းတွင် အမည်အတိုင်း ကမှ အ အထိ ရှာနိုင်ပါသည်။)

အမျိုးအစားအလိုက်ရှာရန်
ဘာသာပြန်စာအုပ်များ
http://is.gd/n4j7eL
သမိုင်းစာအုပ်များ
http://is.gd/B1PIZQ
မြန်မာစွယ်စုံကျမ်း၊စာပေကျမ်း၊စာတမ်း၊ကျောက်စာစာအုပ်များ
http://is.gd/4K4SFK
စာပေဟောပြောပွဲ mp3 ဖိုင်အပုဒ်( ၁၀၀ကျော် )

Wednesday 20 November 2013

သမ္မတ၏အမျိုးသမီးကိုယ်ရံတော်

သမ္မတ၏အမျိုးသမီးကိုယ်ရံတော်
-------------------
ရေးသားသူ- အေးသူစံ

ခန်းမကြီးအပြည့် အစီအရီထိုင်နေသော လူထုပရိသတ်အလယ်တွင် မီးခိုးရင့်ရောင်ဝတ်စုံဖြင့် ပိန်ပိန်ပါးပါး၊ အရပ်ခပ်မြင့်မြင့်နှင့် အမျိုးသမီးသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ၁၂ ပေခန့်အကွာတွင် တစ်ဦးတည်း မတ်တတ်ရပ်နေသည်။ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို မျည်ခြည်မပြတ်အကဲခတ်နေသည်။ လက်မောင်းတစ်ဖက်စီတွင် မြန်မာနိုင်ငံအလံနှင့် အထူးတပ်ဖွဲ့၏အတိုကောက် (STF)တံဆိပ်တို့ တပ်ဆင်ထားပြီး ၄င်းကိုစေ့စေ့စပ်စပ်လေ့လာကြည့်လျှင် ခါးနောက်ဘက်တွင်ထိုးထားသည့် ပစ္စတိုတစ်လက်ကို တွေ့နိုင်သည်။ ထိုမြင်ကွင်းမှာ သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝန်ကြီးအချို့ တက်ရောက်နေသော နိုင်ငံတကာဆွေးနွေးပွဲတစ်ခုတွင်ဖြစ်သည်။