ကားသစ်များ နှင့် အာမခံကြေး

အငှားယာဉ်များအတွက်နှစ် စဉ်ကြေးတနှစ်စာကျပ် ၁၆၀၀၀၀ ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။ မော်တော်ကားပရီမီယံကြေးနှင့် ပတ်သက်၍မော်တော်အင်ဂျင်ဆွဲ အားအပေါ်မူတည်၍ အလုံးစုံ အာမခံကြေးကွဲလွဲခြားနားမှုများရှိ မည်ဖြစ်သည်။အလုံးစုံအားမခံကြေး လျှောက်ထားရာတွင် မြန်မာ့အာ မခံဌာန၌လျှောက်လွှာဖြည့်စွက်ပြီး၊ အာမခံထားရှိမည့်ကား အသစ်၏ ရှေ့၊နောက်၊၀ဲ၊ယာမှ ရိုက်ထား သောကား၏ ဓာတ်ပုံလေးပုံနှင့် ကားအသစ်၏ တန်ဘိုးအနိမ့်ဆုံး ဈေးကျပ်သိန်း ၁၀၀မှစ၍ အာမခံ ထားရှိရမည်ဖြစ်သည်။အလုံးစုံ အာမခံထားရှိနိုင်သည့် နေရာမှာ၊ ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ကုန်သည်လမ်းအမှတ်(၆၂၇/၆၃၅) သို့ ဆက်သွယ်လျှောက်ထားနိုင် ကြောင်းသိရသည်။
ခေတ်စနစ်နှင့်အညီပြောင်း လဲတင်သွင်းလာသော ကားအ သစ်များကို အလုံးစုံအာမခံပရီမီယံ ကြေး အနိမ့်ဆုံးကျပ်သိန်း ၁၀၀၊ အမြင့်ဆုံးကျပ်သိန်း ၂၀၀အထိ အာမခံထားနိုင်ပြီး ၎င်းကားများ မည်သည့် နေရာတွင် ဖြစ်စေယာဉ် တိုက်မှုဖြစ်ပွားပါက အာမခံကြေး ကို အချိန်နှင့်တပြေးညီပေးလျော် သွားမည်ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment