Pages

Thursday 6 October 2011

ရန်ကုန် မြို့တော်နှင့် သဘာဝ ဘေးအန္တရာယ်

ရန်ကုန် မြို့တော်နှင့် သဘာဝ ဘေးအန္တရာယ် .Friday, 07 October 2011 00:00The Voice Journal...အထပ်မြင့် အဆောင် အအုံများ မျက်နှာချင်း ဆိုင်တည် ဆောက်ထားသည့် လမ်းဆုံး လမ်းခွကြီး တစ်ဝိုက်တွင် တန်ဖိုးကြီး လုံးချင်း အိမ်များက ဆွဲဆောင် မှုရှိသကဲ့သို့ အဖိုးတန် ကားများမှာ လည်း ဥဒဟို ဝှီးခေါ်နေကြသည်။ ထိုနေရာမှာ ရန်ကုန်မြို့တော်တွင် အထင်ကရ လုပ်ငန်း ရှင်ကြီးများ နေထိုင်အေသာ အရပ်နှင့် တန်ဖိုး အကြီးမာဆုံး မြေဈေးနှုန်း တို့ ဖြင့် ကျော်ကြားနေသော ရွှေဂုံတိုင်မြို့ ပြ နေရာ ပင်ဖြစ်သည်။

ရန်ကုန်မြို့တော်၏ တည်နေရာ အနေအထားအရ ရွှေဂုံတိုင် ဝန်းကျင်တစ်ဝိုက်သည် အောက်ခံ မြေသားရှိသည့် အတွက် တောင်ကုန်းနေရာများသာဖြစ်ပြီး ကျန်သည့် နေရာ များမှာ နုန်းတင်မြေနုများသား ဖြစ်ကြပြီး ရန်ကုန်မြို့ကို အဝေးကြည့်မည်ဆိုပါက မြို့၏ အလယ် တွင် တောင်တန်း သဖွယ်ဖြစ်နေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ အထွေထွေ အတွင်း ရေးမှူ ဦးစိုးသူရထွန်းက ပြောကြားသည်။


ရန်ကုန်မြို့တော်၏ အောက်ခံ မြေအနေအထားသည် ငလျင်လှိုင်းဖြတ် သန်းမည်ဆိုပါက ပျက်စီးမှုသည် မြို့တွင်း အခြားနေရာများထက် ရွှေဂုံတိုင် သည် အောက်ခံ ကျောက်သား ရှိသည့် အတွက် ခံနိုင်ရည်ပိုရှိပြီး မြို့သစ် ဝန်းကျင်နှင့် မြစ်ကမ်းတစ်လျှောက် နေရာများတွင် နုန်းတင်မြေ များဖြစ်၍ ငလျင်လှိုင်းဖြတ်သန်းပါက ပိုမိုအားကောင်း ပြီး အမြန်ရွေ့လျား သွားကြောင်း ၎င်းက ရှင်းပြသည်။ “နုန်းတင်မြေနုအောက်မှာရှိတဲ့ အတွက် ငလျင်လှိုင်းဖြတ် တဲ့အခါ Amplifier ဖြစ်စေပါတယ်။ ငလျင် တစ်ခုလှုပ်ရင် Indensity ပြင်းထန်အား ပိုခံရပါတယ်။ ငလျင်ဒဏ်ခံရရင် ရွှေဂုံတိုင် နဲ့ မြို့လယ်ကောင် နှိုင်းယှဉ်ရင် မြို့လယ် က ပိုခံရနိုင်ပါတယ်” ဟု ဦးစိုးသူရထွန်း က မှတ်ချက်ပြုသည်။

ရန်ကုန်မြို့တော်ကြီးကဲ့သို နေရာ မျိုးတွင် ပုံမှန်မြေပြိုမှုများကို အင်ဂျင်နီယာ နည်းဖြင့် ငွေကြေးအကုန်အကျခံကာ ကာကွယ်လုပ်ဆောင်နိုင်သည့် အနေ အထားဖြစ်ပြီး ဥပမာအားဖြင့် မြေထိန်း နံရံများတည်ဆောက်ခြင်း၊ ဆင်ခြေလျှော များကို လှေကားထစ်ပုံစံဆောက်လုပ် ခြင်းများလုပ်ဆောင်နိုင်ကြောင်း၊ ငလျင် လှိုင်း လှုပ်ခတ်မည်ဆိုပါကလည်း မြေပြိုမှုကြောင့်သာ အသက်ဆုံးရှုံးရခြင်း မဟုတ်ဘဲ အဆောက်အအုံများကြောင့် လည်း အသက်ဆုံးရှုံးနိုင်သည့်အတွက် ကြောင့် လူတိုင်းလူတိုင်းသည် ကိုယ့် အန္တရာယ်ကို ကိုယ်သိရန်လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။ “မြေကြီးတွေကို ဖဲ့ယူပြီးတော့ အဆောက်အအုံတွေကို ဆောက်ထား တယ်။ ကျောက်သားမြေတွေကို အဲဒီလို ဖဲ့ယူပြီး မြေထိန်းနံရံ မလုပ်ထားဘူး ဆိုရင် ချက်ချင်း မပြိုတောင် မိုးရွာရင် ပြိုပါတယ်” ဟု ရွှေဂုံတိုင်မြေပြိုနိုင်မှုနှင့် ပတ်သက်၍ ၎င်းကမှတ်ချက်ပေးသည်။

မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း၌ လွန်ခဲ့သည့် အနှစ် ၁၇၀ အတွင်း ပြင်းထန်မှု ပမာဏ ၇ မဂ္ဂနီကျုနှင့်အထက် ရှိသော ငလျင် ၁၆ ကြိမ်လှုပ်ခတ်ခဲ့ပြီး ယင်းတို့ အနက် ၁၈၃၉တွင် အင်းဝငလျင်၊ ၁၉၁၂ ခုနှစ်တွင် မေမြို့ငလျင်၊ ၁၉၃၀ပြည့်နှစ် တွင် ပခူးငလျင်၊ ၁၉၇၆ ခုနှစ်တွင် ပုဂံ ငလျင်နှင့် ၁၉၇၅ ခုနှစ်တွင် စစ်ကိုင်း ငလျင်တို့မှာ ပျက်စီးမှုအများဆုံးဖြစ်ခဲ့ ကြောင်း ငလျင်ပညာရှင်ဦးသိန်း၏စာတမ်း တွင် ဖော်ပြထားသည်။ ကမ္ဘာပေါ်ရှိ အဓိကငလျင်ကြော ကြီးနှစ်ခုအနက်မှ တစ်ခုဖြစ်သော အယ်လ်ပိုက်ငလျင်ကြောနှင့် မြန်မာနိုင်ငံ သည် ဆက်စပ်လျက်ရှိပြီး ငလျင် လှုပ်ခတ်စေသော အဓိက အကြောင်း အရင်းမှာ မြောက်ဘက်သို့ ရွေ့လျားနေ သော အိန္ဒိယမြေထုချပ်သည် ယူရေးရှပ် မြေထု၏အစိတ်အပိုင်းတစ်ခုဖြစ်သော မြန်မာ မြေထုချပ်ငယ်အတွင်းသို့ တစ်နှစ် လျှင် လေးစင်တီမီတာခန့် တိုးဝင်နေ ခြင်းဖြစ်ကြောင်း ယင်းစာတမ်းတွင် ဖော်ပြထားသည်။ “နှစ်တစ်ရာမပြည့်ခင် လှုပ်သွားတဲ့ ငလျင်တွေဟာ အင်အားနည်းတတ်ပါ တယ်။

နှစ်တစ်ရာမှာ လှုပ်တတ်တယ်လို့ ခန့်မှန်းထားပေမယ့်လည်း မနက်ဖြန်၊ သဘက်ခါလည်း ဖြစ်နိုင်ပါတယ်” ဟု ဦးစိုးသူရထွန်းက အတိတ်ငလျင်နှင့် ပတ်သက်၍ ရှင်းပြသည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ဆယ်ကျော်အတွင်း ၂၀၁၁ မတ်လ ၂၄ ရက်နေ့တွင် တာချီလိတ်မြို့နယ် တာလေ မြို့နယ်ခွဲ၌ တစ်ဖန် ပြန်လည်ကာ လှုပ်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၀ နှစ်ဆန်းပိုင်း တွင် မြန်မာနိုင်ငံ ပြင်ပဗဟိုပြုကာ ပြင်းအား ၇ မဂ္ဂနီကျူးထက် ပြင်းသော ငလျင်လှုပ်ခတ်စဉ်ကလည်း ရန်ကုန်မြို့တော် ၏လူအများ အပန်းဖြေရာနေရာတစ်ခု ဖြစ်သော အင်းလျားကန်ဘောင်တွင် လည်း ကန်အတွင်းရှိ ရေလှိုင်းသံများ ကျယ်လောင်စွာကြားခဲ့ရပြီး လှိုင်းကြီး များ ပုတ်ခတ်ခဲ့ကြောင်း ယင်းကန်ဘောင် ရှိ စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

၄၇ လမ်းရှိ အဆောက်အအုံ အပေါ် ဆုံးထပ် (၇လွှာ)တွင် နေထိုင်သော ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ငလျင် ထပ်လှုပ်မှာကြောက်လို့ အောက်ကို ပြေးဆင်းခဲ့ရတယ်။ တစ်ညလုံး ကြောက်ပြီး အိပ်မပျော်ဘူး” ဟု ၂၀၁၀ နှစ်ဆန်းပိုင်း ငလျင် လှုပ်ခတ်မှု ကြုံတွေ့ခဲ့ရပုံကို ရှင်းပြသည်။ လက်ရှိမြန်မာနိုင်ငံတွင် ငလျင် တိုင်းတာရေးစက်များမှာ အားနည်း လျက်ရှိပြီး တိုင်းတာရေးစက် ၁၆ လုံး ရှိသည့်အနက် အချို့စက်များမှာ မော်ဒယ်လ် နောက်ကျနေကြောင်း ငလျင်ပညာရှင် အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။ စီမံခန့်ခွဲမှုပညာရှင် ဒေါက်တာ အောင်ထွန်းသက်ကလည်း “သဘာဝ ဘေး အန္ဘရာယ်စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ပါလီမန်မှာ ဆွေးနွေးသင့်တယ်” ဟု ဇွန်လထုတ် Living Color မဂ္ဂဇင်းနှင့် အင်တာဗျူးတွင်ပြောကြားထားသည်။

နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များမှာ မြန်မာ နိုင်ငံတွင်ဖြစ်ပွားခဲ့ခြင်းထက် အဆ ပေါင်းများစွာ ပြင်းထန်သော်လည်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုများ လျော့နည်းလျက်ရှိနေခြင်းမှာ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု အစီအမံကောင်းခြင်းကြောင့်ဖြစ်ကြောင်း ဒေါက်တာအောင်ထွန်းသက်က အဆိုပါ အင်တာဗျူးတွင် ထည့်သွင်းသုံးသပ် ထားသည်။ ရန်ကုန်မြို့တော်သည် ငလျင်လှုပ် ခတ်နိုင်သည့်ဇုန်များတွင် ပါဝင်မှုမ ရှိသော်လည်း ပြင်းထန်မှုအားရှိသော ငလျင်ဇုန်များနှင့် ဆက်စပ်လျက်ရှိပြီး ၁၉၃၀ တွင် ပဲခူးမြို့၌ အင်အား ၇ ဒသမ ၃ ရှိသော ငလျင်လှုပ်ခတ်ခဲ့ရာတွင် ပဲခူးမြို့ ပေါ်မှ လူဦးရေ ၅၀ဝ ကျော် သေဆုံးပြီး ရန်ကုန်မြို့ပေါ်တွင် လူဦးရေ ၅၀ ကျော် သေဆုံးခဲ့ကြောင်း ငလျင်မှတ်တမ်းများ အရ သိရသည်။ “ပဲခူးငလျင်တုန်းက အဆောက် အအုံတွေသိပ်မရှိသေးတဲ့ ကာလမှာ တောင် လူ ၅၀ဝ လောက်သေတယ် ဆိုတော့ ခုလိုကာလမှာဖြစ်မယ်ဆိုရင် ထိခိုက် ပျက်စီးမှုများလာလိမ့်မယ်” ဟု ဦးစိုးသူရထွန်းက သုံးသပ်ထားသည်။

ငလျင်လှုပ်ခြင်းကို ယနေ့အချိန် အထိ ပညာရှင်များက ကြိုတင်တွက်ဆ ပြော ဆိုခြင်းမရှိသေးသည့်အတွက် မြေငလျင် လှုပ်ခတ်ချိန်တွင် မိမိတို့ ရောက်ရှိရာ နေရာတွင် မည့်သို့လုပ်ဆောင်ရမည်ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများမှ ဗဟုသုတ ရရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် လက်ကမ်းစာစောင် များထုတ်ဝေထား ပြီး ဖြစ်သည်ဟု ငလျင်ပညာရှင် များ ၏ ပြောဆိုချက်များအရ သိရ သည်။ အတိတ်ငလျင်ကြီးများသည် နှစ်တစ်ရာတွင် တစ်ကြိမ်ပြန်လည် လှုပ်ခတ်တတ်သည်ဖြစ်ရာ ပဲခူးငလျင် လှုပ်ခတ်ခဲ့သည်မှာ နှစ်၈၀ ကျော်လာပြီ ဖြစ်သည့်အတွက် သတိထားရမည့် ကာလသို့ရောက်ရှိလာပြီဖြစ်သည်ဟု ဦးစိုးသူရထွန်းကဆိုသည်။ အဖိုးတန်အိမ်ရာများနှင့် အထက် တန်းစားကားများကို ပိုင်ဆိုင်ထားသော ရွေဂုံတိုင်နယ်မြေတွင်တော့ အရင် အတိုင်းပင် ဥဒဟိုသွားလာလှုပ်ရှား ခေါ်နေကြဆဲဖြစ်သည်။

No comments: