Pages

Friday 14 October 2011

မြန်မာ ဖက်ရှင် ဒီဇိုင်နာများ၏ Website လွှင့်တင်

 .Saturday, 15 October 2011 00:00 Net Guide Journal .. .မြန်မာဖက်ရှင် ဒီဇိုင်နာ အုပ်စု (Myanmar Fshion Designer Group) ၏ official website အား MFTG မှ ပြုလုပ်သော Fashion Phenomenon ပွဲ ကျင်းပ သည့်အောက်တိုဘာ ၁ ရက်နေ့တွင် တရားဝင်စတင် လွှင့်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်လိပ် စာမှာ www.mfdesignergroup.com ဖြစ်ပြီး
 ကွန်နက်ရှင် ၂ မျိုးဖြင့် ရွေး ချယ်ကြည့်ရှုနိုင်မည့် ပထမဆုံး ဝက်ဘ်ဆိုက်ဖြစ်ကြောင်းသိရသည်။ “ဆိုက်ကိုဝင်လိုက်တာနဲ့ low connection နဲ့ normal connection ဆိုပြီး ၂မျိုး ရွေးချယ်နိုင်ပါတယ်။ Low ကိုရွေးလိုက်ရင် ဆိုက်ထဲတန်း ရောက်သွားပါမယ်။ normal မှာ ဆို ရင်တော့ intro page တစ်ခုနဲ့ စကြို ပြီး ဖက်ရှင်ဝက်ဘ်ဆိုက်တစ်ခုရဲ့ အ ရသာကို အပြည့်အဝခံစားရစေမှာ ပါ။ မြန်မာ့ဖက်ရှင်လောကအတွက် နိုင်ငံတကာမှမြင်တွေ့မယ့် image တစ် ခုဖြစ်တာကြောင့် အခြားဆိုက်များ နှင့်မတူအောင် တစ်မူထူးခြားစွာတင် ဆက်ထားတာပါ” ဟု Myanmar Web Studio မှ Managing Director ဖြစ်သူ ဦးအောင်ညွှန့်ဆွေက ဆိုသည်။ ဆိုက်တွင် ဒီဇိုင်နာ ၂၀ ကျော် ၏ ကိုယ်ရေးရာဇဝင်များ သာမက ပွဲလိုက်ဖ်ရှိုးဗီဒီယိုများ၊ Press Release များ၊ Gallery စသော ကဏ္ဍအသီး သီးကိုပါ up to date ပြည့်စုံစွာ တင် ဆက်သွားမည်ဖြစ်သည်။ Facebook ပေါ်တွင်လည်း Myanmar Fashion Designer Group ၏ Like(Fan) Page ဖွင့်လှစ်ထားကြောင်း သိရသည်။

No comments: