Pages

Sunday 8 January 2023

ဗေဒါ၂

 အတိတ်ကပုံရိပ်များ…………{အပိုင်း၉}


                              ®

                             ဗေဒါ


⬛️           နွေ မိုး ဆောင်း ရာသီတွေ အထွေထွေပြောင်းလဲပင်ငြား ဗေဒါကတော့ mr.လုဆီမှာ ကြိုးစားချီတက်ဆဲပါ စိုးမြတ်နဲ့mr.လု အခွာအပြဲဖြစ်ပေါ်လာတဲ့ဇာတ်လမ်းရှိတယ် အလုပ်လုပ်ဖို့ ယူသွားတဲ့ပိုက်ဆံ အကျိုးအမြတ်မရ အရင်းပြန်မရ စိုးမြတ် ရှောင်တိမ်းနေပါတော့တယ် တနေ့ ဗေဒါ ကို စိုးမြတ်ရှာပြီး သူဆီခေါ်လာရန် mr.လု ဆိုပါတယ် မှတ်မှတ်ရရ 


⬛️၁၉၉၉ညတစ်ညမှာ စိုးမြတ်ကို ဗေဒါတို့အုပ်စု ရအောင်လိုက်ရှာပြီး စိုးမြတ်နဲ့ဗေဒါ သီးသန့်တွေ့ဆုံပြီး စိုးမြတ် ကိုနားချပါတယ် mr.လု ပ်ုက်ဆံက အဆိပ်ထက်ဆ်ုးကြောင်း အလုပ်မဖြစ်ရင် ပြန်ပေးရန်  မပေးနှိင်လျှင် mr.လုယုံကြည်လောက်အောင် ရှင်းပြရန်ဗေဒါ နားချ၏ စိုးမြတ်နားမဝင် ရန်ကုန်လူမိုက်လောကကို အုပ်စိုးထားသောစိုးမြတ် mr.လုကို လျှော့တွက်ပုံရသည် သူမရှင်းပြနှိင်ကြောင်း ယခုဂျင်ဝိုင်းလုပ်တာ သူအလုပ်များသာဖြစ်ကြောင်း mr.လုပိုက်ဆံမှာ အလုပ်တစ်ခုတွင်ရှုံးသွားပြီဖြစ်ကြောင်း ဘာအလုပ်လဲဟု ဗေဒါ မေးစဉ် စိုးမြတ်လိမ့်ပတ်လည်အောင် မရှင်းပြနှိင်ခဲ့ပေ စိုးမြတ်မလိုက်နှိင်ကြောင်း mr.လုထံဖုန်းဆက် အကြောင်းကြားတော့ mr.လုက ကိစ္စာမရှိ သိန်း ၁၀၀အဆုံးခံမည် ဗေဒါ ပြန်လာရန်သာပြော၍ ဗေဒါလည်း စိုးမြတ်ကို စိတ်မကောင်းခြင်းများစွာဖြင့် နှုတ်ဆက်ခဲ့တော့သည် ဗေဒါလည်း ပြန်ရန်လှည့်ထွက်စဉ်  ဗေဒါ ဟု စိုးမြတ်လှမ်းအော်၏ ပြီးသူဆက်ပြော၏ မင်းက mr.လု ငါကိုယ်သတ်ခိုင်းရင် သတ်မှာလား သူငယ်ချင်းဟု ပြုံးပြီမေး၏ ဗေဒါ ခေါင်းခါပြလ်ုက်၏ သို့သော် ချိုင်းကြားထိုးထားသောသေနတ်ကိုတော့ ထုတ်ပြလိုက်၏ mr.လု ဆီတွင် ဗေဒါ ကဲ့သို့ သေနတ်ကိုင်ပြီး mr.လု ထံ အလုပ်လုပ်နေသော လူအများအပြားရှိကြောင်း သတိတော့ ထားရန်ပြောပြီ လှည့်ထွက်လိုက်၏ စိုးမြတ်၏ ရယ်သံတစ်ခ်ျု့ ပြင်းပြင်းထန်ထန်ကြားနေရတော့သည် စိုးမြတ်ရန်သူတွေ ဝိုင်းနေပြီဖြစ်သည် သူကို ဖြ်ုဖ်ု့မလွဲ ဟု စိုးမြတ် တွေးထင်ပုံရသည်


⬛️            စိုးမြတ် သူနောက်က ဖားဖြစ်သော ဂျင်နေဝင်းနဲ့အကြီးအကျယ်ငြိနေပြီဖြစ်သည် ဂျင်နေဝင်းအိမ်ထိ ဓါးနှင့် တက်ခုတ်၏ လူတော့မထိ အိမ်ပရိဘောဂတွေ အကုန်ပျက်စီးကြောင်းသိရသည် ဂျင်နေဝင်း ဆီက မဟာတရားပိုက်ဆံ ယူလာကြောင်း ဗေဒါ ကြားသိလာ၏ စိုးမြတ်ဇာတ်သိမ်း မကောင်းမိကို ဗေဒါကြ်ုသိ၏ mr.လု ဂျင်နေဝင်း တို့ကဲ့သ်ု့ စီးပွားရေးသမားများသည် ငွေအဆုံးရှုံးခံထိုးကျွေးပြီ အသက်ကိုတော ကျိန်းသေပြန်ယူမည်မှာ ဗေဒါ ဗေဒင်မေးရန်မလိုတော့ပေ စိုးမြတ်ငွေနောက်လိုက်မှုက ဆိုးသထက်ဆိုးလာ၏ စိုးမြတ် ရဲနှင့်ပေါင်းပြီ မူးယစ်သမားတစ်ချို့ကိုငွေညှစ်၏ မရလျှင် ထောင်ထဲ ထည့်၏  ထိုသူတို့နှင့်ပတ်သတ်သော မိန်းမဆိုလျှင် သူကူညီပေးမည် အပေးအယူပြန်လုပ်၏ လောကစည်းကမ်းစတင် ချိုးဖောက်လာတော့၏ ဗေဒါ စိုးမြတ်အကြောင်းမေ့မေ့လျော့လျော့ပဲရှိနေစဉ် 

ဒုစရ်ုက်လောက အပြောင်းအလဲတစ်ခုစတင်ကြား၏ 


⬛️           စိုးမြတ်အသတ်ခံရကြောင်း သတ်သူက ဘက်နက်အသုံးပြုသွားကြောင်းနှစ်ယောက်သတ်ခြင်းဖြစ်ကြောင်း ဗေဒါ ကြားသိ၏ ဗေဒါ ကြိုမှန်းထားသလိုပင်အချိန်က ပိုတောင်စောနေ၏ အဖြစ်အပျက်ကမြန်၏ ဖမ်းခံထိတော့ ဒုစရိုက်လောကတွင် နာမည်မရှိသော်သူတွေ ဖြစ်နေသည် ဗေဒါ မှနိးသလိုပင် နောက်ကွယ်က အင်အားကြီးမားသူတွေ စိုးမြတ်ဇိဝိန်ကို ချုပ်ငြိမ်းပေးလိုက်ပြီးဖြစ်ပေသည် မည်သူလုပ်ခိုင်းကြောင်း အတိအကျမရှိ စစ်ထောက်လှမ်းရေးခောတ်တွင် ထောက်လှမ်းရေးတွေပါးစပ်ပိတ်နေတာကတော့ ထူးဆန်းစရာပါရဲဆိုသည်မှာ ထိုခောတ်က နာမည်ပဲရှိကြသည်ပဲလေ သတ်သူကတခြား ထောင်ထဲဝင်သွားသူတွေကတခြား အလွန်ရယ်စရာကောင်းသော ဥပဒေဖြစ်သည် နောက်ဆုံး သက်သေခံဘက်နက်တောင် ဓါးဖြစ်သွားသည်ဆို၏

စိုးမြတ်အကောင်းအဆိုးကို ဗေဒါ စိတ်မဝင်စားပါ သူငယ်ချင်းတစ်ဦး မိမိအလုပ်ကို လမ်းညွှန်ပေးခဲ့သူတစ်ဦးအဖြစ် ဝမ်းနည်းမိသည်စ်ုးမြတ်အသုဘ ဗေဒါ လိုက်ပို့၏ အတော်လူစည်ပါ၏ ထောက်လှမ်းရေးက ဗေဒါမျက်မှန်းတန်းသော် လူတစ်ချို့ ကိုအရပ်ဝတ်နှင့်တွေခဲ့ရ၏ သတင်းကလည်းထွက်နေ၏ ခုတ်ကြထစ်ကြမည်ဟု သို့သော်အေးဆေးစွာပင်ပြီးဆုံးသွားခဲ့လေပြီ 


⬛️             စိုးမြတ်နာရေးမြင်ပြီး mr.လု သိပုံဖြစ်သတင်းစာက်ုင်ပြီး သူခြံတွင် ဗေဒါ ရှိစဉ် လာပြ၏ ဗေဒါ သိပြီးဖြစ်ကြောင်းပြောတော့ mr.လု မှတ်ချက်စကားက သစ္စာ မရှိသူသ်ု့သွားရာလမ်းပဲ ပြောပြီးလှည့်ထွက်သွားတော့၏  ဗေဒါ ဘာမှာမပြောဘဲ စိုးမြတ်အကြောင်းစဉ်းစားမိသွား၏  စိုးမြတ်နှင့် ပုခုံးဖက်ပေါင်းလာသော် ဒ န ကလူတွေ အမှုဖြစ်စဉ်ကိုပြောင်းပြန်ဖြစ်အောင် စွမ်းဆောင်သွားကြပုံကတော့ သံဝေဂရာစရာပင် ငွေသည်အရာရကိုပြောင်းလဲ အောင် စွမ်းဆောင်နှိင်သည်လေ


⬛️            ဗေဒါ ထိုအတောအတွင်း mr.လု လုပ်ငန်းများကိုဦးဆောင်သူတစ်ဦးဖြစလာသည် ဗေဒါ လက်အောက်တွင် လောရှည်တို့လို လူရင်းများပင်ရောက်လာ၏ တစ်နေ့mr.လုဆီက စစ်ထောက်လှမ်းရေးမှုးတပ်ဆွယ်မှုးတစ်ဦးနှင့်တာချီလိတ်ဘက် ခရီးထွက်ရန် ညွှန်ကြားလာ၏


⬛️ စစ်ထောက်လှမ်းရေးအများအပြားနှင့် ဗေဒါ လက်ပွန်းတတည်းရှိလာ၏ mr.လု သမီးတစ်ယောက်နှင့် တွဲနေသော ကောင်လေး clubတွင် ဆေးများနှင့်ဖမ်းမိ၏ mr.လုသမီးက သူကောင်လေး မပါနှိင် ရန် ဗေဒါလှမ်းပြောလာ၏ ဗေဒါ mr.လု လှမ်းပြောချိတ်ဆက်ပြီးညတွင်းခြင်းပင် ထိုလူငယ်ကို ပြန်ခေါ်လာနှိင်ခဲ့၏ mr.လု အာဏာက ထ်ုကိစ္စာများလောက်တော့စာမဖွဲ့ပါ ဗေဒါအတွက်တော့အာဏာပိုင်အဖွဲ့အစည်းများနှင့် ပိုမိုရင်းနှီးလာတော့သည်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


💢  " နှိင်ငံရေးတော့ မလုပ်နဲ့ ကျုပ်တို့မတော်လှန်ရင်ကြ်ုက်တာလုပ် ဆို တဲ့ခောတ်က မြန်မာပြည်မှာ စစ်ထောက်လှမ်းရေးတွေ ပုံဖော်ဖန်တီးရိုက်သွင်းခဲ့တဲ့ စနစ်ဆိုးတစ်ခုပါ"


             အတိတ်ကပုံရိပ်များ………{အပိုင်း ၁၀}


                                 ®

                               ဗေဒါ


⬛️             ဗေဒါ mr.လု၏ စီးပွားရေးအတော်များများကို သိရှိလုပ်ကိုင်နေရပြီဖြစ်သည်ဒီကြားထဲ ပြာသာနာအသေးအဖွဲ့တစ်ချို့ ကိုရှင်းပေးတာကလွဲလို့ ကြီးကြီးမားမားကေ့စ်မရှိပေ  တရုတ်နှစ်ကူးတစ်ခုတွင် mr.လု မိသားစုဝင်ညီအကိုများနှင့်ဆုံတွေ့ခဲ့ရသည်အထိ mr.လု ၏ ယုံကြည်မှုကို ရရှိထားပြီဖြစ်သည်


⬛️          mr.လု တို့မိသားစုသည် ဖခင်ဖြစ်သူကိုအထူးရိုသေကြသည် မိသားစုဝင်များသည် အကိုကြီးဆုံး၏ဦးဆောင်မှုအောက်တွင် ရှိကြသည်  ကြီးစဉ်ငယ်လိုက် ရိုသေသမှုရှိကြသည် အကြီးဆုံးသားမှာ ကိုချူး(A chiu) mr.လု(lu law) ဒေးဗစ်လို (david lo) အီရစ်ပင်စင်းလို (eric ping sin lo) ဟင်နရီလို (henry lo) ဗားနက်ပင်ချောင်လို(moses ping chap lo) အောင်ကျော်နှိင် ညီမ ဒေစီလို(daisy lo) နှင့် သီတာဟန်မ (thida han ma) တို့ဖြစ်သည်တကယ်မားဖီးယား familyကြီးထဲ ရောက်နေသလို ဗေဒါ ခံစားရ၏ mr.လု အဖေ ကိုယ်တိုင်သားများ၏တပည့်များကို သီးသန့်တွေ့ဆုံနှုတ်ဆက်၏ ဗေဒါ အလှည့်တွင် အံပေါင်းပေးပြီ ဆုံးမစကားတစ်ချို့ဆို၏ အလိုရှိတာပြောဆိုတော့ ဗေဒါ မိန်းမ လိုချင်ကြောင်း ပြောလိုက်၏ အဘိုးကြီးသဘောကျပြီ mr.လုကို  စီစဉ်ခိုင်း၏ ဗေဒါလဲစိတ်ထဲရှိတာပြောလိုက်သဖြင့်  မိမိကိုယ် မိမိရယ်ချင်မိတော့သည်


⬛️            နောက်တစ်နေ့မနက် mr.လု ဗေဒါကိုခေါ်ပြီး မင်းယူမယ့်မိန်းမရှိလား ဆိုပြီး ဖခင်စကားကို သဝေမတိမ်းပုံဖော်မည်စတိုင်မျိုးပြောနေတော့ ဗေဒါလည်း အခက်တွေ့ရပြီလေ စိတ်ထဲရှိတာပြောလိုက်သော်လည်း တကယ်ယူစရာမိန်းမမရှိ ညှိနေသောဂျာနှုးလဲမတိုင်ပင်ရသေးပေ သို့သော်mr.လု အကင်းပါး၏ဂျာနှုးတော့မင်းယူလို့မဖြစ်ဘူး သူက တစ်သက်လုံး ယောက်ကျားယူလို့မဖြစ်နှိင်ဘူး ဗေဒါ အံအားသင့်ရ၏ ဂျာနှုးကိစ္စာမဆက်နှိင်အောင် တစ်ခါတည်းပိတ်လိုက်၏ ဗေဒါ သဘောပေါက်သွားသည်က တရုတ်လူယုံမွေးတာ အမျိုးသမီးဆို လူပါသိမ်းတတ်တာကို လို့သဘောပေါက်လိုက်၏ ဂျာနှုးက mr.လု ၏ မရှိမဖြစ် က်ုယ်ပွားပေ ဗေဒါ ကြည့်ကောင်းအောင် ရှာလိုက်အုံးမည်ပြောပြီး mr.လုခြံမှာ ထွက်ခွာလ်ုက်တော့သည်


⬛️             ပုံမှန်ဗေဒါလုပ်ငန်းက ကျောက်စိမ်း နှင့် ဘိန့်းဖြူ သာအဓိကလုပ်ကိုင်ရသည် mr.လုသီးသန့်ခိုင်းသောအကြောင်းအရာများက်ုတော့ ရံဖန်ရံခါ ကြုံလာတတ်၏် ဗေဒါအောက်တွင် လူအတော်များများရှိသည် တစ်နေ့ mr.လု ဗေဒါ ခေါ်ပြီး လူတစ်ယောက်ဆီအကြွေးသွားတောင်းရန်ဆို၏  တောင်းရမိသူက ပင်လုံထိပ်ထားသဌေးဖြစ်နေသည် မရရတာတောင်းခဲ့ဆိုသဖြင့် ဗေဒါ လည်း သူလူတစ်ချို့ ခေါ်ပြီးထွက်လာ၏ ပိုင်ရှင်မှာ အမျိုးသမီးကြီးတစ်ဦးဖြစ်သည် ယနေ့ဘယ်အကြွေးပေးရန်ပြောကြောင်း ရှင်းပြတော့ အမျိုးသမီးကြီးသည် mr.လုကိုအတော်ကြောက်ပုံရသည် သူဆီမှာ ရှ်တဲ့ ပိုင်ဆိုင်သောခြံတစ်ချို့က်ု ချက်ခြင်းထိုးပေး၏ ခြံအားလုံးသုံးခြံဖြစ်သည် mr.လုဆီဖုန်းဆက်တော့ အကြွေးနှင့်ရလောက်ပြီ လ်ုတာပိုတာ ပြောမည်ဆိုပြီး ရှေ့နေ့ပါတစ်ခါတည်း လွှတ်လိုက်မည် ဟုဆိုပြီး မကြာမှီိ ရှေ့နေ့ရောက်လာ၏


⬛️ mr.လုလက်မှတ်ပါ တစ်ခြမ်းထိုးလာ၏ အပြီးအပြတ် အရောင်းအဝယ် စာချုပ်တန်ဖ်ုးမရေးပေ ခြံပိုင်ရှင်အကြွေးပေးရန်ရှိသော မိန်းမကြီးက လက်မှက်ထိုးပြီသည်နှင့် ရှေ့နေ့ကော ဗေဒါတို့အဖွဲ့ပါ တစ်ခါတည်း

ပြန်လာလိုက်ကြ၏ ဗေဒါနောက်ပိုင်းသိရသည်မှာ ထိုမိန်းမကြီးဒေဝါလီ ခံသွားရပြီ လူအတော်များများ ဆုံးရှုံးမှုကြုံခဲ့ကြရသည်mr.လုကတော့ တစ်ကွက်ကြိုဦးပြီ ခြံသိမ်းနှိင်ခဲ့သည် အကြွေးခုနှိမ်ပြီး ထိုမိန်းမကြီးအတွက် နေစရာခြံ စီးစရာကား ပြန်ပေးခ်ုင်းသည်ကို ဗေဒါပင် စီစဉ်ပေးခဲ့ရသည်  ဦးသူစားစတမ်းစီးပွားရေးအကွက်ကြီးပါတကား


 ⬛️                ထိုအတောအတွင်း ဗိုလ်ချုပ်သားတစ်ချို့ mr.လု ချိတ်ဆက်မှုဖြင့် ဘိန်းအကြီးအကျယ် လက်ကားပြန်ယူကြသည် ထိုလုပ်ငန်းများက်ု ဗေဒါ ကအဓိကကြီးကြပ်လုပ်ကိုင်ပေးခဲ့ရသည် အမှားအယွင်းမရှိအောင်ဖြစ်သည် ထ်ုအတောအတွင်းစစ်ထောက်လှမ်းရေးမှာ အရာရှိအချို့ mr.လု က်ုမေးစရာရှိသည်ဆိုပြီးလာခေါ့်သွားကြသည်မှာ နှစ်ရက်ကြာသည် mr.လု ပြန်လာတော့ လုပ်ငန်းများခေတ္တာနားထားရန် ညွှန်ကြားလာ၏  ဗေဒါတို့အုပ်စုကို ခရီးထွက်ရန် ပြောသဖြင့် ဗေဒါလည်း သူလူတစ်ချို့ ခေါ်ပြီး ပဲခူးဘက်က mr.လုခြံတသ်ခြံတွင် သွားရောက်နေထိုင်နေကြရနိစီစဉ်လိုက်၏ mr.လု မှာပြန်လာရန်အချိန်ကို ပြောမှာပြန်လာကြမည်ဖြစ်ကြောင်း ဂျာနှုးကိုပြောပြီး ထွက်လာလ်ုက်ကြတော့သည် ဗေဒါ သိသည်မှာကတော့ mr.လု ဗေဒါတို့ကိုရှောင်ခိုင်းခြင်းသဘောမျိုးပဲဖြစ်မည်ထင်သည်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

💢" စစ်ထောက်လှမ်းရေးက လူကြီးသားသမီးတွေဘာလုပ်နေသလဲအမြဲ ချက်ကင်လိုက်နေကြတာ တချိန်အသုံးဝင်ရင် ပြန်ကောက်စားမဲ့သဘောပေါ့"' အတိတ်ကပုံရိပ်များ……{အပိုင်း ၁၃}


                                ®

                               ဗေဒါ


 ⬛️             ဗေဒါ တို့ရှမ်းပြည်ဘက်က လုပ်ငန်းများပြီးပြတ်သည်နှင့် ရန်ကုန်ပြန်လာကြသည် စစ်ထောက်လှမ်းရေးက ဗိုလ်မှုးကြီးနှင့်သူလူတွေကတော့ တပ်မတော်လေယဉ်နှင်ပြန်သွားနှင့်ပြီဖြစ်သည် လမ်းတစ်လမ်းလုံး ဗေဒါ မောင်းလိုက် ကျားရွှမ်မောင်းလိုက်နှင့် စကားပြောရင်း သောက်လိုက်စားလိုက်အိမ်အပြန်လမ်းသည် ပိုမိုမြန်ဆန်နေသလိုပင်ဖြစ်သည် ကျားရွှမ်မိသားစုအကြောင်း ဂျာနှုးတို့အကြောင်းတွေ mr.လုအကြောင်း ဗေဒါ မသိသေးသောအကြောင်းစုံလင် သိခဲ့ရပေသည်


♥️ဂျာနှုး

         


♥️    ဂျာနှုး ငယ်ငယ်ကလေးဘဝကပင် mr.လု အဖေက ဂျာနှုး အဖေကော အမေကော စစ်တပ်သတင်းပေးဆိုပြီးသတ်ပစ်ခဲ့ကြသည် ဂျာနှုးတွင်အကို တစ်ယောက်ရှိပြီ ထိုအကိုသည်ထွက်ပြေးသွားပြီ သေသလားရှင်သလား ယနေ့တိုင်မသိတော့ဟုဆိုသည် ဂျာနှုးကိုတော့ mr.လုအဖေ လော်ကြီးက မွေးစားခိုင်းစေခဲ့သည် ဂျာနှုးအရွယ်ရောက်တော့ နှိင်ငံရပ်ခြားထိ ပညာတော်သင်စေလွှတ်ပေးခဲ့၏ ကြီးတော့ mr.လုမိသားစု၏ လူယုံသဖွယ်ဖြစ်လာသည် 


♥️ဂျာနှုး ပထမက mr.လု အကိုဆီမှာအလုပ်လုပ်ပေးနေပြီ သူအကို မိန်းမ စင်္ကပူသူနှင့် မတည့်၍ mr.လု ခေါ်ထားရန် mr.လုအဖေကပင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည် mr.

လု ဆီတွင် ဂျာနှုးနေထိုင်ပြီး စင်္ကပူရုံးခန်းတွင် အခြေချနေထ်ုင်ခဲ့သူလည်း ဖြစ်သည်နောက်ပိုင်း mr.လု မိသားစု၏ လုပ်ငန်းငွေကြေး အတော်တော်များကို ဂျာနှုးပင် စီမံပေးနေရသည်

ဗေဒါ နှင့် ညှိပြီးနောက်ပိုင်း ဂျာနှုးကို ရန်ကုန်တွင်သိပ်မထားတော့ဘဲ စင်္ကာပူ ထိုင်ဝမ် ရုံးခွဲများတွင်သာ အထားများတော့သည်


❤️ ဗေဒါ နှင့် ဂျာနှုး သံယောဇဉ်လွန်းတင်မှုက mr.လုမိသားစုအတွက် အန္တာရယ်ရှိလာနှိင်သည်လေ ဂျာနှုး ၏ မျက်နှာတွင် ပျော်ရွင်ခြင်း စိတ်ညစ်ခြင်း ကင်းမဲ့သော ပင်ကိုမျက်နှာမျိုးဖြစ်သည်စကားပြောပျက်၏ သူကိုစရင်တောင် စလို့စမှန်းမသိပေ မသိသူများက mr.လု မိန်းမဟုထင်တတ်ကြသည် mr.လု သားသမီးအရေးကိစ္စာများသည်လည်း ဂျာနှုးပင် အုပ်ချုပ်သူဖြစ်နေသည် ကျောင်းမိဘခေါ်လျှင်ပင် ဂျာနှုး နှင့် ဗေဒါ နှစ်ယောက်သွားရသည့်အချိန်အခါ မျိုးပင်ရှိခဲ့၏ မည်သို့ပင်ဆိုစေကာမှု မိမိ မိဘသတ်ထားသောသူ ထံတွင်သစ္စာရှိစွာအလုပ်လုပ်ပေးနေမှုက ဗေဒါ အံသြရသည် ဂျာနှုးလက်ထဲတွင် mr.လုမိသားစု၏ ပိုင်ဆိုင်မှုတစ်ချို့ရှိနေပြီလေ mr.လုအဖေ လော်ကြီးကတော့ ဂျာနှုးမြင်တိုင်း သူ့သားသမီးထက်ပင်ပိုမို ဂရုစိုက်ပုံပြတတ်၏ ဖြေသိမ့်ခြင်းလာ ဆိုတာတော့ ဗေဒါ ဝေခွဲမရခဲ့ပ

    

❤️                 ရန်ကုန်ပြန်ရောက်သော ဗေဒါ တို့အချိန်အတော်ကြာ နားနေခဲ့ရသည် ဒီကြားထဲ mr.လု သမီးအကြီးမက  ဗိုလ်ချုပ်ဈေးတွင် branded ဆိုင်တစ်ဆိုင် FMIတွင် တစ်ဆိုင် ဖွင့်ရန် ဗေဒါ ဆောင်ရွက်ပေးခဲ့ရသည် ကိစ္စာများပဲရှိခဲ့သည် mr.လု ညီမဖြစ်သူခြံ ရန်ကုန်ဦးဝီဇာယျာလမ်းမပေါ်တွင်တိုက်ဆောက်တော့ ဗေဒါကြီးကြပ်ပေးခဲ့ရသည်သာရှိ၏ အခြာထွေထွေထူးထူးလုပ်နေကြအလုပ်များ နောက်လူများနှင့်လည်ပတ်နေပြီ ဗေဒါ လောရှည် ကျားရွှမ်တို့ကသာ ထိန်းကျောင်းကြီးကြပ်ယုံသာလိုတော့၏ 


⬛️            တစ်နေ့ mr.လုစေခိုင်းမှုအရ ဝန်ကြီးတစ်ဦးကို ပြုစုပေးရန် ညွှန်ကြားလာ၏ ထိုဝန်ကြီး ၏သားများသည်လည်း သစ်ထုတ်လုပ်ရေးလုပ်ပြီ ချမ်းသာစပြုနေပြီဖြစ်သည် ထိုဝန်ကြီးသည် တဏာကြီးသောလူတစ်ယောက်ဖြစ်ကြောင်း လိုအပ်သည်များလုပ်ဆောင်ပေးရန် ထပ်ခါတလည်လည် mr.လု မှာနေတော့့၏  ထိုဝန်ကြီးထံ ဆက်သွယ်ပြီး ဘာလိုအပ်ပါသလဲမေးပြီ ထိုဝန်ကြီး စီစဉ်ခိုင်းသော ကိစ္စာများ ဗေဒါလိုက်ချိတ်ရတော့၏ ထိုဝန်ကြီးနှင့်အိပ်ရန် မော်ဒယ်သုံးယောက်ထိရှာပေးခဲ့ရ၏


⬛️ထိုလူစိတ်ကြိုက်နေဖို့ခြံ အစားအသောက် သောက်စရာအစုံအလင် ဗေဒါ စီစဉ်ပေးရ၏ ထိုဝန်ကြီးကို ဗေဒါသွားခေါ်တော့ ဝန်ကြီးနှင့်သူ သူငယ်ချင်းတစ်ယောက်ပါ၏ အင်းလျားလမ်းက ဆိုင်တစ်ဆိုင်မှာ ကောင်းကောင်းစားသောက်ပြီ ဗေဒါစီစဉ်ပေးသောခြံသို့လစ်ကြလေတော့သည် ထိုငနဲတွေမှုးတော့ ကျွဲခိုးပေါ်ပြီလေ ဗေဒါလ်ုလူကလည်း ထ်ုအခွင့်အရေးလက်လွတ်ခံလိမ့်မည်မဟုတ်ပေ ဗေဒါစီစဉ်ပေးသော သုဝဏ္ဍဗိုလ်ချုပ်ရွာဘက်က ခြံတွင် မော်ဒယ်မင်းသမီးသုံးယောက်ကရောက်နေပြီဖြစ်သည် ထိုဝန်ကြီးသည် ဗေဒါနှင့် နောက်ပိုင်းပိုမိုရင်းနှီးလာကြသည် ဗေဒါ မိဘများက ထိုဝန်ကြီး ဇာတိ တောင်သာမြို့သူမြို့သားတွေဆိုတော့ ဝန်ကြီး ကဲတိုင်း ဗေဒါ ပါနေကြဆိုသလိုအချိန်များစွာရှိခဲ့ကြသည် ထိုဝန်ကြီး၏ မိန်းမသည် အိပ်ယာထဲလဲနေသည်မှာ ကြာပြီဖြစ်သည် ဝန်ကြီးကသရုပ်ဆောင်တော့အကောင်းသား မော်ဒယ်တွေနဲ့နှပ်ပြီး အိမ်ကမိန်းမကို လွမ်းကြောင်း အလုပ်ပင်ပန်းကြောင်း အဘအမိန့်ကြောင့် အလုပ်တွေနေ့မအိပ် ညမနားလုပ်နေရကြောင်း ချစ်ခွန်းခြွေလေ့ရှိသည်ဘာပဲပြောပြော ထိုဝန်ကြီးသည် သတင်းစာတွင်ဖြစ်စေ အများရှေ့တွင် ဖြစ်စေ ရုပ်တည့်ဖြင့်သဘောထားတင်းမာသူအဖြစ် ပုံဖော်စေကာမှု ဗေဒါတို့နှင့်သောက်လျှင်ဖြစ်စေ မော်ဒယ်တွေနဲ့တွေ့လျင်ဖြစ်စေ ယုန်သူငယ်ပမာဖြစ်နေသည်ကတော့ ရီစရာအကောင်းသားပါ


⬛️                  ဝန်ကြီး နှင့် ဗေဒါ အတွဲများလာတော့ mr.လုက သဘောပိုကျနေ၏ သူမိသားစုကိစ္စာလုပ်ငန်းများတွင် ထ်ုဝန်ကြီးနှင့် တိုက်ရိုက်ပတ်သက်နေသည်များရှိ၍ဖြစ်၏ mr.လုအဖေ လော်ကြီးကိုယ်တ်ုင်က တချို့လုပ်ငန်းကိစ္စာများ ဗေဒါမှာတဆင့် အနီးကပ်ပြောခိုင်းသည်များရှိခဲ့၏ ဝန်ကြီးနှင့် ဗေဒါတို့အရှုပ်တော်ပုံ စာတစ်အုပ်ဖွဲ့၍ ရ၏ အလျင်းသင့်မှာတင်ပြပါတော့မည် ထိုဝန်ကြီးနှင့် ဗေဒါ သွားလာလှုပ်ရှားမှုများကို သိနှင့်နေသူများရှိပြီးဖြစ်သည် ထိုသူများကတော့


⬛️              ဗိုလ်ချုပ်ခင်ညွန့်၏ စစ်ထောက်လှမ်းရေးအဖွဲ့များပင်ဖြစ်သည် တနေ့ဗေဒါနှင့်ခင်သော် ကကလှမ်းက ဗိုလ်ကြီးတစ်ဦးရောက်လာ၏ ဝန်ကြီး သတင်းအစအနထွက်နေကြောင်း အပေါ်က သတင်းအတိအကျယူထားရန်ညွှန်ကြားထားကြောင်း ဗေဒါ လည်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းဗေဒါအတွက်ခက်လေပြီ  ဗေဒါခေါင်းညှိပ်လိုက်ရ၏ ကကလှမ်းက ငနဲကပဲ အကြံကြီးသလားသူအပေါ်ကဆရာတွေကပဲ အကြံကြီးသလားမသိ ဝန်ကြီး ဆော်နှင့်အိပ်တုန်း ဗီဒီယိုရိုက်ရန်ကြိုတင်စီစဉ်မည် ခြံအရင်သွားပြီ အသံဖမ်းစက်က အစထည့်မည်ဆိုတော့ ဗေဒါလည်း အကြံကြီးသော ကကလှမ်းကို လက်ပိုက်ကြည့်နေယုံမှာတစ်ပါး မတတ်နှိင်တော့ပေ 


⬛️                 အတွဲကြာလာသော် ဝန်ကြီးကိုလည်းသနားမိ၏ သောက်ဖော် သောက်ဖက် ပျော်ဖော် ပျော်ဖက်တစ်ယောက် အရှက်တစ်ကွဲအက်ျုးနဲ ဖြစ်ပေတော့မည့် ဗေဒါ ထိုရက်များတွင်အကြံကုန်ထုတ်သုံးရ၏ ထိုမတိုင်ခင်က ကကလှမ်းလက်ချက်ဖြင့် ဗိုလ်မှုးကတော်တစ်ဦးအရှက်ဗြန်းဗြန်းကွဲပြီ ထှိုဗိုလ်မှုးမိမိကိုယ်မိမိဆူစိုက်လုပ်သွားသည်မှာမကြာသေးထ်ုဗိုလ်မှုးသည် ဒုအကြီးအကဲ၏ အနီးကပ် လူတစ်ယောက်ဖြစ်သည် ကကလှမ်း တကယ်ဆော်မည်ဟုထင်သည် ဗေဒါ အကြံထုတ်ဖို့နေ့တိုင်းတွေးနေရပါတော့သည်


"လူကြီးတွေပြည်သူတော့ အသေဖြဲတာဗျာ သူတ်ု့မှုးရင်ဖြစ်ဖြစ်  ဆော်တွေရှေ့ရောက်ရင်တော့ အရှက်က တစ်စက်မှာ စောက်ရှက်ကို မရှိတော့ဘူး"


  


          အတိတ်ကပုံရိပ်များ………{အပိုင်း၁၄}


                                 ®

                               ဗေဒါ


⬛️            ၂၀၀၃ တွင် ငွေကြေးခဝါချမှုအပါအဝင် ဘဏ်များအကျပ်အတည်းကာလ Bank Crisis ဖြစ်ပြီးနောက် ဘဏ်အတော်များများရပ်ဆိုင်းခံခဲ့ရသည် ထိုအကြောင်းအရာများနောက်ကွယ်တွင် အမေရိကန်ဘီလျံနာ ဂျော့ဆိုးရော့စ်ကြောင့် ဟုမြန်မာစစ်ခေါင်းဆောင်များကစွပ်ဆွဲအပြစ်တင်သော်လည်း


⬛️           တကယ်တမ်းတော့ ကိုးကန် စကာင်္ပူ ကုမဏ္ဍီမှာ စင်္ကာပူတွင် ငွေကြေးခဝါချမှု၏ အဓိကရင်းမြစ်တစ်ခုဖြစ်သည် ထ်ုကုမဏ္ဍီသည် mr.လု တို့မိသားစုပိုင် ကုမဏ္ဍီတစ်ခုဖြစ်သည် နအဖ ဥက္ကဌ နှင့်ရင်းနှီးသော mr.လုတို့အဖေကြီးသည်အမြော်အမြင်ရှိသူဖြစ်သည် ပြည်ပတွင် လူမသိသော ကုမဏ္ဍီအချို့ကို လှိုဝှက့်စွာ လုပ်က်ုင်စေခဲ့သည်


 GA Ardmore Pte

Ltd. GA Capital Ltd. GA Food Stuffs Pte

Ltd. GA Land Pte ltd . GA Resort Pte ,G

A Sentosa Pte ltd. GA Treasure Pte Ltd

GA Whitehouse Pte Ltd စသည် ပြည်ပကုမဏ္ဍီများကိုလုပ်ကိုင်စေခဲ့ပြီး ငွေမည်း က်ု ငွေဖြူအဖြစ် အဓိကပြောင်းလဲလုပ်ကိုင်ရာတွင် စင်္ကာပူအစိုးရ နှင့် မြန်မာစစ်အစိုးရ မသိချင်ယောင်ဆောင်မျက်စီမှိတ်ခဲ့ကြခြင်းဖြစ်သည်


⬛️               ထိုဘဏ်အကျပ်အတည်းမဖြစ်မှီက ဗေဒါတို့အလုပ်အရှုပ်ဆုံးကာလဖြစ်သည်နေ့စဉ်ညတိုင်းနီးပါး ဒေါ်လာများ မြန်မာငွေများ ယွမ် ဘတ် စင်္ကာပူဒေါ်လာ နှိင်ငံတကာပိုက်ဆံပေါင်းများစွာ ဟိုပို့ ဒီသယ်နှင့် mr.လုအိမ်မှာ တခြားနေရာများသို့လူးလွန့်သယ်ယူပို့ဆောင်နေကြသည်မှာ တစ်လနီးပါးကြာသည် mr.လုသည် သူနေသောခြံတွင် လူအဝင်အထွက်ရပ်ဆ်ုင်းလိုက်ပြီ ဂျာနှုး ဗေဒါ လောရှည် ကျားရွှမ်း အားပေါင် တို့နှင့် လူရင်း ၈ယောက်ခန့်သာအမာခံထားပြီ mr.လုမိသားစုနှင့် ကလေးများတောင် အလာမခံတော့ပေ


⬛️ ထိုရက်ပိုင်းများတွင် mr.လု ခြံသို့ သူအဖေ လော်ကြီး အကိုဖြစ်သူ ကိုချူးတို့အလာများသော်ကာလဖြစ်သည် ထိုသို့ငွေပိုရင်း တစ်လနီးပါးကြာချိန်တွင် ဘဏ်အကျပ်အတည်းများဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည် ဗေဒါတို့ပို့ခဲ့သော နေရာအတော်များ ထံသို့ မြန်မာငွေအများစု ပေးခဲ့ပြီ ထ်ုနေရာများမှာပြန်ယူလာသည်ငွေမှာ ပြည်ပငွေမ်ျုးစုံပင်ဖြစ်သည် သယ်ပို့ခဲ့သောနေရာများတွင် ၈မိုင်လမ်းဆုံကမ္ဘာအေးဘုရားလမ်းပေါ်က ခြံတစ်ခြံသို့ပို့ဆောင်ပေးခဲ့မှုကထူးခြားသည် ပြည်ပဒေါ်လာငွေ အတော်များများကို ထိုခြံသို့ပို့ပေးခဲ့ရသည် mr.လု ခြံတွင် ငွေမျိုးစုံဖြင့် ပြည့်ကြပ်နေပြီ မည်သူမျှ အဝင်မခံတော့ပဲ ဘဏ်တွေပြိုလဲချိန်မှာတော့ မှတ်မှတ်ရ

ရ ညစဉ် လော်ကြီး ကိုချူး mr.လု တို့သာမန်အချိန်ထက်ပင်ပိုပျော်ရွှင်နေကြောင်း ဗေဒါတို့သတိထားမိတော့သည် ထ်ုဘဏ်အကျပ်အတည်းတွင် ဗေဒါ မိန်းမယူရန်စုထားသောငွေတစ်ခ်ျု့ တောင်ပါ၏ အာရှဓန ဘဏ်တွင် တဝက် မေဖလားဝါး တွင် တဝက် အကုန်နီးပါး ဗေဒါ ချက်ခြင်းပြန်ရ၏ ကကလှမ်းက ဗေဒါနှင့်ရင်းနှီးသော  ဆရာကောင်တွေ ပြန်ထုတ်ပေးခဲ့ခြင်းဖြစ်သည် ထိုအချိန်က ငွေပြန်ထုတ်ပေးရန် ပွဲစားခ ပါဆင်နိတ်ပါပေးရင် အကုန်ပြန်ရအောင်လုပ်ပေးနှိင်စွမ်းသော ကကလှမ်းခောတ်ကို အမှန်တော့ စစ်ထောက်လှမ်းရေး နှင့် အဖွဲ့အစည်းတွေရဲ့ငွေကြေး အရှုပ်တော်ပုံဟု ခေါင်းစဉ်တပ်ရမည်ဟု ဗေဒါ မြငိမိ၏ ကြားက ပြည်သူ ပဲကြီးလှော် ကြား ဆားညှက် ဘဝဖြစ်ရသည် မြန်မာပြည်ကား ပြည်သူသာ နင်းပြားဖြစ်သည့်ဘဝပါတကား


⬛️              ဘဏ်အကြပ်အတည်းနှင့်အတူ ငွေစုငွေချေး လုပ်ငန်းများ တပြိုင်တည်းနီးပါး ဒေဝါလီခံကြသည် မြန်မာကျုံယွမ် ဧရာမြေ သစ္စာပန်းခင်း အစရှိ ကုမဏ္ဍီများဒေဝါလီခံတော့ စစ်ထောက်လှမ်းရေးက ဆရာတစ်ပါးဖြစ်သော ဗိုလ်မှုးချုပ် သန်းထွန်းပြောသွားသောစကားက 

မှတ်သားစရာ လူပုဂ္ဂိုလ်ကိုယုံကြည်၍ အခြင်းခြင်းဖြစ်သော်ကိစ္စာရပ်များသည် အစိုးရမှာ တာဝန်ယူရန်အကြောင်းမရှိပေ ထိုသူများကို ဖမ်းဆီးမှုအတွက် ရာဇာဝတ်မှု နှင့် မထည့်ရန်တရားမကြောင်းပဲ သွားရန် ကကလှမ်းက တရားရေးကို ပဲ့ကိုင်သွားခြင်းဖြစ်သည် ထိုအချိန်က ဧရာမြေပိုင်ရှင်ဖြစ်သူ ပြောစကား ဗေဒါမှတ်မိသေး၏ သူဆီလာအပ်သောပိုက်ဆံတွေ ပုဂ္ဂုလိက ဘဏ်တွင်ရှိကြောင်း ဘဏ်က ဒေဝါလီခံသောကြောင့် ထိုငွေ ထုတ်မရခြင်းဖြစ်ကြောင်း သပွတ်အူဇာတ်ရှုပ်ကြီးကိုအစီရင်ခံလေတော့၏ နောက်ဆုံးတော့ ပြည်သူပဲ ထိုးကျွေးခံ အနင်းခံ ဘဝရောက်သွားရ၏  ဗေဒါ ယနေ့တ်ုင် စဉ်းစားနေမိသည်က ထိုငွေတွေဘယ်ရောက်သွားသလဲဟု နေ့စဉ်တွေးသော်လည်း ဗေဒါ ညဏ်မမှီ၍ မစဉ်းစားနှိင်ဖြစ်မည်ထင်သည်


 ⬛️           ဗေဒါထိုကိစ္စာများလွန်ပြီးနောက်ပ်ုင်း စကာင်္ပူ သုံးခေါက် ထိုင်ဝမ် နှစ်ခေါက်ရောက်၏  ဂျာနှုးကတော့ နောက်ပ်ုင်း စင်္ကာပူတွင်သာရုံးထိုင်တော့၏ ဗေဒါ ၏ mr.လုမိသားစု၏ ယုံကြည်စိတ်ချရသောလူတစ်ယောက်အဖြစ်ယုံကြည်မှုပိုတိုးလာလေတော့သည် ဒေါ်လာပေါင်းများစွာ ဗေဒါနှင့် ရှိနေသော်လည်း ငွေရေးကြေးရေး စည်းမဖောက်ခဲ့ပေ ထိုကြောင့် လော်ကြီးသည် ဗေဒါက်ု အားထားလာပြီး ပိုမိုခိုင်းစေခဲ့ခြင်းဖြစ်မည် ဗေဒါ နှင့် လော်ကြီးတို့တွေ့တိုင်း လော်ကြီးဆုံးမစကားကတန်ဖိုးရှ်လှပါသည်


⬛️               လော်စစ်ဟန်၏ စကားအခ်ျု့ကမြန်မာတွေ နောက်ကျန်ရစ်ခြင်းက လူမျိုးစွဲကြောင့်ဟုဆ်ု၏ ဟောင်ကောင် စင်္ကာပူ ကတရုတ်တွေက လွန်ခဲ့တဲ့နှစ်၂၀က လမ်းဘေးဈေးရောင်းနေတဲ့လုတွေ  ဈေးရောင်းပြီးအငတ်ခံတယ်သားသမီးတွေက်ု ဒီဂရီရအောင် လုပ်ပြီး usက်ုပညာသင်ဖို့ဆက်ပ်ု့ပေးတယ်အစိုးရကလည်း ထောက်ပံပေးတယ် အဲဒီမ်ျုးဆက်တွေပြန်ရောက်လာတာနဲ့တိုင်းပြည်ကိုဦးဆောင်စေတယ် ပြီးရင်အစိုးရကအရင်းအနှီးထုတ်ချီးပေးတယ် ပြီးရင်ကုမဏ္ဍီထောင် ကမ္ဘာပတ် ကုမဏ္ဍီခွဲတွေ လိုက်ဖွင့်ပြီးရင်နောက်ကအစ်ုးရကသူအပိုင်းနဲ့သူ နောက်ကလိုက်လာတာ ပညာတတ်တွေက်ုယုံကြည်တယ် တိုင်းပြည်ကနောက်ကလိုက်တာ မြန်မာပြည်ကျတော့အဲလိုမဟုတ်ဘူး မင်းက်ု ပညာသင်ပေးမဲ့လူလည်းမရှိဘူး မင်းမိဘကလည်းမစဉ်းစားဘူး အစိုးရကလည်း သူသားသမီးသူ ပညာမသင်ပေးတာ ငါတ်ု့နှင့်မဆိုင် သွားရော အဲဒီမှာ ငါသေသွားမယ် မင်းသေသွားမယ် နောင်သားမြေးမြစ်တွေလက်ထက်လည်း ငါတ်ု့တိုင်းပြည်မထူးခြားသေးဘူး သူတို့တ်ုင်းပြည်မ်ျုးဆက်တွေက ပိုမိုကောင်းမွန်တဲ့မ်ျုးဆက် ပြန်မွေးထုတ်နေပြီ ဗေဒါအံအားသင့်ရ၏ ဘိန်းဘုရင်တစ်ယောက်ရဲ့နှိင်ငံရေးအမြင်က အထင်ကြီးစရာပါ 


⬛️              လော်ကြီးပညာမတတ်ပါ သားသမီးတွေပညာတတ်အောင်မြေးမြစ်တွေ နှိင်ငံတကာထိပေါက်အောင်ညဏ်ကြီးလွန်းသူဖြစ်သည် သူပြောသည့်အတ်ုင်း သူမျိုးဆက်တွေ သူပ်ျုးထောင်ခဲ့ခြင်းသည် သူသည်အပြောသက်သက်မဟုတ် လက်တွေ့ဖြစ်ကြောင်း ယနေ့သူမိသားစုမြေးမြစ် တွေ က ဗေဒါက်ုသက်သေပြနေပြီးဖြစ်သည် မြန်မာစစ်ခေါင်းဆောင်တွေ လော်ကြီးလောက် ခေါင်းမရှိခဲ့ကြပါ



   Stories by 👁ဗေဒါ

   Written by🖊️ကျည်မင်းသိန်း

    


   



No comments: