Pages

Thursday 19 May 2011

လာဘ်ယူအများဆုံး ၁၉ ကျောင်း ရန်ကုန်အစိုးရ ထုတ်ဖော်

ရန်ကုန် (မဇ္ဈိမ) ။ ။ ကျောင်းသားမိဘထံမှ အများဆုံး လာဘ်ယူသော
ကျောင်း ၁၉ ကျောင်း အမည်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရက အင်္ဂါနေ့
သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။

လာဘ်စားမှုအများဆုံးကျောင်း ၁၉ ကျောင်း အမည်များ


အ.ထ.က (၂) မင်္ဂလာဒုံ
အ.ထ.က (၁) ဒဂုံ
အ.ထ.က (၅) ဗိုလ်တထောင်
အ.ထ.က (၄) ဗိုလ်တထောင်
အ.ထ.က (၂)ကမာရွတ်
အ.ထ.က (၂)လသာ
အ.ထ.က (၂)ဗဟန်း
အ.ထ.က (၂)စမ်းချောင်း
အ.ထ.က (၂)ရန်ကင်း
အ.ထ.က (၂)လမ်းမတော်
အ.ထ.က (၄)အလုံ
အ.ထ.က (၂)အင်းစိန်
အ.ထ.က (၄)တာမွေ
အ.ထ.က (၅)ကမာရွတ်
အ.လ.က (၁)ပန်းပဲတန်း
အ.မ.က (၂)ကမာရွတ်
အ.မ.က (၂)ဗဟန်း
အ.မ.က (၃)ဗဟန်း
ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (T.T.C)

၎င်းကျောင်းများထဲမှ အထက်တန်းကျောင်းများမှာ မင်္ဂလာဒုံ (၂)၊ ဒဂုံ (၁)၊
ဗိုလ်တထောင် (၄၊ ၅)၊ ကမာရွတ် (၂)၊ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး
အထက်တန်းကျောင်း (T.T.C) ၊ လသာ (၂)၊ ဗဟန်း (၂)၊ စမ်းချောင်း (၂)၊ ရန်ကင်း
(၂)၊ လမ်းမတော် (၂)၊ အလုံ (၄)၊ အင်းစိန် (၂)၊ တာမွေ (၄) နှင့် ကမာရွတ်
(၅)၊ အလယ်တန်းကျောင်းမှာ ပန်းပဲတန်း (၁)၊ အခြေခံပညာ
မူလတန်းကျောင်းများမှာ ကမာရွတ် (၂) နှင့် ဗဟန်း (၂၊ ၃) တို့ ဖြစ်သည်။

ဌာန ၆ ခုကိုင် ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဉာဏ်ထွန်းဦးနှင့်
ရန်ကုန်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက
ပြည်လမ်းမပေါ်ရှိ တိုင်းဒေသကြီး လွှတ်တော်ရုံး၌ အင်္ဂါညနေတွင် ပြည်တွင်း
မီဒီယာများနှင့် ဒုတိယအပတ်စဉ် သတင်းစာရှင်းလင်းပွဲ၌
ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သမ္မ္မတ ဦးသိန်းစိန်က သန့်ရှင်းကောင်းမွန်သော အစိုးရဖြစ်ရေးအတွက်
လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှု ပပျောက်ရန် ဆောင်ရွက်မည်ဟု ပြောဆိုခဲ့ပြီးနောက်
ပညာရေးကဏ္ဍ၌ လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး
အစိုးရတရပ်အနေဖြင့် ပထမဆုံး တရားဝင် ထုတ်ဖော်ပြောဆိုမှု ဖြစ်သည်။

အဆိုပါ ၁၉ ကျောင်းအပေါ် မည်ကဲ့သို့ အရေးယူထားသည်နှင့် အရေးယူမည်ကို
ပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော် ယခု စာသင်နှစ်အတွက် ကျောင်းအပ်ခနှင့်
အထွေထွေကြေးများကို အများသိစေရန် တရားဝင် ထုတ်ပြန်ထားမည်ဖြစ်ကာ၊
သတ်မှတ်ကြေးထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ရန် ကျောင်းများ၌
ဖုန်းနံပါတ်နှင့် ဖက်စ်နံပါတ်များ ထားရှိမည်ဟု ဆိုသည်။

တိုင်ကြားရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ အခိုင်အမာ
လိုအပ်ကြောင်း ရန်ကုန်အစိုးရ တာဝန်ရှိသူများက
ဖြည့်စွက်ပြောဆိုခဲ့သည်။

ကျောင်းလခ၊ စာအုပ်ဖိုးနှင့် အထွေထွေကြေး (တရားဝင်)
စဉ် အတန်း ကျောင်းလခ မိဘဆရာအသင်း+စာကြည့်တိုက် စာအုပ်ဖိုး
၁ သူငယ်တန်း မရှိ မရှိ ၂၃ဝ
၂ ပထမတန်း မရှိ မရှိ ၃ဝဝ
၃ ဒုတိယတန်း မရှိ မရှိ ၃၇ဝ
၎ တတိယတန်း မရှိ မရှိ ၅၂ဝ
၅ စတုတ္ထတန်း မရှိ မရှိ ၆၃ဝ
၆ ပဉ္စမတန်း ၄ဝဝ ၁၀၀၀ ၉၄၀
၇ ဆဌမတန်း ၆၀၀ ၁၀၀၀ ၈၈၀
၈ သတ္တမတန်း ၇၀၀ ၁၀၀၀ ၁၀၃၀
၉ အဌမတန်း ၈၀၀ ၁၀၀၀ ၁၁၇၀
၁ဝ နဝမတန်း ၉၀၀ ၁၀၀၀ ၁၁၅ဝ Bio၊ ၁၆၅ဝ Eco
၁ဝ ဒဿမတန်း ၁၀၀၀ ၁၀၀၀ ၂၁ဝဝ Bio၊ ၂၁၄ဝ
                                                                     Ref:mizzima

No comments: