Pages

Monday 19 September 2011

ကြည့်ရှုခွင့် ပိတ်ပင်ထားခဲ့သည့် ဝက်ဘ်ဆိုက်ပေါင်း ၃၅၀၀၀ ကျော်ကို ပြန်လည်ကြည့်ရှုခွင့်ပြုခဲ့



19/Sep/2011

E-Mail this article Printable Version

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနသည် အင်တာနက် ကွန်ရက်ပေါ်၌ ကြည့်ရှုခွင့် ပိတ်ပင်ထားခဲ့သည့် ဝက်ဘ်ဆိုက်လိပ်စာပေါင်း သုံးသောင်းငါးထောင်ကျော်ကို ပြန်လည်ကြည့်ရှုခွင့်ပြုခဲ့ကြောင်း သိရသည်။ သြဂုတ်လ အစောပိုင်းမှ စတင်၍ ကြည့်ရှုခွင့် ပိတ်ထားခဲ့သည့် ဝက်ဘ်ဆိုက်လိပ်စာများကို ပြန်လည်ကြည့်ရှုခွင့်ပြုခဲ့ကြောင်း ပြည်တွင်းရှိ အင်တာနက် အသုံးပြုသူများက ပြောသည်။
 ကြည့်ရှုခွင့် ပိတ်ထားခဲ့သည့် ဝက်ဘ်ဆိုက်များကို ပြန်လည်ကြည့်ရှုခွင့်ပြုရာတွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေရန် ပြုလုပ်ဆောင်ရွက်သည့် ဝက်ဘ်ဆိုက်များ၊ တိုင်းရင်းသား ညီညွတ်မှုကို ပြိုကွဲအောင် ပြုလုပ်ဆောင်ရွက်နေသည့် ဝက်ဘ်ဆိုက်များ၊ နိုင်ငံတော်အကျိုးစီးပွားကို ပျက်အောင်ပြုလုပ်နေသည့် ဝက်ဘ်ဆိုက်များနှင့် သားနှင့်အမိ ကြည့်ရှုရန် သင့်တော်မှုမရှိသည့် ညစ်ညမ်းဝက်ဘ်ဆိုက်များမှအပ ကျန်ရှိသော ဝက်ဘ်ဆိုက်များအားလုံးကို အများပြည်သူ ကြည့်ရှုရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ကန့်သတ်ချက် လေးခုနှင့် လွတ်ကင်းသော ဝက်ဘ်ဆိုက်လိပ်စာများကို အများပြည်သူသို့ ကြည့်ရှုခွင့်ပေးရန်အတွက် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ညွှန်ကြားထားရှိခဲ့သည်။ ဝက်ဘ်ဆိုက်များကို ပြန်လည်ကြည့်ရှုခွင့်ပြုခဲ့သည့် နောက်ပိုင်း၌ ယခင်က Proxy များ အသုံးပြု၍ ကြည့်ရှုနေရသည့် သတင်းဝက်ဘ်ဆိုက်အများစုမှာ ပြန်လည်ကြည့်ရှုနိုင်ခဲ့သည်ဟု အင်တာနက်အသုံးပြုသူများက ပြောသည်။ ယခင်က ကြည့်ရှုခွင့် ပိတ်ပင်ထားခဲ့သော ဝက်ဘ်ဆိုက်လိပ်စာ အရေအတွက်ပေါင်းမျာ ခြောက်သောင်းခွဲခန့်ရှိကြောင်း၊ ယခုအခါတွင် ကန့်သတ်ချက်လေးခုနှင့် လွတ်ကင်းသော ဝက်ဘ်ဆိုက်လိပ်စာများကို ကြည့်ရှုခွင့်ပြန်လည်ပြုခဲ့သည့်အတွက် ဆက်လက်ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်လိပ်စာ အရေအတွက်မှာ နှစ်သောင်းခုနှစ်ထောင်ခန့်သာ ကျန်ရှိတော့ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments: