အတိတ်ကပုံရိပ်များ……{အပိုင်း ၄၅}
®
ဗေဒါ
ကျွန်မ mr.လု တို့ဆီမှာနေထိုင်လုပ်ကိုင်နေတုန်းမှာ အထူးခြားဆုံး အဖြစ်အပျက်တစ်ချို့ ရှိခဲ့ပါတယ် ငွေကွာဟမှုတစ်ခုဖြစ်ပါတယ် အဲငွေကွာဟမှုက ဒေါ်လာ သန်းချီပါတယ် အဲငွေတွေကို ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှ အသုံးပြုဖို့ ထုတ်ပေးထားတာပါ အဲငွေကိုထုတ်သွားသူက အပါးကြီး သမီးရဲ့ယောက်ကျားပါ အဲငွေစာရင်းရှင်းတမ်းကိုကျွန်မကိုင်တွယ်စစ်ဆေးခဲ့တော့ သူအကြောင်းပြချက်က ကျွန်မ မမြင်နှိင်တဲ့လုပ်ငန်းသုံးစရိတ်တွေ အများအပြား အသုံးပြုထားတာပါတယ် အဲအကြောင်းအပါးကြီးသိတော့ ပြင်းပြင်းထန်ထန် အရေးယူတယ် သမီးဖြစ်သူနဲ့ပါ ကွဲစေခဲ့တယ်လေ mr.လု ကတော့ ယောက်ဖဖြစ်သူကို ဗွေမယူခဲ့ပါ အပါးကြီးက ငွေကိုအလွှဲသုံးသူဟာ အရာရာကို အလွှဲလုပ်ဖို့ ဝန်မလေးဘူးလို့ဆိုပါတယ် အပါးကြီး အန်ကယ်လော်စစ်မင်းက အတော်လေး စိတ်ကြီးသူပါ ဆရာကြီး(စတီဗင်လော) မမကြီး(စီစီလျာအန်း) နဲ့လက်ထက်စဉ် သဘောမတူလို့ ဆရာကြီးအိမ်ရှေ့မှ ရပ်ထားတဲ့ကားကို မီးရှို့ခဲ့ဖူးပါတယ်
အပါးကြီး နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးကို ကျွန်မ ရေးမှတ်စရာမလို အောင် ဦးနှောက်ထဲ အမြဲသိမ်းထား၏ ကိုးကန့်သူတစ်ယောက်ဟာ ကိုးကန့်သမိုင်းကိုသိထားသင့်ပါတယ် ကိုးကန့်သမိုင်းမှစစ်မီးနဲ့ဘိန်းဟာ ဒွန်တွဲနေတာကို နောင်မျိုးဆက်တွေ ချေဖျက်ကြပါ
ကိုးကန့်သမိုင်း
ရှမ်းပြည်နယ် မြောက်ပိုင်းအစွန်မှ ကိုးကန့်ဒေသတွင် တိုက်ပွဲများရုတ်တရက် ပေါ်ပေါက်လာခြင်းက စစ်ဘုရင်များကြောင့်လူအတော်များများသေဆုံးခဲ့ရသည်
ကိုးကန့်ဒေသတွင် နေထိုင်ကြသူများ၏ ၉၀ ရာခိုင်နှုန်းသည် တရုတ်လူမျိုးများ ဖြစ်နေပြီး မြန်မာ စကား ပြောနိုင်သူကလည်း အနည်းငယ်သာ ရှိနေ သော်လည်း အမှန်တရားက ဤမျှ မရိုးစင်းပါ။ ကိုးကန့်ဒေသက တရုတ်နယ်စပ် မြန်မာနိုင်ငံ ဘက်ခြမ်းအတွင်းတွင် တည်ရှိနေသည်။ ကိုးကန့် တိုင်းရင်းသားများသည်လည်း အစိုးရက တရားဝင် အသိအမှတ်ပြုထားသည့် မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲတွင် တခုအပါအဝင်ဖြစ်သည်။ သို့သော် လည်း သူတို့သည် မြန်မာနိုင်ငံသို့ မည်ကဲ့သို့ ရောက် ရှိ လာကြသနည်း။ သူတို့ မည်သူတွေ ဖြစ်သနည်း။
ကိုးကန့်ဒေသသည် ၁၈၉၇ ခုနှစ်တွင် ဘေဂျင်း သဘောတူညီချက် (Beijing Convention) အရ ဗြိတိသျှလက်အောက်သို့ ရောက်ရှိခဲ့သည်။ တိုင်းရင်းသား လူမျိုးစုအရေးကို အရေးမထားခဲ့ခြင်း ဖြစ်ပုံရ သည်။ သို့သော်လည်း ထိုအချိန်က ယူနန်ပြည်နယ် သည် ဘေဂျင်းမြို့မှ ဧကရာဇ်၏ ထိန်းချုပ်မှုအောက် တွင် အပြည့်အဝ ရှိမနေခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ကိုးကန့်တို့သည် ရှမ်းပြည်နယ်အတွင်းမှ သိန္နီနယ်နှင့် ပိုမိုနီးကပ်ပြီး ကုန်သွယ်မှု ပြုလုပ်ရာတွင်လည်း အရှေ့ဘက်အစား အနောက်ဘက်သို့သာ သွားလေ့ ရှိပါသည်။
သို့သော်လည်း ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးက သံလွင်မြစ်အရှေ့ဘက်အထိ ခိုင်ခိုင်မာမာ တိုးချဲ့ခဲ့ သည်။ ဗြိတိသျှတို့က ၎င်းတို့၏ အကြံဉာဏ်ကို ရယူသော သံလွင်မြစ် အနောက်ဘက်အခြမ်းမှ သိန္နီ စော်ဘွားမှတဆင့် သံလွင်အရှေ့ဘက်ခြမ်းမှ အင်အား နည်းသည့် ကိုးကန့်အာဏာပိုင်များကို အုပ်ချုပ် စေခြင်းဖြင့် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့သည်။
လွတ်လပ်ရေးရပြီးခေတ် မြန်မာအစိုးရသည် ကိုးကန့်ဒေသကို ဗဟို၏ ထိန်းချုပ်မှုအောက်သို့ သိမ်းသွင်းရာတွင် ဗြိတိသျှတို့လောက် အောင်မြင်မှု ရရှိအောင် မပြုလုပ်နိုင်ခဲ့ပါ။ ၁၉၅၀ နှစ်များ အစောပိုင်းတွင် တရုတ်ကွန်မြူနစ်တို့၏ တိုက်ခိုက်မှုကြောင့် နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးလာသော တရုတ် အမျိုးသားရေးဝါဒီ ကူမင်တန် (KMT) တပ်ဖွဲ့များ က ကိုးကန့်ဒေသ တခုလုံးနီးပါးကို သိမ်းပိုက်ထား နိုင်ခဲ့သည်။
ယူနန်ပြည်နယ်မှ ဆုတ်ခွာထွက်ပြေးလာသည့် ကူမင်တန်တပ်ဖွဲ့များနှင့် ဒေသသုံး တရုတ်စကားလည်း တူညီသလို ဒေသခံ ခေါင်းဆောင်များ၏ စိုးရိမ်မှုကလည်း ရှိနေသည့်အတွက် တူညီသောနိုင်ငံ ရေး အမြင်များဖလှယ်ရင်း ကိုးကန့်လူမျိုးစု ခေါင်း ဆောင် အများအပြားသည် တရုတ်အမျိုးသားရေး ဝါဒီများနှင့် မဟာမိတ်များ ဖြစ်ခဲ့ကြသည်။
စီးပွားရေးအရ ကိုးကန့်ဒေသသည် အလွန် ဆင်းရဲနွမ်းပါးသည့် ဒေသဖြစ်သည်။ တောင်ကုန်း များက မြင့်မားပြီး ရေလည်းရှားသည့်အတွက် ဆန်စပါးစိုက်ပျိုးရေးမှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ထို့ကြောင့် ဒေသခံများသည် ရောင်းချရန် သို့မဟုတ် အစားအစာနှင့် လဲလှယ်ရန် သီးနှံ ၂ မျိုး ဖြစ်သည့် ဘိန်းနှင့် လက်ဖက်အပေါ်တွင်သာ မှီခိုနေခဲ့ကြရသည်။
လက်ဖက်ကို သိန္နီနှင့် လားရှိုးရှိ ဈေးကွက်များ သို့ တင်ပို့ရောင်းချပြီး ဘိန်းကိုမူ ဒေသတွင်းတွင် ရောင်းချသည်။ ၁၉၅၀ နှစ်များအတွင်း ရှမ်းပြည်နယ် တွင် စစ်ပွဲများ ဖြစ်ပေါ်လာသည့်အခါ ဘိန်းသည် ကိုးကန့်လူမျိုးများအတွက် ဝင်ငွေရစရာ တခုတည်း သော သီးနှံဖြစ်လာခဲ့သည်။ မော်ဖင်းပါဝင်မှု မြင့်မား သည့်အတွက် ကိုးကန့်ဒေသမှ ဘိန်းသည် ဒေသ တွင်းတွင် အကောင်းဆုံးအဖြစ် သတ်မှတ်ခြင်းခံရ သည်။
• စစ်ဘုရင်များနှင့် ဘိန်း
၁၉၅၀ နှစ်များအတွင်းက ကိုးကန့်ဒေသကို အမှန်တကယ် အုပ်ချုပ်နေသူမှာ အောလစ်ဗ်ယန်း ဆိုသည့် အမျိုးသမီး ဖြစ်သည်။ သူ၏ ကိုယ်ပိုင် စစ်တပ်တွင် လူ ၁၀ဝ၀ နီးပါး ရှိသည်။ ကူမင်တန် အဖွဲ့၏ ကျောထောက်နောက်ခံနှင့်အတူ သူ၏ ဩဇာအာဏာတိုးတက်လာပြီး ပထမဆုံး စစ်ဘုရင်မ ဖြစ်လာသည်။ ထိုင်းနိုင်ငံ နယ်စပ်သို့ ထရပ်ကား တန်းများဖြင့် ဘိန်းတင်ပို့ နိုင်ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် အောလစ်ဗ်ယန်း အဖမ်းခံခဲ့ရ သော်လည်း စစ်ဘုရင် ယဉ်ကျေးမှုက ဆက်လက် ရှင်သန်နေခဲ့သည်။ သူ၏ အစ်ကိုဖြစ်သူ ဂျင်မီယန်း က ကူမင်တန်နှင့် နိုင်ငံရေးအရ ဆက်လက် ပူးပေါင်းခဲ့သလို စီးပွားရေးလုပ်ငန်းများလည်း ဆက် လုပ်ခဲ့သည်။ ဂျင်မီယန်းသည် ပညာတတ်တဦး ဖြစ်ပြီး တောင်ကြီးမြို့ရှိ ရှမ်းစော်ဘွားများ၏ သား သမီးများအတွက် ဖွင့်လှစ်ထားသည့် ကျောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် ဒုတိယ ကမ္ဘာစစ်အတွင်းက တရုတ် နိုင်ငံရှိ ချုံကင်း (Chongqing) တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၀ တွင်ကိုးကန့် ဒေသ ပါလီမန်အမတ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ နောက် နှစ်အနည်းငယ် ကြာသည့်အခါ East Burma ဘဏ်ကို တည်ထောင်ခဲ့သည်။
နောက်ဆုံးတွင် ဂျင်မီယန်းကို သူ၏ လက် အောက်ခံ တပ်မှူးတဦး ဖြစ်သည့် လော်စစ်ဟန်က ဖြုတ်ချခဲ့သည်။ ထိုအချိန်က လူသိနည်းသေးသော လော်စစ်ဟန်သည် ယနေ့ခေတ်တွင် အရှိန်အဝါ အကြီးဆုံး ကုမ္ပဏီလုပ်ငန်းစုကြီးများထဲမှ တခုဖြစ်သည့် Asia World ၏ မန်နေးဂျင်း ဒါရိုက်တာ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်၏ ဖခင်ဖြစ်ပါ သည်။ ကိုးကန့်ဒေသ၊ တရုတ် နယ်စပ်အနီးမှ တာဆူချင်း ကျေးရွာဇာတိ လော်စစ်ဟန်ကို ၁၉၇၂ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ မူးယစ်ဆေးဝါးဆိုင်ရာ အကြီးတန်း အကြံပေးပုဂ္ဂိုလ် နယ်လ်ဆင် ဂရော့စ် (Nelson Gross) က “အရှေ့တောင်အာရှ ဘိန်းဖြူ ကုန်သွယ်မှု၏ အဓိကလူ” ဟု အမည်ပေးလိုက် သည့် အချိန်တွင် နိုင်ငံတကာက သိသောသူဖြစ်လာ ခဲ့သည်။
ထိုအချိန်က ရန်ကုန်မှာရှိနေသည့် စစ်အစိုးရ နှင့် ပုံမှန်မဟုတ်သည့် သဘောတူညီချက်များ ရှိခဲ့ သည့်အတွက် ထိုသို့နာမည်ဆိုး ထွက်ခဲ့ရခြင်းလည်း ဖြစ်သည်။ ဒေသတွင်းမှ လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်ပေးသည့်အတွက် ရှမ်းပြည်နယ်တွင်းရှိ အစိုးရက ထိန်းချုပ်ထားသည့် လမ်းများကို အသုံးပြု ၍ မူးယစ်ဆေး ကုန်သွယ်မှုတွင် အသုံးပြုခွင့် ရရှိခဲ့ သည်။ လော်စစ်ဟန်၏အစ်ကိုလော်စစ်ကိုကကိုးကန့် ဒေသ၏ ရဲအဖွဲ့အကြီးအကဲဖြစ်သည့်အတွက် ဒေသ တွင်းတွင်လည်း အနှောင့်အယှက် မရှိခဲ့ပါ။
အစိုးရဘက်တွင် စစ်ဘုရင် တဦးဖြစ်သော လော်စစ်ဟန် ရှိနေချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဘက်တွင်လည်း ဖုန်ကြားရှင်နှင့် သူ၏ ညီ ဖြစ်သူ ဖုန်ကြားဖူတို့ ရှိနေသည်။ သူတို့သည်လည်း တချိန်က ဂျင်မီယန်း၏ ကိုယ်ပိုင်တပ်ဖြစ်သော ကိုးကန့် တော်လှန်ရေးတပ်ဖွဲ့တွင် ပါဝင်ခဲ့သူများ ဖြစ်ကြသည်။ ၁၉၆၇ ခုနှစ် ဇူလိုင်လတွင် တရုတ် နိုင်ငံမှ ဗကပ ကေဒါများက သူတို့ကို ဆက်သွယ်ပြီး လက်နက်ခဲယမ်းများ ထောက်ပံ့ရန် ကတိပြုခဲ့ကြ သည်။
ထို့နောက် သူတို့သည် အောလစ်ဗ်ယန်း၏ အဖွဲ့ဝင်များ မဟုတ်တော့ပါ။ ၁၉၆၈ ခုနှစ်တွင် ဗကပ၏ အစိတ်အပိုင်းတခု အဖြစ် တရုတ်နိုင်ငံ၏ အကူအညီဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထား သည့် တပ်ဖွဲ့များကို အသုံးပြုကာ ကိုးကန့်ဒေသကို ကူမင်တန်နှင့် ၎င်း၏ မဟာမိတ်များ လက်မှ သိမ်းပိုက်ယူခဲ့သည်။ အမှန်တကယ်အားဖြင့် ဗကပ ဗဟိုသည် ကိုးကန့်ဒေသကို စိတ်ဝင်စားမှု အနည်း ငယ်သာ ရှိခဲ့ပါသည်။ သူတို့၏ တပ်ဖွဲ့များ မြန်မာ နိုင်ငံ မြေပြန့်ဒေသများသို့ ဆင်းရာတွင် အခြေစိုက် စခန်းတခုအဖြစ် အသုံးပြုရန်သာ မျှော်လင့်ထားခဲ့ သည်။
ကိုးကန့်ဒေသနှင့် သံလွင်မြစ် အနောက်ဘက် ကမ်းကို ဆက်သွယ်ပေးထားသည့် ကွမ်းလုံတံတားကို ထိန်းချုပ်နိုင်ရေး အတွက် အစိုးရတပ်များနှင့် ဗကပ တပ်ဖွဲ့များ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလမှ ၁၉၇၂ ခုနှစ် ဇန်နဝါရီလ အထိ တိုက်ခိုက်ခဲ့ကြသည့် ၄၅ ရက် ကြာ စစ်ပွဲတွင် အစိုးရတပ်ဖွဲ့များ အောင်မြင်မှု ရရှိခဲ့ပြီး ဗကပများ သံလွင်မြစ် အနောက်ဘက် ကမ်းသို့ ခြေချရန် အားထုတ်မှုကို ရပ်တန့်နိုင်ခဲ့ခြင်းမှာ လော်စစ်ဟန်၏ နယ်မြေကျွမ်းကျင်မှုကြောင့်လည်း တစိတ်တပိုင်း ဖြစ်ခဲ့သည်။
ထို့ကြောင့် နောက်ပိုင်းတွင် ဘိန်းဖြူချက်လုပ် သည့် စက်ရုံများရှိနေသည့် ထိုင်းနိုင်ငံနယ်စပ် အနီး သို့ ဘိန်းများပို့သည့် အခါတွင် အစိုးရတပ်ဖွဲ့များက အတုံ့အလှယ်အနေဖြင့် လော်စစ်ဟန်ကို ကူညီပေး ခဲ့ကြသည်။ ထိုသို့ ခွင့်ပြုထားခြင်းမှာ လော်စစ်ဟန်က အစိုးရကို ပြန်လည်ဆန့်ကျင်ခဲ့သည့်အတွက် အဖမ်း ခံလိုက်ရသည့် ၁၉၇၃ ခုနှစ်အထိ ဖြစ်သည်။ သို့သော်လည်း ၁၉၈၀ ခုနှစ်တွင် အထွေထွေ လွတ် ငြိမ်းချမ်းသာခွင့် ပေးသည့်အခါ သူ့ကို ပြန်လွှတ်ပေး ခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ထွက်ပြေး ခိုလှုံနေသည့် ဂျင်မီယန်းကိုလည်း ပြန်လာခွင့် ပြုခဲ့သည်။
၁၉၆၈ ခုနှစ်တွင် ကွန်မြူနစ်တို့က သိမ်းပိုက် လိုက်သည့်အတွက် ကိုးကန့်ဒေသတွင် လူမှုရေးနှင့် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။ စစ်ဘုရင်ဟောင်းများ ထွက်ပြေးသွားခဲ့ကြပြီး ၎င်းတို့ ကျန်ရစ်ခဲ့သည့် မြေများကို မြေယာ မရှိသည့် လယ် သမားများကို ဝေမျှပေးခဲ့သည်။ သိမ်းယူပြီး နှစ် အနည်းငယ်အတွင်း အုပ်ချုပ်ရေးကို ပြန်လည် တည်ဆောက်နိုင်ခဲ့သော်လည်း ဗကပ များ မဖြေရှင်း နိုင်သည့် အဓိက ပြဿနာတခုမှာ ဘိန်းဖြစ်သည်။
သင့်လျော်သည့် စိုက်ပျိုးသီးနှံ ရှာဖွေရန် ခက် သည့်အတွက် ကွန်မြူနစ်အုပ်ချုပ်ရေးကာလ အစော ပိုင်းနှစ်များအတွင်း ဒေသခံ ဘိန်းစိုက်တောင်သူများ ကို အစားထိုးစိုက်ပျိုးရန် ဗကပ အနေဖြင့် မတတ် နိုင်ခဲ့ပေ။ သို့သော်လည်း ၁၉၇၀ နှောင်းပိုင်းတွင် တရုတ်နိုင်ငံက အကူအညီပေးခြင်း ရပ်ဆိုင်းလိုက်ပြီး နောက် ကွန်မြူနစ်များသည် ထိရောက်သည့် အစား ထိုး သီးနှံ ရှာဖွေရန် စိတ်ဝင်စား မှုလျော့ကျသွားသည် ဟု ယူဆရပါသည်။ လူတန်းစားအလွှာ အဆင့်ဆင့် တွင် အောက်ခြေ၌ ရှိနေသော ဒေသခံ တောင်သူ များအတွက် ဘိန်းစိုက်ပျိုးခြင်းဖြင့် ဘဝတိုးတက်မှု မရှိခဲ့ဟု ဆိုနိုင်သော်လည်း ကွန်မြူနစ်တပ်မှူးများ အတွက်တော့ တိုးတက်မှုကို ရှာဖွေနိုင်ခဲ့သည်။
၎င်းတို့ထဲမှ တဦးမှာ ဖုန်ကြားရှင်ဖြစ်သည်။ ကွန်မြူနစ်ပါတီဝင်တယောက် မည်သည့်အခါမျှ မဖြစ်ခဲ့သော်လည်း ကိုးကန့် ဒေသအတွင်းမှ ဗကပ တပ်ဖွဲ့များကို ဦးဆောင်ရသည့် ဖုန်ကြားရှင်က နောက်ပိုင်းတွင် ဒေသတွင်း မူးယစ်ဆေးဝါး ကုန်သွယ် မှု ဘက်ကို အာရုံစိုက်လာခဲ့သည်။ ဝီကီလိခ်စ် (Wikileaks) တွင် ပေါက်ကြားခဲ့သည့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ၂၀ဝ၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့်ပေးပို့ခဲ့သော ကြေးနန်းစာတွင် “အမေရိကန် မူးယစ်တိုက်ဖျက်ရေး အေဂျင်စီ (DEA) က ဖုန်ကြားရှင်ကို ၁၉၇၅ ခုနှစ်ခန့်ကတည်း က မူးယစ်ဆေး အဓိက ကုန်သွယ်နေသူ တဦးအဖြစ် ဖော်ထုတ်သတ်မှတ်ခဲ့သည်” ဟု ဖော်ပြထားသည်။
ထိုအချိန်လောက်မှာပင် ဖုန်ကြားရှင်က ကွန်မြူနစ် ထိန်းချုပ်ထားသည့် တရုတ်နယ်စပ်တွင် ပထမဆုံးဖြစ်သည့် ဘိန်းဖြူချက် စက်ရုံတရုံ တည် ထောင်ခဲ့သည်ဟု လွတ်လပ်သော သတင်းရင်းမြစ် များက ပြောသည်။ ၎င်း၏ ထိန်းချုပ်နယ်မြေ အတွင်းတွင် ဘိန်းစိုက်ပျိုးခြင်းနှင့် ဘိန်းစိမ်းများ ရောင်းဝယ်ခြင်းအပေါ် ပါတီက အခွန်ကောက်ခံ သည်။ သို့သော် ဖုန်ကြားရှင်ကို ကွန်မြူနစ်ပါတီက “ဝ” ဒေသအတွင်းမှ ပန်ဆိုင်းရှိ ဗကပ ဌာနချုပ်သို့ ရွှေ့ပြောင်းစေခဲ့သည့်အတွက် ဘိန်းဖြူ ထုတ်လုပ်ရေး မှာ အလှမ်းဝေးနေခဲ့ရသည်။ သို့သော်လည်း သူက မကြာမီမှာပင် ပန်ဆိုင်း အရှေ့ဘက် တောင်တန်းများ အတွင်း ဝမ်ဟိုတောင်တွင် စက်ရုံတခု တည်ဆောက် နိုင်ခဲ့သည်။
ကျွန်မသိသောဘိန်းဘုရင်နှစ်ဦး
လော်မိသားစု (Laurcs Family)
မြန်မာစစ်အစိုးရသည် မြန်မာလူထုနှင့် ဆန့်ကျင်ဖက် ဖြစ်နေသဖြင့် လူထုကို သတ်ဖြတ်ရန် စစ်တပ်ချဲ့ရသည်။ စစ်လက်နက် ဝယ်ရသည်။ ထို့ကြောင့်ငွေလိုသဖြင့် ဘိန်းရောင်းပြီ ဖန်တီးခဲ့ရသည်နှစ်စဉ် စိတ်ကြွဆေးပြား သန်း (၇၀၀) နှင့် ဘိန်းများကို မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ထိုင်းနိုင်ငံမှတဆင့်
ကမ္ဘာ အရပ်ရပ်သို့ တင်ပို့ရောင်းချနေသဖြင့် ထိုင်းအစိုးရသည် ထိရောက်စွာ ကာကွယ်နိုင်ရန် အမေရိကန် စစ်တပ်ကို အကူအညီ တောင်းရတော့သည်။
ထိုင်း - မြန်မာ နယ်စပ်မှ ထွက်ပေါ်လာသည့် သေနတ်
သံများ၊ စိန်ပြောင်းသံများသည် မြန်မာအစိုးရက ထုတ်
လုပ် ရောင်းချနေသော မူးယစ်ဆေးဝါးများကို အကြောင်း
ပြု၍ ထွက်ပေါ်လာပေသည်။
ထိုသို့သော သတင်းများသည် မဆလ၊ နဝတ၊ နအဖ
ခေတ်တလျှောက်လုံး ဘိန်းနှင့် ပတ်သက်၍ ဆူညံစွာ
ထွက်ပေါ်ခဲ့သော သတင်းများမှ အပိုင်းအစ တစ်ခုသာ
ဖြစ်ပါသည်။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာချိန်မှ
အစပြုပြီး ဗိုလ်ချုပ်ကြီး နေဝင်းက လော်စစ်ဟန်ကို
ဘိန်းစိုက်ခွင့်ပေးပြီး စည်းရုံးခဲ့ရာမှ မြန်မာနိုင်ငံတွင်
ဘိန်းလုပ်ငန်း စတင်ကြီးကျယ်လာကာ ၎င်းသည်
လည်း ဘိန်းဘုရင်ဟု သရဖူဆောင်းခဲ့တော့သည်။
သူ၏ဘိန်းလုပ်ငန်းမှာ လွန်စွာ ကြီးထွားလာသဖြင့်
သူ့အား ဖမ်းဆီး အရေးယူပေးပါဟု ထိုင်းအစိုးရက
မေတ္တာရပ်သော်လည်း ဗိုလ်နေဝင်း အစိုးရက မဖမ်း
ပေးသဖြင့် ထိုင်းစစ်တပ်က ဗမာပြည်တွင်း ဝင်ဖမ်းခဲ့
ပါသည်။
ထိုင်းအစိုးရက လော်စစ်ဟန်သည် မြန်မာနိုင်ငံသား
ဖြစ်ပါသည်။ မြန်မာအစိုးရက အရေးယူပေးပါဟု မြန်
မာနိုင်ငံသို့ ပြန်အပ်သဖြင့် ဗိုလ်နေဝင်း အရှက်ကွဲခဲ့
ရသည်။
ကမ္ဘာသိ ဖမ်းဆီး ပို့ဆောင်သဖြင့် ဗိုလ်နေဝင်း အစိုးရ
မတတ်သာ၍ ရန်ကုန် တရားရုံးသို့တင်ပြီး ၁၉၇၃ ခုနှစ်
တွင် တသက်တကျွန်း ဟန်ပြ ထောင်ဒဏ် အပြစ် ပေး
ခဲ့ပြီး ၁၉၈၀ ခုနှစ်မှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်
ဖန်တီးပြီး လွှတ်ပေးခဲ့ပါသည်။
(၇) နှစ် နီးပါး ထောင်ထဲ နေရစဉ် ကာလ၌လည်း အထူး
အဆောက်အဦး ဆောက်လုပ်ပေးပြီး လိုတရ သက်သာ
ချောင်ချိစွာ ထားပေးခဲ့ရပါသည်။
ထောင်မှ လွတ်ပြီးနောက် လားရှိုးတွင် အေးအေးနေကာ
ဘိန်းမချက်တော့ဘဲ အရက်ချက်နေခဲ့သည်။
နဝတ စစ်အစိုးရ တက်လာသောအခါ ဗိုလ်ချုပ်ကြီး
ခင်ညွှန့်က ဘိန်းလုပ်ငန်းမှ ရခဲ့သည့် နိုင်ငံခြားငွေ
များကို တရားဝင် ပိုင်ဆိုင်ခွင့်ပေးခဲ့သဖြင့် ရန်ကုန်
တွင် အချမ်းသာဆုံး လုပ်ငန်းရှင်ကြီးဖြစ်ပြီး ဘိန်း
ပပျောက်ရေး ပြတိုက် ဒကာကြီး ဖြစ်နေပါတော့
သည်။
ဗိုလ်ချုပ်ကြီး ခင်ညွှန့်လည်း ထိုစဉ်အခါမှ အစပြု၍
နိုင်ငံတကာ နယ်ပယ်တွင် ဖိုးခင်ညွှန့် (No.4) ဟု
အမည်တွင်ခဲ့လေတော့သည်။
ဗမာ စစ်အစိုးရ အဆက်ဆက်မှ သူကောင်းပြုခြင်း
ခံရပြီး ယူကျုံးမရ ရှက်စရာအကောင်းဆုံးမှာ မြန်မာ
တမျိုးသား၏ အလေးအနက်ထား အထွတ်အမြတ်
ဖြစ်သော လေးဆူဓာတ်ပုံ မြတ်ရွှေတိဂုံ စေတီတော်
၏ ရာသက်ပန် ဂေါပက အဖြစ် ဘိန်းသမားကို
သူကောင်းပြုခဲ့ခြင်း ဖြစ်ပါသည်။
ဘိန်းဘုရင် လော်စစ်ဟန် (Lo Hsing Han) ကို
ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် ၁၉၃၅ - ခုနှစ်၌
မွေးဖွားခဲ့၍ တရုတ်လူမျိုး စစ်စစ် ဖြစ်ပြီး (၂၀၁၃)
ခုနှစ်၊ ဇူလိုင်လ (၆) ရက်၊ အသက် (၇၇) နှစ် အရွယ်
တွင်၊ ရန်ကုန် တာမွေမြို့နယ် မွန်မြတ်မေတ္တာ အိမ်ရာရှိ နေအိမ်၌ ကွယ်လွန်ခဲ့သည်
၎င်း၏ ဈာပနကို ရန်ကုန်မြို့တွင် ကြီးကျယ်စွာ ကျင်း
ပပြီး မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ တက်ရောက် ဂါရဝ
ပြုခဲ့ကြပါသည်။
ရန်ကုန်မြို့ တဖက်ကမ်း သံလျှင်ရှိ သီလဝါ ကုန်သေတ္တာ
ဆိပ်ကမ်း၊ ကမ်းလွန်ရေနံ လုပ်ကွက်များ၊ Asia World
ဆောက်လုပ်ရေး ၊ ကြယ်ငါးပွင့် ဟိုတယ်များ ၊ ခရီးသွား
လာရေး လုပ်ငန်းနှင့် ရန်ကုန်လေကြောင်း အပြင် အခြား
စီးပွားရေး လုပ်ငန်းများကို ပိုင်ဆိုင်ပြီး သားနှစ်ဦးဖြစ်သူ တို့က လုပ်ငန်းများကို ဦးစီးပါသည်။ သူတိုနောက်လိုက်များတွင် ဗေဒါတို့ လောရှည်တို့လို လက်မရွံတပည့်များစွာပါဝင်နေသညါ
'ဝ' အမျိုးသား လက်နက်ကိုင်တပ်၏ ကြေးစားများဖြစ်သော
နအဖ စစ်အစိုးရသည် မြန်မာနိုင်ငံ၏ စီးပွါးရေးလုပ်ငန်း လုပ်
ပိုင်ခွင့်များကို လော်စစ်ဟန် မိသားစု လက်သို့ အပ်နှင်းခဲ့ပြီး
နောက်ပိုင်းတွင် ဘိန်းဘုရင်တစ်ဦးဖြစ်သူ 'ခွန်ဆာ' ၏ လက်
သို့ အပ်နှင်းခဲ့ပြန်သည်။
ဘိန်းဘုရင် 'ခွန်ဆာ (Khun Sa / Chang Chi-fu)'
ရှမ်းတရုတ်လူမျိုးဖြစ်ပြီး လွိုင်မော်မြို့တွင် ၁၉၃၄ ခုနှစ်၌
မွေးဖွားခဲ့၍ ၂၀၀၇ ခုနှစ် အောက်တိုဘာ (၂၆) ရက်နေ့၊
ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့ပါသည်။
ထိုပုဂ္ဂိုလ် (၂) ဦးသည် ဘိန်းလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် နိုင်ငံ
ခြားငွေ ကုဋေ များစွာ ကြွယ်ဝသဖြင့် ထိုငွေများမှ တချို့တ
ဝက်ကို မြန်မာ စစ်ဗိုလ်ချုပ်ကြီးများအား ပိုင်ဆိုင်စေခြင်းဖြင့်
စစ်အစိုးရက ၎င်းတို့ နှစ်ဦးအား 'ပစားပေးထား' ခဲ့ရခြင်း
ဖြစ်ပေသည်။
ဘိန်းဘုရင် ခွန်ဆာ၏ ဘိန်းလုပ်ငန်းကို ဆက်လက်လုပ်
ကိုင်သူ ဝလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့သည် နိုင်ငံခြား
သုံးငွေ အများဆုံး ရှာဖွေရရှိသူများ ဖြစ်ကြသောကြောင့်
သူတို့၏ ငွေများကို မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက လက်
ဝေခံရယူပြီး ဝလူမျိုးစုလက်နက်ကိုင် ခေါင်းဆောင်များ၏
ခြေထောက်ကို ဖက်နေကြသည်မှာ ယနေ့'တမတ်သား'
အစိုးရထက်တိုင် ဖြစ်ပေသည်။
အမေရိကန်အစိုးရက ဖမ်းမိအောင် သတင်းပေးနိုင်ပါက
ဆုတော်ငွေ (၂) သန်း ပေးမည်ဟု အထင်ကရ ကြေညာ
ထားသော ဝအမျိုးသား ဘိန်းဘုရင်သစ် 'ပေါက်ယူချန်း'
နှင့် ဖိုးခင်ညွှန့်မှာ ပုလင်းတူဗူးဆို့ ပုခုံးဖက် ပေါင်းသင်း
နေသော ရောင်းရင်းများ ဖြစ်ကြပါသည်။
ဗိုလ်နေဝင်း စစ်အစိုးရမှ အစပြုပြီး နဝတ၊ နအဖ စစ်အစိုးရ
အလယ် ယနေ့ တမတ်သား အစိုးရအထိ အစိုးရနှင့် တကွ
'ဗမာ့ တပ်မတော်' သည် လက်နက်ကိုင် လူမျိုးစု ဘိန်းကုန်
သည်များ၏ 'လက်ဝေခံ' ဖြစ်နေရပြီး ၎င်းတို့ပိုင် ဘိန်းခင်း
များကိုလည်း 'ဗမာ့ တပ်မတော်သား' များက အသက်စွန့် ကာကွယ် စောင့်ရှောက် နေရသောကြောင့် ယနေ့ဖြစ်ပေါ်လျှက်ရှိသော တိုင်းရင်းသားလူထု အခြေပြု မူးယစ်သားကောင်ဖြစ်နေကြခြင်းမှထူးဆန်းသော သတင်း တစ်ပုဒ် မဟုတ်ဟု ကျွန်မ ကတော့ ရှင်းရှင်း မြင်ထား ပါတယ်
ကျွန်မတို့တိုငိးပြည်မှ ဘိန်းဘုရင်တွေကိုသူကောင်းပြုခဲ့သလိုမျိုး မည်သည့်နှိင်ငံတွင်မှ မရှိခဲ့ပေ အဓိက အမျိုးသားရေးအန္တာရယ်အဖြစ်ရှုမြင်၍ တိုက်ဖျက်လေ့ရှိကြသည် သို့သော်မြန်မာပြည်တွင်တော့ စစ်အာဏာရှင်သည် သူအကျိုးစီးပွားအတွက် မြန်မာလူမျိုး နောင်မျိုးဆက်အရေး ထည့်မတွေးခဲ့ကြပေ မိမိလူမျိုး မိမိတိုင်းပြည်ကို ချစ်ပါသည်ဆိုသော်လည်းတကယ်လက်တွေ့တွင်တော့ စစ်အာဏာရှင်ချမ်းသာရေးနှင့် အာဏာတည်မြဲရေးကိုသာ လုပ်ဆောင်ခဲ့သူများဖြစ်သည်
®
ဗေဒါ
နှင့်
သူ ၏ မိတ် ဆွေ များ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အတိတ်ကပုံရိပ်များ………{အပိုင်း ၄၆}
®
ဗေဒါ
" ကြမ်းတမ်းခက်ထန်တဲ့လူတွေကို နှုးညံမှုလေးနဲ့ဆက်ဆံကြည့်ပါ အဲဒီလူတွေက ပြော့ပြောင်းနှုးညံသွားပါလိမ့်မယ် "
" အတင်းအကြပ်အပြောအဆိုထက်နှုးညံတဲ့စီကာပတ်ကုံးစကားတွေကို လူတွေက နှစ်သက်တယ်လေ "
ဂျာနှုး ဒိုင်ယာရီလေးက ဗေဒါကို လမ်းစပေးခဲ့သလိုပါပဲ ချမ်းသာမှုထက် ဂျာနှုးသည် မြန်မာနှိင်ငံအတွက် တိုင်းရင်းသားများအတွက် အလင်းပေးခဲ့သူပါ သူဘဝထက် သူဒေသ သူလူမျိုး ကို အမှောင်ကမ္ဘာကနေ လွတ်မြောက်စေချင်သူပါ စစ်ဘုရင် စစ်ခေါင်းဆောင် တွေ လူမျိုးချစ်သည်ဟု ဆိုသော်လည်း ဘိန်းနွံမှာ မိမိလူမျိုးကို နစ်အောင် အားထုတ်ခဲ့ပြီး မိမိကိုယ်ကျိုးစီးပွား ချမ်းသာဖ်ု့အတွက်သာ ကြိုးပမ်းခဲ့သူ လူငရဲမင်းများသာလျှင်ဖြစ်ပါ၏
ဒီဘဝဒီမျှအကြေပေါ့ ဂျာနှုး ၏ဒိုင်ယာရီကနောက်ဆုံးစာသားလေး ဗေဒါ အရမ်းနှစ်သက်မိ၏ လူလောကမှာ အကြွေးလာဆပ်သူနှင့်အကြွေး လာယူသူ နှစ်မျိုးပဲရှိသည်ဆို၏ ဂျာနှုး အ
တွေး ဗေဒါလက်ခံမိပါသည် ဟောကြားသော မြတ်ဘုရား၏ တရားကလည်းလူတွေသံသရာ
မှာ ကျင်လည်နေရတာ မိမိလုပ်ခဲ့တဲ့ကံတွေကြောင့်လို့ဟောကြားခဲ့တယ် သံသရာကိုလွတ်မြောက်ဖို့ သစ္စာလေးပါးကို ထိုးသွင်းသိမြင်ဖို့သာ အရေးကြီးပါသည်
✨✨✨✨✨✨✨✨
ဆုံတွေ့ခြင်းတွေတိုင်းမှာ
အကြွေးလာဆပ်တဲ့သူ
နှင့်
အကြွေးလာယူတဲ့သူ
ဆိုပြီး
နှစ်မျိုးပဲရှိတယ်
ကိုယ်အသာရတဲ့
အချိန်တွေမှာလဲ
အရမ်းဖိပြီးမယူချင်ပါဘူး
တချိန်ကိုယ်အများကြီး
ပြန်ဆပ်နေရမှာ
စိတ်ပူမိလို့
ကိုယ်ခံလိုက်ရတဲ့
အချိန်တွေ
ကိုယ်နာကျင်ရတဲ့
အချိန်တွေရှိခဲ့ရင်လဲ
အကြွေးတွေ
အကြေဆပ်လိုက်တယ်လို့ပဲ
နှလုံးသွင်းပါတယ်
ဒီဘဝဒီမျှအကြေပေါ့………
ဂျာနှုးသည် ဗေဒါ ဘဝတွင်တွေ့ဖူး မြင်ဖူးသမျှသော လူများတွင် အတွေးခေါ်နက်နဲဆန်းကြယ်ပြီး လက်တွေ့အကောင်ထည်ဖော်သူဟုထင်ပါသည် ဂျာနှုး အလွန်တော်ပါသည် ဂျာနှုး အားထုတ်မှုသည် ကမ္ဘာအထိသတင်းပေါက်ရောက်ခဲ့သည်လေ
ဗေဒါ mr.လုတို့ဆီမှာ ပုံမှန်လေး အလုပ်လုပ်ရင်း ကိစ္စာကြီးငယ်များစွာဖြေရှင်းပေးခဲ့ရတယ် လူပေါင်းများစွာ စစ်ဘက်အရာရှိပေါင်းများစွာ ၎င်းတို့၏ မိသားစုဝင်များ စီးပွားရေးသမားများအားလုံးကို ထဲထဲဝင်ဝင်ပေါင်းသင်းခဲ့ဖူး၏ ထိုအထဲတွင် ငယ်ငယ်ရွယ်ရွယ် နှင့် အဆိပ်ထက်ပြင်းမည် လူငယ်တစ်ဦးကို ထူးထူးခြားခြားဆုံဆည်းခဲ့သည် သူပုံက အညာသားစတိုင် သို့သော် စစ်တပ်အကြောင်း နှိင်ငံရေးအကြောင်းသူ စိတ်ဝင်တစားလေ့လာနေပြီဖြစ်သည် သူအကိုက စစ်သား သူအဖေက စစ်တိုက်ရဲသော စစ်ဗိုလ်ချုပ် သို့သော် သူ့အဖေကအလွန်တရာအကင်းပါးသော စကားပြောကောင်းသော စစ်သားတစ်ယောက်ပါ သူအပြော သူဟန်ပန် သူစတိုင် ဗေဒါထင်ပါသည် စစ်ဗိုလ်ချုပ်တွေ လိုက်မမှီလောက်ပါဘူး သူသည် ပထမဆုံး ကြည်း ရေ လေ ကွပ်ကဲရေးမှုး စစ်ထောက်လှမ်းရေးဖြိုခွင်းမှုမှာ ကကကြည်းကို ထိန်းချုပ်စေခိုင်းခဲ့သူပါ သူသား နဲ့ဗေဒါ စသိတာ ကားအရောင်းအဝယ်လုပ်တဲ့ ညီငယ်တစ်ဦးက မိတ်ဆက်ပေးလို့စသိခဲ့သည် မှတ်မှတ်ရရ ဗေဒါ ဂဏန်းတစ်လုံးထဲ ရှိသော ကားအမြင့်တစ်စီးကို ထို ဗိုလ်ချုပ်သားဆီကဝယ်တော့ဗေဒါ နှင့် အောင်သက်မန်း စတင်ရင်းနှီးခဲ့သည် ဗေဒါထင်သည် သူ တတိယနှစ်တက်နေစဉ်ထင်ပါသည် ကားဝယ်ရောင်းလုပ်သော ညီလေးနှင့် ကျောင်းအတူတူတက်ကြသည် ထိုစဉ်ကဗေဒါနှင့်သူ စကားတွေပြောဖြစ်ခဲ့သည် သူစိတ်ကူး သူအိမ်မက်တွေကြီးမားပါ၏ သူသည် စီးပွားရေးကို နှိင်ငံရေးနှင့်တည်ဆောက်မည်ပုံရှိသူဟု ဗေဒါခန့်မှန်းမိသည် သူသည် သက်ဆင်ရှင်နာဝပ်၏ ချမ်းသာလာရင် နှိင်ငံရေးလုပ်မည့်လူတန်းစားထဲကလူတစ်ယောက်ပင်ဖြစ်သည်
'' ဦးရွှေမန်းသား အောင်သက်မန်း စီးပွားရေးဖြင့်နှိင်ငံရေးလုပ်မည်လူ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အောင်သက်မန်းဆိုတာ ဧရာရွှေဝါကုမ္ပဏီစထောင်
တုန်းက အသက် ၂၀ ပဲရှိသေးတယ်။ကျောင်းတောင်
မပြီးသေးဘူး။ ဦးရွှေမန်းကပဲ အောင်သက်မန်း
နာမည်နဲ့စီးပွားရေးတွေ တည်ပေးခဲ့တာ။ ဧရာရွှေဝါ
ဆိုတာကလည်း ဦးရွှေမန်းကိုယ်တိုင်ပေးခဲ့တဲ့နာမည်ပဲ။
၉၇ ခုနှစ် ဦးရွှေမန်း နတခ တိုင်းမှူးဖြစ်တုန်းက
အောင်သက်မန်းကို ကုမ္ပဏီထောင်ပေးထားတာ။
ဧရာရွှေဝါကုမ္ပဏီကနေ ဧရာဝတီတိုင်း တစ်တိုင်းလုံး
အတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တစ်ဦး
တည်းပိုင် ပါမစ်ရတယ်။ ဓာတ်မြေဩဇာများကိုလည်း
မယူမနေရစနစ်နဲ့ တောင်သူတွေ ကို ရောင်းတယ်။
ရောင်းတာကလည်း ခယကတွေ၊ မယက တွေက
တစ်ဆင့်ရောင်းပြီးပိုက်ဆံကိုလည်း ချစ်တီးလိုအတင်း
တောင်းတယ်။ လယ်မြေရှိတဲ့ တောင်သူမှန်သမျှ မယူ
မနေရရောင်းတယ်။ ဒီနှစ် မစိုက်ပါဘူး ပြောလည်း
မရဘူး။ လယ်သာမစိုက်တာ မြေဩဇာက အချိန်မှန်
ဝယ်ရတယ်။ စပါးထွက်ချိန် မြေဩဇာဖိုး ပေးရတယ်။
ကျေးဇူးရှင်တောင်သူလယ်သမားဆိုတာ
အောင်သက်မန်း အတွက် ပိုမှန်တယ်။ အကြွပေးစရာ
မရှိလို့ ရှိတဲ့လယ်ရောင်းပြီး မြေဩဇာဖိုးတွေပေးခဲ့တဲ့
တောင်သူတွေ ကျေးဇူးကြောင့် အောင်သက်မန်းတို့
ချမ်းသာမှု စတင်ခဲ့ရတာမဟုတ်လား။ ဒါတင်မကဘူး
ဧရာရွှေဝါကမြေထပ်သိမ်းသေးတယ်။ တောင်သူတွေ
မြေမဲ့ ယာမဲ့တိုးလာပြီး အောင်သက်မန်းတို့ ချမ်းသာမှု
လည်း တိုးလာတာပေါ့။
ဦးရွှေမန်း ဗိုလ်ချုပ်ဘဝအချိန်တိုအတွင်းမှာသိန်းပေါင်း
သောင်းချီပြီး ချမ်းသာလာတဲ့ အောင်သက်မန်းဟာ
ဦးရွှေမန်း ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ချိန်၊ ဗိုလ်ချုပ်ကြီး
ဖြစ်ချိန်၊ နိုင်ငံတော် အဆင့် ၃ တိုင်းပြည်အုပ်ချုပ်ချိန်နဲ့ တစ်ဆင့်ထက် တစ်ဆင့်
ချမ်းသာမှုက အတောမသတ်တော့ဘူး။ အခုချိန်မျက်မှောက်ခောတ်တွင်တော့ အချမ်းသာဆုံး အဆင့် ၅ အထိ ရောက်သွား
တာပဲ။ ဒီလောက်ဆိုရင် ဦးရွှေမန်း နိုင်ငံ့အကြီးအကဲ
ဖြစ်ချိန်က တိုင်းပြည်ဘာကြောင့် အဆင်းရဲဆုံး
ဖြစ်သွားသလဲ၊ နိုင်ငံ့သယံဇာတတွေနဲ့ ပြည်သူ့
ဘဏ္ဍာတွေ ဘယ်ရောက်သွားလဲဆိုတာ သိကြပြီပေါ့။
------------ ------------ ------------
မျက်မှောက်ခောတ်အောင်သက်မန်းဆိုတာ AYS MFG ကုမ္ပဏီရဲ့ Managing Director တစ်ယောက်ပါ။ လက်ရှိ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး အဆင့်(၅) ရှိတဲ့ သူဌေးကြီးပေါ့။ သူဌေးကြီးဆိုပေမယ့် အသက်က ၄၁ နှစ်ပဲ ရှိပါသေးတယ်။ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ( ဒေါ်လာသန်းပေါင်း ၄၁၀၀ကျော် )ရှိပါတယ်။ AYS MFG ကုမ္ပဏီကတော့ လှိုင်သာယာက တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်းပေါ်မှာ ရှိပါတယ်။ ပဲအမျိုးမျိုးနဲ့ စက်သုံးဆီကို နိုင်ငံတကာနဲ့ကုန်သွယ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေလည်း လုပ်ပါတယ်။ နိုင်ငံတကာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ဆုံးရောက်လာ သူတိုင်းအတွက် တခြားသူတွေ အားကျဖို့ အတ္ထုပ္ပတ္တိတွေ၊ အတုယူရမယ့် လုံ့လဝီရိယတွေ စာအုပ်ပေါင်းစုံနဲ့ ပြုစုထားတာရှိကြပေမယ့် မြန်မာနိုင်ငံက Top 5 စာရင်းဝင် သူဌေးလေး အောင်သက်မန်းကတော့ ပြန်မပြောရဲတဲ့ သမိုင်းကြောင်းတွေနဲ့ ပြည့်နေတဲ့ အတုယူအားကျစရာ မရှိသူ နာမည်ပျက်သူဌေးတစ်ဦးပါ။
အောင်သက်မန်းရဲ့ ချမ်းသာမှုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က စတင်ခဲ့ပါတယ်။ ကျောက်အောင်လို့၊ အမွေရလို့၊ ထီပေါက်လို့ ချမ်းသာမှု အခွင့်အလမ်း စခဲ့တာ မဟုတ်ပါဘူး။ အောင်သက်မန်း အဖေဖြစ်သူ ဦးရွှေမန်း ဗိုလ်ချုပ်ဖြစ်ရာကနေ စပြီး ချမ်းသာလာခဲ့တာပါ။ ၁၉၉၇ ခုနှစ်မှာ ဦးရွှေမန်း က ဧရာဝတီတိုင်းမှာ စစ်တိုင်းမှူးဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ရေနက်ကွင်းနဲ့ မြေလွတ်မြေရိုင်း ဖော်ထုတ်ရေး စီမံကိန်းလုပ်ခဲ့ပါတယ်။ အဲဒီစီမံကိန်းကို ပါမစ်ရတဲ့ သူဌေးကတော့ ကျောင်းမပြီး သေးတဲ့ အောင်သက်မန်းဖြစ်ပါတယ်။ အောင်သက်မန်းဟာ ဧရာရွှေဝါဆိုတဲ့ ကုမ္ပဏီထောင်ပြီး ဧရာဝတီတိုင်းက သာပေါင်း၊ ကန်ကြီးထောင့်၊ ရေကြည်၊ ကျောင်းကုန်း၊ အိမ်မဲ မြို့က လယ်မြေဧက ၄ သောင်း ၁ ထောက်ကျော် ကို အဖေ ဗိုလ်ချုပ်ရွှေမန်း အမိန့်နဲ့ သိမ်းခဲ့ပါတယ်။ အဲဒီချိန်ကစပြီး နေ့ချင်းညချင်း မြေပိုင်၊ ယာပိုင်၊ တိုက်ပိုင်၊ ကားပိုင်၊ ကုမ္ပဏီပိုင် သူဌေးကြီး ဖြစ်သွားပါတော့တယ်။
ဒါတင်မကသေးဘူး။ ဒါးကတိုက်နယ်မှာ ဧရာရွှေဝါကုမ္ပဏီကြီး ဆောက်ခဲ့ပြီး ဆန်စက်နဲ့ ငါးမွေးကန်တွေ လုပ်ပြန်ပါတယ်။ အဲဒီနောက် အဖေ ဗိုလ်ချုပ်ရွှေမန်းက အောင်သက်မန်းကို နိုင်ငံခြားကနေ ဓာတ်မြေဩဇာတင်သွင်းခွင့် တစ်ဦးတည်းကိုယ်စားလှယ် ပါမစ်ထပ်ပေးလိုက် တော့ ဦးရွှေမန်းတို့ မိသားစုမှာ ဝင်လာမစဲ တစ်သဲသဲဖြစ်ပြီး ချမ်းသာပြီးရင်း ချမ်းသာဖြစ်သွား တော့တာပေါ့။ “ရွှေမေတ္တာ”ဆိုတဲ့ ဇီဝဓာတ်မြေဩဇာစက်ရုံကို ဒါးကမှာ ဆောက်လုပ်ပြီး ဓာတ်မြေဩဇာတွေကို ဧရာဝတီတင်မက မကွေးနဲ့ ပဲခူးတိုင်းတွေက တောင်သူတွေအထိ မယူမနေရ ရောင်းပါတယ်။ ဧရာဝတီတိုင်းကတော့ အဓိက ခါးစည်းခံခဲ့ရတာပေါ့။ တယက ကနေ ခယက၊ ခယက ကနေ မယက၊ မယက ကနေ ရယက အထိ အဆင့်ဆင့် ရောင်းခိုင်းပြီး အဲဒီမယက၊ ခယက တွေကပဲ ပိုက်ဆံကောက်ပေးရပါတယ်။
တောင်သူတွေမှာ မဝယ်မနေရ ဝယ်ခဲ့ရတဲ့အပြင် မစိုက်ရင်လည်း မြေရှိရင် ဝယ်ရတာကြောင့် တိုင်းမှူးနဲ့ အောင်သက်မန်းကို မေတ္တာပို့ကြပါတယ်။
အခုတော့ ပြည်သူတွေရဲ့ မေတ္တာကို ခံယူပြီး ပြည်သူ့ချွေးနှဲစာနဲ့ ပြည်သူပိုင်မြေတွေသိမ်းကာ စီးပွားရေး မတည်ခဲ့တဲ့ အောင်သက်မန်းဟာ နိုင်ငံမှာ ပဉ္စမမြောက် အချမ်းသာဆုံးတောင် ဖြစ်သွားပါတယ်။ အတ္ထုပ္ပတ္တိကတော့ မှတ်သားစရာမကောင်းတဲ့အပြင် ရှက်စရာတောင် ကောင်းပါ သေးတယ်။ ဒါပေမဲ့ ဦးရွှေမန်းနဲ့ အောင်သက်မန်းကတော့ အရှက်မဲ့ ပြုံးနေကြပါတယ်။
စကားအပြောကောင်းတဲ့ စစ်သားတစ်ဦးဖြစ်သူ သူရဦးရွှေမန်းကိုတော့ဗေဒါ တစ်ဦးတည်းအမြင်ဖြစ်ပြောရရင် ကြောက်စရာအကောင်းဆုံး သော လူတစ်ယောက်အဖြစ်မြင်ပါတယ် စီးပွားရေးချမ်းသာလာရင် နှိင်ငံရေးမှာ နေရာယူတဲ့ သက်ဆင်ရှင်နာဝပ်မိသားစုလမ်းစဉ်ကို ပုံတူ ကူးလာပြီလေ
®
ဗေဒါ
နှင့်
သူ ၏ မိတ် ဆွေ များ
◾️ဗေဒါ ၏ ဇာတ် လမ်း ကို ကျည် မင်း သိနိး က ခံ စား ရေးဖွဲ့ ပြီး စည် သူ က တည်း ဖြတိ ခဲ့ ကြ သည်
No comments:
Post a Comment