Pages

Friday 13 January 2023

ဗေဒါ ၇

 ➖➖➖➖➖➖➖➖➖➖➖➖➖

   အတိတ်ကပုံရိပ်များ……{အပိုင်း ၃၃}


                          ®

                         ဗေဒါ


                ဗေဒါ သစ်ဘက်မှာစီမံခန့်ခွဲမှုလုပ်နေတာတစ်နှစ်နီးပါးအတွင်းလေ့လာသင်ယူစရာတွေအများကြီးရခဲ့တယ် လော်မိသားစုပိုင် Lucre Wood အတွက်တစ်နှစ်အတွင်း အကောင်းဆုံးစီမန့်ခန့်ခွဲပေးခဲ့နှိင်တယ် လော်မိသားစုစီးပွားရေးလုပ်ငန်းစုကြီးက ကြီးမားလာလွန်းသဖြင့် အလေ့အလွင့်များစွာရှိခဲ့တယ်  ထိုအလေ့အလွင့်ကပင် သာမန်သဠေးတစ်ယောက်ဆို ပြိုလဲသွားနှိင်သည် သစ်လုပ်ရင်းရောက်ရှိခဲ့တဲ့ မြန်မာပြည်အနှံအပြားက ဒေသများစွာမှာ အဖိုးတန်တွင်းထွက်များစွာတွေ့ရှိခဲ့ဖူးတယ် အဲဒီတွင်းထွက်တွေထဲမှာအဖိုးတန်ဆုံးဆိုတဲ့ယူရေနီယမ် (Uranium) လို့ခေါ်တဲ့ တွင်းထွက် သတ္တု တစ်မျိုးကိုတွေခဲ့ဖူးတယ်

ရွှေဘို မိုးကုတ် သပိတ်ကျင်းတဝိုက်မှာ အများအပြားတွေ့ရှိခဲ့ရတယ် ယူရေနီယမ် အဖိုးတန်ဆိုတာ ကမ္ဘာအင်အားကြီးနှိင်ငံတွေအတွက် အလိုရှိဆုံးအရာပါ ခက်တာက မြန်မာပြည်မှာ နားလည်တတ်ကျွမ်းမှု  နည်းပညာ အလုံအလောက်မရှိပါ စစ်အစိုးရကလည်း အမျိုးကောင်းစားရေးသာ အာရုံစိုက်ပြီ အာဏာထိပါးလာသူနှိမ်နှင်ဖို့သာ အစဉ်အားထုတ်ခဲ့သူတွေပါ

 

                  ဗေဒါ ဒေသခံတွေ လာရောင်းတာပါ သူတို့ဘာမှန်းမသိပါ ဗေဒါလည်းစိတ်ဝင်စားလို့ဝယ်ချင်တာကော ဒေသခံတွေကို ကူညီချင်တာရောကြောင့် ဝယ်ပေးလိုကိပါတယ် ကိုနေဝင်းကိုလှမ်းဆက်ပြီး ထူးဆန်းသောသတ္တုတစ်မျိုး တွေ့ထားလို့ လာရောက်ကြည့်ရှုရန်လှမ်းပြောလိုက်တော့ ကိုနေဝင်း တစ်ပတ်အတွင်း အရောက်လာခဲ့ပါတယ် သူနဲ့အတူ လူနှစ်ယောက်ပါလာပါတယ် တစ်ယောက်က တရုတ်ပုံစံနဲ့လူတစ်ယောက်ပါ နောက်တစ်ယောက်က အသားနီနီစပ်စပ် မျက်နှာလေးထောင့် အရပ်ကအတော်မြင့်ပါတယ် နောကိပိုင်းနာမည်သိရတာက ဦးမြင့်လွငိပါ တရုတ်နာမည်က လျူ ပေါင် လို သိရတယ် လျူပေါင်က သေချာလေ့လာပြီ ယူရေနီယံဖြစိကြောင်းအသိပြုပေးပါတယ် ယူရေနီယံကို ဗေဒါတို့တွေ့ခဲ့တုန်းအချိန်က ထိုဒေသမှာ ယူရေနီယမ်အကြောင်း မကြားဖူးကြသေးပါဘူး လျူ ပေါင်က ယူရေနီယမ်အကြောင်းအတော်လေး နှံစပ်ပုံရှိပါတယ် မြန်မာစကားမွတ်အောင်ပြောတတ်သူပါ မြန်မာပြည်မှာ ၁၉၉၅ထဲကရောက်ရှိနေထိုင်ပြီး ဖားကန့်မှော်က ကုမဏ္ဍီတစ်ခုမှာအလုပ်လုပ်နေတာပါယူရေနီယမ်နဲ့ပတ်သက်ပြီး သူရှင်းပြချက်တွေက ဗေဒါအတွက် လေ့လာမှတ်သားစရာတွေပါ


                  

ယူရေနီယမ် သတ္တု ကို ဘယ်တွေမှာအသုံးပြုသလဲဆိုရင်

နျူကလီးယားဓာတ်ပေါင်းဖိုလောင်စာနှင့်နျူကလီးယားရေငုပ်သဘောင်္ပါဝါ..နျူကလီးယားစစ်လက်နက်နှင့်စစ်တပ်သုံးကရိယာတွေမှာအများဆုံးအသုံးပြုပါတယ်။ အဖိုးတန်တယ်ဆိုတာထက် တိုင်းပြည်တစ်ပြည် ပါဝါ အရာယှဉ်ရင်အရေးကြီးဆုံးဆိုတော့ အဖိုးမဖြတ်နှိငိပါဘူး  ယူရေနီယံကို သဘောပေါက်နားလည်ဖို့ ရေဒီယိုသတ္တိကြွမှုကို အရင်နားလည်ဖို့လိုပါတယ်။ ရေဒီယိုသတ္တိကြွတယ် ဆိုတာ နျူကလိယညးတွေ မတည်ငြိမ်တာကိုပြောတာပါ။ အဲဒီသတ္တုဟာ နျူကလိယား တည်ငြိမ်သွားတဲ့ အခြေအနေ တစ်ခုကို ရောက်တဲ့အထိ ဆက်တိုက်ယိုယွင်းပျက်စီးလာတာပါ။ 


                 လျူ ပေါင်က သမိုင်းကြောင်းတစ်ခုကို ပြန်လည်ရှင်းပြပါတယ် အဲသမိုင်းက ၁၉၄၅၊ သြဂုတ်လ (၆) ရက်။ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ ပေါ်ကို အရှည် ၁၀-ပေရှိတဲ့ ဗုံးတစ်လုံး ကြဲချခဲ့ပါတယ်။ ဗုံးပေါက်ကွဲပြီး တစ်မိနစ်အတွင်းမှာ တစ်မိုင်ပတ်လည်မှာရှိတဲ့ သက်ရှိ၊သက်မဲ့ အရာတွေအားလုံး ပြာကျခဲ့ပါတယ်။ ဗုံးပေါက်ကွဲအားကြောင့် ဖြစ်ပေါ်လာတဲ့ မီးတောက်မီးလျံတွေကလည်း နောက်ထပ်မိုင်ပေါင်းများစွာကို မုန်တိုင်းလို တိုက်ခတ်ဝါးမြိုခဲ့တဲ့အတွက် လူပေါင်းထောင်ပေါင်းသောင်းပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ ဒါဟာ စစ်ပွဲမှာ အက်တမ်ဗုံးကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းပါပဲ။ အက်တမ်ဗုံးကို ဒီလောက်အဖျက်စွမ်းအား ကြီးမားစေတာကတော့ ယူရေနီယံသတ္တုပါပဲ။ ယူရေနီယံဟာ ရေဒီယိုသတ္တိကြွတဲ့ သတ္တုတစ်မျိုးပါ။ နျူကလိယပ် တစ်လုံးထဲမှာ နျူထရွန်အရေအတွက်ကွာခြားမှုပြ အိုင်ဆိုတုပ် ယူရေနီယံ-၂၃၅ ရှိတဲ့အတွက် နျူကလီးယား ဓါတ်ပေါင်းမယ့်ဒဏ်ကို ခံနိုင်မယ့် တစ်မျိုးတည်းသော သတ္တုဖြစ်ပါတယ်။  လျူ ပေါင်ရဲ့ မှတ်သားညဏ်က လေးစားစရာပါ ယူရေနီယမ်နဲ့ပတ်သက်ပြီး အတော်လေးနှံစပ်ပြီး နားလည်သဘောပေါက်ပုံ ရပါတယ် ကိုနေဝင်း ခေါ်လာတဲ့ လူဟာ သာမန်တော့မဖြစ်လောက်ဘူးဆိုတာ ဗေဒါ နားလည်သဘောပေါက်ပြီးသားပါ ကိုနေဝင်းက အပေါင်းအသင်းဆန့်သူ လူရည်လည်ပြီး စကားပြောကြေညက်သူပါ ဘာသာစကားလေးမျိုးလောက်ပြောနှိင်စွမ်းရှိသူပါ မြန်မာအများစုက ဘာသာစကားပြောနှိင်ရင် အင်္ဂလိပ်လောက်သာ အဓိကပါ ကျန်တဲ့

ဘာသာစကား စိတ်ဝင်စားမှုနည်းပါတယ် ဗေဒါ မြေလင်းဘက်မှာ သစ်လုပ်ရင်း Lucre Wood နဲ့ ဖက်စပ်လာလုပ်တဲ့ Cifarက တရုတ်တွေဆီက ဗေဒါ တရုတ်စကား အခြေခံသင်ခဲ့ဖူးပါတယ် ဗေဒါ သင်ခြင်း အကြောင်းက တရုတ်တွေ ဘာတွေပြောနေသလဲ ဆိုတာ သိချင်လို့ပါ ကိုယ်အတင်းများပြောနေလာပေါ့ တရုတ်စကားကိုမြတ်နှိးတယ်လို့ ပြောယုံရှိသေး အဲတရုတ်တွေ နေ့တိုင်းသင်ပေးပါလေတော့တယ် လျူ ပေါင်ယူရေနီယမ်အကြောင်းရှင်းပြတာလေးတွေဆက်ပါမယ်


              ယူရေနီယံနဲ့ ရေဒီယိုသတ္တိကြွမှုနဲ့က ဒွန်တွဲနေလေ့ရှိပါတယ်။ ရေဒီယိုသတ္တိကြွရင် ဖော်ပြခဲ့တဲ့အတိုင်း မရပ်မနား ယိုယွင်းပျက်စီးပါတယ်။ ဒါပေမယ့် ယူရေနီယံရဲ့  ယိုယွင်းပျက်စီးမှုနှုန်းက နှေးလွန်းလေတော့ U-238 အမျိုးအစား ဟာဆိုရင် သက်တမ်း နှစ်ပေါင်း ၄ ဒသမ ၅ ဘီလီယံတောင် ရှိနေပါပြီ။ U-235 က သက်တမ်း နှစ်ပေါင်း သန်း ၇၀၀ အနည်းဆုံးရှိနေပြီးတော့ သက်တမ်းအတိုဆုံးဖြစ်တဲ့ U-234 တောင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၄၅,၅၀၀ ရှိပြီ ဖြစ်ပါတယ်။ နှိုင်းပြရမယ်ဆိုရင် ကမ္ဘာပေါ်မှာ ရေဒီယိုသတ္တိအကြွဆုံသတ္တုက ပိုလိုနီယမ်ပါ။ သက်တမ်း ၁၃၈ ရက်ပဲ ရှိပါတယ်။  စကြာဝဋ္ဌာကြီးထဲမှာ ယူရေနီယမ်သတ္တုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆ ဒသမ ၆ ဘီလီယံတုန်းက အလွန်တောက်ပတဲ့ ကြယ်ကြီးတစ်လုံးကနေ စတင်ခဲ့တာလို့ ကမ္ဘာ့နျူကလီးယားအသင်း က ဖော်ပြထားပါတယ်။ ယူရေနီယမ်ကို ကမ္ဘာ တ၀န်းမှာ တွေ့ရှိရပြီး သဘာဝကျောက်စိုင်ကျောက်ခဲတွေနဲ့ ရောနှောနေလေ့ ရှိပါတယ်။ ကမ္ဘာပေါ်မှာ အတွေ့ရ အများဆုံး ကျောက်သားနဲ့သတ္တုစာရင်းမှာ အမှတ်စဉ် ၄၈ ဖြစ်ပြီး ငွေထက်အဆပေါင်း ၄၀ ပိုပြီးတော့ ဖောဖောသီသီ တွေ့ရလေ့ရှိပါတယ်။ သို့ပေ့မယ် လူတွေက မသိတော့ အမှတ်တမဲ့ဖြစ်သွားကြတယ်လို့လျူ ပေါင်က ဆိုပါတယ် လျူ ပေါင်ပြောတဲ့ ယူရေနီယမ်ဟာ စိတ်ဝင်စားစရာပါ ယူရေနီယမ်ဟာ ဘီလျံနာဖြစ်ဖို့အထိ လမ်းစရှိတယ်လို့ဆိုပါတယ် ယူရေနီယမ်ကြောင့် ကမ္ဘာနှိင်ငံအများအပြား စစ်ဖြစ်ဖ်ု့ပြင်ဆင်နေကြတာပါ ကမ္ဘာစူပါပါဝါဖြစ်ဖ်ု့က အမေရိကန် ကို အမှီလိုက်ဖ်ု့ တရုတ်က သူနှိငိငံသားအားလုံးကို အသိညဏ် ဖွင့်ပေးထားတာ ကြောက်စရာပါ လျူ ပေါင်အဆင့်ဟာ တရုတ်ပြည်အနေနဲ့ပြောရင် ကလေး အဆင့်ပါ မြန်မာပြည်အနေနဲ့ကတော့ ပညာရှင်စာရင်းဝင်အဖြစ် သတ်မှတ်ရမည်သာ ဖြစ်သည်  


                  ဟီရိုရှီးမားကို ပြာကျသွားစေခဲ့တဲ့ အက်တမ်ဗုံးမျိုးဟာဆိုရင် နျူရွန်ကအက်တမ်ကိုထိပြီး ပေါက်ကွဲ၊ ပေါက်ကွဲတော့ အပူထွက်၊ အပူထွက်တော့ နျူရွန်တွေက အက်တမ်ကိုထပ်ထိ၊ ထပ်ထိတော့ နျူရွန်အသစ်တွေထပ်ဖြစ်နဲ့ အလွန် ကြီးမားတဲ့စွမ်းအင်ကြီးတစ်ခု တမုဟုတ်ခြင်းဖြစ်ပေါ်လာပြီး ပေါက်ကွဲမှုအသွင်ကို ဆောင်သွားတာဖြစ်ပါတယ်။ ဟီရိုး ရှီးမားကို ဖျက်စီးခဲ့တဲ့ အက်တမ်ဗုံးဟာ ပေါက်ကွဲမှုပမာဏ ၁၅ ကီလိုတန် ရှိခဲ့ပါတယ်။ နျူကလီးယားဗုံးတွေရဲ့ အဖျက်စွမ်းအားကြီးမားပုံ၊ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် မပြန့်ပွားရေးကို ထိပ်တန်း ဦးစားပေး ဆောင်ရွက်နေရပုံတို့ကို တစေ့တစောင်း နားလည်သဘောပေါက်စေရန် ဗေဒါ လျူ ပေါင်ဆီက မှတ်ထားသလောက်တင်ပြပေးလိုက်ပါတယ် 


           ဗေဒါဆီမှာရှိတဲ့ယူရေနီယမ်အတည်ပြုရန် ကိုနေဝင်းဒေသခံတွေကို တွေ့ရှိခဲ့တဲ့နေရာထိ သူလူနှစ်ယောက်ခေါ်ပြီးကွင်းဆင်းစစ်ဆေးကြည့်ပါတော့တယ် ဗေဒါတော့ ဆက်လိုက်မလေ့လာတော့ပါ မိမိအလုပ်ထဲ ထိုခေါင်းစဉ်မပါသဖြင့် ကိုယ်အလုပ်ပဲကိုယ်ဆက်လုပ်လိုက်ပါတော့တယ် ကိုနေဝင်းတို့အတည်ပြုချက်ယူပြီး သက်ဆိုင်ရာတိုင်းမှုးအကြောင်းကြားလိုက်တယ်ထင်ပါတယ် သိပ်မကြာပါဘူး နယ်မြေခံတပ်ရင်းက လုံခြုံရေးလာချထားလိုက်ပါတော့တယ် ထိုသတင်းကို mr.လုကိုတော့ လှမ်းအကြောင်းကြားလိုက်ပါတယ် နောက်ပိုင်းအဲဒေသတွေမှာ lucre မိသားစုကော ကိုတေဇာရဲ့ထူး လွင်မိုးရဲ့ ဝမင်း ကိုနေဝင်းတို့အုပ်စု တခြားတရုတ်အုပ်စုတွေကော ခြေခြင်းလိမ်ပါတော့တယ် အဲဒေသတစ်ဝိုက် အတော်လေးစည်ကားသွားတာ ဗေဒါ သစ်လုပ်ခဲ့တဲ့ကာလတစ်ခုအထိမြင်တွေ့ခဲ့ရပါတယ် ယူရေနီယမ် စတွေ့ခဲ့ပြီး ဘာမှန်းမသိတဲ့ဒေသခံတွေကတော့ အဲနေရာ ဘက်ကို ယောင်လို့တောင် ခြေဦးမလှည့်နှိင်တော့ပါ သစ်ခုတ်ဝါးခုတ်ဖားရှာ ငါးရှာတောင် သွား၍ မရတော့ပါ မြန်မာပြည်က အဖိုးတန်သယံဇာတမြောက်များစွာ ထွက်ရှိသော်လည်း ဒေသခံ လူမျိုးတွေကတော့ သူတို့ နှင့် မဆိုင်သလိုနေခဲ့ရပြီ စစ်တပ်ကျောထောက်နောက်ခံပြုသူတွေသာ သက်ဆိုင်ခဲ့ပြီး တိုင်းပြည်လည်း ဘာမှာမရ ပြည်သူ လည်း မခံစားရ လူတစ်စုကသာလက်ဝါးကြီးအုပ်ချယ်လှယ်သွားကြတာ ရင်နာစရာတကယ်ကောင်းပါတယ် ဗေဒါ ဆုတောင်းပါတယ် ထိုလူတစ်စု ပိုင်ဆ်ုင်မှုတွေက ထာဝရတည်မြဲနှိင်ပါမလား ခောတ်အဆက်ဆက် အဖိနှိပ်ခံ နေရတာ မြန်မာပြည်အနှံအပြားသွားတိုင်း ဗေဒါ မြင်တွေ ခဲ့ရတာ ထိုလူတွေရဲ့ငြီးသွားသံ ဟာ ထိုလူတစ်စုအတွကိကျိန်စာလေလား မြန်မာပြည်ဟာ သယံဇာတာကျိန်ဇာသင့်သော် တိုင်းပြည်တစ်ခုအဖြစ် ရောက်ရှိခဲ့ရတာတော့ စိတ်မကောင်းစရာပါ


                           ®

.                         ဗေဒါ

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


အတိတ်ကပုံရိပ်များ……{အပိုင်း၃၄}


                         ®

                        ဗေဒါ


                  မြန်မာနှိင်ငံမှာ စစ်အစိုးရနဲ့ အဆင်ပြေအောင်ပေါင်းသင်းနှိင်ရင် ချမ်းသာပြီးဆန့်ကျင်ရင်တော့ ဆွေစဉ်မျိုးဆက်ဒုက္ခလိုက်ပေးတတ်ပါတယ် ပေါင်းစားရင်းချမ်းသာသူအများစုက မြန်မာပြည်ရာဇဝင်မှာ သဌေးမျိုးရိုး

ကဆင်းသက်လာသူတစ်ယောက်မှာမရှိပါ စစ်အစိုးရနဲ့ပေါင်းဖက်ပြီး ကြီးပွားချမ်းသာသွားကြတာပါ စစ်အစိုးရကလည်း စီးပွားရေးမှာ သူတို့ကိုယ်ပွားတွေမွေးထုတ်မှာအဆင်ပြေမှာဆိုတော့  ခရိုနီ ဆိုတဲ့လူတန်းစားတစ်ရပ်စစ်အစိုးလက်ထက်မှာ ပေါ်ပေါက်လာတဲ့ လူတန်းစားတစ်ရပ်ပါ "ဦးနေဝင်းက တစ်ယောက်ထဲခိုးတာ ဦးသန်းရွှေကတော့အပေါင်းအသင်းရောင်းရင်းနဲ့ ခိုးကြတော့ တိုင်းပြည်က ပိုမွဲသွားပါတော့တယ်"


လော်မိသားစု


                  ကိုးကန့် နယ်မြေ ဒေသသည် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသ ရှမ်းပြည်နယ်တွင် ရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်လည်း ဆက်စပ်နေသည်။ ထိုဒေသတွင် အစိုးရက ကိုးကန့် ကာကွယ်ရေး အဖွဲ့ကို ဖွဲ့ ခွင့်ပေးထားသည်။ ထိုအဖွဲ့သည် ကွန်မြူနစ် စနစ်ကို မနှစ်သက် သဖြင့် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) များကို အစိုးရ ကိုယ်စား တိုက်ခိုက် ပေးနေ သောကြောင့်လည်း အစိုးရ၏ မျက်နှာသာ ပေးခြင်းကို ခံနေရသည်။ ၁၉၆၈ ခုနှစ်တွင် ကိုးကန့် ကာကွယ်ရေး အဖွဲ့၌ တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ အထိ တိုးလာသည်။ ကိုးကန့် ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင်မှာ လော်စစ်ဟန် ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ကွန်မြူနစ်တို့ရန်ကို တွန်းလှန်ရန် အင်အားမရှိသည့် ရှမ်းသူပုန်တို့သည် လက်နက် အင်အားလည်းမရှိ၊ နောက်ခံအင်အားလည်းမရှိ၊ ငွေကြေး အထောက်အပံ့လည်း မရှိသဖြင့် လော်စစ်ဟန်နှင့် ပူးပေါင်းရန် သဘောတူလိုက်ကြသည်။ ရှမ်းသူပုန်များက သူ့ကို လက်ခံ လိုက်ခြင်း သည် အထောက်အပံ့ အကူအညီ ရလိုခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားသည်။ လော် စစ်ဟန်က တစ်ဆင့် ဘိန်းများကို ရောင်းချနိုင်မည်ဆိုလျှင် ပိုက်ဆံလည်းရ၊ ကမ္ဘာက အသိအမှတ် ပြုမှုကိုလည်း ရနိုင်သောကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘော ဖြင့် ရှမ်းတို့က သူ့ကို လက်ခံခဲ့သည်။


နောက်ဆုံးတွင် ဘိန်းဘုရင်ကြီးနှင့် ရှမ်း သူပုန်တို့ သဘောတူညီချက် တစ်ခုတွင် လက်မှတ် ရေးထိုး နိုင်ခဲ့ကြသည်။ ထိုသဘောတူ ညီချက်တွင် အချက်ငါးချက်ပါသည်။ အရေးကြီးသည့် အချက်မှာ SSA တပ်သည် အမေရိကန် မူးယစ် ဆေးဝါး ဆန့်ကျင်ရေး ဗျူရိုကို ဖိတ်ခေါ်ပြီး ရှမ်းပြည်နယ် အတွင်းရှိ ဘိန်းစိုက်ဒေသများကို လှည့်လည်ကြည့်ရှုစေမည့် အစီအစဉ်ပါသည်။ ထိုအစီအစဉ်အရ SSA နှင့် လော်စစ်ဟန် တို့သည် အမေရိကန် မူးယစ်အဖွဲ့ ရောက်လာပါက ဘိန်းများကို ဖျက်ဆီးနိုင်ရန်အတွက် ရှမ်းပြည်နယ်အတွင်း ဘိန်းများကိုလိုက်လံ စုဆောင်း ဝယ်ယူခဲ့ရသည်။ SSA အဖွဲ့နှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီးနောက် မြောက် ပိုင်း ရှမ်းပြည်နယ် အတွင်းသို့ SSA တို့ ခြေကုပ် ယူထား နိုင်ခဲ့သည်။


၁၉၇၃ ခုနှစ် ဧပြီလတွင် ရှမ်းတို့ ဗကပ တို့နှင့် စစ်ရေး အရ ပူးပေါင်းရန် သဘောတူညီ ခဲ့ကြ သည်။ ထိုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် လော်စစ်ဟန်ကို ထိုင်း အစိုးရက ဖမ်းဆီးလိုက်သည်။ ထိုအချိန်မှ စတင်ပြီး အင်အားတောင့်တင်းခဲ့သည့် ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့သညစတင် ပြိုကွဲ သွားတော့သည်။


ကိုးကန့်အဖွဲ့သည် အစိုးရအထောက်အပံ့ကို ရသည့်အပြင် မှောင်ခိုလုပ်ငန်း၊ ဘိန်းလုပ်ငန်းတို့ဖြင့် စီးပွားတိုးလာပြီး လူနှင့်လက်နက်အင်အားများလည်း ကောင်းလာသည်။ ၁၉၇၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် နောက်ဆုံး ထားပြီး ကိုးကန့် ကာကွယ်ရေး အဖွဲ့အား လက်နက် သိမ်းရန် အစိုးရက စီစဉ်သည့် အခါတွင် လော်စစ်ဟန်သည် လက်နက်များ အပ်မည် ဟု ကတိပြု ခဲ့ပြီးမှ ကိုးကန့် ကာကွယ်ရေး တပ်ရင်း သုံးရင်း နှင့်အတူ လက်နက်များကို မအပ်နှံ တော့ဘဲ တောခို သွားခဲ့သည်။


လော်စစ်ဟန် ထံတွင် ထိုအချိန်က လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ကိုယ်ပိုင် စစ်တပ်ကြီး တစ်ခုကို ပိုင်ဆိုင်ထားသည်။ လက်ရှိ အနေအားတွင် သူ့သြဇာ အာဏာ တည် ဆောက် ထားနိုင်မှုကို စွန့်လွှတ်ရန် မရည်ရွယ်ပေ။ ကာကွယ်ရေးတပ်ကို ဖျက်သိမ်းရန် ချက်ချင်း အမိန့်ပေး လိုက်ပြီး SSA တပ် နှင့်လည်း လျှို့ဝှက်စွာ ပြေလည်မှု ရယူ ထားလိုက် သည်။


အားလုံး အဆက်အသွယ်များ လုပ်ပြီးသည့်အခါတွင် သူသည် လားရှိုးမှ အသာလေး ခြေရာ ဖျောက်သွား ခဲ့သည်။ မြန်မာ့စစ်တပ်၏အကာအကွယ်ပေးမှု အောက်တွင် နှစ်ပေါင်းများစွာ ခံတပ်ကြီးပမာ ဆောက်လုပ် နေထိုင်ခဲ့သည့် စံအိမ်တော်ကြီးကို စွန့်ခွာခဲ့ပြီး တောခို သွားခဲ့ခြင်း ဖြစ်သည်။

                 

                   

              

• ၁၉၈၉ ခုနှစ် နဝတ စစ်အစိုးရလက်ထက် ခရိုနီအဖြစ်သို့ ကူးပြောင်းခဲ့သူ ဘိန်းဘုရင် လော်ကြီးသည်   ရှမ်းပြည်မြောက်ပိုင်း လားရှိုးရှိ နေအိမ်မှတစ်ဆင့် အစောင့်ယာဉ်တန်း သုံး၊ လေး တန်းလောက် အကူအညီယူကာ ဘိန်းများ၊ ကျောက်စိမ်းများနှင့် အခြား တရား မဝင် ကုန်များကို ရွှေတြိဂံ ဒေသ၏  အဓိကျသော နေရာဖြစ်သည့် တာချီလိတ် နယ်စပ် အထိ ရောက်အောင် နှစ်စဉ် ပို့ပေးနေခဲ့သည်။ တာချီလိတ်သို့ ကျိုင်းတုံ မှ တစ်ဆင့် ထို ကုန် ပစ္စည်းများကို တစ်နှစ်လျှင် ဆယ်ခေါက်လောက် ရအောင် ပို့ပေးနေကျ ဖြစ်သည်။


လော်ကြီးတွင် လက်နက်အင်အား လူအင်အား တောင့်တင်းသည့် စစ်တပ် တစ်တပ် ရှိနေသဖြင့် သူပိုင် အစောင့်အရှောက် ယာဉ်တန်းဖြင့် လားရှိုးကိုဖြတ်ကာ ထိုင်းပိုင်နက်အထိ အ လွယ်တကူ သွားလာနိုင်ခဲ့သည်။ သူသည် မကြာမီ ဘိန်းရာဇာကြီး တစ်ဦးအဆင့် ရောက်လာ သည်အထိ တန်ခိုးထွား လာခဲ့သည်။ လော်စစ်ဟန်သည် ရွှေတြိဂံဒေသတွင် လည်းကောင်း၊ ဘန်ကောက်နှင့် တိုင်ပေ တို့တွင် လည်းကောင်း သြဇာ ချဲ့ထွင်နိုင်သူ ဖြစ်လာသဖြင့် အမေရိကန် အတွက်လည်း အရှေ့အာရှတွင် သူတို့သြဇာ အခိုင်အမာဖြစ်လာမည်ကို စိုးရိမ်ခဲ့ပုံရသည် 


                    လော်စစ်ဟန်ရဲ့ အကူအညီနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့တယ် စစ်ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့်လက်ထက်မှာ လော်မိသားစုကို ဘိန်းဘုရင်မိသားစု ဆို့တဲ့နောက်ကြောင်းကြောင့် ကန့်သတ်ချက်တစ်ချို့ ရှိခဲ့သော်လည်း လော်မိသားစုရဲ့ပါးနပ်မှုကြောင့်ကော စစ်ထောက်လှမ်းရေးနန်းကျသွားတာကြောင့်ပါ အေရှားဝေါလ် ကုမဏ္ဍီ

ဟာ တိုးတက်ကြီးထွားလာပြီ မြန်မာပြည်အချမ်းသာဆုံး မှာ စတီဗင်လော (ခေါ်) ကိုချူးဟာနံပါတ် ၂ ချိတ်လာပါတော့တယ် ဒီချမ်းသာမှုဟာ ပြည်ပမှာရှိတဲ့ လော်မိသားစု ပိုင်ဆိုင်မှုတွေ မပါသေးပါဘူး ကိုချူးက စီးပွားရေးတက္ကသိုလ်ကဘွဲ့ရခဲ့ပြီး စင်္ကာပူမှာ စီးပွားရေးဆိုင်ရာ ကျောင်းပေါင်းများစွာကို အသက်၃၀ကျော်မှာ ဆက်လက်ဆည်းပူးလေ့လာခဲ့ပါသေးတယ် ဗေဒါတို့ဂျာနှုးတို့မမကြီးလို့ခေါ်တဲ့ စင်္ကာပူနှိင်ငံသူ စီစီလီယာအန်းကို လက်ထက်ခဲ့တာ နောက်ကွယ်မှာ အကြောင်းရင်းများစွာရှိခဲ့ပါတယ် စတီဗင်လော နှင့် စီးပွားရေး ပါတနာ mr.ခက်ဝေ ရဲ့မိန်းမကို စီးပွားရေးလိုအပ်ချက်အရ သစ္စာဖောက်ပြီး ပြန်ယူလိုက်တာပါ

မမကြီး နဲ့ပေါင်းဖက်ပြီးနောက်ပိုင်းမှာ အေရှားဝေါလ် ဟာမြန်မာ ကျားတစ်ကောင် ဖြစ်လာဖို့ ပဲ့ကိုင်အကြံပေးတဲ့သူတစ်ယောက်ကို မိသားစုဝင်အဖြစ် ခေါ်ဆောင်လာနှိင်ခဲ့တာပါ 

သူလက်ထက်မှာ စင်္ကာပူက စီပွားရေးသမားများရော တရုတ်လုပ်ငန်းရှင်များကို ပါ အေရှားဝေါလ်အတွက် ပါတနာများအဖြစ် ခေါ်ဆောင်လာနှိငိခဲ့တာပါ လော်မိသားဝင်တွေမှာ အထူးချွန်ဆုံး ဖြစ်တဲ့ စတီဗင်လောတို့လင်မယားကသာ မိသားစုစီးပွားရေး ကို ဦးဆောင်သွားကြတာပါ


       တနိုင်ငံလုံးမှာသူ့စီးပွားရေးတွေချည်းပဲ ဖြစ်လာပါတယ်။ လေဆိပ်တွေ   ဟိုက်ဒရိုရေအား လျှပ်စစ်လုပ်ငန်း ကျောက်စိမ်း မိုင်းနင်း သစ် အကုန်လုပ်နေတာပါ ဟော်တယ်မှာဆို ကုန်သည်ကြီးများမှာရှယ်ယာပါဝင်နေတယ် - ဆောက်လုပ်ရေး၊ ကြည်းမြင်တိုင်မှာ ကိုယ်ပိုင် ဆိပ်ကမ်းရှိတယ်။ လှည်းတန်း အဝိုင်းက မြေကွက်လပ်ကိုလည်း ပိုင်တယ်။ မန္တလေး-လားရှိုးလမ်းကို လည်း သူပိုင်တယ်။ မူဆယ်အထိ ရောက်တယ်။ တရုံးလုံးက သူ့ကိုဆရာကြီးလို့ ခေါ်မှ ကြိုက်တယ်။ရန်ကုန်-အင်းစိန် လမ်းမပေါ်မှာ အများပိုင်မြေတွေကို မတရား သိမ်းယူခဲ့တယ်။ အိမ်ထောင်စုပေါင်း တစ်ထောင်ခန့်၊ လူဦးရေ တစ်သောင်းခန့်ကို (နအဖ) စစ်အစိုးရ နဲ့ ပေါင်းပြီး ဖယ်ရှားခဲ့တယ်။ ဒီမြေကွက်ပေါ်မှာ နန်းတော်တမျှ အိမ်ဆောက်ပြီး နေထိုင်လျှက် ရှိတယ်။ သူအိမ်ကို ကြီးမားလှတဲ့နန်းတော်သမျှတည်ဆောက်ခဲ့တာပါသူ့ စီးပွားရေးလုပ်ငန်းတွေကိုလူမသိအောင်လုပ်ထားတာတွေ အများကြီးရှိပါသေးတယ် ဗေဒါ တောင်မခန့်မှန်းနှိင်ပါ  


                 ဗေဒါ လော်မိသားစု အတွက် လုပ်ပေးခဲ့တဲ့ သက်တမ်းတစ်လျှောက် လော်မိသားစုစီးပွားရေးဟာ ကျရိပ် တစ်ခါမှာ မပြခဲ့ပါ စစ်ထောက်လှမ်းရေးအကြီးအကဲ က ခေါင်းမာလွန်းသူဟု လော်ကြီးက အမြဲဝေဖန်ဆန်းစစ်လေ့ရှိပါတယ် သူက သူပြောတာအမှန် သူပြောတာလုပ်မှာကြိုက်တတ်သူ မျက်နှာကပြုံးနေသော်လည်း အတွင်းစိတ်က အကောက်ကြံသူဟု သုံးသပ်၏ ထာဝရမိတ်ဆွေ အဖြစ် လက်မတွဲသင့်သူဟု လော်ကြီး ကြိုတင် တွက်ဆထားပုံရပါတယ် ထိုကြောင့်လည်း မိမိဇာတိ တိုင်းမှုးများကို လော်ကြီး ကြိုတင်စည်းရုံးထားခဲ့ဟန်သူ၏  လော်ကြီး အစီအမံညွှန်ကြားချက်နဲ့ mr.လု ဗေဒါကို လှို့ဝှက်ခိုင်းလာတာ တစ်ခုရှိပါတယ် ထောက်လှမ်းရေးအကြီးအကဲအကြံအစည်ကို မျက်ခြေမပြတ်စေရန် အတွင်းလူတစ်ယောက်ကို မိတ်ဆွေဖွဲ့ထားဖို့

ညွှန်ကြားလာပါတယ် ထိုလူသည် ထောက်လှမ်းရေးဠာနာမှာ ကကလှမ်းအကြီးအကဲပြီးရင် ဒုတိယအကြီးဆုံးလူဖြစ်သည့် ဗိုလ်ချုပ်ကျော်ဝင်းပင်ဖြစ်သည် ဗိုလ်ချုပ်ကျော်ဝင်း က ဦးသန်းရွှေ ၏ အတွင်းလူတစ်ဦးလည်း ဖြစ်၍ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်နှိင်သည် အစီအမံများကို လော်ကြီး ပလန် ချခဲ့သည်ထင်သည်


                    ဗေဒါ ဗိုလ်ချုပ်ကျော်ဝင်းနှငိ့ရင်းနှီးရန် သိပ်အားမထုတ်ခဲ့ရပေ ဗိုလ်ချုပ်ကျော်ဝင်း ၏ မယားငယ်ဖြစ်သူ ရီရီသာကို ပိုင်နှိင်စွာ ချည်းကပ် စည်းရုံးပြီ ဗိုလ်ချုပ်ကျော်ဝင်း ကို လော်မိသားစု၏ မိတ်ဆွေအဖြစ် ပေါင်းသင်းနှိင်ခဲ့၏ ဗိုလ်ချုပ်ကျော်ဝင်းက ပါးနပ်သူတစ်ယောက်ပါ လူရည်လည်ပြီ ဒေါ်လာကြိုက်နှစ်သက်သူတစ်ဦးဖြစ်သည်  သူမယားငယ်ရီရီသာက ဗိုလ်ချုပ်ကျော်ဝင်းရဲ့အဓိက သော့ချက်ပါ စီးပွားရေးသမားများနှင့် အပေးအယူများစွာကို ရီရီသာ ကကစားပေးနှိင်ခဲ့သူပါ ရီရီသာကြောင့် ဗိုလ်ချုပ်ကျော်ဝင်း ဒေါ်လာ သန်းချီရခဲ့ပါ ဦးခင်ညွန့် ပြုတ်တာ ၂၀၀၄ နှောင်းပိုင်းပါ။ မပြုတ်ခင် လပိုင်း အလိုမှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို ဒေါက် ဖြုတ်ရာမှာ အဓိက ဇာတ်ကောင်လို့ စွပ်စွဲ ခံရတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်းက သူ့မယားငယ် ရီရီသာကို အမေရိကန် ပို့ပါတယ်။ ရီရီသာက အမေရိကန်ကို ၀င်တဲ့ နေရာမှာ ကျော်ဝင်း ခိုးဝှက် ထားတဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း များစွာ သူနဲ့ အတူပါသွားပါတယ်။ နောက်ပိုင်း ဗိုလ်ချုပ်ကျော်ဝင်း မယားငယ်ရီရီသာနဲ့ အမေရိကန်မှာ ဇာတ်ပေါင်းနေပါတော့တယ် 


             ဗိုလ်ချုပ် ကျော်ဝင်း နဲ့ ဗေဒါ ရင်းနှီးလာတော့ ရီရီသာကို လော်မိသားစုကိုယ်စားဒေါ်လာ သန်းချီပေးခဲ့ရဖူးတယ် ထောက်လှမ်းရေး ခြေလှမ်းပေါင်းများစွာထက် လော်မိသားစုက တစ်ကွက်ဦးနေတာ ဗိုလ်ချုပ်ကျော်ဝင်းနဲ့ရီရီသာကြောင့် ပါ ဗိုလ်ချုပ်ကျော်ဝင်း ကို ကြည့်မရသူတစ်ယောက်ရှိပါတယ် သူက ဦးခင်ညွန့်၏ လက်ရုံး ဗိုလ်ချုပ်ခင်အောင်ပါ သူက ဗေဒါ နှင့် ရီရီသာ လှုပ်ရှားမှုတွေကို ထောက်လှမ်းရေးအကြီးအကဲထိ သတင်းပို့ခဲ့သော်လည်း ဗိုလ်ချုပိကျော်ဝင်း၏ အာဏာက ထောက်လှမ်းရေးအကြီးအကဲတောင်ဖြုတ်ထုတ်သတ်လုပ်ဖို့မလွယ်ကူခဲ့ပေ  နောက်ပိုင်းတွင် ဗိုလ်ချုပ်ကျော်ဝင်းသည် ဦးသန်းရွှေ၏စစ်ဘက်လက်ထောက်ရာထူးပါတိုးလာ၏ ဦးခင်ညွန့် သူနောက်လူကို မဖြုတ်နှိင်ခဲ့လို့ သူနောက်လူက ပြန်ဖောက်သွားခြင်းပဲဖြစ်သည် ဦးသန်းရွှေသည်တပ်ကလူအများစုကို ရှယ်ဒိုးနည်းဖြင့်အုပ်ချုပိခဲ့ပြီး ဝန်ကြီးဋ္ဌာနာများအတွင်းပင် သူရှယ်ဒိုးလူအများအပြားမြုပ်နှံ့ထားခဲ့သူတစ်ဦးဖြစ်သည် အံသြဖွယ်ကောင်းသည်က ပညာနည်းပါးသော လူတစ်ယောက် ကို သူအောက်လူတွေမလှုပ်နှိင်အောင်အဓိကအခန်ကဏ္ဍမှာ အကြံပေးသူတွေက ပိုစွမ်းသည်ဟု ဗေဒါ ထင်မိသည် ဗေဒါ လေ့လာမိသလောက် အဲအခန်းကဏ္ဍကနေ တိုင်းပြည်ကို အဓိကထိန်းကွပ်သွားကြခြင်းဖြစ်သည်


                  ရီရီသာ စကားတစ်ခွန်းသည် ထောက်လှမ်းရေးအဖွဲ့အတွင်း အတော်လေးပေါက်ရောက်၏ ကကလှမ်းနဲ့ပတ်သက်လာသမျှကေ့စ် ရီရီသာကို ဗေဒါ လှမ်းပြောလိုက်သည်နှင့်အကုန်ငြိမ်း၏ ရီရီသာ ဗေဒါ တို့ စီးပွားရေး လုပ်ငန်းတစ်ခုက်ု အမဲဖျက်ခဲ့ကြဖူး၏ ဗေဒါနှင့် ထိုလုပ်ငန်းရှင် ညိခြင်းဖြစ်၏

ထိုလုပ်ငန်းရှင်က အတော်လေးပေါက်ရောက်သည်ဟုဆို၏ ဗေဒါ  အမယောက်ကျားကို လိမ်သွားသဖြင့် ဗေဒါ အမအကူအညီတောင်းခံလာခြင်းဖြစ်သည် ဗေဒါ အမပိုင်ခြံကို ငှားနေပြီ ပြန်မဆင်းပေးသဖြင့်  ဗေဒါ ထိုကိစ္စာကို ဝင်ပါလိုက်ရခြင်းဖြစ်သည် ဗေဒါ ရီရီသာ အကူအညီဖြင့် ကကလှမ်းကလူတွေနဲ့ထိုခြံကို အရယူပေးနှိင်ခဲ့၏ ထိုလူလုပ်ငန်းလည်း ထောက်လှမ်းရေးကမောင်တွေ ရမယ်ရှာပြီးအမြစ်ပါသုတ်သင်လိုက်တာ ထိုလူလည်း ထောင်နန်းစံသွား၏ ဗေဒါအမလည်း သိန်း ၂၀၀လောက်ကုန်သွား၏ ခြံတော့ပြန်ရလိုက်သည် ထောက်လှမ်းရေး ဘာမဆ်ုလုပ်နှိင်စွမ်းရှိသောခောတ်တွင် အကုန်ဝင်ပါခဲ့ကြသဖြင့် နန်းကျခ်ျန်တွင် လူမုန်းအများဆုံး အဖွဲ့အစည်း တစ်ခုဖြစ်ခဲ့သည်  ဒီလူတွေက ပါဝါ ရှိနေရင် လူကို လူလိုမမြင်ပေ ငွေမပေးပဲ ဘယ်အရာမှာ မလုပ်ပါ ဗေဒါ သိသည် ထောက်လှမ်းရေးကလူအများစုက စီးပွားရှာ နှိင်ငံရေးအင်အားစုတွေဖြို ခွင်း တိုင်းပြည်ကို ကောလဟာလလွှင့် မီဒီယာတွေနဲ့အသွင်ယူဝါဒဖြန့်ခဲ့ကြတယ်လူတွေအဆင့်ထက်မပိုခဲ့ပါ


            ဗေဒါ နေခဲ့ဖူးတဲ့ ဘားလမ်းထိပ်မှာ မီဒီယာဆိုပြီး ခေါင်းစဉ်တပ် ဝါဒဖြန် ရုံးခန်းဖွင့်ခဲ့ကြတာ မြတ်ခိုင် အမည်ခံပြီး ထောက်လှမ်းရေးတွေ အထ်ုင်ချခဲ့ကြတာပါ ထ်ုမီဒီယာကို ပိုင်ဆ်ုင်သူက ဗိုလ်ချုပ်တစ်ယောက်သားပါ သူအကြောင်းတွေ ကြုံကြိုက်ရင်တင်ပြပေးသွားပါမယ့်ဗိုလ်ချုပ်စိန်အောင်သားMIPဆိပ်ကမ်းပိုင်တယ်ဦးကိုကိုထူးလို့ခေါ်တယ်သားသမီးနှစ်ယောက်ရှိတယ်ကိုကင်းတွေကွန်တိန်နာလိုက်ဆိပ်ကမ်းမှာမိတာလိပ်စာမှားရောက်လာတယ်လို့ပြောပြီး အသံတိတ်ခဲ့ခြေရာပျောက်ခဲ့ဖူးပါတယ်


သူလည်းဆိပ်ကမ်းပိုင်ပါတယ် ဘီလျံနာစာရင်းတိတ်တဆိတ်ဝင်နေသူပါ  ထိုခောတ်ကတည်းက မီဒီယာမှာ ဗိုလ်ချုပ်သားသမီးတွေ စတင်ဝင်ရောက်ရန် ခြေလှမ်းပြင်နေကြပြီးဖြစ်သည် 


                            ®

                           ဗေဒါ


  ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


   


  

     အတိတ်ကပုံရိပ်များ……{အပိုင်း ၃၅}


                            ®

                           ဗေဒါ


   "အတိတ်ဆိုတာ သင်ယူဖို့နဲ့လေ့လာဖို့ပါ"


                 ဗေဒါ ငယ်ဘဝက ကျောင်းတက်ကတည်းက ဆိုးပေ ခဲ့တာပါ တက် တော့ စိန့်ပေါလ် ကျောင်းမှာ အညံဆုံးစာရင်းဝင် ကျောင်းမှာ ဆိုးတဲ့လူမှာ ရွေးပေါင်းတယ် ကျောင်းလစ် ဆေးလိပ်သောက် တစ်ခုမှာ မလွတ်ဘူး ရက်ကွက်မှာပေါင်းတော့ ဆိုးပေ့ ကောင်တွေနဲ့ပဲ လက်တွဲပေါင်းဖော်ခဲ့တယ် လူကောင်းကို အထင်မကြီးခြင်းရောဂါ စွဲကပ်နေတယ် ထင်ပါတယ် လူတော်လူကောင်း ဆိုကြည့်လို့ကို မရပါ ဗေဒါတို့ခောတ်မှာ ဖန်ဆီဒိုင်း ခောတ်စားနေပြီ ၈ တန်း၉တန်းကတည်းက ဆေးလိပ်လေးဖွာ ဖန်ဆီးဒိုင်းလေးချလိုက် လောကစည်းစိမ် ခံစားတတ်လာပြီ ငယ်ငယ်ကတည်းက ဗေဒါ လက်သံပြောင်ခဲ့လ်ု့ အများတကာ မေးငေါ့ ပြစ်တင်ခြင်းဒဏ်ကို မိသားစုက ခံရတတ်ပါတယ် အချိန်တန်ဆယ်တန်းအောင်တော့ ဂစ်တာလေးတီးတတ် လမ်းဘေး မှာညလုံးပေါက် ထိုင်တီးဆို ကောင်မလေးတွေ အိမ်ရှေ့သွား သီချင်းဆို အဲတုန်းက မင်းသမီးပေါက်စတွေ ဗေဒါတို့နေတဲ့ မြို့ထဲကငယ်မွေးခြံပေါက်တွေများတယ်သန်းသန်းစိုးတို့ တင့်တင့်ထွန်းကနာမည်စကြီးနေပြီ မြတ်ကေသီအောင် ခင်ပပလှိုင် တို့ကမင်းသမီးပေါက်စလေးတွေပါ  ၄၆လမ်းဘက်မှာခိုင်ခင်ဦးဟော့နေပြီ ဗေဒါ က ဂစ်တာတီးတိုင်းအမြဲပါနေကြ ပင်တိုင် အဆိုတော်ပါ ဗေဒါတို့ခောတ်က စိုးလွင်လွင် လွှမ်းမိုး ထူးအိမ်သင် ဂျက်မြသောင်း ဂျေမောင်မောင် စိုးထီးဆိုင် ခင်မောင်တိုး သီချင်းတွေ အဆိုများခဲ့ပါတယ် အင်္ဂလိပ်သီချငိးအများစုကို အောင်ကိုလတ် ညီတွေက အဆိုကောင်း အတီးကောင်းပါ  ဗေဒါတို့အုပ်စုက ရက်ကွက်နေပြည်သူတွေက ချဉ်ဖက်အဖြစ်နာမည်ကြီးပါတယ် ဗေဒါ သူငယ်ချင်းအတော်များပါတယ် ဗိုလ်တစ်ထောင် ပုစွန်တောင် လသာ လမ်းမတော်  ကြည့်မြင့်တိုင် ဆင်ပလိုက် အထိ ဗေဒါ နှံစပ်ခဲ့တာပါ ဗေဒါတို့ခောတ်က လူမိုက်တွေလည်း နာမည်ကြီးနေတာ အများကြီးပါ သူအပိုင်းနဲ့သူပေါ့

မြို့ထဲတစ်ခွင်တော့ ဗေဒါက ဦးဆောင်သူပါ ဗေဒါကြောင့်  ဒဏ်ရာဒဏ်ချက် ရခဲ့သူအများအပြားပါ ဗေဒါတို့ခောတ်က အုပ်လိုက်မရှင်းပါ တစ်ယောက်တည်း ချမယ် မနှိင်ရင် ဓါးနဲ့ထိုးမယ် ခုတ်မယ် ဖြစ်ပြီးရင်လည်း လှည့်မကြည့်တတ်တဲ့ကောင်တွေများပါတယ် 


                တရုတ်တန်းက ဘိန်းစား "အဟိုး" ဆီက လက်ကားပြန်ယူပြီး ဗေဒါ ကိုယ်တိုင် လက်လီပြန် ဖြန့်ခဲ့တာပါ အဲတုန်းက ဆားပုလင်းခေါင်းဆောင်က စိန်မြ ဗေဒါအဆွယ်ကောင်းလို့ သူပါ ဘိန်းစားပြန်ဖြစ်ပြီ ဘိန်းပါ ပြန်ပစ်လို့ ရဲမှာ ရာထူးမတိုး ရှိတဲ့အပွင့်တွေပါပြုတ် နောက်ဆုံး ဘိန်းကေစ့်တစ်ခုနဲ့ ပန်းဆိုးတန်းမှာ ဓါးထိုးခံရပြီးသေသွားပါတယ် ဗေဒါတို့ခောတ်မှာ ဘိန်းစားမှာအကောင်ဖြစ်တဲ့သဘောရှိပါတယ် ဘာအကောင်လဲတော့ ဗေဒါ မသိပါ ခောတ်က ကောင်စီလူကြီးတွေ အကောင်ဖြစ်တဲ့ခောတ် မဆလပြည်သူဆိုင်ကစာရေးမတွေ မျက်နှာကြီးတဲ့ခောတ် ပေါ့


              ဗေဒါ ငယ်ငယ်က ဆော်ကြည်တယ်   ဆို အထင်မကြီးကြပါနဲ့ ဘိန်းစားရဲ့တော့ကီက ဆော်ကြွေလောက်တယ် ဂစ်တာလေးတီး ဆော်အိမ်ရှေ့ သီချင်းသွားဆို ဘိန်းလေးချ လောကစည်းစိမ်အထွေထွေကို ကြံဖန် ယူနေကြတာပါ ဗေဒါ အသည်းကျော်တစ်ယောက်ရှိခဲ့ဖူးတယ် အိုင်းရငိတင်လှက ဘားလမ်းမှာ နေတော့ ကိုဝင်းဦးနောက်ဆုံးအချိန်တွေအဲအိမ်မှာကုန်လွန်ခဲ့တာပါ ဗေဒါတို့လမ်းမှာပဲ အခြောက်ဘုရင်မာမီစိန် နေခဲ့ဖူးတယ် မာမီစိန်က လူကသာအခြောက် ဖြစ်နေတာ အရင်တုန်းက လူမိုက်ပါ လူမိုက်လောကမှာ ဆက်နေရင် သေမှာဆိုးလို့ အခြောက်လုပ်လာတာ အခြောက်ဘဝမှာ အိုကေစိုပြေသွားပါတော့တယ် ခုခောတ်ခင်စန်းဝင်း လည်းမာမီစိန်ဆီစရောက်တုန်းက ကျားစစ်စစ်လေးပါ အခြောက်ကြားနေတော့ နွဲ့လာတယ် ကြာလာတော့ ခြောက်ပါလေတော့တယ် ခင်စန်းဝင်းငယ်ဘဝက သနားစရာပါ ဘားလမ်းထဲမှာပဲ    စပယ်ဦးစာပေရှိပါတယ်  ကိုတင်စိုးပါ အဲတုန်းက နာမည်ကြီးနေတဲ့ ကိုဌေး(ဇင်ဝိုင်း) သရုပ်ဆောင်အရိုင်းဖြစ်လာမယ့် အောင်ကျော်ဆန်း  သီဟတင်စိုးတို့အဖေကိုက လုံးဝအမှန်အကန်နှိင်ငံရေးသမားကြီးပါ နှိင်ငံရေးသမားအားလုံးသူပဲ စပွန်ဆာယူထားပါတယ်သူတို့အုပ်စုကနှိင်ငံရေးလိုင်းပါ ကိုတင်စိုးမိန်းမဖြစ်သူကလည်း အားပေးပါတယ် ဘားလမ်းက တကယ်ပျော်စရာကောင်းတဲ့ခောတ်တစ်ခောတ်ပါ ညဘက်တိုင်း ကိုရစ်ကီ(မဒီအဖေ)ရဲ့ဘိုဟန်ပါတဲ့ဂစ်တာတီးသံတွေ က တစ်လမ်းလုံးကို ဖမ်းစားနှိင်ခဲ့သူပါ ကိုရစ်ကီနဲ့တွဲဘက် လွှမ်းမိုးသီချင်းရေးတဲ့ဆူး  တစ်ခါတစ်လေကွဲပြီးရောက်လာတတ်တယ် ကိုစိုးလွင်လွင် ပါ ဆိုကြတီးကြနဲ့ပြောစရာကြီးပါ ထူးဆန်းသည်က ကိုစိုးလွင်လွင် က နာမည်ကြီးသော်လည်း အနေအထ်ုင်ကတော့ တကယ်ဗဆ စတိုင်အပြည့်ပါ ဟန်မရှိ သူလုပ်ချင်တာလုပ်တာ ပိုက်ဆံလိုရင် တေးသံသွင်းဆိုင်တွေမှာသွားတောင်းတယ် သူရှ်တာ အကုန်သုံးတတ်သူပါ သူသေတော့ ဘာတစ်ခုမှာမကျန်ခဲ့ပေ နောက် ဦးတင်ဦးတပည့်လုပ်နေတဲ့ စင်ရော်မောင်မောင် နဲ့ မေသန်းနှ ဇာတ်လမ်း

ကိုင်ဇာနဲ့မေခလာ ဇာတ်လမ်းတွေအားလုံးက ဗေဒါတို့ဝန်းကျင်မှာဖြစ်သွားတာပါ လမ်း၄၀

ဘက်မှာ ကော်နီ ကိုလှိုင်(သုခမိန်လှိုင်)ရံဖန်ရံခါရောက်လာတတ်တဲ့ဆုဆု ဗေဒါ နေထိုင်ရာ မြို့နယ် လေးကတကယ်အနှပညာရပ်ဝန်းလေးပါ ၃၃လမ်းဘက်မှာ ကိုဇော်သစ် ရှိတော့ ကိုဇော်သစ် ဆီကို  ထူးအိမ်သင်တို့အမြဲလာတ်ုင်း ဗေဒါတို့နဲ့ဂစ်တာတီးနေကြပါ ဘိန်းစားဗေဒါ အတွက် အကောင်းဆုံးသောဈေးကွက်တွေကို ငယ်စဉ်ကတည်းက တူးဖော်တွေ့ရှ်ခဲ့တာပါ ဗေဒါ အတွက် ဝင်ငွေက ငယ်စဉ်ကတည်းက ပေါများခဲ့တာပါ သုံးဖ်ု့မပူရပါ ဘော်ဒါတစ်အုပ်ကောင်းကောင်းကျွေးမွေးနှိင်ခဲ့ပါတယ် အဆိုတော်တိုင်းနီးပါး ဘိန်းစားသည်ခေတ်ပါ

                ၈၈အရေးခင်းဖြစ်တော့ ဗေဒါဘိန်းချလို့ကောင်းတုန်းပါ ကိုလမ်း ကိုယ်ရွာ ကာကွယ်ရေးစနစ်တွေနဲ့တည်ဆောက်ကြရတဲ့အချိန်မှာ ဗေဒါကွဲကွဲနဲ့ ဂျင်ဂလိလက်တည့်စမ်းခဲ့ဖူး၏ ဆူးလေးတစ်ကြောမှာ ဗေဒါတို့ အပေါင်းအသင်းတွေ လက်တည့်စမ်းခဲ့ကြ၏ နှိင်ငံရေးလည်း မသိ စစ်သားမြင်ရင် ချမယ်ဆ်ုတဲ့စိတ်ကူးသာကိန်းအောင်နေ၏ ဆန္ဒာပြပွဲတွေ ထ်ုင်ကြည့် လိုက်အားပေး ပန်းဆိုးတန်းကုန်တိုက်အောက်မှာ အလောင်းတွေပုံတာမြင်ပြီ စစ်သားကို ဗေဒါမုန်းသွား၏ စစ်သားတွေ ဘာကြောင့်များ ပြည်သူတွေ သတ်ခဲ့ရသလဲ ခောတ် စနစ်ကို ဗေဒါ မသိပါ ဘိန်းစားတစိေ

ာက်ရဲ့အတွေးအမြင်က ရိုးရှင်းပါတယ် လက်နက်ကြီးကိုင်ပြီး လက်နက်မဲ့တဲ့ပြည်သူကိုသတ်တာ မြင်တော့ စိတ်ထဲအတော်လေးနာကိည်းမိ၏ ဗေဒါ ကိုယ်တိုင်က နှိင်ငံရေးအမြင်မရှိပါ မိဘတွေကလည်း မျက်စီပိတ်ထား မဆ

လရဲ့အရိပ်အာဝသာအောက်မှာ အသံမထွက်ရဲခဲ့ပေ ဗေဒါသိသွားသည်က လက်နက်ရှိတ်ုင်း အနှိင်ကျင့်နေလျှင် လက်နက်ကိုင်ပြီ ပြန်တိုက်ရုန်းသာရှ်တော့မည် ဗေဒါလိုပဲ ထိုခောတ်လူငယ်တိုင်း ထ်ုအတွေးမျိုးရှိကြ၏ ထိုစဉ်က တောခိုဖ်ု့ လက်ဝဲဆန်သော အတွေးအခေါ်ဗေဒါတ်ု့ စတင်ရင်းနှီးလာ၏ နှိင်ငံရေးသမားအချို့ဗေဒါ သူငယ်ချင်းတွေထဲမှာကို ရှိလာကြ၏ သားကြီး ငမိုးတို့ဆ်ု အရမ်းတက်ကြွလွန်းနေကြပြီ လက်နက်နှင့်ပြန်တိုက်မည့်လူနှင့် နှ်င်ငံရေးနည်းဖြင့် ပြန်တိုက်မည် လူငယ်ကျောင်းသားတွေကြားမှာ ကွဲလာကြ၏ နှိင်ငံရေးသမားဟောင်းကြီး ဦးအောင်ကြီး ရဲ့ဟန်ပါပါတရားဟောသံတွေ က ဗေဒါအတွက်တော့ အားကျခဲ့တာပါ ဆူးလေးထိပ်မှာနေခဲ့တဲ့ ဦးသော်ကဆို ဗေဒါတို့ အားကျလာ၏ လူထုကိုဆွဲဆောင်စည်းရုံးတရားဟောနှိင်ဖို့က လွယ်ကူသောအလုပ်မဟုတ်ပေ လူထုက်ုဦးဆောင်နှိင်ဖ်ု့က ဗေဒါလိုဘိန်းစားတစ်ယောက်အတွက် မလွယ်ကူပါ သားကြီး နှင့် ငမိုးကတော့တောခ်ုမိဟု အသွင်သွင် ဆုံးဖြတ်ထားကြပြီဖြစ်သည် တောခိုမည့်နှိင်ငံရေးအင်အားစုတွေ လိုက်ရှာကြ၏ ဗေဒါတို့သူငယ်ချင်းဖြစ်သူ ၃၉လမ်းတွင်နေသော RITကျောင်းသား"အသီး" ချိတ်ဆက်ပေးမှုမှာတစ်ဆင့် မိုးသီးဇွန်ကို စတင်မြင်ဖူးလာ၏ သားကြီးတို့ကတော့ တက်ကြွနေကြပြီး မိုးသီးဇွန် မြင်တော့ ပိုဆိုးကုန်ပြီ နေ့ လား ညလား တောခိုမည်ပဲ လုပ်နေကြပြီ တနေ့ ညဘက်ကြီးမှတ်မှတ်ရရ ဗေဒါ ကိုယ်တိုင်လိုက်ပါနှတ်ဆက်ခဲ့၏ မိုးသီးဇွန် နှင့် အတူ ငမိုး သားကြီးတို့တောခိုဖ်ု့လိုက်ပါသွားကြတော့တယ် အဲညက မြင်ကွင်း ဗေဒါ မမေ့နှိင်ပါ မိုးသီးဇွန်နှင့်အတူ ကျောင်းသားအတော်များများပါ အသီး တို့အိမ်တွင် တွေ့ခဲ့ကြရ၏ ဘယ်ခရီးဆက်မည် ဗေဒါ မသိပါ သိသည်ကတော့ သားကြီး ငမိုး နောက်ဆုံးတွေ့ခြင်းပဲဖြစ်မိကိုတော့ နားလည်မိ၏ ဘိန်းစားဗေဒါ အဲလောက်မရဲ ဝံခဲ့ပေ တောခိုရင် ဘိန်းမချနှိင်တော့ဟု ရိုးသားစွာတွေးခဲ့ဖူး၏ သတ္တိလည်းနည်းခဲ့၏ သ်ု့သော် ထိုနောက်ပိုင်း သားကြီးကော ငမိုးကော ဘယ်တော့အခါမှာပြန်မတွေ့ခဲ့ရသော ငယ်သူငယ်ချင်းများဖြစ်ခဲ့သည် သားကြီးကတော့ ယခုအင်္ဂလန်တွင်ရှိကြောင်းသိရ၏ ငမိုးကတော့ သေသလာ ရှင်သလာ ယနေ့ထက်တိုင် မသိရတော့ပေ သူအမေဆိုသူစိတ်နှင့် အထီးကျန်စွာ ယနေ့တိုင်ရှိနေသေး၏


               ဆော်အကြောင်းပြန်ဆက်ပါမယ် အိုင်းရင်းတင်လှ ညီမ မီးမီး ကို ဗေဒါ ကြိုက်လွန်းလို့လိုက်ကြောင်ပါတော့တယ် မီးမီးကလည်း မာနကြီးလွန်း၏ ဘိန်းစားလမ်းသရဲ ဘာညာနဲ့ ဗေဒါကို အထင်ကိုမကြီးပါ ဗေဒါအားမလျော့ပါ လိုက်ရင်းနဲ့မီးမီးနဲ့ညှိပါတော့တယ်မီးမီးဗေဒါကို ကြွေသွားတာ မိုးတောထဲမှာ မီးမီးအချစ်မှာ မရရင် သေရပါမယ်ဆိုပြီး တညလုံးအထိုင်ကောင်းလို့နောက်တစ်နေ့မီးမီး အချစ်ကို ဗေဒါ ရရှိခဲ့သလို ဆေးရုံလည်းရောက်ရှိခဲ့ပါတယ် မီးမီး နှင့် ဗေဒါ တွဲခဲ့တာ သုံးနှစ်လောက်ရှိမည် ခြေများသော်ဗေဒါ ကြောငိ့ပင်လမ်းခွဲပြတ်စဲခဲ့ကြလေသည်


              မဆလခောတ်ရဲ့ကျပ်တည်းမှုကို ဗေဒါ နားမလည်ခဲ့ပါ အဖေက မဆလကေဒါအရာရှိ  အိမ်မှာလိုလေးသေးမရှိ အမတွေက အိမ်တွင်းပုန်းတွေ ငွေမသုံးတတ် တစ်မိပေါက်တစ်ယောက်ထွန်း ဗေဒါဘိန်းစား လူဘော်ကျော့ဘိန်းစားမှန်ရင် ဗေဒါနဲ့မကင်း အလိုက်သိခြင်းစကားလုံး ဗေဒါဆီမှာမရှိခဲ့ ပန်းဘဲတန်းလူမိုက်အီဆာကြီးကို သတ်တော့ ထောင်ထဲရောက်တဲ့အထိ လောကကိုမမြင်နှ်င်သေး အဖေ အမေ ရှေ့ဆင့်နောက်ဆင့်ဆုံး တော့ ဗေဒါက ထောင်မှာ နန်းစံနေဆဲ အမတွေအကုန်အိမ်ထောင်ပြုတော့မှာ ဘဝက ကိုးကွယ်မှီခိုအားထားစရာပျောက်ခဲ့ရ၏ ဘဝကို ဘကုံးဘ ဝလုံးဝ မှာ ဗေဒါ စသိတော့၏ သိပြီး ဆက်ဖြတ်သန်းရတဲ့ ဘဝကလည်း ကြောက်စရာ လန့်စရာ ရသမျှ အမွေ တွဲခဲ့တဲ့မင်းသမီးကြောင့် လုံးပါးပါး ဘိန်းစားတစ်ယောက်ရဲ့ ဘဝမှာ အထိန်းအကွပ်မရှိ  စီးပွားရေးမှာ ဇီးပြားတောင်မထုတ်တတ်တဲ့လူက စီးပွားရေးလုပ်တော့ ဝက်ဝက်ကွဲအရှုံးပေါ် ပျေက်ဆုံးနေသော လမ်းပေါ်မှာ ကြိုးတစ်စကို ကိုင်သော်လည်း ထိုကြိုးက ကြိုးစင်ပေါ်က ကျနေတဲ့ကြိုးဖြစ်နေပြန် မထူးသော် ဘဝမှာ မထူးဇာတ်ခင်း အသစ်သစ်သော်ရင်ခုန်မှုတွေကို တိုးဝင်ချင်မိခဲ့သူ နောက်ဆုံးဘဝက ထိုသံသရာမှာပဲ တဝဲဝဲလည်နေတဲ့ ကိုယ့်အဖြစ်ကို မမြင်နှိင်ခဲ့ပေ mr.လုဆီမှာ ဗေဒါ အတွက်အမြင်သစ် လူအသစ်တွေနဲ့ အသစ်သစ်သော်ခံစားမှုကိုရရှိခဲ့သည်ကိုတော့ မငြင်းနှိင်ခဲ့ပေ ဗေဒါကြောင့် mr.လု အဆင်ပြေခဲ့သလို mr.လုကြောင့်လည်း ဗေဒါ အဆင်ပြေခဲ့ဖူး၏ အချစ်နွံမှာ မချစ်ဖူးသော် အချစ်မျိုး နှင့် ဂျာနှုးကို သံယောဇဉ်တွဲမိခဲ့၏ ဗေဒါ mr.လုဆီက ထွက်ဖို့လုပ်တိုင်း ဂျာနှုးဟုသော်ကြိုးတစ်စက ချည်နှောင်ထား၏ ဂျာနှုးလက်ထက်သွားတော့ ဗေဒါ စိတ်အပြောင်းလဲဖြစ်စေရန် mr.လုတို့ သစ်ဘက်ပို့လိုက်သည်ထင်သည် ဗေဒါတစ်နှစ်ကျော်ကြာ Lurces Woodဘက်မှာလုပ်ပေးခဲ့၏ တစ်နှစ်ကျော်ကြာပြီ ရန်ကုန်ပြန်ရောက်တော့ ဂျာနှုးက မရှိတော့ပေ ခိုင်မာသောဘဝခရီးတစ်ခုကို လျှောက်လမ်းနေပေ၏ ကိုယ်တိုင်အသုံးတော်ခံလာသော်ဇာတ်မှာ ဗေဒါက လူကြမ်း ဖြစ်ခဲ့ရသလို မင်းသားဖြစ်ခဲ့ရသည့်အခ်ျန်လည်းရှိ၏

ဘဝအတွက်အကောင်းအဆိုးများစွာ ပြည့်နှက်နေသော ကာလများစွာကို ဖြတ်ကျော်ခံစားခဲ့ဖူးပါများတော့ ဗေဒါ ကျောက်စိုင်ကျောက်ခဲလို မာကျောခဲ့လေပြီး ဂျာနှုး နှင့် ယနေ့တိုင်ပြန်မဆုံဖြစ်ပါ သို့သော် ဂျာနှုးနှငိ့ပတ်သက်ဖူးသော နေရာဒေသတိုင်း ရောက်ရင်တော့ ဗေဒါ ကြေကွဲဆွံအခဲ့ဖူး၏ ဂျာနှုးအတွက် ဗေဒါ က ရင်ဘက်တစ်နေရာမှာပဲ ရှိပေတော့မည် သာယာပျော်ရွှင်ဖွယ်ကောင်းသောအနာဂတ်ကိုပိုင်ဆိုင်သွားပေမယ် ဗေဒါအတွက်အချစ်ဆိုသည်မှာ ဂုဏ်ဒြပ်တွေကို ကျော်နှိင်ရန် ရင်ဆိုင်စရာစွမ်းအားမရှိခဲ့ပါ


                           ®

                          ဗေဒါ


                            နှင့်


                    သူ့မိတ်ဆွေများ


 Stories by 👁ဗေဒါ

 Written by 🖊️ကျည်မင်းသိန်း

 Edited by ➡️စည်သူ

   

 

No comments: