Pages

Wednesday 19 October 2011

သရုပ်ဆောင်ထက်ထက်မိုးဦးအမှု ပုံမှန်ရုံးဖွင့်ချိန်ထက်စောရ်ျကြားနာ

သရုပ်ဆောင်ထက်ထက်မိုးဦးအမှု ပုံမှန်ရုံးဖွင့်ချိန်ထက်စောရ်ျကြားနာ
ရန်ကုန်၊အောက်တိုဘာ ၁၈
မြန်မာနိုင်ငံတွင် စောင်ရေအများဆုံးထုတ်ဝေဖြန်.ချီနေသည်. 7 Day သတင်းဂျာနယ်မှ သတင်းထောက် မအေးသူစံ၏ အင်တာဗျူးတွေ.ဆုံမေးမြန်းမှုကို ပြောကြားနေစဉ် ကိုယ်ထိလက်ရောက် တုံ.ပြန်ခဲ့သောကြောင့် တရားစွဲဆိုခြင်းခံထားရသော ထက်ထက်မိုးဦး၏အမှုအား အောက်တိုဘာ ၁၈ရက်နေ.တွင် ရန်ကင်းမြို.နယ်တရားရုံးက ပုံမှန်ရုံးချိန်ထက်စောပြီး နံနက် ၉နာရီခန...်.တွင် စတင်စစ်ဆေးခဲ့သည်ကို တွေ.ရှိရသည်။
ခရမ်းရောင်အထက်အောက်ဝတ်ဆင်ထားသော ထက်ထက်မိုးဦးသည် နှစ်ဖက်သဘောတူညှီနှိုင်းထားသည်. ရုံးချိန် နံနက်၈နာရီခွဲအားကျော်ပြီးမိနစ်၄၀ခန်.နောက်ကျပြီးမှ အမျိုးသားဖြစ်သူနျင့်အတူ Super Custom ယာဉ်အမှတ် ၈/၂၄၃၅နှင့်အတူရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ယင်းနေ.တရားခွင်စစ်ဆေးမှုမစတင်မိ ရန်ကင်းမြို.နယ် တရားသူကြီးက သတင်းထောက် မအေးသူစံအား သတင်းမီဒီယာများသို. ဖြေကြားမှုနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခဲ့ပြီးနောက် ၉နာရီ၂၅မိနစ်ခန်.တွင် တရားခံအဖြစ် စွပ်စွဲခြင်းခံထားရသူ ထက်ထက်မိုးဦးအား စစ်ဆေးကြားနာမှုပြုလုပ်ခဲ့သည်။၂၀၁၀ပြည်.နှစ်မေလ၁၆ရက်နေ.ညတွင် စတင်ခဲ့သော ယင်းအမှုသည်တစ်နှစ်ကျော်ကာလထိတိုင်ရောက်ရှိခဲ့ခြင်းနှင့်အပြိုင် ရုံးချိန်ပေါင်း (၅၃)ကြိမ်တွင် သရုပ်ဆောင်ထက်ထက်မိုးဦးမှ နှစ်ပတ်ဆက်တိုက် နှစ်ကြိမ်လာရောက်စစ်ဆေးခံခဲ့ခြင်းဖြစ်သည်။
တစ်နာရီ၁၅မိနစ်အကြားစစ်ဆေးသောတရားခွင်ပြီးဆုံးပြီးနောက် သရုပ်ဆောင်ထက်ထက်မိုးဦးနှင့်အမျိုးသားတို.မှာ တရားရုံးပြင်ပတွင် စောင့်ဆိုင်းနေသူ ပရိသတ်များနှင့် သတင်းမီဒီယာများကို တွေ.ဆုံခြင်းမရှိဘဲ တရားသူကြီးရုံးခန်းတွင် ၅မိနစ်ခန်.မျှကြာအောင် စောင့်ဆိုင်းခဲ့ပြီးနောက် လူရှင်းသွားသည်.အခါမှ တရားရုံးခန်းအတွင်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
သရုပ်ဆောင်ထက်ထက်မိုးဦးနှင့်အမျိုးသားဖြစ်သူ မော်တော်ယာဉ်ပေါ်သို.မတက်ခင် ဓာတ်ပုံသတင်းထောက်များက ဓာတ်ပုံသတင်းရိုက်ယူခြင်းမပြုနိင်ရန် ထက်ထက်မိုးဦး၏ရှေ.နေ.များက ခန‘ာကိုယ်ဖြင့်ဝိုင်းကာခဲ့ကြပြီး ၄င်း၏လက်ရှိအမျိုးသားဖြစ်သူဇူးမြတ်ထက်က အမျိုးသမီးသတင်းထောက်များအပါအ၀င် သတင်းထောက်များကို ကြမ်းတမ်းရိုင်းစိုင်းစွာဆဲဆိုခြင်း၊ ခြေဖြင့်လှမ်းကန်ခြင်း၊မော်တော်ယာဉ်မောင်းနှင်ထွက်ခွာရာတွင် လက်ခလယ်ထောင်ပြခြင်းများ စသည်.မယဉ်ကျေးသည်.အမူအရာပြုမူခဲ့ကြောင်း မျက်မြင်တွေ.ကြုံခဲ့သူများက ပြောကြားသည်။
“ အရှေ.ဆုံးမှာရပ်နေတာ ပြည်မြန်မာက မိန်းကလေးသတင်းထောက်နဲ. Messenger ကအမျိုးသားသတင်းထောက်တစ်ယောက်ပါ။ခြေနဲ.ကန်တာထိလို.ကတော့ သေချာပေါက်ထပ်ပြီးတရားစွဲရမှာပါ“ဟု နိုင်ငံရေးသတင်းများကို ဦးစားပေးဖော်ပြနေသည်. ပြည်တွင်းထုတ်သတင်းဂျာနယ်တစ်စောင်မှ အယ်ဒီတာအဖွဲ.၀င်တစ်ဦးကဆိုသည်။
ကိုယ်ထိလက်ရောက်ပြုမူခဲ့သောကြောင့် တရားစွဲခံရသူ ထက်ထက်မိုးဦးနှင့် သတင်းထောက်များအား ကြမ်းတမ်းရိုင်းစိုင်းစွာပြုမူခဲ့သူ ဇူးမြတ်ထက်တို.အား ယင်းကဲ့သို.ပြုမူရလောက်သည်.အဓိကအကြောင်းရင်းကို သိရှိလိုသောကြောင့် ထက်ထက်မိုးဦး၏ ဖုန်းအား The Voice Weekly က ဆက်သွယ်ခဲ့ရာ ဖုန်းခေါ်ဆိုမှုရရှိခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
သတင်းမီဒီယာများအနေဖြင့် တရားခွင်အတွင်းဓာတ်ပုံရိုက်ကူးခွင့်နှင့် အသံဖမ်းယူခွင့်မရှိသော်လည်း တရားရုံးပြင်ပတွင် လွတ်လပ်စွာ ဓာတ်ပုံရိုက်ကူးပိုင်ခွင့်ရှိပြီး မိမိ၏အခွင့်အရေးအားထိပါးနှောင့်ယှက်ခံရပါက ပြန်လှန်တရားစွဲဆိုပိုင်ခွင့်ရှိကြောင်း တရားလွှတ်တော်ချုပ်ရှေ.နေ.တစ်ဦးက ပြောကြားသည်။
အပတ်စဉ်ထုတ်သတင်းဂျာနယ်များတွင် စာနယ်ဇင်းကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် လူငယ်သတင်းထောက်များအတွက် ဆောင်းပါးရေးသားနေသူ လူထုစိန်ဝင်းက ယင်းအပြုအမူကြောင့်မိကောင်းဖခင်သားသမီးမပီသရာကျပြီး Celebrityများအနေဖြင့်မကောင်းသော အပြုအမူနှင့် အပြောအဆိုဆင်ခြင်ရမည်ဖြစ်ကြောင်း၊မီဒီယာသမားများအနေဖြင့်လည်း တုံ.ပြန်ရိုင်းစိုင်းမှုများ မပြုလုပ်ရန် အရေးကြီးပြီး ယဉ်ကျေးစွာ ပြုမူရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။
နိုင်ငံရေးသတင်းများကို ဦးစားပေးဖော်ပြနေသည်. ပြည်သူခေတ်ဂျာနယ်မှ ဆရာမောင်ဝံသကမူ ” ကိုယ့်မှာသက်သေရှိနေတာ တရားစွဲဖို.ကောင်းတယ်။ သတင်းသမားဆိုတာ Professional လုပ်နေတာ၊ဥပဒေကြောင်းအရတရားစွဲဖို.လိုသလို ထိထိရောက်ရောက်အရေးယူပေးရမယ် ” ဟု The Voice Weekly၏မေးမြန်းမှုကို ဖြေကြားသည်။ ဆရာမောင်ဝံသကိုဆက်သွယ်မေးမြန်းချိန်တွင် ၄င်း၏နေအိမ်သို.ရောက်ရှိနေသူ စာရေးဆရာ ဒေါက်တာခင်မောင်ညိုထံမှ ဆရာမောင်ဝံသ၏ထပ်မံဆက်သွယ်ပေးမှုအရ ထင်မြင်ချက်ရယူခဲ့ရာ အကြောင်းမဲ့စော်ကားနေမှုများကို ဥပမာဖြစ်သွားနိုင်သဖြင့် သည်းခံရန်မသင့်ကြောင်း၊ပညာခေတ်ဖြစ်သည်.အတွက် ပညာနဲ.အလုပ်လုပ်လုပ်ကြရန်လိုကြောင်း ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာနိင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးမြင့်သိန်းဖေကို The Voice Weekly က ညနေ၄နာရီမိနစ်၅၀ ခန့်တွင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ အကြောင်းရင်းတစုံတစ်ရာကို မသိရှိရသေးကြောင်း ပြန်လည်ဖြေကြားသည်။
Written by ( AS ,AAT )

No comments: