Pages

Friday 13 January 2023

ဗေဒါ ၎

 အတိတ်ကပုံရိပ်များ………{အပိုင်း ၂၀}


                               ®

                              ဗေဒါ


⬛️               အတိတ်က သင်ယူစရာကွင်းပြင်ကြီးပါ အဲဒီကွင်းပြင်ကို ဖြတ်လာပြီးရင် ပစ္စုပန်ကိုရောက်မယ် အဲဒီနေရာမှာ အနာဂတ်ကိုကြိုတွေးဖို့ အရေးကြီးတယ်  ကြိုတင်ကြံစည်မှု ကင်းမဲ့ရင်တော့ အနာဂတ်ဆိုတာ အတိတ်အတိုင်းပဲ ဆက်လက်ဖြတ်သန်းရမှာပါ


⬛️             ဗေဒါ စင်္ကာပူမှာ ဂျာနှုးနဲ့သုံးရက်တိတိနေပြီ ကွန်ပျူ တာကိုင်တက်ဖို့ဂျာနှုးက သင်ပေးခဲ့တယ် ဗေဒါ မမှီသော် အင်္ဂလိပ်စာစကားအသစ်အဆန်းများ ပြောတတ်ဆိုတတ်လာစေခဲ့တယ် ဂျာနှုးဟာ မျက်နှာကြည့်ရင်ပြတ်သားရဲရင့်ပုံပေါ်ပေမယ့် တကယ်တမ်းတော့ ချစ်သူရင်ခွင်ကို တိုးဝှေ့တက်တဲ့ နွဲ့ဆိုးမိန်းကလေးတစ်ဦးသာဖြစ်သည် ဗေဒါကို အားလုံးပုံချစ်သော် မိန်းကလေးတစ်ဦးပုံမြင်တော့

အချစ်ဆိုတာ ဘယ်လိုပြောရမှန်းမသိသော် အရာတစ်ခုအဖြစ် ဗေဒါကို ပေးခဲ့ပေပြီ


⬛️            သုံးရက်မြောက်နေ့မြန်မာပြည်ပြန်ရမည်အချိန်ရောက်လာ၏ ဗေဒါ စင်္ကာပူတွင်သိကျွမ်းသော် မိတ်ဆွေအချို့ ကို လိုက်လံနှုတ်ဆက်၏ ဗေဒါနှင့် ဂျာနှုး ထွေထွေထူးထူးအလုပ်မရှိဘယ် ဂျာနှုးသာ မမကြီးနှင့် စာရင်းလာလုပ်ကြခြင်းဖြစ်သည် ဗေဒါကို mr.လု ဘာကြောင့် စင်္ကာပူသွားခိုင်းလိုက်သည်ကို ဗေဒါ မတွေးတတ်ပေ mr.လု ဆိုသည်မှာ လူတစ်ယောက်ကို အလာကား အချိန်ကုန်မခံ သူနေရာနှင့်သူ ထောင့်စေ့အောင်ခိုင်းနှိင်သူဖြစ်သည် အိမ်က ခြံစောင့်များ အိမ်အကူများ အားလုံးကားမောင်းသင်ပေး စာသင်ပေး ရဲရဲဝံဝံပင်အလုပ်တစ်ချို့ကိုပင်ခိုင်းလိုက်သေး၏ ခြံစောင့်ကောင်လေးတစ်ချို့ဆို ဆောက်လုပ်ရေးလုပ်ငန်းများတွင်ပင် အလုပ်ဝင် ကြီးကြပ်နေကြပြီဖြစ်သည် 


⬛️              ရန်ကုန်လေဆိပ်ရောက်ရောက်ခြင်း mr.လုအလုပ်ခိုင်းထားကြောင်း လာကြိုသော်လောရှည် မှာပြောလာ၏ ဗေဒါ အသုံးဆောင်ပစ္စည်းများပင် တစ်ခါတည်းထည့်ပေးလိုက်ပြီဗေဒါကားပါယူလာကြ၏ လောရှည်မှာနောက်ကားတစ်စီး ဖြင့်ဂျာနှုးအားခေါ်သွားတော့သည် ဗေဒါ ဂျာနှုးအား မျက်လုံးဖြင့်ပင် နှတ်ဆက်လိုက်နှိင်၏  ကားထဲရောက်တော့ ဖုန်းဖွင့်ပြီး mr.လုဆီဆက်တော့ မန်းလေးသွားရန်ညွှန်ကြား၏ မန်းလေးတွင် ကိုနေဝင်းစောင့်နေမည် က်ုနေဝင်းနှင့် ဆက်သွားပြီ ဖားကန့်ဘက်ဆက်သွားရန်ပြော၏ mr.လုထုံးစံအတိုင်း ဘာလုပ်ရမည်ကိုတော့ မပြောပေ ဗေဒါလည်း နားချိန်မရှိ ချက်ခြင်း ပင် မန်းလေးဘက်မောင်းထွက်လာလိုက်၏ ကားဒက်ဘုတ်စ်ဖွင့်ကြည့်တော့ ငွေဆယ်သိန်းလောက်ရှိမည် 


⬛️                   မန်းလေး ရောက်တော့ ကိုနေဝင်းနှင့်ချိတ်ပြီး ဟော်တယ်တစ်ခုတွင်တည်းမည်လုပ်တော့ ကိုနေဝင်းက mr.လုက အိမ်တွင်ခေါ်ထားရန် ပြောထားသည်ဟုဆို၏ ဗေဒါလည်း mr.လု အကြောင်းရှိလို့ဟု တွေးပြီ ကိုနေဝင်းအိမ်သို့လိုက်အိပ်လိုက်တော့၏ ခရီးပန်းလွန်းသဖြင့် နှစ်ခြိုက်စွာ အိပ်သွားတော့သည် မနက်လင်းတော့ က်ုနေဝင်းလက်ဖရည်သောက်ရန်စောင့်နေ၏ စကားအနည်းကယ်ပြောဖြစ်ကြ၏ ထိုအခြေအနေထိ ဗေဒါ ဘာလုပ်ရမည်ကို မသိသေးပေ သိပ်မကြာသော်အခိျိန်တွင် လူတစ်ဦးရောက်လာ၏ ကိုနေဝင်းမိတ်ဆက်ပေးသဖြင့် ဦးအောင်မြင့်ဟုသိရသည် ထိုပုဂ္ဂိုလ်မှာ ဝ သွေးစည်းညီညွတ်ရေးအဖွဲ့က စီးပွားရေးတာဝန်ခံဟုသိရသည် နေ့ခင်း မြစ်ကြီးနားတက်မည်ဆို၏ တစ်ရက်နေ ပြီ ဖားကန့်ဆက်သွားမည်ဟု ကိုနေဝင်းဆို၍ ဗေဒါလည်း နားနားနေနေ နေလိုက်တော့သည် ဦးအောင်မြင့်နှင့်     ကိုနေဝင်းကတော့ စကားလက်ဆုံကြနေတော့၏ 


⬛️            ဂျာနှုး သတိရပြီ ဗေဒါဖုန်းခေါ်တော့ ဂျာနှုး အသံ ဝမ်းနည်းသံပါနေ၏ ဗေဒါမေးတော့ မဖြေ ဗေဒါ လွမ်းခန်းဖွဲ့ပြီ ခရီးဆက်ရန်ပြင်လိုက်တော့၏ ဘာအတွက်သွားရမည် ဘာလုပ်ရမည် ဗေဒါ ယခုထိ မသ်သေးပေ တစ်အောင့်နေ တော့ ဖုန်းအစိမ်းတစ်ခုဝင်လာ၏ ဗေဒါက်ုင်လိုက်တော့ ဗေဒါနှင့် ရင်းနှီးသော ကကလှမ်းကမောင် သံချောင်းဖြစ်နေ၏ သူကခေသူမဟုတ် စီးပွားရေး နှင့်ပတ်သက်သော သတင်း အကုန်လိုက်နေသောသူတစ်ယောက်ဖြစ်သည် ဗေဒါ ဘယ်ရောက်နေလဲ တွေ့ခြင်လို့ ဘာညာအကြောင်းပြချက်မျိုးစုံပေးပြီ အစ်အောင့်နေတော့သည် ဗေဒါလည်း လိမ်ရင် ရန်ကုန်တွင်ရှိက သူလာမည်ဆိုလျှင် ခက်မည် မန်းလေးမှာ ပြောလိုက်၏ အမှန်ပြောမှာတည့်တည့်တိုးတော့သည်သူလည်းမန်းလေးတွင်ရှိသည် တွေ့ကြမည်ဆိုတော့ ဗေဒါ အတွက်ခက်ပြီ ဒီလူတွေပါးနပ်၏ ဗေဒါ လိမ်လဲ မထူး ဗေဒါ မသိသော် အကြောင်းပင်သိလောက်မည်ဖြစ်သည် ဗေဒါ သူချိန်သောနေရာသို့သွားရန် ကိုနေဝင်းဆီကဆိုင်ကယ်ဖြင့်လိုအပ်သည်များဝယ်ရန်ဟု အကြောင်းပြပြီးထွက်လာလိုက်တော့၏ 


 ⬛️           သံချောင်းချိန်သော် နေရသို့ရောက်တော့ သံချောင်းကရယ်နေ၏ ဗေဒါ မသိသလို ဘာမှာမမေးဘယ် ထိုင်လိုက်၏ သံချောင်းကစတင်၍ ခင်ဗျားတို့ဖားကန့်တက်မလို့မဟုတ်လားဆိုတော့ ဗေဒါ ခေါင်းညိတ်ပြလိုက်၏ ဘာသွားလုပ်မလဲ ဆိုတော့ ဗေဒါ ခေါင်းခါပြ၏  သံချောင်းကပင် ဘိန်းချက်စခန်းသွားမယ် ကျောက်စိမ်းနဲ့ဘိန်း အရောင်းအဝယ်လုပ်ဖ်ု့ခင်ဗျားတို့ရှိနေတယ်ဆိုတော့ ဗေဒါပင်အံသြရ၏ သူတောင်မသိသော်အကြောင်းက်ုသံချောင်းက ပိုင်နှိင်စွာ ပြောနေသည်လေ


⬛️                 သံချောင်းကပင်ဆက်လက်၍ ခင်ဗျား ကျွန်တော်နဲ့အဆက်အသွယ်မပြတ်စေနဲ့ ခင်ဗျားနောက်မှာ ရှိနေမယ် လိုအပ်ရင်ကူညီပေးမယ် အရေးကြီးတာ ပူးပေါင်းသတင်းပေးပါမဟုတ်ရင်တော့ ကယ်နှိင်မှာမဟုတ်ဘူးဆိုပြီ ဟိမ်းဟောက်သလို ခြိမ်းခြောက်သလို လုပ်နေတော့၏  ခက်ပြီ ဗေဒါ အကြပ်အတည်းကြားထဲရောက်နေပြီ သံချောင်းကို ဘာမှာမပြောပဲ ပြန်မည်ပြုစဉ် ကိုဗေဒါ သဘောပေါက်မှာပါနော် ဟု  ရိသဲ့သဲ့စကားဆိုလေတော့သည် ကိုနေဝင်းအိမ်ပြန်ရောက်တော့ ကိုနေဝင်းနှင့်ဦးအောင်မြင့်က စောင့်နှင့်နေပြီ ဗေဒါပစ္စည်းတစ်ချို့သိမ်းပြီ  ခရီးဆက်ရန် ကိုနေဝင်းတို့ဆီ ရောက်တော့ မှုလအစီအစဉ်ဖြစ်သော် အတူတူသွားခြင်းကို ပြောင်းပြီ ကားတစ်ယောက်တစ်စီးဖြင့်သာ ခရီးဆက်ကြမည် မြစ်ကြီးနားတွင် သာဆုံမှတ်ထားမည်ဆို၍ ဗေဒါလည်း ကိုယ့်ကား က်ုယ့်မောင်းပြီ ထွက်လာလိုက်တော့၏ လမ်းတွင်တော့ ဗေဒါ အတွေးများနေရပြီဖြစ်သည် နှစ်ဖက်လုံးကပါးနပ်၏ တစိဖက်က အာဏာ တစ်ဖက်က အလုပ်ရှင်ဟူသော သစ္စာတရား ဘယ်ဘက်ရွေးမည်လဲ စိတ်ရှုပ်လွန်းသဖြင့် ဂျာနှုးဆီဖုန်းခေါ်လိုက်တော့ ပို၍ပင်စိတ်ညစ်သွား၏ mr.လုက ဗေဒါကို သံသယဝင်နေသည်ဟု ဂျာနှုးကပြောလာလေတော့သည်


💢" တစ်သက်လုံး သူများအောက်မှာ နေမလား

သူခိုင်းတဲ့အတိုင်း တစ်သက်လုံးလုပ်မလား

ဒါမှာမဟုတ် လမ်းအသစ်တစ်ခုဖောက်မလား

လမ်းဟောင်းကလျှောက်ရတာမပင်ပန်းဘူးလမ်းသစ်က အရမ်းပင်ပန်းတယ် ခက်ခဲမယ် အားစိုက်ရမယ် ကိုယ်ဖောက်ပြီးရင်တော့

ကိုယ်ပိုင်လမ်းသစ်တစ်ခုရလာမှာပါ"💢


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


        {အတိတ်ကပုံရိပ်များ……အပိုင်း ၂၁}


                              ®

                             ဗေဒါ


⬛️       "မနေ့ညက တွေးခဲ့ဖူးတဲ့ အတွေးတွေ မနက်တိုင်း အကောင်ထည်ဖော်နှိင်ဖို့အရေး

ကြီးတယ် အသက်၅၃  နှစ် မှ စအောင်မြင်တဲ့ စီးပွားရေးသမား တယောက်ရဲ့ ဇွဲလုံ့လရော ရက်စက်မှု့ရော ခံနိင်ရည်ရှိမှု့ ရော အစုံရှိမှာရမယ်"


⬛️            Mr.လု ဗေဒါ ကို မသင်္ကာဖြစ်နေတယ်လို့ပြောသော် ဂျာနှုး၏စကား သည် ဗေဒါ တှုန်လှုပ်သွား၏ ဘာအချက်တွေကို မင်္သကာသလဲ ဘာကြောင့်လဲ အမှားရှိမည့်အချက် စဉ်းစားသော်လည်း ခေါင်းထဲမပေါ် စင်္ကာပူသွားစဉ် ဂျာနှုးနှင့် ဗေဒါလိုက်ပါသွားရခြင်း၏ နောက်ကွယ်က ဇာတ်လမ်းကို မြင်မိ၏  ဗေဒါကို စင်္ကာပူ ပထုတ်ပြီး ဗေဒါ နောက်ကြောင်းလှန်နေတာလဲ ဖြစ်နှိင်၏ နောက်ဆုံးဂျာနှုးပြောသွားသော် စကားက mr.လု က ဗေဒါကို စစ်ထောက်လှမ်းရေး သတင်းပေး စပိုင်ဟု ထင်နေသည်ဆို၍ ဗေဒါ လည်းအံအားသင့်ရ၏ 


⬛️             ဂျာနှုးဖုန်းချသွားတော့ ဗေဒါ မိမိလုပ်ခဲ့သမျှ ပြန်ဆန်းစစ်ကြည့်ရန်လိုလာပြီဖြစ်သည် မန်းလေးမှာ မြစ်ကြီးနားသို့သွားမည်ခရီးသည် အရှည်ကြီးဖြစ်၏ မူလအစီအစဉ်ဖြစ်သော် ကိုနေဝင်းတို့ ဦးအောင်မြင့်တို့နှင့် တစ်ဖွဲ့တည်း ကားတစ်စီးဖြင့်သွားရန်စီစဉ်ထားမှုက သွားခံနီးမှာ ကားတစ်ယောက် တစ်စီးစီဖြင့်သွားရန် ဆုံးဖြတ်ခြင်း ဂျာနှုးပြောလာသောစကားများ အရာအားလုံးကတိုက်ဆ်ုင်မှုတော့ မဟုတ်ပေ ဗေဒါကို ဖယ်ထုတ်ခြင်း တနည်းအားဖြင့် သွေးတိုး စမ်းလာခြင်းပင်ဖြစ်သည် နောက်ကျောတွင် စစ်ထောက်လှမ်းရေးက အရိပ်လိုပါနေပြီဖြစ်သည်  


 ⬛️             မြစ်ကြီးနားတွင် မဆုံတော့ဘဲ ဗန်းမော် ဘက်တွင် ဆုံကြမည်ဟု ကိုနေဝင်းဖုန်းဆက်ထပ်ပြောလာတော့ ဗေဒါ ညစ်လာ၏ ဘာလုပ်နေလဲ ဘာအတွက်လဲ တစ်ခုမှာမသိ လမ်းကြောင်းတွေက ပြောင်းပြီရင်ပြောင်းနေပြီ ဖြစ်သည် အနောက်က စစ်ထောက်လှမ်းရေးက မသိသော်ကောင်များမဟုတ် အပ်ကျရင်တောင် ဘယ်အိမ်လဲမေးစရာမလို ဗေဒါ တော့ နှစ်ဖက်ကစားပွဲမှာ ပိတ်မိပြီထင်၏ တစ်လမ်းလုံးမောင်းလိုက်နားလိုက် ခရီးဆက်လာရာ ကောလင်း အရောက်တွင်တော့ နောက်က ကားတစ်စီး အတင်းဖိလိုက်လာ၏ ဗေဒါ သတိထားကြည့်တော့ ဗေဒါ နောက်က်ု ထပ်ကြပ်မကွာ လိုက်လာနေပုံ ပေါ်နေ၏ ဗေဒါ တင်နင်းလေ ထ်ုကားလ်ုက်လေ ဖြစ်လာ၏  ရန်သူနဲ့မိတ်ဆွေမှာ ရန်သူဖြစ်ဖို့ကရာခိုင်နှုန်းများ၏  ကောလင်းကျော်အောင်မောင်းရင် ဝန်သို နဘား ဗန်းမော် ဆိုတော့ ကြားမှာ မြို့သေးလေးတွေရှိသေး၏ အတော်လေးမောင်းရအုန်းမည် ကောလင်းက ထမင်းဆိုင်နှင့်တွဲလျှက် ဟော်တယ်တစ်ခုရှေ့တွင် ကောက်ရပ်လိုက်တော့ နောက်ကကား ရပ်မလို မရပ်သလို လုပ်ပြီး ဆက်လက်ထွက်ခွာသွားတော့တယ်


⬛️            ထိုဟော်တယ်တွင် ညအိပ်ရန်ဗေဒါ ဆုံးဖြတ်ပြီး ဂျာနှုးဆီဖုန်းခေါ်တော့  ဖုန်းပိတ်ထား၏ ကိုနေဝင်းဆီဆက်တော့လည်း ပိတ်ထားပြန်၏  mr.လု လောရှည် အကုန်ခေါ်ကြည့်သော်လည်း ဖုန်းအားလုံးပိတ်ထားကြ၏ ဘာတွေမှန်းကို ဗေဒါ မစဉ်းစားတတ်တော့သဖြင့် ဟော်တယ်  ဟုဆိုသော်လည်း  မိုတယ်သာသာ တည်းခိုခန်းတွင် ခြေပစ်လက်ပစ် အိပ်စက်အနားယူလိုက်ချင်ပြီ သို့သော် ဗေဒါ လက်ရှိကြုံတွေ့နေရသော အခက်အခဲသည် တစ်ဦးတည်းရင်ဆိုင်နေရသဖြငိ့ ပိုမို သတိထားရန်လိုအပ်လာလေပြီဖြစ်သည် ရေချိုး ပြီးမအိပ်နှိင်သေး စားစရာ သောက်စရာများ အခန်းထိမှာယူ စားသောက်ပြီ  ပတ်ဝန်းကျင်ကို ဗေဒါလေ့လာရတော့မည်ဖြစ်၏ mr.လု နဲ့ဗေဒါ ဘာပြာသာနာမှာကြီးကြီးမားမားမရှိပေ ဗေဒါ လုပ်ခဲ့သမျှ အောင်မြင်ခဲ့သဘ်သာ များ၏ mr.လု သူအကို လော်ကြီး တို့၏ ချီးမွှမ်းအခံရဆုံးက ဗေဒါပါ 


⬛️လူ.ရဲ့ သဘာဝကိုက အားပေးချီးမြှောက် ခံရတာကို ကျေနပ်ကြတယ် ကိုယ့်လုပ်ရပ် အရည်အချင်း သို့မဟုတ် ဂုဏ်ရည်တခုခု ကို လူအများက ကြိုက်နှစ်သက် ရင် လေးစားရင် အသိအမှတ်ပြုရင် သဘောကြနှစ်ခြိုက်ကြတယ် ။ဒါထက်ကျော်လာတော့  တယ်ဟုတ်တဲ့ငါပါလား လို့တွေးလာတတ်တယ် ။ကြာလာတော့ .. ငါမှငါ ..ငါလုပ်တာမှအဟုတ် ငါပြောတာမှအမှန် ဆိုတဲ့ ငါ တရားတွေ စွဲကပ်လာပြီး ကိုယ့်ကိုကိုယ် ထင်တလုံးနဲ့ ကိုယ့်မှာ အားနဲချက်ဆိုတာမရှိ ဘူးလို့ မသိစိတ်ကစွဲလာရော ဘယ်မှာသိသာလဲဆိုတော့  ကိုယ့်ကိုဝေဖန်ရင် ကိုယ့်အားနည်းချက်ထောက်ပြရင် လက်မခံရုံတင်မက အမျက်ချောင်းချောင်းထွက်လာတတ်ရော ။

ဒါတွေက ဖြေးဖြေးခြင်းပြောင်းလာတာဆိုတော့ကာ တခါတလေ ကိုယ့်ဖာသာ ကိုယ် ပြောင်းလို့ပြောင်းမှန်းသတိမထားမိကြဘူး ။

လူအများကြားထင်ပေါ်လေ ပိုဆိုးလေပဲ ။

လောကဓံလို့ပြောရင်ရမည်ဟု ဗေဒါထင်၏ 


⬛️               ခုတော့ ချီးမွှမ်းမှုတွေကြားမှာ ဗေဒါ အပြစ်တင်ခြင်း သံသယဝင်ခြင်း စတင်ကူးစက်လာပြီဖြစ်သည် ဖုန်းတွေထပ်ခေါ်ကြည့်သော်လည်း တစ်ယောက်မှာမကိုင် မိုတယ်အောက်ဆင်းရန်လည်း အခြေအနေက နောက်ယောက်ခံခြင်းရှိနှိင်၏ မည်သူမှန်း မသိတော့ ရန်သူမိတ်ဆွေ ခွဲရန်ပိုခက်၏ ညဘက်ရောက်တော့ ဗေဒါ မိုတယ်အောက်သို့ဆင်းလာလိုက်တော့၏ မိုတယ်အောက်တွင် ဘားရှိ၏ ဘားတွင် လူအတော်စည်၏ ရွှေလုပ်သူ သစ်ထုတ်သူ ကျောက်လုပ်သူ အသီး မှုးယစ်လုပ်သူများအလာများသော် မြို့ဖြစ်သည် ထိုမြို့ကလေးသည် မနက်တိုင်အောင် ဆိုင်များဖွင့်ကြသဖြင့် ညလုံးပေါက်စည်ကားသောမြို့ဖြစ်သည် ကောလင်းကို စာရေးဆရာ တစ်ချို့က အလင်းဆိုင် ပေါ်များသော် ဒေသဟု ခေါ်ကြ၏ ရာသီဥတုကလည်းအေးတော့ မိုးလင်းပေါက် အရက် ခေါက်ဆွဲ စားစရာ အစုံရောင်းသော်ဆိုင်များများရှိရာ မြို့လေးတစ်ခုဖြစ်၏ 


⬛️                မိုတယ်အောက်ရောက်တော့ လူကအတော်များနေသဖြင့် ဗေဒါ ဆိုင်အတွင်းတစိချက်ဝှေ့ကြည့်ပြီး အပြင်ဘက်ကိုထွက်လာလိုက်၏ အရက်လည်း မသောက်ချင် ပတ်ဝန်းကျင်အထူးသတိထားရမည့် အချိန်ဖြစ်သည် ဗေဒါ ခေါက်ဆွဲဆိုင်ဝင်စားပြီ မဝသဖြင့် ကြေးအိုးစားရန် တရုတ်ဆိုင်တစ်ခုသို့ထပ်သွားလိုက်စဉ် ဗေဒါ ပုခုံးကို လာကိုင်ပြီး လူလေးယောက်ခန့် အနားကပ်ပြီး နီးရာဝိုင်းတွင် အားလုံးဝင်ထိုင်လိုက်ကြ၏ ဗေဒါ အလိုက်သင့်ထိုင်ပြီ မော်ကြည့်သော် သံချောင်းဖြစ်နေသည် ကျန်လူများလဲ စစ်ထောက်လှမ်းရေးက လူတွေပင်ဖြစ်မည် နယ်မြေခံဖြစ်နှိင်၏ သံချောင်းမှာစတင်၍ ခင်ဗျားတို့အကွက်ရွှေ့ချက်တွေ ကောင်းလွန်းတယ် ခင်ဗျားကို အပြထားပြီ ဟိုလူတွေ က အလုပ်သွားတက်လုပ်နေကြပြီ ဆို၏ ဗေဒါ ခေါင်းပဲခါပြလိုက်၏ သံချောင်း မယုံမည်ဆိုသဖြင့် ဗေဒါ ဖုန်းအားလုံး သူရှေ့မှာခေါ်ပြလိုက်တော့ တစ်လုံးမှာမကိုင် သံချောင်း စဉ်းစားနေပြီမှာ ခင်ဗျားကိုရိပ်မိသွားတာ ဖြစ်နှိင်သည်ဟု ဆို၏ ဗေဒါလည်း ဒေါသထွက်သွား၏ ဘာတစ်ခုမှာ သတင်းလည်းမပေး ဘာမှာလဲမလုပ်ဘဲ ရိပ်မိသည်ဆိုတော့ ဗေဒါက ပဲ သတင်းပေး အင်ဖော်မာဖြစ်နေသလိုလို ဗေဒါ သည်းမခံနှိင်တော့ ပေါက်ကွဲလိုက်တော့၏ ခုံကို သုံးချက်လောက်ထိုးချလိုက်ပြီ ငါဆီက ဘာသတင်းမှာလဲမရ ပဲ ငါရိပ်မိတယ်ဆိုတော့ လွန်လာပြီကွာ ကဲငါဆီက ဘာသတင်းရလဲပြော ငါတောင်ဘာမှာမသိတာ မင်းတို့ကငါထက်တောင် ပိုသိနေသေးတယ်လေကွာကဲခုငါဖမ်းမလာ လိုက်ခဲ့မယ် ဒါမှာမဟုတ် ကိုနေဝင်း တို့ဦးအောင်မြင့်တို့လိုက်ဖမ်းလေကွာ ငါမှာဘာမှာလဲမရှိ ငါပဲလာမေးမြန်းစစ်ကြောနေတာ မင်းတို့ငါကို  အရှုးထင်နေလား ကဲပြော လာလုပ်မလဲ မင်းတို့ဘာလုပ်မလဲ ဟုဗေဒါ အသံကျယ်ကျယ်ဖြင့်လှမ်းပြောလိုက်တော့ ဘေးကလူတွေကော သံချောင်းသူလူတွေပါ ငြိမ်သွားကြ၏ ဘာမှာမသိပါဘူးဆိုမှာ သတင်းပေးဘဝရောက်ရ၏ ဗေဒါ တကယ်လူသတ်ချင်နေမိပြီ ဗေဒါ mr.လုတို့ဆီအဆက်အသွယ်မရတော့ တစ်ခုခုလုပ်မှာဖြစ်တော့မည် ကဲငါသွားမယ် ရန်ကုန်ပြန်မယ် ဒီညအိပ်ပြီ ရန်ကုန်ပြန်မယ် မင်းတို့လိုက်ချင်လဲ လိုက်လာ ငါကားနဲ့ ဆိုတော့ သံချောင်းမျက်နှာပြန်ပြင်ပြီ ဗေဒါ ကို ရန်ကုန်မပြန်ရန် အတင်းအကြပ်တားလေတော့၏ ဗန်းမော်ဆက်တက်ရန် ပြောနေတော့၏ ဗေဒါလည်း မရတော့ပေ မင်းတို့စိတ်နဲ့ အလုပ်လုပ်နေတာမဟုတ်ဘူး mr.လု နဲ့ ဆက်သွယ်လို့မရ ပြန်တာ ပဲကောင်းမည်ဆိုတော့ သံချောင်းက ဒီမှာကိုဗေဒါ ပြောတဲ့အတိုင်းမလုပ်ရင် ဖြစ်လာသမျှ ခင်ဗျားခံစားသွားရမယ် ခုအခြေအနေက ခင်ဗျား နယ်မြေရုံးမှာ သွားအိပ်လိုက်ပါ ဟုဆို၏ နေရင်းထိုင်ရင်း ဗေဒါ ကိုဖမ်းဆီးထိန်းသိမ်းသည့်သသောဖြစ်နေသည် အခြေအနေအရ ဗေဒါ မီးစဉ်ကြည့်ကရန်အတွက် သံချောင်းတို့နှငိ့လိုက်ပါသွားလိုက်တာက ကောင်းမည်ဟု တွေးပြီ ဗေဒါ ကားသော့ပစ်ပေးလိုက်တော့၏ သံချောင်းလူတစ်ယောက်ဗေဒါကားသွညးမောင်းပြီ ဗေဒါကတော့ သံချောင်းတို့ကားနဲ့လိုက်ပါလာတော့လေ၏ ထိုသိုသွားရင် ဘိုတဲကုန်းဘက်က သစ်ကွင်းအလွန်မှာရှိသောလ နယ်မြေ ကကလှမ်းရုံးသို့မောင်းနေမှန်း ထိုအဆောက်အဦးရှေ့ရောက်မှာ ဆိုင်းဘုတ်မြင်မှာရိပ်မိလေတော့သည် သို့သော် ဗေဒါ တို့ကားပေါ်ကဆင်းတုန်း သံချောင်းလူမောင်းလာသော် ဗေဒါကား မောင်းတံဂိတ်လည်းအရောက် အသံကျယ်ကျယ်ဖြင့်ပေါက်ကွဲပါလေတော့သည် အတွေ့အကြုံရှိသော သံချောင်းတို့မြေပေါ်ပြားပြားဝပ်နေကြပြီ ဗေဒါလည်းဝပ်ရန် ကျိန်ဆဲနေတော့ ၏ ဗေဒါလည်းသတိပြန်ဝင်ပြီနီးစပ်ရာနေရာဒိုင်ဗင်ထိုးလိုက်တော့၏ နောက်ဆက်တွဲ ဆိုင်ကယ်လေးငါးစီးဖြင့် သေနတ်ဖြင့်ဆက်တ်ုက် ပစ်ပြီ မောင်းထွက်သွားကြလေတော့တယ် တပ်ရင်းကလူတွေ အလုပ်တွေရှုပ်ပြီ ဟိုပြေးဒီပြေး နဲ့သေနတ်ဖြင့်ပစ်သွားသူများနောက်လိုက်မည်ဆိုသူနှင့် တပ်ပျက်ကြီးထဲ ဗေဒါ ရောက်နေသလိုပင် ဗေဒါ ပတ်ဝန်းကျင် လေ့လာတော့ လက်နက်ကြီးဖြင့် ပစ်ပြီ နောက်မှာဆိုင်ကယ်နဲ့ လာပစ်သွားကြခြင်းဖြစ်သည်


⬛️ ဗေဒါ ဘာမှာမပြောချင်တော့သည်ပုံဖြင့် မြေပေါ်တွင် ထိုင်ချလိုက်လေတော့၏ သံချောင်းကတော့စက်တစ်လုံးဖြင့် ဟိုသတင်းပို့ ဒီသတင်းပို့  ဗေဒါ မျက်နှာကြည့်လိုက်အလုပ်ရှုပ်နေပါတော့တယ် ဒီမောင်တွေ ခြေလျင်နဲ့အတော်ကွာပါ၏ ဟန်ပဲရှိကြ၏ တကယ်ဖြစ်လျှင် ဘာလုပ်ရမည်မှန်း မသိကြပေ ခြေလျငိတပ်နှင့်၂၇မိုင်ဝေးပြီ မြို့နှင့် ၃မိုင်အကွာတွင် နယ်မြေထောက်လှမ်းရေးရုံးလာထိုင်ထားခြင်းဖြစ်မည် ရုံးအနေအထားက စခန်း တစ်ခုအနေအထားပင်မရှိ ဆီပုံးတွေ ဘက်ဟိုးတွေ သစ်လုံးတွေ ဆိုင်ကယ်တွေနဲ့ရှုပ်ယှက်ခက်နေတော့၏ ဒါကြောင့်လည့်းမြန်မာတစ်နှိင်ငံလုံးဗုံးကွဲမှုတွေ လက်သည်မပေါ် နီးစပ်ရာ မကျေနပ်သူအကုန်ဖမ်းထည့် နဲ့အဆင်ပြေခဲ့ကြသူတွေ ခုသူတို့က်ုယ်တိုင် မျက်မြင်ဖြစ်လာတော့ လန့်ဖြန့်ကုန်ကြပြီလေ


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


       {အတိတ်ကပုံရိပ်များ………အပိုင်း ၂၂}


                               ®

                              ဗေဒါ


💢  "" ဂျာနှုးအဖြစ်က ကိုကိုနှင့်ချစ်နေတုန်း

                         မောင်သိသွားပြီ

                         ဦးများစိတ်ပူသွားမလား" 


   …………………ဆိုသလိုပင် အဖြစ်မျိုးရှိ၏ 💢


 

 ⬛️             ပေါက်ကွဲမှုက အတော်လေးပြင်းထန်လှ၏  ဗေဒါ ဒဏ်ရာကြီးကြီးမားမားမရခဲ့သော်လည်း ပွန်းပဲ့ဒဏ်ရာလောက်တော့ရှိ၏ ရှေ့ကင်းက လူတစ်ယောက် သံချောင်း ဘေးနားကလူတစ်ယောက် နှစ်ယောက်တိတိပွဲခြင်းပြီးသွား၏  သေနတ်ဖြင့်ပစ်ခတ်သူများကဆိုင်ကယ်နှစ်စီးခန့်ဖြင့်လာရောက်ပစ်ခတ်ပြီး လက်နကိကြီးကအဝေးတစ်နေရာမှာ ပစ်ခတ်ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများရောက်လာတော့ မှတ်ချကိပြုကြသည် ဗေဒါလည်း သံချောင်းကြည့်တော့ အပေါ်က ထောင်းနေပြီ နယ်မြေစစ်ကြောင်းက ပစ်ခတ်သူများနောက်လိုက်သွားကြပြီ သံချောင်းတို့အဖွဲ့ကော ဗေဒါကော အဖွဲ့ တစ်ခုရောက်လာပြီ အသေးစိတ်စစ်ကြောရေးယူတော့တယ် ဗေဒါ အစစ်ခံပြီးနောက် သံချောင်းကို မေးလိုက်၏ ပြန်မည့်အကြောင်း ဆိုတော့ ပြန်လို့တော့ရပြီ သူနှင့် အဆက်အသွယ် မပြတ်စေနဲ့ဟုဆို၏ ဗေဒါ စိတ်ထဲ ဒီလူတွေ စိတ်မှတ်မရှိသေး ဒီလောက်လုပ်ကြံခံရတာတောင် အာကကျယ်သေး၏


⬛️         ဗေဒါ ကားကတော့ ကံကောင်းထောက်မစွာနဲ့ဘာမှာမဖြစ်ပေ ဗေဒါ စိတ်ရှုပ်ထွေးစွာဖြင့် ကားမောင်းထွက်လာလိုက်တော့၏ မန်းလေး ပြန်ရန် ဦးတည်လိုက်စဉ် ကိုနေဝင်း ဖုန်းဝင်လာ၏ ကိုနေဝင်း ဗေဒါ ပြောသော် ဖြစ်ကြောင်းကုန်စဉ်ကြားပြီနောက် မန်းလေးပြန်ပြီသူအိမ်တွင့်စောင့်ရန်သာပြော၏ mr.လု ကော ဂျာနှုးကော ဖုန်းဆက်ရန် ဗေဒါ မကြံစည်တော့ မိမိ အသက်က အချိန်မရွေး သေသွားနှိင်သည် ဖုန်းခေါ်လည်း မကိုင်ရလောက်အောင် လှည့်ကွက်တစ်ခုရှိနေ၏  ထိုလှည့်ကွက်တွင် မည်သို့မည်ပုံ ဆက်ဖြစ်လာမလဲဗေဒါလည်း မမှန်းတတ်ပေ မိမိယုံကြည်မှု ကမည်သူတစ်ဦးတစ်ယောက်ဆီမှာမှာ မရှိတော့ခြင်းသည် ဗေဒါ မလွန်ဟု တွေးထင်မိသည်


⬛️             မန်းလေးရောက်ပြီ ကိုနေဝငိးအိမ်တွင် နေခိုင်းသော်လည်း ဗေဒါ နေချငိစိတ်မရှိပေ ကားကို ကိုနေဝင်း ခြံတွင်ထားလိုက်ပြီ ဗေဒါ လမ်းလျှောက်၍ ပတ်ဝန်းကျင်လေ့လာပြီး ထွက်လာလိုက်တော့သည် ထိုကားသည် မိမိရှိသောနေရာကို ညွှန်ပြနေသည်ဟု ဗေဒါမှတ်ထင်မိ၏  ဟော်တယ်တွင်လည်းမနေလိုသဖြင့် မိမိနှင့်ခင်သော် မလွန်ဈေးဆန်အလှုတော်အသင်း၏ အကျိုးတော်ဆရာတော်တစ်ပါး၏ ကျောင်းသို့ဗေဒါ ဦးတည် လိုက်၏ ဆရာတော်ကိုလျှောက်ပြီ ဘုန်းကြီးကျောင်းတွင် ယာယီနေထိုင်ရန် ဆရာတော်မှာ အခန်းစီစဉ်ပေး၏ ဘာပဲပြောပြော ဘရားတရား အရိပ်အောက်ရောက်တော့ ဗေဒါ စိတ်ကြည်လင် ရွှင်ပြ၏  ဖုန်းကိုလည်း ပိတ်ထားလိုက်၏ 


⬛️              ဗေဒါ စိတ်အေးအေးနှင့် ဖြစ်စဉ်အကုန်ပြန်သုံးသပ်ကြည့်၏ မိမိကိုလုပ်ကြံတာထက် စစ်ထောက်လှမ်းရေးက သံချောင်းတို့အုပ်စုကို အဓိက ချေမှုးသည်ထင်၏  သို့သော် မိမိကို mr.လု သံသယဝင်နေသော် အချက်ကလည်း ထိုစစ်ထောက်လှမ်းရေး သတင်းပေးဟု ထင်နေသည်ကလည်းစဉ်းစားစရာအချက်ပါ မိမ်နှင့် ကကလှမ်းတွေ အတူရှိနေခြင်း က ဘာအကြောင်းအရာလဲ မည်သူမျှ သိမည်မဟုတ်ပေ အများမြင်ရင်တော့ ကကလှမ်းနဲ့တိုင်ပင်နေသည်ဟု ထင်ကြမည် တကယ်လက်တွေ့တွငိတော့ ဗေဒါကို အတင်းအကြပ် ဖိအားပေး ကိုင်တွယ်နေခြင်းသာဖြစ်သည် ရှင်းပြရင်ပိုရှုပ်ထွေးလာမည့် အကြောင်းအရာများဖြစ်သည် ဘုန်းကြီးကျောင်းတွင် နှစ်ရက်တိတိ အောင်းပြီ ဖုန်းကိုပြန်ဖွင့်လိုက်၏ ဖုန်းခေါ်ထားသူများကြည့်လိုက်တော့ ကိုနေဝင်း mr.လု ဂျာနှုး သံချောင်း တို့အားလုံး ထပ်ခါတစ်လဲလဲခေါ်ထားကြ၏ ဗေဒါ ဂျာနှုးဆီတော့ ချစိခြင်းအခြေခံသောစိတ်ဖြင့် သတိရမိ၏ မိမိ ဖုန်းခေါ်တုန်းက မကိုင်သူများ ခုတော့  ခေါ်ထားတာ မနည်းမနောပေ ဗေဒါ အကောင်းဆုံးပြတ်ပြတ်သားသားရင်ဆိုဖို့လိုလာပြီဖြစ်သည်


⬛️               ဗေဒါ ဂျာနှုးအကြောင်းရောက်သွားသည် ဂျာနှုးတွင် ချစ်သူရှိသည် KIAတွင်ဗိုလ်ကြီးအဆင့်ဖြင့်တာဝန်ထမ်းဆောင်နေသည်ဟု ဆို၏နောက်ပိုင်းတွင် အဆက်အသွယ်မရှိတော့ဘူးဆို၏ mr.လုနှင့် ဂျာနှုး ဆက်ဆံရေးက မှန်းဆရန်မလွယ် တိတ်တိတ်ပုန်းညားချင်လည်း ညားနေမည် ဗေဒါ မိန်းမယူဖို့လောကြီးဆီပြောစဉ်က mr.လု ကကြိုက်တဲ့မိန်းမပြော ဂျာနှုးတော့ မစဉ်းစားနဲ့ သူအိမ်ထောင်ပြုလို့မဖြစ်နှိင်ဘူး ပြောခဲ့ဖူး၏  ဗေဒါ နှင့် ဂျာနှုးဇာတ်လမ်းကတော့ လက်ရှိ အသစ်စက်စက်ဇောတ်လမ်းဖြစ်၏ ဗေဒါကို ချုပ်ကိုင်ဖို အတွက် mr.လု ၏ အစီအမံတွေ လည်း ဖြစ်နှိင်၏ ယခုဗေဒါ တို့တိုက်ခိုက်ခံရသောနေရာ သည် KIAတပ်များနှင့် နီးနီးလေးဖြစ်၏ နယ်မြေလှုပ်ရှားသောအဖွဲ့အစည်းသည် KIA အဖွဲ့သာအဓိကလှုပ်ရှားနေသောနယ်မြေဖြစ်သည် သစ်ထုတ်လုပ်ရေးနှင့် ဘိန်း အကြီးအကျယ်လုပ်နေကြသော နယ်မြေဖြစ်သည် ကောလင်း ဝန်သို မိုးညှင်း ဗန်းမော် ကသာ မိုးမိတ် ရွှေဘို သစ်လှိုင်ထွက်သော နေရာဖြစ်သည် ဗေဒါနှင့် KIA အဆက်စပ်မရှိပေ ရှိရင်တောင် ဂျာနှုး အဆက်ဟောင်းကြီးပဲ ဖြစ်နှိင်၏ သို့သော် ဗေဒါကို ထ်ုသူမသိ မြင်လည်းမမြင်ဖူးပေ ဗေဒါတို့နှင့်ပါလာသော လူနှစ်ယောက်သည် သာမန် လူနှစ်ယောက်မဟုတ် ကိုနေဝင်းသည် ကျောက်စိမ်းလောက၏ ဂျင် ဦးအောင်မြင့်က အဖွဲ့အစည်းလောကက ဂျင် ဗေဒါက မြေပေါ်ဘိန်းဘုရင်မိသားစု၏ ဂျင် သုံးယောက်ပေါင်းလာသော် ဂျင်တွေကြီးပဲဖြစ်၏ mr.လု ဗေဒါအပေါ်သံသယဝင်နေသောအဓိကအချက်က ထောက်လှမ်းရေးစပိုင် ဟု ထင်မြင်နေကြောင်းဂျာနှုးပြောလာ၏ သံချောင်းက ကကလှမ်းကဂျင် စီးပွားရေးနှင့်ပတ်သက်သော အမှုများ ကိုင်တွယ်နေရသူဖြစ်သည် ထိုတိုက်ခိုက်သောအဖွဲ့သည် ဗေဒါနှင့် သံချောင်း ကို ပစ်မှန်ထားခြင်းဖြစ်နှိင်သည် ကိုနေဝင်း နှင့် ဦးအောင်မြင့် ခွဲထွက်သွားခြင်းက ထိုအဖြေကို ပိုမိုနက်နဲစေ၏  သံချောင်းသေသွားလို့မီးကမသေ

ပွဲပိုဆူလာမည်ဖြစ်သည် ဗေဒါကို ခေါ်လာစဉ်တိုက်ခိုက်ခံရခြင်းသည် ပစ်မှတ်က ဗေဒါပင် အဓိကဖြစ်နေပြီ သံချောင်း က သူအလုပ်သူလုပ်သည်ဆိုတာထက် ငွေညှစ်တက်သူဖြစ်သည်  သံချောင်းကြောင့် ရန်ကုန်စီးပွားရေးလောကက လူတစ်ယောက် ဘဝပျက်သွားဖူး၏ လူလည်းဖမ်း ပိုင်ဆိုင်မှုလည်းမတတ်သူဖြစ်သည် သို့သော် သံချောင်းငွေပေးနေလျှင် ဘိန်းတောင်  ဆပ်ပြာမှုန့်ဖြစ်အောင် စွမ်းနှိင်သူဖြစ်သည် သံချောင်းလောက်အဆငိ့က mr.လုတို့ ကိုနေဝင်း ဦးအောင်မြင့်တို့က်ု ယှဉ်နှိင်ဖို့မလွယ် ဦးအောင်မြင့်သည် ဝ သွေးစည်းညီညွတ်ရေးအဖွဲ့၏ စီးပွားရေးတာဝန်ခံဖြစ်သည် သူက ဝအဖွဲ့၏ ဆက်ဆံရေး တိုင်းတွင်သူနှင့် အရင်တွေ့ဆုံပြီမှာ လုပ်ငန်းဆက်နှိင်လိမ့်ရှိသည် ကိုနေဝင်းက ဗေဒါကို ကျောက်စိမ်းနှက့်ပတ်သက်လျှင် သိမြင်လာအောင်ရှင်းပြပေးခဲ့သူဖြစ်သည် ဗေဒါကို mr.လုဆီကထွက်ပြီ ကိုယ်လမ်း ကိုယ်လျှောက်ရန် အမြဲတိုက်တွန်းသူဖြစ်၏ 


⬛️             အားလုံးခြုံကြည့်လျှင် ဗေဒါကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်၏ ဘာကြောင့်လဲ မစဉ်းစားတတ် ဘယ်အဖွဲ့လဲ ဘယ်သူခိုင်းစေလဲ မေးခွန်းများစွာ ဗေဒါ ထုတ်နေမိတော့သည်  ချက်ခြင်း အတွေးဝင်လာသည်က ဂျာနှုးဆီ ဖုန်းပြန်ခေါ်ရန်ဖြစ်သည် ဂျာနှုး ဆီ ဗေဒါ ဖုန်းဆက်လိုက်တော့ ဂျာနှုး ဝမ်းသာကြည်နှုးသောအသံဖြင့် ဗေဒါကိုအမြန်ပြန်လာဖ်ု့ mr.လုမိသားစု ပြသာနာတက်နေပြီဖြစ်ကြောင်း စစ်ထောက်လှမ်းရေးက mr.လု အကို ကို လေဆိပ်မှာ ဖမ်းဆီးစစ်ဆေးဖို့အထိ လုပ်ဆောင်လာကြကြောင်း ကျားရွှမ် ဘိန်းကိစ္စာနှင့် အဖမ်းခံထိသွားပြီဖြစ်ကြောင်း အကြောင်းအရာအစုံအလင်ရှင်းပြနေတော့၏ ဗေဒါကိုလည်းပြန်လာရန်ကတိတောင်း၏ ဗေဒါပေးလိုက်၏ မနက်ဖြန်ပြန်လာမည် သို့သော်ကား ကို ကိုနေဝင်းခြံတွင်ထားခဲ့ပြီး လူပဲပြန်လာမည်အကြောင်း ပြောတော့ ဂျာနှုးအတော်လေး ဝမ်းသာသံဖြင့် ဖုန်းချသွားလေတော့သည်


  "  အချစ်က အရာအားလုံးကိုမေ့လျော့စေသလား နာကျင်ထိခိုက်စေတာတောင် ပန်းနဲ့ပေါက်သလိုပင် အထင်မှား အမြင်မှားစေတော့၏ "


                           ®

                         ဗေဒါ


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖


       {အတိတ်ကပုံရိပ်များ………အပိုင်း ၂၃}


       …                      ®                        …

                              ဗေဒါ


        "  လမ်းဆုံးရင် ပြာဖြစ်မဲ့ဘဝမှာ

           မွေးဖွားခြင်း သေဆုံးခြင်း

           တည်ရှိခြင်း ပျက်သုန်းခြင်း

           ကွာဝေးခြင်း ကျဆုံးခြင်း

           ကြုံတွေ့ပါများလာတော့

           ဘဝဟာ မသေချာတာတွေကို

           ဖမ်းဆုတ်ရင်း နိမ့်တစ်လှည့်

           မြင့်တစ်လှည် အကုန်လွဲမှား

           သောဇာတ်ညွှန်းပုံသေနှင့်

           ပြဇာတ်တစ်ပုဒ်ပင်ဖြစ်၏  "


⬛️        ဗေဒါ မန်းလေး မှာ ရန်ကုန်ပြန်ရန် ကိုနေဝင်းဆီသို့နှုတ်ဆက်ရန်ဝင်လိုက်၏ ကိုနေဝင်းတို့အလုပ်အောင်မြင်ခြင်းကိုတော့ သူလည်းမပြော ဗေဒါလည်းမမေးခဲ့ပေ သို့ပေမယ့်ဗေဒါ ဘဝအတွက်အရေးပါလှသောစကားzZZZZZQတစ်ချို့ ကို ကြားနာခဲ့ရခြင်းက ဗေဒါဘဝအတွက်တန်ဖိုးရှိလှ၏ ဘဝတိုးတက်ဖို့ရန်မှာ ကိုယ်ပိုင်အလုပ်က အကောင်းဆုံးဖြစ်ကြာင်း သူတစ်ပါးအလုပ်ဆိုသည်မှာ ကိုယ်စိတ်နှင့်လုပ်တိုင်း တိုးတက်ကြီးပွားခြင်းရှိရင်တောင် အစွန်အဖျားပဲ ခံစား စံစားရမည်ဖြစ်သည် အမှားဖြစ်ရင်တောင် မိမိကိုယ်ပိုင်အလုပ်က မိမိသဘောဆောင်သဖြင့် မိမိကိုယ်ပိုင် ထိခိုက်မှုသာလျှင်ရှိပြီး သူတစ်ပါးအလုပ်ကတော့ အမှားဖြစ်ရင်တောင် သံသယတည်း ဟူသော ကောင်းခြင်း ဆိုးခြင်းရှိနှိင်၏ ဘဝမှာ ကိုယ်ပိုင်သောလုပ်ငန်းသာလျှင်ဘဝအတွက် ကြီးပွားခြင်းလမ်းစရှိမည် ထိုရွေးချယ်ဖန်တီးမှုကိုတော့ မိမိကိုယ်တိုင်ဖန်တီးယူရမည်ဟု ကိုနေဝင်းပြောစကားများသည် ဗေဒါဘဝအတွက် အလင်းတန်းလေးရရှိစေခဲ့သည် ဗေဒါအတွက် mr.လုတွင် ငွေရလွယ်၏ သို့သော် မျက်စီဖွင့် နားဖွင့်ရန် မလွယ်ကူပေ ငွေကအရာရာက်ုချုပ်ကိုင်နှိင်သည်ဆိုသော်လည်း လောကဓမ္မတာကိုတော့လွန်ဆန်နှိင်မည်မဟုတ် လူကဖန်တီးခဲ့သော ထိုငွေလအသပြာကပင် လူကိုဖောက်ပြန်ပြောင်းလဲစေတတ်သော သဘောရှိ၏

           

⬛️              ကိုနေဝင်းသည်ဗေဒါကို ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ရန် အစဉ်အမြဲ တိုက်တွန်းစေ့ဆော်ခဲ့သူတစ်ဦးဖြစ်သည် ကိုနေဝင်းသည် ကျောက်အကဲခတ် ကျွမ်းကျင်သကဲ့သို့ပင် လူအကဲခတ်မညံသူတစ်ယောက်ဖြစ်သည် မြန်မာပြည်ထိပ်တန်း သဌေးဖြစ်လာသော် ဦးဇော်ဇော်{max myanmar} ၏ စီးပွားရေးပဲ့ကိုင် godfatherတစ်ယောက်ပင်ဖြစ်၏ ဗေဒါ ကပြည်ပတွင်သာလှုပ်ရှားပြီ ကြီးပွားချမ်းသာအောင် အတော်ကြိုးစားအားထုတ်ခဲ့ရ၏ ပြည်တွင်းတွင်လုပ်သောသူတွေအများစုသည် စစ်အာဏာရှင်မိတ်ဆွေဖက်စီးပွားရေးဖြစ် ဘီလျံနာဖြစ်လာကြခြင်းဖြစ်သည် ဦးဇော်ဇော်သည် ကိုနေဝင်းချိတ်ဆက်မှုကြောင့် နအဖ စစ်ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနှင့် နီးစပ်ပြီး နအဖခေါင်းဆောင်ကြီး၏ မြေတောင်မြှောက်ပြုစုပျိုးထောင်ပေးခဲ့ခြင်းကြောင့် အရှင်မွေး နေ့ခြင်းကြီး ဘီလျံနာဖြစ်လာခဲ့ခြင်းဖြစ်သည် ဇော်ဇော်နှင့် ကိုနေဝင်းအကြောင်းများ အလျင်းသင့်ရင်ဖော်ပြပေးသွားမည်ဖြစ်သည်


⬛️              ဗေဒါ ရန်ကုန်အပြန်ခရီးက စဉ်းစားစရာများနှင့် အပြန်လမ်းဖြစ်ခဲ့သည် mr.လုနှင့် မိမိ၏ ရှေ့ဆက်ခရီးက ပြတ်သားရန်လိုအပ်၏ မိမိအပေါ်ထားရှိသော သဘောထားအမြင်ရှင်းလင်းရန်အရေးကြီး၏  ဂျာနှုး အပေါ်

တွင် ဗေဒါထားရှိသော အချစ်စိတ်သည် ဖြူစင်သန့်ရှင်းသောချစ်ခြင်းမျိုးဖြစ်၏ ဂျာနှုး အနားရှိချိန် ဂျာနှုးအသံကြားချိန်တိုင်း ဘဝ၏သာယာချမ်းမြေ့ဖွယ်ကောင်းသော အချိန်ကလေးများပင်ဖြစ်သည်  သို့သော် ဂျာနှုး ၏သဘောထားအမှန်ကိုတော့ ရှင်းလင်းစွာသိပြီး ရှေ့ဆက်ခရီးကို ရဲရဲဝံဝံလျှောက်လှမ်းရန်မှာ အရေးကြီးဆုံးသော အချိန်ရောက်နေပြီဖြစ်သည်


⬛️               လမ်းခရီးတစ်လျှောက်မိမိဘဝတစ်ခုလုံး ကိုပြန်လည်ဆန်းစစ်သုံးသပ်မိ၏ ငယ်ဘဝကတည်းက ဆိုးမိုက်တေပေခဲ့သော ဗေဒါ မိသားစုအတွက်ကော ပတ်ဝန်းကျင်အတွက်ကော ကောင်းကျိုးမရှိခဲ့ပေ ယခု mr.လု ဆီမှာလည်း mr.လုမိသားစုအတွက် အကျိုးဖြစ်ထွန်းသော်လည်း မိမိဝန်းကျင်အတွက်ကောင်းကျိုးပေးနှိငိမှုက မရှိ လူညွန့်တုံးစေသော မူးယစ်ဆေးကို မိမိကိုယ်တိုင်က ဖြန့်ဖြူးကိုင်တွယ်ပေးနေသူတစ်ယောက်အဖြစ် mr.လုအတွက် အသုံးတော်ခံပေးနေသော ဇာတ်ကောင်ကြီးဖြစ်နေပေပြီ ထိုကကလှမ်း များကို ပေါင်းသင်း ချိတ်ဆက်တက်လာအောင် mr.လု ကိုယ်တိုင်က ချိတ်ဆက်ပေါင်းသင်းစေခဲ့ခြင်းဖြစ်သည် ယခုတော့ ထိုလူများအတွက် သတင်းပေးစပ်ုင်ဟူသော ဘဝမျိုးကို mr.လုကိုယ်တိုင်က ထင်မြင်ယူဆလာပြီဖြစ်သည် ဗေဒါသိလိုက်ရတာတစ်ခုက ဘဝတွင် ထာဝရရန်သူမရှိသလို ထာဝရမိတ်ဆွေလည်း မရှိနှိငိပါတကား


 ⬛️            ရန်ကုန်ရောက်တော့ mr.လုတို့ဆီမသွားသေးပဲ အမဖြစ်သူ၏ အိမ်တွင် ခေတ္တာအနားယူပြီး အခြေအနေစောင့်ကြည့်ရန်ပိုသင့်တော်မည်ဟု တွေးမိပြီ သွားနေထိုင်လိုက်၏ ဂျာနှုးဆီဖုန်းဆက်ပြီး ရန်ကုန်ရောက်နေပြီ နောက်နှစ်ရက် လောက်နေ လာခဲ့မည်ပြောလိုက်၏ ဂျာနှုး သူထွက်လာမည် နေရာပြောရန်ဆိုသော်လည်း ဗေဒါ ငြင်းပယ်လိုက်၏ အမတစ်ယောက်အိမ်တွင် အနားယူနေသဖြင့် ပြီးမှာသာတွေ့ကြမည်ဟု ငြင်းဆိုလိုက်၏ အခြေနေအရပ်ရပ်ကို သုံးသပ်ရမည့်အပိုင်းက ဗေဒါဘဝအတွက် သေရေးရှင်ရေးတစ်မျှ အရေးကြီးပေ၏ 


⬛️              အမဖြစ်သူအိမ်တွင်နေရချိန်သည် မိသားစုဆန်သောနွေးထွေးမှုပြန်ရ၏ အမဖြစ်သူက တစ်ယောက်တည်းသောမောင်အတွက် လိုလေသေးမရှိပေ ယောက်ဖဖြစ်သူကလည်းနားလည်မှုရှိ တူ တူမလေး တွေကလည်း တစ်ဦးတည်းသော ဦးလေးဖြစ်သူကို ယခုမှာမြင်ရသဖြင့် ပျော်ရွှင်နေကြ၏ ထိုရကိပိုင်းများတွင် ဗေဒါ ပျော်ရွှင်ကြည်နှုးရသော် ဘဝအချိန်များဖြစ် ၏ 

            

⬛️             ယောက်ဖဖြစ်သူ၏ လုပ်ငန်းအထွေထွေကိုလည်း လိုက်လေ့လာမိ၏ သူကသစ်လုပ်ငန်းလုပ်နေသူ ပြည်တွင်းကုမဏ္ဍီနှင့် ပြည်ပ အဝယ် ကြားကချိတ်ဆက်ပေးရသူ သူကိုယ်တိုယ်လဲ ကုမဏ္ဍီဖွင့်ပြီ ကြားကဖြတ်ဝယ်သောစနစ်ဖြင့်လုပ်နေသူဖြစ်သည် ဗေဒါအတွက်တော့ သူလုပ်ငန်းက စိတ်ဝင်စားစရာပါ အရင်းအနှီးနဲနဲ နှင့်ပွဲစားလုပ်ပေးခြင်းဖြင့် ဒေါ်လာစားရသောလုပ်ငန်းသည် ကြီးပွားတိုးတက်ရန်ကောင်းမွန်သော လမ်းကြောင်းတစ်ခုပေါ်တွင်ရှိသည် ဗေဒါစိတ်ဝင်စားမိသည်ကအ

မှန်ပင်ဖြစ်သည်


⬛️            အမဖြစ်သူအိမ်တွင် နေပြီနောက် mr.လု ဆီသို့ဗေဒါ ထွက်လာလိုက်တော့သည် mr.လုခြံကို ရောက်တော့ အရင်ကထက်ပင် လုံခြုံရေးတင်းကျပ်ထားလေတော့သည် ဗေဒါခြံထဲဝင်လာတော့ ဂျာနှုးကို တွေ့ရသည် ဂျာနှုးထလာပြီး ဗေဒါကိုဆီးကြို၏ ထူးထူးဆန်းဆန်း ဗေဒါ လက်မောင်းကိုကိုင်ပြီး အိမ်ထဲအတူဝင်လာကြ၏ ဂျာနှုး မပြောခင် ဗေဒါ စပြောလိုက်၏ mr.လုကောဆိုတော့ နှိင်ငံခြားသွားကြောင်းပြောတော့ တမင်ရှောင်ထွက်သွားခြင်းပင်ဖြစ်ပေမည် ဂျာနှုးမှာ ဆက်၍ mr.လု အကိုကို လေဆိပ်တွင်စစ်ထောက်လှမ်းရေးမှာဖမ်းဆီးမည်အခြေအနေထိဖြစ်ပွားခဲ့ကြောင်း လော်ကြီးမှာ ထိပ်ပိုင်းအကြီးအကဲများကိုပြော၍အဆငိပြေသွားကြောင်း ဆိပ်ကမ်းက mr.လုမိသားစုပိုင် ကွန်တိန်နာပုံးသုံးပုံးအသိမ်းခံထိသွားကြောင်း စစ်ထောက်လှမ်းရေးကဖမ်းဆီးခဲ့ကြောင်းသိရသည် ကျားရွှမ်ကိုလည်းထိုအကြောင်းရင်းဖြစ်ဖမ်းဆီးသွားကြကြောင်း ထိုအတူ မန်းလေးတွင်သွားလုပ်သော ကိုနေဝင်းတို့ကိစ္စာမှာလည်း မအောင်မြင်အောင် စစ်ထောက်လှမ်းရေးကစောင့်ကြည့်မှု ရှိနေသဖြင့် လုပ်ငန်း ပျက်သွားကြောင်း နောက် mr.လု နှင့် လော်ကြီးမိသားစုဝင်များကို စောင့်ကြည့်ထောက်လှမ်းမှုများရှိကြောင်းပြောကြားသဖြင့် ဗေဒါလည်းနားထောင်ပြီး သူဖြစ်ခဲ့သမျှကိုလည်း ဂျာနှုးအားပြောပြလိုက်တော့ ဂျာနှုးက ဘာမှာမသိသော အံအားသင့်ဟန်ဖြင့် နားထောင်နေတော့သည် ဗေဒါမှာ ဆက်၍ mr.လုနှင့်တွေ့ပြီးမှာ mr.လုထံတွင် အလုပ်လုပ်ဖို့ဆုံးဖြတ်နှိင်မည်ဖြစ်ကြောင်းလည်းပြောလိုက်တော့ ဂျာနှုး က mr.လု အထင်လွဲမှုက ဗေဒါ တစ်ယောက်တည်းပေါ်တွင်မဟုတ် ဂျာနှုး လောရှည် သူတွင်ရှိသော လူအားလုံးကိုသံသယဝင်နေခြင်းသာဖြစ်ကြောင်းပြောပြီ ခုလည်း mr.လု သူအကို စတီဗင်လော  အဖေဖြစ်သူလော်ကြီးတို့ပါ ပြည်ပသို့ခရီးသွားပုံဖြင့်တိမ်းရှောင်သွားခြင်းသာဖြစ်ကြောင်းကုန်စင်ပြောတော့ ဗေဒါလည်း ခေါင်းရှုပ်သွား၏ စစ်ထောက်လှမ်းရေးသည် mr.လုမိသားစု ၏ ကျေးဇူးနှင့်ကင်းသူများမဟုတ်ပေ ဘာအတွက်ကြောင့်ရန်ရှာနေရပါသနည်း ဘိန်း ကျောကိစိမ်းဘသစ် ဆိုသည်မှာ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်၍ မရသောအရာများသာဖြစ်၏


⬛️ လော်ကြီး အဖေ၏ အရှိန်သည်လည်း မသေး စစ်ထောက်လှမ်းရေးအတွက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်လုပ်ပေးခဲ့သည်မှာ အဖွဲ့တော်တော်များကို အလင်းဝင်နှိင်ရန် ငွေအင်အား လူအင်အား အကုန်ပံပိုးပေးခဲ့သူဖြစ်၏ ခက်တာက စစ်ထောက်လှမ်းရေးအောက်ခြေက မောင်တွေက သတင်းအမှားတွေ လုပ်ကြံဖန်တီးပြီ အပေါ်အကြီးအကဲ တွေကို အင် အစီရင်ခံစာများတင်သွင်းတတ်သူများဖြစ်သည် ဗေဒါ အတွေးတစ်ချက်ဖြတ်ကနဲဝင်လာ၏ မိမိနှင့် သံချောင်းတို့လုပ်ကြံခံရခြင်းမှာ လုပ်ဇာတ်တစ်ခုလည်းဖြစ်နှိင်၏ တကယ်ထိအောင်ပစ်ရင် ဗေဒါကော သံချောင်းကော တစ်ခါတည်း သေသွားနှိင်၏ ခုထိသွားတာက သာမန် ကင်းသမားစစ်သားလေးတွေဖြစ်သည် ဗေဒါ နှင့် သံချောင်းတို့ စခန်းထဲ ဝင်ပြီးမှာ ချိန်ကိုက်လှမ်းပစ်ခြင်းဖြစ်သည်ဗေဒါ စဉ်းစားကြည့်သော် လုပ်ကြံဖန်တီးမှုတစ်ခုဖြစ်နှိင်၏ ပြီးရင် လော်ကြီးနှင့် နီးစပ်သောလက်နက်ကိုင်အဖွဲ့ကိုခေါင်းစဉ်တပ်လာနှိင်၏ ဒီလို ကိစ္စာ ရပ်မျိုးတွေမှာထောက်လှမ်းရေးက မောင်တွေ ကျမ်းကျေ ပါရဂူများသာ ဖြစ်၏ ဗေဒါကိုလည်း mr.လု မိသားစု မှာ ခွဲထုတ်ခြင်း ပုံသဏ္ဍန်မျိုးဖြစ်အောင် ဖန်တီးသွားနှိင်မည်ဖြစ်

၏ တတ်လည်း တတ်နှိင်တဲ့ လူတွေ ဗုံးတွေ တစ်နှိင်ငံလုံး ဖောက်ပြီး ကြိုတင်ကြံစည်ထားသော နှိင်ငံရေးသမားများကျောင်းသားများအကုန် ထောင်ထဲ ပို့ခဲ့ကြသူများသာဖြစ်သည် ဗေဒါထည့်စဉ်းစားရမိအချက်မှာ မိမိလူကို ထိုးကျွေးပြီ အကုန်ပြန်စားတတ်သော ဗျူ ဟာ တစ်ရပ်ကို ထည့်သွင်းစဉ်းစားထားရမိဖြစ်သည်


အခန်း ၂၄ဆက်လက်ဖတ်ရှုပါရန်


    Stories by👁ဗေဒါ

    Writtenby 🖊️ကျည်မင်းသိန်

    Edited by➡️စည်သူ

 

No comments: