Pages

Saturday, 22 October 2011

ဇာဂနာ Facebook ဖွင့်ထားဟုဆို


ကမ္ဘာပေါ် တွင် သုံးစွဲသူ အများဆုံး လူမှုရေး Website တစ်ခု ဖြစ်သည့် Facebook တွင် Maung Thura (မောင်သူရ) အမည်ဖြင့် Account ဖွင့်ထားကြောင်း လွတ်ငြိမ်းချမ်းသာ ခွင့်အရ အောက်တို ဘာလ ၁၂ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာသော စွယ်စုံရ အနုပညာ ရှင် ဦးဇာဂနာ (ခ) မောင်သူရက The Voice Weekly သို့ ပြောကြား သည်။
" ဖုန်းဆက်ပြီး မေးမေး နေကြတယ်။ အတု မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် Facebook ဖွင့်ထား တာပါ။ ဟုတ်ပါတယ်။ ကျွန်တော်ပါပဲ။ Facebook မှာ မောင်သူရ အမည်နဲ့ နှစ်ယောက် ဖြစ်နေ တယ်။ ဒါပေမဲ့ ဘယ်လိုမှ မှားစရာ မလိုဘူး။ ကျွန်တော်က ကတုံးမှာ ဘားကုတ် ပုံနဲ့ တင်ထားတာပါ " ဟု ဦးဇာဂနာက ရှင်းပြသည်။
၎င်းမူလ သုံးနေသောthura61@gmail.com thura61@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it ကို လက်ရှိ မသုံးတော့ကြောင်း၊ ယင်းမှာ အကျဉ်းမ ကျခင် သုံးသော E-mail လိပ်စာဖြစ်ပြီး လက်ရှိသုံးစွဲနေသော E-mail မှာzaganar.2011@gmail.com zaganar.2011@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
http://www.facebook.com/people/Maung-Thura/100003073530517

No comments: