Pages

Thursday 12 May 2011

နောက်တစ်လုံး သုံးသိန်းဖုန်း လာတော့မည်

သုံးသိန်း တန်ဖုန်းများ ချ ထားပေးရန် စီစဉ် နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းဌာနမှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။ "လက်ရှိတော့ ဘယ်ဖုန်း အမျိုးအစား ချထား ပေးမယ်  ဆိုတာတော့ သူ့အဆင့်နဲ့သူ တစ်ဆင့်ချင်း လုပ်ဆောင်သွား ရမှာပါ။ ငါးသိန်းအောက် လျော့နည်းတဲ့ ဖုန်းတွေချ ထားပေးဖို့ အစီအစဉ် ရှိပါ တယ်"ဟု ၎င်းကပြောသည်။ ဆယ့်ငါး သိန်းငါးသောင်းတန် GSM တစ်လုံးကို ငါးသိန်းတန် GSM ဖုန်း၃ လုံးနှင့်လဲလှယ်ပေးမည် ဆိုသည့် သတင်းနှင့်ငါးသောင်းတန် မိုဘိုင်းဖုန်းများ ချထားပေးမည်ဆို ခြင်းမှာ လတ်တလော ကာလအထိ မဟုတ်မှန်ကြောင်း၊ နေပြည်တော် တွင် ချထားပေးသော ငါးသောင်း တန်ဖုန်းများမှာလည်း ဆက်သွယ် ရေးဝန်ထမ်းများသာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ချထားပေးသော PCO ဖုန်းများ သာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ကုမ္ပဏီများနှင့်ပူးပေါင်း၍ ၅ နှစ်အတွင်းဖုန်းလိုင်းအင်အား သန်း ၃၀ တိုးချဲ့ တပ်ဆင်မည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးသိန်းထွန်းက ပြော သည်။ အဆိုပါ စီမံကိန်းပထမနှစ်တွင် ဖုန်းအလုံးရေ လေးသန်းဝန်းကျင် တိုးချဲ့ရာတွင် GSM ဖုန်း အများဆုံး ပါဝင်မည်ဖြစ်ပြီး ငါးသိန်းအောက် လျော့နည်းသော မိုဘိုင်းဖုန်းများ လည်းပါဝင်လာဖွယ်ရှိကြောင်း၊ ထပ်မံတိုးချဲ့မည့် မိုဘိုင်းဖုန်း အမျိုးအစားအချို့ကိုလည်း ပြည်တွင်းနည်းပညာ ကုမ္ပဏီ များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုး ချဲ့တပ်ဆင်မည့် မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ မှ ဖုန်းအလုံးရေ ၄ သန်းကို ပထမနှစ် စီမံကိန်း အရ ယခုနှစ်တွင် ချထားပေး မည်ဖြစ်ကြောင်း သိရသည်။

1 comment:

ခနွဲ said...

လိုင်းကော ကောင်းပါ့မလား မသိဘူးနော်။