Pages

Saturday 12 November 2011


သူဌေးကြီးဦးတေဇလည်းဥပဒေကိုကြောက်ရ တယ်

E-mail Print
မြန်မာနိုင်ငံရဲ့လက်ရှိအချမ်းသားဆုံးစာရင်းဝင်သန်းကြွယ်သူဌေးဦးတေဇကိုရန်ကုန်မြို့တွင် ၁၉၆၄ ခုတွင် မွေးဖွားခဲ့သည်။ သီရိပျံချီလွတ်လပ်ရေးမော်ကွန်းပင်ပထမဆင့်နှင့် လူမှုထူးချွန်ပထမအဆင့်ဒုတိယ ဗိုလ်မူးကြီး မြင့်ဆွေနှင့်ဒေါ်အုန်းတို့၏ မွေးချင်း (၆) ယောက်အနက်မှ အငယ်ဆုံးဆဌမသားရတနာဖြစ်သည် ရန်ကုန်မြို့ တီတီစီကျောင်းတွင် ပညာသင်ကြားပြီး ၁၉၈၂ ခုနှစ် တွင်ဒသမတန်းကိုဖြေဆိုအောင်မြင်ခဲ့ပါသည်။


tay-za-family
ဇနီးသည်မပါသောဦးတေဇ၏မိသားစု

 ၁၉၈၂ ခုနှစ်တွင် ဗိုလ်လောင်းကို အောင်မြင်ပြီး မေမြို့စစ်တက္ကသိုလ်တွင်ဗိုလ်လောင်းသင်တန်းတက်ရောက်ခဲ့ ပါသည်။ ဗိုလ်လောင်းသင်တန်းတက်ရောက်နေစဉ်ကာလအတွင်း ကြိုပင်ကောက်မြို့မှ သစ်လုပ်ငန်းရှင်သူဌေး ဦးဇော်နှင့်ဒေါ်ထူးတို့၏သမီး မသီတာဇော်နှင့်အကြောင်းပါပြီးခိုးပြေးပေါင်းသင်းလက်ထက်ခဲ့ပါသည်။

ထိုအချိန်ကစစ်တက္ကသိုလ်၏စည်းကမ်းအရတေဇမှာ စစ်ထောင်ကျခဲ့ဖူးပါသည်။ တပ်စည်းကမ်းအရ ထောင်မှ ထွက်ခဲ့ ပြီး နောက်ပိုင်းတွင် အလုပ်အကိုင်မရှိသောကြောင့် ယောက္ခမ၏မျိုးရိုးစဉ်ဆက်လုပ်ငန်းဖြစ်သော သစ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ သစ်လုပ်ငန်းကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ရှမ်းပြည် နယ်နှင့် ပဲခူးတိုင်းဒေသများသို့ မကြာခဏခရီးထွက်ရလေ့ရှိပြီး သစ်လုပ်ကွက်များသို့သွားရောက်လေ့ရှိပါသည်။

နဝတခေတ်သို့ ရောက်သောအခါ ယောက္ခမဖြစ်သူ၏တာဝန်ပေးချက်အရ သစ်ရောင်းရန်ကိစ္စများဖြင့်ထိုင်း၊ စင်္ကာပူစသောနိုင်ငံများသို့ သွားရောက်ရပါသည်။ နိုင်ငံရပ်ခြားများသို့ သွားရောက်ရပြီးချိန်မှစ၍ ဦးတေဇ အမြင်ကျယ် မျက်စိပွင့်ပြီးအဆက်အသွယ် ကောင်းများလာသည်ဟု ဆိုနိုင်ပါသည်။ တေဇသည် သစ်လုပ်ငန်း လုပ်ကိုင်ရင်း စစ်အစိုးလက်ထက်သစ်တောဝန်ကြီးဌာနမှ ဝန်ကြီးအပါအဝင် အခြားအဆင့်များကိုလည်းကောင်း မွန်စွာဆက်ဆံလေ့ရှိသည်ကို တွေ့မြင်ရပါသည်။ အခြားဌာနတော်တော်များများမှဝန်ကြီးများကိုအမှု အဖတ် လုပ်၍ဆက်ဆံလေ့ မရှိပါ။
tay-za
သစ်လုပ်ငန်းလုပ်ကိုင်ရင်းမှ သစ်တောဝန်ကြီးဦးအောင်ဖုန်း၏ ချစ်ခင်နှစ်သက်သဘောကျမူ့ကို ရယူနိုင်ခဲ့ပါသည်။ ဦးအောင်ဖုန်းသည် ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မူးဗလ၏သားဖြစ်ပြီး တပ်ချုပ်ကြီးဗိုလ်ချုပ်မူးကြီးသန်းရွှေတပ်မ (၈၈) တပ်မမှူးဖြစ်စဉ်ကဗိုလ်မှူးကြီးဘဝဖြင့် လက်ရင်းတပည့်ဖြစ်ခဲ ဖူးပါသည်။ဦးအောင်ဖုန်း၏ဆက်သွယ်ပေးမှု ဖြင့် တပ်ချုပ်ကြီး၏ဇနီး ဒေါ်ကြိုင်ကြိုင်ထံမှာသစ်ပါမစ်များဝယ်ယူရာမှာ တပ်ချုပ်ကြီးအပါအဝင် ဒေါ်ကြိုင်ကြိုင် နှင့်မိသားစုဝင်များကပါ အားကိုးရလောက်သောအဆင့်သို့ ရောက်ရှိခဲ့ပါသည်။

၁၉၉၃ ခုနှစ်မှ ၁၉၉၅ ခုနှစ်တွင် ဦးတေဇ၏စန်းလဂ် စတင်တက်ရှိသည်ဟုဆိုရပါမည်။ ဆိုဗီယက်ယူနီယံမှ ပြိုကွဲလာသောနိုင်ငံများနှင့် ဗီယမ်နမ်ကဲ့သို့စစ်ပွဲပြီးဆုံးသွားသော နိုင်ငံများမှရဟတ်ယာဉ်နှင့် စစ်သုံးပစ္စည်းများ ဖောချင်းသောချင်းရောင်းချလိုသောအချိန်နှင့် (မြန်မာနိုင်ငံမှာလည်း စီးပွားရေးများစတင်ကောင်းမွန်သည်ဟု ယူဆနိုင်သောအချိန်နှင့် တိုက်ဆိုင်နေပါသည်) မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးများခေတ်မှီတပ်မတော်ကို တည် ဆောက်နိုင်ရန် စစ်သုံးပစ္စည်းများဝယ်ယူလိုသောအချိန်နှင့် တိုက်ဆိုင်သွားပါသည်။ အစိုးရမဟုတ်သော ကြားပွဲစားကိုခံထားရာ၌ ဦးတေဇကိုပွဲစားခများ ပေးပြီးဝယ်ခိုင်းခဲ ့ပါသည်။ ထို့အချိန်ကစီးပွားရေးဦးပိုင်မှ ဗိုလ်ချုပ်များမှာလည်း ဝယ်ယူနိုင်သည်အရည်အချင်းများမရှိကြသေးပါ။

ယခုကာလကဲ့သို့ဦးပိုင်၌တာဝန်ကျနေသောလူလည်ဗိုလ်ချုပ်များဗိုလ်မူးများအဆင့်သို့မရောက်သေးပါ။ ဦးတေဇအနေဖြင့် လိုအပ်သောပစ္စည်းကိရိယာများ ကိုအဖေဖက်မှတဝမ်းကွဲအစ်မ မခိုင်(ခေါ်) မခိုင်ဇော် (ထိုင်းနိုင်ငံတွင်နေထိုင်သူ) နှင့်ဆက်သွယ်၍အလွယ်တကူဝယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ မခိုင်ဇော်မှာ ထိုင်းနိုင်ငံမှအာဏာပိုင်များဗိုလ်ချုပ်များနှင့်ရင်းနှီးပြီးတခြားနိုင်ငံများမှာအာဏာပိုင်များနှင့်ရင်းနှီးသူဖြစ် သောကြောင့်အခက်အခဲမရှိအဆင်ပြေသူဖြစ်ပါသည်။

မြန်မာနိုင်ငံမှဗိုလ်ချုပ်ကြီးများမမြင်ဖူး၊ မကိုင်ဖူးသောခေတ်မမှီတမှီစစ်လက်နက်များကိုကိုင်တွယ်လိုက်ရသော ကြောင့် ဦးတေဇကိုရင်းနှီးအားကိုးယုံကြည်ရသော အနေအထားသို့ ရောက်ရှိစေပါသည်။ ဦးတေဇမှလည်းပွဲစားခ အဖြစ် လောက်လောက်လားလား ရရှိလိုက်ပြီးနောက်ပိုင်း စစ်အစိုးရမှ စီစဉ်ဆောင်သည့် စီမံကိန်းပရော ဂျက်လုပ်ငန်းများ ရွှေတွင်း၊ ရေနံတွင်း၊ ကျောက်တွင်းကဲ့သို့ လုပ်ငန်းများ၊ ကိုယ်ပိုင်လေယာဉ်များနှင့် လေကြောင်း လိုင်းများ၊ ဟိုတယ်များ၊ ဘဏ်များစသည်လုပ်ငန်းများကိုတည်ထောင်လုပ်ကိုင်လာပါသည်။

လုပ်ငန်းများအောင်မြင်လာပြီးနောက်ပိုင်း သူ၏ယောက္ခမ ပိုင်ထူးကုမ္ပဏီမှခွဲထွက်၍ ထူထရေးဒင်းကိုဖွဲ့ စတင်တည်ထောင်ခဲ့ပါသည။ ထူးထရေးဒင်းတွင်မြန်မာနိုင်ငံ၏နံပါတ် ၃ အဆင့်ရှိဗိုလ်ချုပ်ကြီးရွှေမန်း၏သား အောင်သက်မန်းကို ဒါရိုက်တာအဖြစ် ခန့်အပ်ထားပါသည်။ အခြားဗိုလ်ချုပ်နှင့် ဌာနဆိုင်ရာမှာဝန်ကြီး -ဒုဝန်ကြီး များနှင့် ညွန်ချုပ်များ၏ သားသမီးများကို လစာကောင်းကောင်းပေး၍ ဝန်ထမ်းများကို ခန့်အပ်ထားရှိခဲ့ ပါသည်။ ဝန်ကြီးများနှင့်ဗိုလ်ချုပ်များ၏သားသမီးများကို လက်ကိုင်ဖုန်းနှင့် ကားပေးထားပြီးလစာအား ဒေါ်လာ ဖြင့်ပေး ချေပါသည်။ အနည်းဆုံးတဦးလျှင်ဒေါ်လာ (၅၀၀) မှာ (၃၀၀၀) အထိပေးချေရပါသည်။ အရာရှိ လူကြီး များ၏ သားသမီးများမှာလည်း အလုပ်ပင်မရှိဘဲ ဦးတေဇကခိုင်းစေမှသာရုံးများသို့ခွင့်ပြုချက်ပါမစ် လက်မှတ် ထိုးပေးရုံအလုပ်သာ ရှိပါသည်။ တချိန်က စစ်ဗိုလ်ချုပ်ဖြစ်ရန်ရည်ရွယ်ချက် ကြီးမားခဲ့သော်လည်း ယ္ခုအခါကမ္ဘာ အဆင့်ဘီလျံနာသူဌေးလုပ်ငန်းရှင်ကြီး ဖြစ်နေသောကြောင့် ဗိုလ်ချုပ်မဖြစ်လိုက်ရသော်လည်းဗိုလ်ချုပ်များ နှင့်သားသမီးများကိုခေါ်ယူခိုင်းစေ အမိန့်ပေးနိုင်သော အဆင့်ပင် ရောက်ရှိနေပါပြီ။
air-bagan
2008 ခု မြစ်ကြီးနားလေဆိပ်တွင်လမ်းချော်သွားသည့်ဦးတေဇပိုင်လေယာဉ်

ဦးတေဇမှာယ္ခုဆိုလျှင်ဘဏ်လုပ်ငန်း၊ မြို့ကြီးများ၌ကြယ် ၅ ပွင့်အဆင့်ရှိဟိုတယ်ပေါင်း ၁၂ လုံးခရီးသွားလုပ်ငန်း များ၊ ကျောက်မျက်ရတနာတွင်း၊ ရွှေတွင်း၊ ရေနံတွင်း များစွာနှင့်အမေရီကန်ဒေါ်လာ ၁၅ သန်းခန့်တန်သော ခရီးသည်တင် လေယာဉ် (၇) စီးအမေရီကန်ဒေါ်လာ ၂၄ သန်းတန်သောရုရှားနိုင်ငံထုတ် ရဟတ်ယာဉ်တစ်စီးနှင့် ဒေါ်လာ ၅ သိန်းကျော် တန် ဖရာရီကဲ့သို့ ပြိုင်ကားပေါင်း (၅) စီး ကျပ်ငွေသိန်း (၁၅၀၀) အထက်တန်သော အဆင့်မြင့် မော်တော်ယာဉ် ဇိမ်ခံယာဉ်ငယ် (၂၅၆) စီးနှင့််ကျပ်ငွေသိန်း (၈၀၀) တန်သောခရီးသည်တင်ယာဉ် ၈၅ စီးခန့်ပိုင်ဆိုင်သောသူဌေးကြီး ဖြစ်နေပါသည်။ နိုင်ငံတကာမှာ လာရောက်သောရင်းနှီးမြုပ်လုပ်ကိုင်မည့် လုပ်ငန်းများ၌လည်းပွဲစားခအဖြစ် ဒေါ်လာသန်းဆယ်ချီ၊ ရာချီရရှိပြီးပိုင်ဆိုင်မူမှာ့မြေပေါ်၊ မြေအောက်၊ ရေပေါ်၊ ရေအောက်မှလေထဲအထိပိုင်ဆိုင်သောအံ့မခန်း သူဌေးကြီးဖြစ်နေပါပြီ။ သူ၏ရဟတ်ယာဉ်နှင့် ကမ္ဘာကျော် ပြိုင်ကား ၅ စီး၏နိုင်ငံခြားကုမ္ပဏီများမှာလာရောက်၍ပြုပြင်ထိန်းသိမ်းစားရိတ် (၄၅) ရက်လျှင် ဒေါ်လာတစ် သိန်း ကုန်ကျပါသည်။

ဦးတေဇ၏စိတ်နေစိတ်ထားမှာအငြိုးအတေးကြီးပြီး၊ ဘယ်သူမှာဂရုမစိုက်လုပ်ချင်ရာလုပ်ကိုင်တက်သောစိတ် ရှိပြီး၊ သက်စွန့်ဆံဖျား၊ စွန့်စားလိုသောစိတ် ဖြစ်ပါသည်။ ငယ်စဉ်ကစူပါမင်းကားကြည့်ပြီးစူပါမင်းကဲ့သို့ (၂)ထပ် တိုက်ပေါ်မှခုန်ချခြင်း၊ ကွန်ဖူးကားများကြည့်၍ ၄ ယောက် ၁ ယောက်စိန်ခေါ်၍ ရန်ဖြစ်ခဲ့ခြင်းများလည်း ရှိခဲ့ ဖူးပါသည။ လောင်းကစားကိုလည်း အလွန်ဝါသနာထုံသူဖြစ်သည်။ ဘောလုံးပွဲလောင်းခြင်း၊ ချဲထိုးခြင်းများ အစဉ်မပြတ်လောင်းလေ့ရှိသည်။ အုပ်စုဖွဲ့၍ ပျော်ပါးမြူးတူးခြင်းကိုလည်း ပျော်မွေ့သူဖြစ်သည်။

မွေးနေ့ပွဲများကဲ့သို့ ပါတီပွဲများကိုလည်း သူ၏ခြံဝင်းအတွင်း Iron Cross ကဲ့သို့ တီးဝိုင်းနှင့် နိုင်ငံကျော် အဆို တော်နှင့် သရုပ်ဆောင်များကိုဖိတ်၍ သိန်းထောင်ချီအကုန်အကျခံ၍ မကြာခဏ ပြုလုပ်ပျော်ပါး လေ့ရှိပါသည်။ ယခင် 2010 ခုနှစ်မှစ၍ Iron Cross တေးဂီတအဖွဲ့နှင့်အဆိုတော်များအားတနှစ်လျှင်ကျပ်သိန်း (၈၀၀၀) ဖြင့်စာချုပ်ချုပ်၍ ထူးထရေးဒင်းနှင့်သူ၏ပါတီပွဲများအား ဖျော်ဖြေရန်(၃)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါသည်။ သင်္ကြန်ပွဲ တော်ရက်အတွင်း၌ပင် သိန်းငါးထောင်ခန့် အကုန်အကျခံ၍ နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိပါသည်။ ညလူခြေ တိတ်ချိန်တွင် ပြိုင်ကားများကို နာမည်ကြီးမော်ဒယ်ဂဲလ်များကိုတင်၍ ကိုယ်တိုင်မောင်းနှင်ပြီးစိတ်အပန်းဖြေ လေ့ရှိပါသည်။

ယ္ခုအခါတွင် ဦးတေဇမှာ အလုပ်အလွန်များသောကြောင့် အိပ်စက်အနားယူချိန်မှာ (၅) နာရီခန့်သာရှိပြီး နှလုံးရောဂါကို ခံစားနေရသည်ဟု သိရပါသည်။ ဦးတေဇတွင် မသီတာဇော်နှင့်ရရှိသောသား (၂) ယောက်နှင့် သမီးတယောက်ရှိပါသည်။ သားနှစ်ဦးမှာ ယ္ခုထူးထရေးဒင်းတွင် ဒါရိုက်တာများအဖြစ်လုပ်ဆောင်နေကြပြီး သမီးမှာမွေးရာပါခြေခွင်နေသောကြောင့် စင်္ကာပူနိုင်ငံသို့ မကြာမကြာဆေးကုသမှု ခံယူနေရပါသည်။

သူ၏ဇနီးမသီတာဇော်မှာဦးတေဇနှင့်ပေါင်းသင်းခြင်းမရှိသည်မှာ (၇) နှစ်ခန့် ရှိပါပြီ။ ယခင်က စစ်တပ်မှအရာ ရှိသားတစ်ယောက် ဖြစ်ခဲ့ပြီး ချမ်းသာကြွယ်ဝသောသူဌေးသမီးကို ရရှိခဲ့ပြီးနောက်ယောက္ခမအိမ်၌ နေထိုင် ရုန်းကန်ခဲ့ရ၍ မျက်နှာငယ်ခဲ့ရသော ဦးတေဇတယောက်ကျိကျိတက် ချမ်းသာကြွယ်ဝသွားခဲ့ပြီးနောက် အငြိုး အတေးထား၍ ယောက္ခမနှင့် မိန်းမအသိုင်းအဝိုင်းကို အစီအစဉ်ကျကျပစ်ပယ်ခဲ့ ဟန်ရှိသည်။ သို့သော် တရား ဝင်ကွာရှင်းခြင်း မျိုးမဟုတ်ဘဲနားလည်မှု့နှင့်သာ နှစ်ဦး မပေါင်းသင်းမနေထိုင်ခြင်း ဖြစ်ပါသည်။ တရားဝင် ကွာရှင်း ပြတ်စဲမည်ဆိုပါက တရားဥပဒေအရ ဦးတေဇပိုင်ဆိုင်သော ပိုင်ဆိုင်မှုတော်တော်များများကိုမသီတာ ဇော်အားပေးရမည်ဖြစ်သောကြောင့်၊ ဦးတေဇအနေဖြင့် မည်သူကိုမှမကြောက်မလန့်တတ်၊ ဂရုမစိုက်တတ်သော် လည်း တရားဥပဒေကိုတော့ ကြောက်ရမည်မှာ အထင်အရှားပင်ဖြစ်ပါသည်။

No comments: