Pages

Saturday 14 May 2011

ရွာဆီသို့ လှမ်းမျှော်နေကြ အပူရောင်ဘဝများစွာ

ရွာဆီသို့ လှမ်းမျှော်နေကြ အပူရောင်ဘဝများစွာ
တစ်နှစ်တာ သက်ပြင်းများကို မှုတ်ထုတ်ရန် မြို့ပြနှင့် ဝေးရာသို့ ထွက်လာ ခဲ့သော် လည်း မြို့ပြ၏ ပုံ ရိပ်အချို့ကို ထပ်မြင် နေရပြန်သည်။ ဇာတိမြေသို့ မပြန်ဖြစ်သည့် ၂ နှစ် အတွင်း ဆိုင်ကယ် တွေက အလ ကားရသည့် အလား များလာသည်။ အိမ်တိုင်းစေ့ မဟုတ်တောင်၊ တော် တော်များများ စီးပွားရေးဖွံ့ဖြိုးလာ ခြင်း၏ သင်္ကေတဖြစ်သည်။ ဆိုင် ကယ်သည် မြို့ပြ အသုံးအဆောင် တစ်ခုဖြစ်သော်လည်း စိတ်သည် ဘာမှမဖြစ်။ ယခင်က ကြားခဲ့ ရဖူး သော စက်ဘီး ခေါင်းလောင်းသံကို သတိရမိသည်သာရှိ၏။
ဇာတိမြေ ချောင်းဆုံရောက်ပြီး နောက်တစ်ညနေ၊ ဖင်တကြွကြွဖြစ် နေသော ကျွန်တော့်ထံသို့ ညီဝမ်း ကွဲက ရောက်လာသည်။ ဘီယာ ဆိုင်သွားကြမည်တဲ့။ ဘယ်ဆိုင်လဲ လို့မေးတော့ "ချောင်းဆုံရဲ့ တစ် ဆိုင်တည်းသော နာမည်ကြီးဆိုင်" တဲ့။ "လူသူရှင်းတဲ့ တောလမ်းပေါ် ကဆိုင်" ဟု ထပ်အထူးပြုပြန် သည်။ ကျွန်တော်က ချောင်းဆုံ ရောက်ခိုက် တော၏ အရသာကို တစ်ဝကြီး ခံစားချင်သူဆိုတော့ ကွက်တိပေါ့။ တောလမ်းပေါ်က ဆိုင်။ ဘယ်သူများ လာထိုင်သလဲဟု စဉ်း စားနေခိုက် ဆိုင်ရှေ့သို့ ရောက်ပြီ။ ဆိုင်ရှေ့ရောက်တာနဲ့တင် အဖြေက ချက်ချင်း ထွက်၏။ ဆိုင်ကရော်ဘာ ပင်များရဲ့ကြား အပြာရောင်သန်းနေ သော မီးရောင်အောက်တွင် ချာတိတ် မတစ်သိုက် ပျားပန်းခပ်နေသည် ကို တွေ့လိုက်ရသည်။ တချို့ချာ တိတ်မများက စားပွဲဝိုင်းတွေထဲတွင် ခပ်ထေ့ထေ့အပြုံးများပွင့်လို့။ တချို့ က ဘီယာခွက်များကို ဟိုဝိုင်း ဒီ ဝိုင်းသယ်ဆောင်လို့။ တချို့ကျတော့ အလုံပိတ်တံခါး၏ အတွင်းဘက် ယမကာနှင့်စီးကရက်ငွေ့များ ရော ယှက်နေသော ကေတီဗီခန်းထဲတွင် ဘဝကို ငွေနှင့် ညီမျှခြင်းချလို့။ ]]ရန်ကုန်သားကို ရန်ကုန်လို ဆိုင်မှာ ဧည့်ခံတာ" ဟု ညီက ပြောသော်လည်း ကျွန်တော် မရယ် နိုင်ပါ။
ဝိုင်းတကာလျှောက်ကြည့် တော့ ဖုန်းခါးကြားထိုးထားသော ချောင်းဆုံသားအီလစ်များကို တွေ့ရ သည်။ ကောင်မလေးတစ်ယောက် ဝိုင်းမှာခေါ်ထိုင်လျှင် ကျပ် ၁၅၀ဝ။ စေတနာကောင်းသူများက မုန့်ဖိုး ထပ်ပေးသည်။ ကေတီဗီဆိုလျှင် တော့ တစ်နာရီ ကျပ် ၄၀ဝ၀။ ကောင်မလေးတစ်ယောက်ခေါ်ထိုင် လျှင် နောက်ထပ် ကျပ် ၁၅၀ဝ။ ပိုလေးနက်သော ကိစ္စရပ်များလည်း ရှိသည်ဟု ပုံမှန်ထိုင်နေကျကျွန်တော့် ညီဝမ်းကွဲက ပြောပြသည်။ ရန်ကုန်နှင့် ဘာမှမခြား။ ပြီးခဲ့ သည့်နှစ်က ထိုဆိုင်ကို စတင်ဖွင့် ခြင်းဖြစ်သည်။ ချောင်းဆုံသည် မြို့ အင်္ဂါရပ်နှင့်မညီ။ယနေ့ထိတည်းခိုခန်း မရှိ။ ပြည့်တန်ဆာခန်းမရှိ။ ယခု တော့ မိန်းကလေးစားပွဲထိုးနှင့် ကေ တီဗီယဉ်ကျေးမှုက ရောက်ပြီ။ နောက်တစ်နည်းပြောရသော် ယဉ်ကျေးသော ချောင်းဆုံ ၏ နှလုံးသားထဲ အဆိပ် လူးထားသော မြားတစ်ချောင်း စိုက် ဝင်ခဲ့ပြီ။ ဖွံ့ဖြိုးခြင်းလား၊ ဆုတ်ယုတ် ခြင်းလား။ ကျွန်တော်ကတော့ မကြိုက်။
ကျွန်တော်ကြိုက်တာ မကြိုက် တာက ထား၊ ချာတိတ်မတွေက တော့ ဘာကိုမှ မမှုသလို သက် သောင့်သက်သာတွေ့ရသည်။ သူ တို့ကို ဘယ်ကအဆက်နဲ့ ဘယ်လို ခေါ်လာသလဲတော့မသိ။ ရန်ကုန်နဲ့ နီးသောမြို့တစ်မြို့ကဟု သိရသည်။ ဘီယာလာချပေးသော ချာတိတ်မ လေးအား ဘယ်လိုအဆက်အစပ်နဲ့ ရောက်လာသလဲဟု မေးတော့မ ပြော။ တစ်လဘယ်လောက်ရသလဲ ဆိုတော့လည်း မပြော။ ညီ၏ အိတ် ကပ်ထဲမှ ထောင်တန်တစ်ရွက် ခုန် ထွက်သွားမှ".....မြို့ရဲ့ရွာဘက် က။ ပုံမှန်အလုပ်ကမရှိ။ မိသားစု တဝမ်းတခါးကိစ္စ မတတ်နိုင်ဘူး။ တရားတယ်လို့ ကိုယ့်ကိုယ်ကိုယ်နား ချလိုက်တယ်" ဟု ချာတိတ်မက ဆိုသည်။ "မင်းတို့မြို့မှာ ဒါမျိုးမရှိ ဘူးလား" ဟု မေးတော့ "ကိုယ့် မြို့မှာဆို အရှက်ကွဲမှာပေါ့" ဟု ထပ်ပြောသည်။ သူမ ရွာမှာတုန်းက အဓိက အလုပ်သည် ကောက်စိုက်ခြင်း။ ခု တော့ ဂျင်းစကပ်အတို၊ အနက် ရောင်တီရှပ်၊ နှုတ်ခမ်းနီပါးနီတို့က လည်း သူ့နေရာနဲ့သူ ပြေပြစ်လို့။ "ပျော်နေတယ်များ ထင်နေ သလား။ ရည်မှန်းထား တဲ့ ငွေပြည့်ရင် ရွာ ပြန်လုပ်စားမယ်ဆို တဲ့စိတ်ကနေ့တိုင်း ရှိတယ်" တဲ့။ သူမ၏ နောက်ဆုံးစကား ကြောင့် ကျွန်တော် ပိုထွေသွား သည်။ သူမထွက်သွားသော်လည်း သူမ၏ နောက်ဆုံးစကား နားထဲက မထွက်။
စိတ်က အလိုလိုရန်ကုန် သို့ ပြန်ရောက်သွားပြန်သည်။ ရန်ကုန်က ကေတီဗီ၊မာဆက်။ ထို အဝန်းအဝိုင်းထဲမှ သူတို့၏ ဘဝများ။ (၂) ချောင်းဆုံက ချာတိတ်မများ အကြောင်းကိုတော့ မသိ။ ရန်ကုန် ထိုစက်ဝန်းထဲမှ ချာတိတ်မအများစု ကတော့ ကေတီဗီနှင့် မာဆက်သို့ ဒါရိုက်ရောက်လာခြင်းတော့မဟုတ်။ သူတို့၏ ပထမဘဝမှာ အထည်ချုပ် သူများဖြစ်သည်။ နယ်မှာအလုပ်ရှား သဖြင့် ရန်ကုန်တက်ပြီး အထည် ချုပ်ကြသည်။ နယ်အတွေး၊ နယ် ကုန်ဈေးနှုန်းအရ နယ်မှမလာခင် အ ထည်ချုပ်လစာ တစ်လ ၆သောင်း ဝန်းကျင် ဝင်ငွေမှာ တော်တော်များ နေသည်။ အထည်ချုပ်ဘဝ ပထမ တစ်နှစ်ခန့် မစားရက်မသောက်ရက် မသွားရက်။ အိပ်မက်များ ပွင့်ဖို့ရာ ငွေစုကြသည်။ တစ်နှစ်ကျော်လာ တော့ ရန်ကုန်ယဉ်ကျေးမှုနဲ့နီး၊ သွား တတ်လာတတ်၊ ဝတ်တတ်စား တတ်။ ဖျစ်ဖျစ်မြည်အောင်စုသော် လည်း ဘာမှမဖြစ်။ ဘဝပြောင်း သွားသောသူငယ်ချင်းများနဲ့ပြန်တွေ့ တော့မပင်မပန်းနဲ့တောက်ပြောင်လို့။ နှိပ်တာလောက်နဲ့ ဘာမှ မဖြစ် နိုင်ဘူးဆိုသော စိတ်ဖြင့် သူတို့ သတ္တိရှိလိုက်ကြသည်။
တချို့ကျ တော့ ကေတီဗီရောက်သည်။ စုမိ ဆောင်းမိအချိန်ရောက်ရင် ရွာပြန် မည်။ စုမိဆောင်းမိ တစ်နှစ်လား၊ နှစ်နှစ်လား ဘယ်နှနှစ်လည်းတော့ မသိ။သူတို့ဘယ်နှယောက်ဘေးမသီ ရန်မခ ရွာသို့ ပြန်ရောက်သလဲ မသိ။ ငွေ၏ အခန်းကဏ္ဍ၊ လူ့တန် ဖိုး၏ ရှေ့သို့ သိပ်ရောက်လွန်းနေ တော့ ငွေက စားသွားသော ဘဝ များစွာရှိနေသည်မှာ အမှန်ပင်ဖြစ် သည်။ ငွေသည် ပျော်ရွှင်မှုတချို့ကို ပေးသည်။ ငွေရှိသူက ပိုရှိသွားပြီး ငွေမရှိသူက ယက်ပြီးရှာနေတာ တောင် တစ်ရက်ငွေတစ်ထောင်ရဖို့ ခက်လွန်းနေသည်။ အပြောလွယ် သော ထမင်းနှစ်နှပ်သည် လက် တွေ့တွင် မလွယ်။ မလွယ်သော ဘဝကို အလွယ်ချရောင်းလိုက်ရ သည်။ တိုက်ရသည့်စစ်က ခက်ခဲ လွန်းလှသည်။ ချွေးမထွက်ဘဲ ကျော့ကျော့လေးရနေသောငွေကို စွန့်ထားခဲ့ဖို့ဆိုသည်မှာလည်း လူ့ စိတ်သဘာဝအရ မလွယ်လှ။ နိုင်ငံ ခြားရောက်နေသော မိတ်ဆွေတစ် ဦးဆိုလျှင် အမိမြေသို့ ပြန်လာသည့် အချိန်တိုင်း နိုင်ငံခြားပြန်မသွားတော့ ဘူးဆိုသည့် စိတ်ဖြင့် ပြန်လာမြဲ။ ပြန်ရောက်ပြီး ၃၊ ၄ လလောက် ကြာလျှင် သက်ပြင်းကို တွင်တွင်ချ ၍ ပြန်သွားမြဲ။
"ကုမ္ပဏီဝန်ထမ်းဆို ရင်လည်း ရတဲ့လစာက အရမ်းနည်း နေတယ်။ ကိုယ်ပိုင်စီးပွားကျတော့ လည်း ချွေးနဲ့ရတဲ့ငွေရှုံးမှာ ကြောက် ရ။ မြတ်တော့လည်း နိုင်ငံခြားက ရတဲ့ဝင်ငွေလောက်မရ။ ဒီလိုနဲ့ နိုင်ငံ ခြားအလုပ်သံသရာထဲက မထွက် နိုင်တာ" ဟု သူက ပြောပြသည်။ ကျွန်တော်ဆိုခဲ့သော ကောင်မ လေးများ ရွာမပြန်နိုင်သေးသည့် ကိစ္စ၊ ကျွန်တော့် သူငယ်ချင်းလို အမိမြေမှာ ပြန်အခြေမချနိုင်သေး သည့်ကိစ္စမှာ အလုပ်အကိုင် အခွင့် အလမ်းပေါများလာမည်။ ထိုက်သင့် သော လုပ်ခလစာ ရရှိမည်။ ကျေး လက်ဒေသတွင်လည်း သူ့အခွင့် အလမ်းနဲ့သူ ရှိနေမည်။ ထိုသို့သော အခြေအနေသို့ ရောက်ရှိလာမည် ဆိုပါက ရွာပြန်ချင်သူများလည်း ရွာသို့ ပြန်ရောက်ကြမည်ဟု ထင် ၏။
မည်သူမဆို လူ့သိက္ခာရှိသော ဘဝကို ပိုင်ဆိုင်ချင်ကြမည်ဟု ကျွန် တော်ယုံကြည်မိသည်။ (၃) ဘီယာကပဲမူးသည်လား၊ မြင် ကွင်းတွေကပဲ ယိမ်းထိုးနေသလား။ ဆိုင်ခန်းထဲကအပြာရောင်သည်အခြား အဓိပ္ပာယ်တစ်ခုဖြင့်ပို၍ပြာလာသည်။ "ဟိတ်အစ်ကို ငြိမ်လှချည် လား" ပခုံးပုတ်၍ပြောလိုက်သော ညီ့အသံကြောင့် ပစ္စုပ္ပန်၏ ဧရိယာ ပြင်ပရောက်နေသောအသိက ခန္ဓာ ပြန်ကပ်သည်။ သက်ပြင်းမောများ မှုတ်ထုတ်ရန် ရန်ကုန်မှ တဒင်္ဂထွက် ပြေးလာသည့် ကျွန်တော်။ အခု တော့ နောက်ထပ် သက်ပြင်းပူများ စွာ ကြိတ်မှိတ်မျိုချနေရပါရောလား။ အချိန်တန်တော့ အိမ်ပြန်ကြ ရပါသည်။ သန်းခေါင့်အပြင် ညဥ့် မနက်တော့ပါ ဟု သုံးရမည်လား။ တော်ရာမှာနေဟုပဲ ဆိုရမည်လား။
ခုထိ ပြန်မရောက်နိုင်သော အိမ် ဝေးသူများဆီမှ ကျွန်တော် လေးလံ စွာ ပြန်ခဲ့သည်ဟု ဆိုရမည်။ တကယ်တော့...နေ့စဉ်ဘဝ အမောများ၊ တာဝန်ဝတ္တရားများ၊ နာခံရ မှုများနှင့် ညစ်နွမ်းနေသော မဟာ ရန်ကုန်မှ ဇာတိရပ်ရွာဆီ စိတ်ပြေ လက်ပျောက်လာခဲ့သော ဒီခရီးတွင် ... ကျွန်တော်ကိုယ်တိုင်ပင် "ရွာ" ကို ရောက်ခဲ့ခြင်းမဟုတ်ကြောင်း မည်သူသိပါမည်နည်း။

No comments: