Pages

Sunday 29 May 2011

TOEFL အမှတ် မပါဘဲ အမေရိကန် တွင် ကျောင်း တက်ရောက်နိုင်

TOEFL အမှတ်မလိုဘဲ အမေရိကန် တက္ကသိုလ်၊ ကောလိပ်များ တွင် ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ရန် အဆိုတော် သားစိုး ထူထောင်ထားသည့် Future Investment မှဆောင်ရွက် ပေးနေကြောင်း သိရသည်။ အမေရိကန် ပညာရေး အကျိုးဆောင် လုပ်ငန်းက ဆက်သွယ်ပေးသည့် တက္ကသိုလ် ကောလိပ်များထဲမှ အဓိကကောလိပ် နှစ်ခုမှာ Northen Virginia Community (NOVA) ကောလိပ်များနှင့် Strayer University တို့ဖြစ်ပါသည်။ NOVA ကောလိပ်သည် အမေရိကန် တစ်နိုင်ငံလုံးတွင် ဒုတိယ အကြီးဆုံး ဒီပလိုမာ ကောလိပ်ကြီး ဖြစ်၍
Strayer University သည် ကမ္ဘာပေါ်တွင် အောင်မြင် ထင်ရှားသူ များမှ အတွေ့အကြုံများ လာရောက် ဖလှယ်ခြင်း၊ ဟောပြောခြင်း များဖြင့် ကျောင်းသား ကျောင်းသူများ၏ အနာ ဂတ်ကိုလက်တွေ့ ကျကျလမ်းညွန်ပေး လျက်ရှိသည့် တက္ကသိုလ်ကြီးဖြစ် သည်။
၎င်းကောလိပ်နှစ်ခုသည် ဝါရှင်တန်မြို့ အနီးတွင် တည်ရှိကြောင်း သိရသည်။ Scholarship နှင့်ပတ်သက်၍ TOEFL အမှတ်ရှိပါက ကျောင်းဝင်ခွင့် လျှောက်သည့်အချိန်မှာပင် Scholarship ကို လျှောက်ရမည်ဖြစ် ကြောင်းနှင့် TOEFL အမှတ်မရှိပါက ကျောင်းဝင်ခွင့်ရပြီး တစ်နှစ်အကြာ တွင် Scholarship လျှောက်နိုင်ရန် ကူညီပေးနေကြောင်း Future Investment ထံမှသိရသည်။ Future Investment ကို တည်ထောင်ရခြင်း၏ ရည်ရွယ်ချက် မှာ မိမိကျောင်းတက် ရာတွင် တွေ့ရှိခဲ့သည့် အခက်အခဲများကို နောင်လူများ မကြုံတွေ့ စေခြင်းနှင့် ကျောင်းတက်ရာ တွင် အဆင်ပြေပြေ ဖြစ်စေချင်သည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုတော် သားစိုးက ဆိုသည်။ Future Investment Co,Ltd နှင့် ဆက်သွယ်လိုပါက အမှတ် (၈၁၉) (၃) လွှာ၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်၊ ရန်ကုန်၊ ဖုန်း (ဝ၁-၂၁၀၇၄၂) သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။
                                                                                                 ဟေမာ

No comments: