Pages

Tuesday 15 November 2011

အွန်လိုင်းမှာ ဈေးဝယ်ဖို့ ပြည်တွင်း ပြည်ပ က ဝက်ဘ်ဆိုဒ်များ

 


s_653_14
တစ်နေ့တခြား တိုးတက် ပြောင်းလဲလာနေတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ ဈေးရောင်းဈေးဝယ်ပြု ကြတဲ့အခါ စူပါမားကတ်တွေ၊ ရှော့ပင်းမောလ် တွေကို သွားရောက်ပြီး ကိုယ်တိုင် ကိုယ်ကျ ဈေးဝယ်ရတာထက် အွန်လိုင်းက တစ်ဆင့်ဈေးဝယ် မှုက တဖြည်းဖြည်း ကျယ်ပြန့်လာနေ တာတွေ့ရပါတယ်။ အွန်လိုင်း (OnLine)ဆိုတာက အင်တာနက် ဆက်သွယ်မှု (Internet Connection) တစ်ခုဖြစ်ပြီး အွန်လိုင်းက ဈေးဝယ် ဖို့ဆိုရင် မရှိမဖြစ် ရှိရမယ့် ပစ္စည်းတွေကတော့ ကွန်ပျူတာ ဒါမှမဟုတ် Device တစ်ခုခုပဲဖြစ်ပါတယ်။
အခုဆိုရင်တော့ အင်တာနက် ဆိုတာ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာ အဖြစ် ပြောင်းလဲ ပစ်နေပြီဆိုတော့ ကိုယ့်နိုင်ငံမှာ မရှိတဲ့ ပြည်ပကပစ္စည်း တစ်ခုခုကို ဝယ်ချင်ပြီ ဆိုရင် အွန်လိုင်း စနစ်ကိုအသုံးပြုမှ ထိရောက် မှန်ကန် မြန်ဆန်တော့မှာဖြစ်ပါတယ်။ အွန် လိုင်းက တစ်ဆင့် ဈေးဝယ်ဖို့ဆိုတာ သမားရိုးကျ ဈေးဝယ်သလို မလွယ်ကူ သေးပေမယ့် ဒီစနစ်မှာအားသာချက် တွေအတော်အတန်ရှိနေတယ်ဆိုတာ ဝယ်ယူသုံးစွဲသူတွေ သိလာကြပြီလို့ ဆိုရပါမယ်။
အဲ့ဒီအားသာချက်တွေကတော့ နောက်ဆုံးထုတ်လုပ်လိုက်တဲ့ ကုန် ပစ္စည်းကိုရရှိနိုင်ခြင်း၊ စစ်မှန်တဲ့ကုန် ပစ္စည်းအမှတ်တံဆိပ် (Brand)ကို ရရှိနိုင်ခြင်း၊ ဈေးဝယ်ထွက်တဲ့ အချိန်ကို လျှော့ချနိုင်ခြင်းတို့ ဖြစ်ကြပါတယ်။ ဒီလိုအကြောင်းတရားတွေကို အခြေခံပြီး အွန်လိုင်းကတစ်ဆင့်ဈေး ရောင်းဈေးဝယ် ပြုလုပ်ဖို့ ပထမဆုံး စတင်ခဲ့တဲ့ကုမ္ပဏီကတော့ ၁၉၉၄- ခုနှစ်မှာစတင်ထူထောင်ခဲ့တဲ့ အမေ ဇုန်ကုမ္ပဏီနဲ့ စတိုး (Amazon Company and Store) ပါပဲ။
ဒီ ကုမ္ပဏီက အွန်လိုင်းဈေးဝယ်ဗဟိုဌာ န (Online Shopping Centre) ကိုစတင်ခဲ့ပြီး ရုံးချုပ်ကိုအမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့မှာထား ရှိခဲ့ပါတယ်။ အမေဇုန်ဟာ ကမ္ဘာ့ အကြီးဆုံးအွန်လိုင်းရောင်းဝယ်မှု ဗဟို ဌာနကြီးအဖြစ် အားလုံးကသတ်မှတ် လက်ခံထားကြပါတယ်။ အမေဇုန်ကို စတင်ထူထောင် သူကတော့ ဂျက်ဘီဆို (Jeff Bezos) ဖြစ်ပြီး သူ့ရဲ့ လိုဂို (Logo) ကို A မှ Z အထိ မြားတစ်စင်းနဲ့ ချိတ်ဆက်ပေးခဲ့ပါတယ်။
ဒါဟာ အမေဇုန် ဖောက်သည်တွေရဲ့ စိတ် ကျေနပ်မှုရှိတယ်ဆိုတဲ့အကြောင်း ဖော်ညွှန်းထားတာဖြစ်တယ်လို့ ဆို ပါတယ်။ ဒါပေမယ့်အမေဇုန်ဟာ အွန်လိုင်း ဈေးရောင်းမှု တစ်ခုတည်း ကိုပဲ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ အခြားအီလက်ထရောနစ်ပစ္စည်းမျိုး စုံကိုပါ ထုတ်လုပ်ရောင်းချလျက်ရှိ ပါတယ်။ ဝန်ဆောင်မှု လုပ်ငန်းအဖြစ် Amazon Publishing ကိုလည်းထူ ထောင်ထားပါသေးတယ်။
အမေဇုန် ရဲ့ ရှော့ပင်းဆိုက်လိပ်စာကတော့ (amazon.com) ပဲဖြစ်ပါတယ်။ အမေဇုန်လိုပဲ ရှော့ပင်းဝက်ဘ် ဆိုက်တစ်ခုရှိပါသေးတယ်။ အီးဘေး (e bay) လို့ခေါ်ပါတယ်။ ၁၉၉၅ခုနှစ် စက်တင်ဘာလ ၃ရက်ကစတင်ထူ ထောင်ခဲ့တဲ့ (e bay) ကို Piene Omidyor ကဦးဆောင်ခဲ့ပြီး လက်ရှိ မှာ သူကပဲကုမ္ပဏီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပါတယ်။
e bay ဟာ စားသုံးသူမှ စားသုံးသူသို့ ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ပြုထားတဲ့ Consumer to Consumer Corporation တစ်ခုလည်းဖြစ်ပါတယ်။ ဒီကုမ္ပဏီရဲ့ ထူးခြားတဲ့ ဆောင်ရွက်မှု တစ်ရပ်ကတော့ ကမ္ဘာတစ်ဝန်းမှာရှိ တဲ့ လေလံပစ်သူများနဲ့ လေလံဆွဲဝယ် သူများအကြား ဝန်ဆောင်မှုပေးနေ ခြင်းပါပဲ။
e bay -ဟာ ၂၀ဝ၆ခုနှစ် ဧပြီလမှ စတင်ပြီး လေလံအဝယ်အ ရောင်းတွေ ပြုလုပ်ခဲ့ပေမယ့် ၂၀ဝ၈ခု နှစ်မှာတော့ ပြန်လည်ရုပ်သိမ်းခဲ့တာ တွေ့ပါတယ်။ ယူကေနဲ့ ဂျာမနီနိုင်ငံ တွေမှာe bay Express ကိုထူ ထောင်လုပ်ဆောင်ခဲ့ပါသေးတယ်။ ၂၀ဝ၇ခုနှစ်မှာ e bay -ဟာ ဗီဒီယို ဂိမ်း၊ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ Money Transfer တွေကို Pay Pal စနစ်နဲ့ စတင်အသုံးပြုခဲ့တာ လည်းတွေ့ရပါတယ်။ အဲဒီကစလို့ Pay Pal ဟာယနေ့အချိန်အထိ အောင်မြင်စွာ ဆက်လက်ဆောင်ရွက် နေကြတာပါ။
မြန်မာနိုင်ငံအနေနဲ့ကတော့ အွန်လိုင်းကတစ်ဆင့် ဈေးဝယ်ခြင်း ကိုဆောင်ရွက်တာ သိပ်မကြာလှသေး တာတွေ့ရပါတယ်။ တီဗီကြော်ငြာ မှာလာနေတဲ့ ဆင်မင်းပုဆိုးတို့ လောက်ပဲရှိပါသေးတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာလည်း အွန်လိုင်းစတိုး (Online Store) ဆိုတာတွေ ပေါ်ပေါက်နေပါ ပြီ။
အဲဒီအထဲမှာရန်ကုန်အွန်လိုင်း စတိုး (Yangon Online Store) ကပထမဆုံး တည်ထောင်ခဲ့တဲ့ပြည် တွင်းအွန်လိုင်းစတိုးဆိုတာ သိရပါ တယ်။ ရန်ကုန် အွန်လိုင်းစတိုးရဲ့ ဝက်ဘ်ဆိုက် လိပ်စာကတော့ (www.yangononlinestore.com) ဖြစ်ပြီး ပြည်ပကကုန်ပစ္စည်းတွေကို Amazon, ebay တို့က တစ်ဆင့် ဝယ်ယူရရှိနိုင်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အခြား ရှော့ပင်းဆိုက်မှ လည်း ကုန်ပစ္စည်းတွေကို စိတ် တိုင်းကျ မှာယူနိုင်တယ်လို့ သိရပါ တယ်။ နိုင်ငံရပ်ခြားက ကုန်ပစ္စည်း တွေမှာယူတဲ့အခါ ပစ္စည်းကုန်ကျ စရိတ်ရဲ့ တစ်ဝက်ကို စရန်ငွေအဖြစ် ပေးချေထားရမှာဖြစ်ပြီး၊ ပစ္စည်း ရောက်လာတဲ့အခါမှ ကျန်ငွေတစ် ဝက်ကို ပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားက စစ်မှန်တဲ့ တံဆိပ် (Brand) ကို ရရှိမှာဖြစ် တယ်လို့လည်း ရန်ကုန်အွန်လိုင်း စတိုးက အာမခံထားတယ်။ ဒီစတိုး ကို ဖုန်းနံပါတ်များ အနေနဲ့ ဝ၉- ၇၃၁၆၄၅၃၄ နဲ့ ၇၃၀ဝ၂၂၁၅ တို့က တစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
မြန်မာနိုင်ငံအတွင်းက နောက် ထပ်အွန်လိုင်းစတိုးတစ်ခုကတော့ ဒီ- ဖန်မလီ အွန်လိုင်းစတိုး(De Family Online Store) ဖြစ်ပြီးတည် ထောင်ခဲ့တာ မကြာသေးပါဘူး။ ဒီစတိုးကလည်း ပြည်ပကမိမိမှာယူ လိုတဲ့ပစ္စည်းတွေကို မှာယူရောင်းချ ပေးတဲ့ အွန်လိုင်းစတိုးတစ်ခုဖြစ် ပြီး ဝက်ဘ်ဆိုက် လိပ်စာကတော့ (www.defamilyonlinestore.com) ဖြစ်ပါတယ်။
ဆက်သွယ်ရမယ့်ဖုန်း နံပါတ်တွေက ဝ၉-၇၃၁၄၅၈၄၆ နဲ့ ဝ၁-၅၀၂၆၉၄တို့ ဖြစ်တာတွေ့ရပါ တယ်။ တကယ်တော့ အွန်လိုင်းရှော့ ပင်းစနစ်က မြန်မာနိုင်ငံမှာ အခုမှ စတင်ထိတွေ့ဆဲလို့ဆိုရမှာပါ။ ဒီဈေး ရောင်းဈေးဝယ်စနစ်ဟာ နည်းပညာ အဆက်အစပ်တွေရှိနေတာကြောင့် အင်တာနက်ဘဏ်လုပ်ငန်းစနစ် (i Banking) ထွန်းကားကျယ်ပြန့်ဖို့ လည်းအချိန်ယူရဦးမှာဖြစ်ပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ i Banking စနစ်ကြောင့်လုပ်ငန်းတွေ အရမ်း အဆင်ပြေနေပြီး၊ အင်တာနက်ဆို တာကလည်း ကလေးအရွယ်တွေက အစရင်းနှီးကျွမ်းဝင်ပြီး ဖြစ်နေတာ ကြောင့် လွယ်ကူအဆင်ပြေနေပြီလို့ ရန်ကုန်အွန်လိုင်းစတိုးက တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဇင်ဝင်းနော်
                                                           Ref;  အကျိုးဆောင်ဂျာနယ်  

No comments: