Pages

Tuesday 4 October 2011

တောက်ပလင်းလက်တဲ့ မျက်ဝန်းလေးများ ပိုင်ဆိုင်လိုပါက

 

news
လူတစ်ဦးရဲ့ အတွင်းစိတ်နေစိတ် ထားကို သူ့ရဲ့မျက်ဝန်းတွေက အမြဲ ကိုယ်စားပြုဖော်ပြလေ့ရှိ ပါသတဲ့။ ရှည် လျားကော့ညွတ်နေတဲ့ မျက်တောင်ရှည် ကြီးများကလည်း လင်းလက်တောက်ပ နေတဲ့ သင့်ရဲ့အရည်လဲ့လဲ့မျက်ဝန်းများ ရဲ့ဆွဲဆောင်မှုကို အားပိုကောင်းစေတာ တော့အမှန်ပင်ဖြစ်ပါတယ်။ မျက်ဝန်း လေးများကို ဘောင်ခတ်ဝန်းရံ၊ ထောက်ကူပေးထားတဲ့ မျက်ရစ်လေး တွေနဲ့အတူ မျက်ခွံနဲ့မျက်တောင် လေးတွေကို မျက်လုံးအလှပြင်ပစ္စည်း များဖြစ်တဲ့ အိုင်းလိုင်နာ၊ အိုင်းရှဲဒိုး၊ မတ်စ်ကာရာ၊ မျက်တောင်ကော့ကိရိယာ စတဲ့ မျက်လုံးအလှပြင် ပစ္စည်း တွေအသုံးပြုပြီး ဘယ်လို လှပထင်ရှား အောင် ပြုပြင်ပေးသင့်လဲ ဆိုတာကို ဒီတစ်ပတ်ဖော်ပြလိုပါတယ်။
အဆင့်(၁) Lash ConditioningCleanser သုံုံးပါ။
မျက်တောင်လေး တွေ နူးညံ့ပျော့ပျောင်းပြီး သန့်ရှင်းလှပစေရန် မျက် တောင်သန့်စင်ဆေးရည်ကို အသုံးပြုပြီးသင့်မျက်တောင် ကလေးတွေအား နေ့စဉ် သန့်စင်ပေးလိုက်ပါ။ မျက် တောင်ပေါ်မှာ တွယ်ကပ် ကျန်နေခဲ့သောမျက်တောင်ကော့ဆေး၊အိုင်းရှဲဒိုး၊ အိုင်းလိုင်နာ၊ မိတ်ကပ်အကြွင်း အကျန်များကိုလည်း ဖယ်ရှားပေးနိုင်သလို မျက်တောင်လေး တွေနူးညံ့လာပြီး ပိုမိုရှည်လျားစေ ပါတယ်။
အဆင့်(့၂) ထိခိုက်ခံစားလွယ်တဲ့ မျက်လုံး (Sensitive Eye) ပိုင်ရှင်ဖြစ် ပါက Gentle Eye Cleanser သုံးပါ။ အခြားသူများနှင့်တူ မျက်လုံး အလှပြင်ပစ္စည်းများ အသုံးပြုတဲ့အခါ မျက်လုံးယားယံခြင်း၊ မျက်လုံးရောင် ရမ်းခြင်းဖြစ်လွယ်တဲ့သူကို ဓာတ်မတည့် မှုဖြစ်လွယ်သော မျက်လုံးပိုင်ရှင်လို့ သတ်မှတ်လို့ရပါတယ်။ ထိုသူများဟာ Gentle Eye Cleanser မျက်လုံးသန့် စငေ် ဆးရညအ် ပျောစ့ားကို အသုံး ပြု ပေးသင့်ပါတယ်။ ဓာတ်မတည့်မှု မဖြစ်ပေါ်ဘဲ နေရထိုင်ရကောင်းပြီး လူ ကိုသက်သောင့်သက်သာဖြစ်စေပါတယ်။
အဆင့်(၃) ချေးညော်တွေကင်းစင်အောင်The Gentle Eye Scrub သုံးပေးနိုင်တယ်။
တစ်ခါတစ်ရံ မျက်ခွံနှင့် မျက်လုံးတစ်ဝိုက်က အရေပြားဟာ ခြောက် သွေ့ပြီး ညှို့မှိုင်းနေတာကြောင့် မျက်ကွင်းညိုသလို ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မျက်လုံး တစ်ဝိုက်က အရေပြားတွေ ပိုမိုစိုလက် တောက်ပ လာစေရန်အတွက် ဖော်စပ်ထုတ်လုပ် ထားတဲ့ The Gentle Eye Scrub ကိုသုံးပြီး မျက်လုံးတစ်ဝိုက်ကို သန့်စင် လိုက်ပါ။ ထိုအ ခါ Eye Scrub ထဲမှာ ထည့်သွင်း ဖော်စပ်ထားတဲ့အဆီဓာတ် Unsaturated Triglycerides များက သင့်မျက်ခွံလေး များအားစိုလက်ဝင်း ပလာစေပါလိမ့်မယ်။
အဆင့်(၄) အညောင်းပြေစေတဲ့ မျက်ခွံ့အုပ်အကာလေးများကို သုံးပေးနိုင်ပါတယ်။
ကွန်ပျူတာရှေ့မှာ တစ်နေကုန် ထိုင်အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေ၊ တစ်နေကုန်စာကြည့်ရတဲ့ ကျောင်းသူ ကျောင်းသားတွေအဖို့ ညပိုင်းအိမ်ပြန် ရောက်တဲ့အခါ မျက်လုံးလေးတွေ ညောင်းညာမှာကတော့အမှန်ပါပဲ။ ပင်ပန်းနွမ်းနယ်နေတဲ့မျက်လုံးလေးတွေ ကို အနားပေးရန် အသုံးပြုနိုင်တဲ့ Eye Therapy Patchကိုလည်း ယခုအခါ စတိုးဆိုင်တွေမှာ မေးမြန်းပြီး ဝယ်ယူ ရရှိနိုင်ပါတယ်။မျက်လုံးလေးတွေကို မှိတ်ထားပြီး ထိုအဖုံးကာလေးကို မျက်ခွံ ပေါ်အုပ်ပေးထားခြင်းဖြင့် အညောင်းပြေ သွားမယ့်အပြင် အချို့သောမျက်ခွံအုပ် ပစ္စည်းတွေမှာ သဘာဝသစ်သီးအနှစ် များ၊ အမွှေးရနံ့လေးများပါဝင်လို့ မိနစ် အနည်းငယ်အတွင်း မျက်လုံးလေးတွေ သိသိသာသာပြေလျော့ လန်းဆန်းလာ တာကို တွေ့ရပါလိမ့်မယ်။
အဆင့် (၅) မျက်ရစ်လှစေမယ့်ဂျယ်လ် Eye Detox Contour Gel ကမျက်ခွံမို့တာနှင့် မျက်ကွင်းညိုတာ၊ မျက်ကွင်းချိုင့်တာတွေကိုပျောက်ကင်းစေ ပါတယ်။
ထိုဂျယ်လ်အသုံးပြုခြင်းဖြင့် မျက်ကွင်းပြဿနာများ ပြေလည်သွား နိုင်ပါလိမ့်မယ်။ အဆင့်(၆) နေ့စဉ် အသုံးပြုနေတဲ့ မက်စ်ကာရာကို ၄လတစ်ကြိမ်လဲ၍ အသစ်ဝယ် သုံးပါ။ တချို့သော မမတွေဟာ မက်စ် ကာရာတစ်ခုကို တစ်နှစ်ပတ်လုံး မကုန်မချင်းသုံးလေ့ရှိပါတယ်။ ရေဆေး လို့ရတဲ့ သွားပွတ်တံတစ်ချောင်းကို တောင် ၆လပဲသုံးသင့်တယ်လို့ သတ် မှတ်ထားတယ်ဆိုရင် ရေမဆေးရတဲ့ မက်စ်ကာရာကို ၄လတစ်ကြိမ်ပုံမှန် အသစ်လဲလှယ်၍ သုံးပေးသင့်ပါတယ်။
လှယမင်းတင်

No comments: