Pages

Thursday 13 October 2011

Gtalk မှာ သူငယ်ချင်းတွေနဲ့ Group ဖွဲ့ပြီး Chat ချင်တယ်ဆိုရင်

Internet


Photo
By Net Guide Journal
အွန်လိုင်းမှာ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ချက်တင်ဝင်ချင်လို့ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်း ရုံးလုပ်ငန်းတွေအတွက် Group လေးလုပ်ပြီး ဆွေးနွေးပွဲလေးတစ်ခု ဖန်တီးချင်တဲ့ သူတွေအတွက်  group chat လုပ်ပုံ လုပ်နည်းလေးကို ရှင်းပြပေးပါမယ်။ ပထမဆုံး ဒီလင့်လေးကို သွားလိုက်ပါ http://partychapp.appspot.com/ ပြီးတာနဲ့ အောက်မှာ How do I create a room? ဆိုတာလေး တွေ့လိမ့်မယ်ဗျာ။ အဲဒီအောက်က Sign in မှာ ကိုယ့် gmail နဲ့ sign in ဝင်လိုက်ပါ။


ပြီးရင် allow လုပ်လိုက်ပါ။ ပြီးတာနဲ့ အောက်က ပုံမှာပါတဲ့အတိုင်း How do I create a room? အောက်က Create a new room လေးကို ထပ်ကလစ်လိုက်ပါ။



အဲဒီက Room name မှာ ကိုယ်ထည့်ချင်တဲ့ နာမည်လေး ရိုက်လိုက်ပါ။ ပြီးရင် Room type မှာ ရွေးဖို့က နှစ်ခုပေးထားတယ်။ Invite Only ကို ရွေးပေးထားရင်တော့ Chat room ဖွင့်ထားတဲ့ Admin က အပ်ထားတဲ့လူတွေပဲ ဒီ Chat room ထဲမှာ ချက်လို့ရမယ်။ အပြင်ကနေ လာအပ်ပြီးတော့ ဝင်ရောက် ပြောဆိုခွင့်ရှိမှာ မဟုတ်ပါဘူး။ Open ကို ရွေးထားရင်တော့ ဘယ်သူမဆို လာအပ်လို့ ရနိုင်ပါတယ်။

ပြီးတာနဲ့ Other to inviteထဲမှာ gmail တစ်ခုကို ထည့်ပြီး invite လုပ်လိုက်ပါ။ ပြီးတာနဲ့ Create ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ကိုယ်ပိုင် Chat room လေးတစ်ခု ရသွားပြီပေါ့ဗျာ။ ပြီးတာနဲ့ the room's page ဆိုတဲ့ စာတမ်းလေးကို ကလစ်လိုက်ရင် ကိုယ့်ရဲ့ Chat room page ဆီ ရောက်သွားလိမ့်မယ်။ ရောက်သွားပြီဆိုရင် invite လုပ်ချင်တဲ့ သူငယ်ချင်းတွေကို Other to invite ဆိုတဲ့ အကွက်ဘေးထဲမှာ mail ကို ထည့်ပြီး Create ကို နှိပ်လိုက်တာနဲ့ အိုကေပြီ။ ကိုယ် invite လုပ်ထားတဲ့ လူက လက်ခံရင်တော့စပြီး  Chat လို့ ရပြီပေါ့ဗျာ။ ဒီလောက်ဆိုရင် သူငယ်ချင်းတွေလည်း ဘယ်လိုလုပ်တယ်ဆိုတာ သိလောက်ပါပြီ။

လေကြော ရှည်နေသလို ဖြစ်နေပြီ။ မထူးပါဘူး။ ရှည်လက်စနဲ့တော့ သိတာလေးတွေ ထပ်ပြောလိုက်ဦးမယ်။ Chat room ထဲမှာ နာမည်ရေးချင်တယ် ဆိုရင်တော့ / alias *name* ဆိုပြီး ကျွန်တော် name လို့ ရေးထားတဲ့နေရာမှာ ကိုယ်ကြိုက်တဲ့ နာမည်လေး ရေးပေးလိုက်ပါ။ Chat room ထဲမှာ online မှာ ဘယ်သူတွေရှိလဲ သိချင်ရင် /list ပြီးရင် enter နှိပ်လိုက်တာနဲ့ Chat room ထဲမှာရှိတဲ့ gmail တွေ ပေါ်လာလိမ့်မယ်။ အဲဒီမှာ gmail ရဲ့ ဘေးမှာ (online) လို့ ရေးထားတဲ့လူတွေက လက်ရှိ ရှိနေတဲ့လူတွေပါ၊ Chatroom ထဲကနေ ထွက်ခွာချင်တယ် ဆိုရင်တော့ /leave လို့ရိုက်ပြီး enter ပေါ့ဗျာ။ ပြန်ဝင်ချင်တယ် ဆိုရင်တော့ တစ်ခုခုရေးပြီး enter နှိပ်လိုက်တာနဲ့ ပြန်ဝင်ပြီးသား ဖြစ်နေပါလိမ့်မယ်။ မှတ်ချက်။   ။  party chat room  အသုံးပြုသူများ အနေနဲ့  gtalk autoreply များ အသုံးပြုလို့ ရမှာမဟုတ်ပါ။


No comments: