Pages

Thursday 22 September 2011

Windows 8 OS အသစ်တွင် မြန်မာစာ ဖောင့်ပါဝင် လာတော့မည်

Microsoft မှ ၂၀၁၂ ခုနှစ်ဆန်း ပိုင်းတွင် အသစ် ထွက်ရှိ လာတော့မည့် Windows 8 OS အသစ်တွင် မြန်မာစာ ဖောင့်အဖြစ် မြန်မာစာ ယူနီကုတ်ဖောင့် built-in အဖြစ် ပါဝင် လာတော့မည် ဖြစ်ကြောင်း Microsoft မှ အသစ် ထုတ်ပြန်လိုက်သည့် Windows 8 Developer Preview တွင် ပါရှိကြောင်း အွန်လိုင်းသတင်းစာ မျက်နှာများနှင့် Facebook ရှိ Htoo tay zar ၏ Note စာမျက်နှာတို့၏ ဖော်ပြချက်များအရ သိရသည်။
Microsoft မှ အသစ်ထွက်ရှိ လာမည့် Windows 8 ၏ UI (User Interface) မှာ Microsoft မှ ထုတ်လုပ် ထားသည့် Windows Phone 7 နှင့် ပုံစံဆင်တူဖြစ်ပြီး icon များကို လေး ထောင့်ကွက်လေးများဖြင့် ပုံဖော် ထားကြောင်း အင်တာနက်၏ Leave အွန်လိုင်းစာမျက်နှာများတွင် ဖော်ပြ ချက်များအရ စိတ်ဝင်စားသူ အများအပြားရှိလျက်ရှိကြောင်း အင်တာ နက်အသုံးပြုသူများထဲမှသိရသည်။ Windows 8 ကို 64 bits နှင့် 32 bits developer preview များကို Microsoft မှ ထုတ်ပေးထားပြီး အခမဲ့ စမ်းသပ်သုံးစွဲနိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။
Windows 8 OS တွင် built-in အဖြစ် Myanmar text Regular အမည်ဖြင့် မြန်မာစာဖောင့် ပါဝင် လာခြင်းဖြစ်ပြီး တိုင်းရင်းသား ဘာသာစကားဖောင့်များလည်း ပါဝင်ကြောင်း သိရသည်။ ကွန်ပျူတာအသုံးပြု OS စနစ် များအဖြစ် မြန်မာစာယူနီကုတ်စနစ် ကို Apple ၏ မကြာမီက အသစ် ထွက်ရှိထားသည့် Lion OSတွင် ပါဝင်ခဲ့ပြီး ယခုအခါ Microsoft ၏ Windows 8 တွင် ထပ်မံပါဝင်လာ ခြင်းဖြစ်သည်။
သို့သော်လည်း ပြည်တွင်း၌ မြန်မာစာယူနီကုတ် စနစ်များမှာ အမျိုးအစား မျိုးစုံကွဲပြားလျက်ရှိပြီး ပြည်တွင်းထုတ် ယူနီကုတ်စနစ်များ မဟုတ်ပဲ သူတို့ ကုမ္ပဏီမှ developer များ တီထွင်ဖန်တီးထားသည့် ဖောင့်စနစ် များလည်း ဖြစ်သည်။ အဆိုပါ Myanmar text Regular ကို font creator တစ်ဦးဖြစ်သူ John Hudson က တီထွင်ထားခြင်း ဖြစ်သည်။

No comments: